Friday, April 15, 2011

အို…..ချစ်သူများနေ့ အင်တာဗျူးးးး

“အို…ချစ်သူများနေ့ဆိုပါလား ဒီနေ့မှာ ချစ်သူတွေပျော်ကြတယ်ပေါ့နော် ဒီလိုဆို ဘကြိုင်မပျော်နိုင်ဖူးပေါ့ဗျာ ဒီအချိန်ဆို ဘကြိုင်က တောင်ကြီးရောက်နေပြီး ချစ်သူဂွမ်းဂွိကတော့ ရန်ကုန်မှာ
တယောက်တည်းပေါ့ဗျာ ဟူးးးးးးးး လွမ်းလိုက် တာဂွမ်းဂွိရာ…..”



ချစ်သူရှိပြီးသား ချစ်သူတွေအတွက် တော့ ဒီနေ့လေးက အသက်ဝင်လှလိမ့် မယ် ပျော်စရာကောင်းပေလိမ့်မယ် ဒါပေမယ့်လို့ ချစ်သူမရှိကြတဲ့ သူတွေက တော့ ပျော်နိုင်မယ်မထင်ပါဖူး
တယောက်တည်းအေးဆေး နားအေးပါးအေးဆို ကောင်းဆိုနိုင်ပေမယ့်လို့လည်း “ဟာတာတာရင်မှာ
ကလိကလိ” တော့ဖြစ်နေ မှာပါနော် အဟိ…. မှန်လားဟင်?

မှန်နေပေမယ့် စိတ်ထဲကနေ ဇွတ်ငြင်းနေပြီ မဟုတ်လားဗျ သြော် ခက်ပြီနော် ကိုယ့်ဖာသာ ကိုယ်တယောက်တည်း လိမ်မနေပါနဲ့ဗျာ နော့……………………. ဘာပဲဖြစ်ဖြစ်ပါဗျာ ဒီတနှစ်တော့ ချစ်သူမရှိလို့
စိတ်ညစ်နေရပေမယ့်အထီး ကျန်ဆန်နေရပေမယ့် နောက်နှစ်မှာ ရွှေလက်တွဲပျော်နိုင်ဖို့
ချစ်သူမြန်မြန်ရပါ စေလို့ ဘကြိုင် ဆုတောင်းပေးနေပါတယ်နော့ (မုန့်ဝယ်ကျွေး)

ချစ်သူရှိသားနဲ့ ချစ်သူနဲ့အတူမရှိနေနိုင်တဲ့သူတွေလည်း ဒုနဲ့ဒေးပါဗျာနော့ စိတ်ဓတ်မကျပါနဲ့ဗျာ ဥပမာ- ကေခမ်းလိုပေါ့ ချစ်သူရှိသားနဲ့ ချစ်သူနဲ့ဝေးနေရ

တယ်လေ အဲ အေးထူးမောင်ဆိုလည်း ချစ်သူကဗျာလေးတွေနုနေ ရွနေပေ မယ့်လို့ ချစ်သူဆို မူးလို့ရှုစရာတောင်မရှိဖူးဗျ ထွန်းဇော်ဦးဆိုတဲ့ ငတိလေးလဲ ထိုနည်း၎င်းပါပဲဗျာ…. သူကချိန်လိုက်
သူများနောက်ပါသွားလိုက်နဲ့ “ချိန်ပါ”လို့ တောင်နာမည်ပြောင်းချင်သားတဲ့
ဘကြိုင်ကိုရင်ဖွင့်ရှာတယ် အခုတယောက် ကိုတော့ မပါသွားစေချင်ဖူးပြောတယ်ဗျ သနားပါတယ်
သြော်ကျန်သေးတယ် ဇော်မင်းဦး ဆိုတဲ့တယောက်ရော ထပ်တူထပ်မျှပါပဲဗျာ ဖေဖော်ဝါရီ
၁၄ရက်နေ့ က သူနဲ့မဆိုင်ဖူးဆိုပဲ အဲ…..ဘကြိုင်ရဲ့ အီမားတယောက်ကတော့ ဒီနေ့ဘာနေ့
မှန်းကိုမသိဖူးတဲ့ အလုပ်ရှုပ်နေတော့ ရက်တွေမှားနေရှာတယ်လေ

ဟို….ထိုင်ဝမ်းက ကလေးမနှစ်ယောက်ကတော့ ကလေးလိုလို မျောက်မလေး တွေလိုလိုနဲ့ ဒီနေ့ကိုယောင်တောင်ပေါင်တောင် မျက်စိလေးကလယ် ကလယ် နဲ့ ဖြတ်သန်းရရှာမလားပဲ တွေးပြီး
သနားလိုက်ပါရဲ့ မဗေဒါငယ်နှစ်ကောင်ရယ်

ဟိုနေ့ကတော့ ညီလေး သန်းဇော်ဦးကပြောသွားတယ် မုန့်လင်မယား ကိုယ့်ဖာ သာကိုယ် ဝယ်ကျွေးတော့မယ်တဲ့လေ အသိကောင်လေးတယောက်ကပြော သွားတယ် အရပ်မြင့်ကြီးတဲ့ ဟဲဟဲ အရပ်မြင့်လွန်းရင်
တော်ရုံလူမကပ်ရဲဖူးဗျ

း)း)

နောက်ရှိပါသေးတယ်ဗျာ မိုးရင်သွေးတို့ မိုးမခတို့မီးခြစ်တို့ကိုတော့ မသိဖူးဗျ

အထီးမှန်း အမမှန်းပြောပါတယ် ထီးထီး မမ သူတို့လည်း တယောက်တည်း ပဲနေမှာပါ တိမ်ပြာ ဆိုတဲ့ ငတိလား ငတိမလေးလား သူလဲ = တူတူပါပဲလေ
သူတို့ကဗျာတွေဖတ်ရတာနဲ့တင် ဘကြိုင်သိနေသလိုပါပဲ ဒီနေ့ကို စိတ်နာနေ ကြမှာဗျ သြော်
သနားလိုက်တာနော် ဟိဟိ ဦးဂျေ တို့ ကိုမောင်တို့ ရှင်းသန့်တို့ ဆိုရင် ဒီနေ့
အွန်လိုင်းမထိုင်ဖူးဆိုလား အသံကြားလိုက်တာကိုပြောတာပါ……..

သေချာတာကတော့ ဒီနေ့ ကို စိတ်နာတဲ့သူတွေများနေမှာပါပဲ ဘာလို့လည်းဆို တော့ အနာ တုတ်ထိုးဖြစ်နေတာကိုးဗျ ဘကြိုင်လည်း စိတ်နာပါတယ် ဒီရက်
ပိုင်းမှာမှ ခရီးထွက်မိလို့ ဆိုးလိုက်တဲ့ ကံရယ် ဟင့် ရွတ် ပလပ်
(ရှောင်နော်)

ဇနပုဒ်က အစ်မတယောက်ကတော့ အရှောင်မြန်သွားတယ် သူလဲပြောတယ်ဗျ ပျော်ရမလိုလိုနဲ့ မပျော်သလိုလိုပါပဲတဲ့ သနားပါဒယ်ဂျာ စင်္ကာပူက ကိုရဲဝင်စိုး ဆိုရေထဲ ခုန်ချမယ်ချည်းလုပ်နေတာ မနည်းတားထားရတယ်(ပျောက်နေ တာ ကြာပြီနော်)


တော်ပြီဗျာ ကိုယ့်ဖာသာဗျူး ကိုယ့်ဖာသာဖြေ ကားဂိတ်လိမ့်တော့မယ်

သြော် ကျန်သေးတယ် ဒွေးလေးမေကျော်လေ သူကျတော့ တမျိုးဗျ ဒီနေ့ အလုပ်နားတယ်ဆိုလားပဲ ဘာကြောင့်ပါလိမ့် ချစ်သူများနေ့မို့လို့ ချစ်သူနဲ့တွေ့ ဖို့အတွက်လား ဒါမှမဟုတ် အလုပ်ဆင်းရင်
သူချစ်သူမရှိတာသိမှာစိုးလို့များ လားပဲ
တကယ်လို့ ဒီနေ့ အလုပ်ဆင်းရင်တော့ သေချာတာပေါ့ အဟီး အဲ…. မဆင်းရင်တော့
ဘကြိုင်ထင်သလိုဖြစ်နိုင်တယ်
ဒွေးလေးမေကျော်တင်မကဖူး တူမလေး လရောင်လဲ တူတူပါပဲး)း) (ဟုတ်တယ်မဟုတ်လား
လွဲခဲပါတယ် )

း)



အားလုံးပျော်ရွှင်ကြပါစေ

မောင်ဘကြိုင်

ခေတ္တ(တောင်ကြီး)

အင်းလေး ပင်းတယ ကံက္ကူ တောင်ကြီးနေရာအနှံလည်ပတ်မည်ဖြစ်ပါကြောင်း ကြွားလုံးထုတ်သွားပါသည်။ (မနာလိုဖြစ်သူများ ချစ်သူမရပါစေနဲ့ အဟတ်)

http://friendsdaygroup.ning.com/profiles/blogs/2293535:BlogPost:747387

သီတဂူသို့ အမှတ်တရပေးစာများ


Shwe Dagon Replica in Historical Perspective
Acharya S. N. Goenka

Twenty-six centuries ago the Buddha set in motion the wheel of Dhamma. His benevolent message spread far and wide. It brought happiness and joy; peace and harmony wherever it went. The practical, pragmatic, universal, result-oriented nature of his teaching giving result here-and-now endeared it to the people of different countries and backgrounds; of different caste and creed. The Buddha showed the way to eradicate the universal malady of suffering at its root level by purifying the mind. It went to neighbouring South Asian countries and as well as to Southeast Asia and East Asia. It also spread upto Greece towards the west.

While it spread in various forms and was lost in different parts of the world, five countries, Myanmar, Sri Lanka, Thailand, Cambodia and Laos preserved the Pali Tipitaka, Pariyatti—the words of the Buddha in pure form while Myanmar maintained a tradition of teacher-disciple who kept the practical aspect of the Buddha’s teaching in its pure form for millennia. Ledi Sayadaw, Webu Sayadaw, Saya Thetgyi and Sayagyi U Ba Khin are some of the shining stars in this illustrious tradition. These great teachers set the stage for revival of the Buddha Dhamma around the world.

This was essential because while the teaching of the Buddha flourished in many countries around the world, it slowly declined in India within a few centuries after his passing away. Soon it was lost totally. For more than a millennium there was total darkness in India. Once the Buddha’s teaching was lost, many misconceptions about the Buddha started taking root in the Indian psyche. He was represented to be an incarnation of a mythical god and his teachings to be just a modification of earlier teaching. He was even blamed for the division and weakening of the country. The teaching that brings happiness here and yonder started being labelled as pessimistic.

It was against this background that I started my Dhamma messenger mission in India. There was a belief in Myanmar that 25 centuries after the Buddha, his teaching would return to India and from there spread round the world. My teacher, the great master of Vipassana meditation, Sayagyi U Ba Khin, had a strong volition that the Buddha’s teaching should be returned from Myanmar back to India—Myanmar owed a debt of gratitude to India from where it originally received the jewel of Dhamma.  Sayagyi was sure that Dhamma would spread round the world from India. I was able to fulfil the vision of my teacher.

I was successful in bringing the light of the Dhamma to India and to the rest of the world. Today the Buddha’s teaching is benefitting the humanity all over the world. His rational, practical, pragmatic and scientific teaching appeals to the modern man.

Who would not derive joyous satisfaction from the spread of Dhamma around the world? But let us not forget how darkness fell over most a large part of the world, most of all over India, for many long centuries. I feel fortunate that I was successful. How could I do it? The answer is simple. I could do it because of Myanmar, my motherland.

Myanmar is my motherland. I was born there. It is not my motherland just because I was born there but because I received the gift of Dhamma in that golden land. Thus Myanmar is also my spiritual motherland. I was born twice in Myanmar. The second birth is more important because I came in contact with the benevolent teaching of the Buddha.

The Shwe Dagon Pagoda is the most visible symbol of the Buddha Dhamma in Myanmar. It stands tall and reaches into the skies of Myanmar to remind people there of their heritage. And when a replica is made of the Shwe Dagon outside of Myanmar, it reminds people of that country of the great debt of gratitude they owe to Myanmar for preserving the Dhamma.

The Global Vipassana Pagoda is such a replica in Mumbai. The Global Vipassana Pagoda pioneered what seems to be becoming a tradition! I am happy that there is a Shwe Dagon Replica in Indonesia. The Shwe Dagon Replica will serve some of the purposes that the Global Vipassana Pagoda serves. It will be a beacon of Dhamma. It will help to spread the Buddha’s teaching in Indonesia.

The world is grateful to Myanmar for preserving the jewel of Dhamma. Just as the people of Myanmar built cetiyas in the shape of Sanchi stupa when the teaching originally went to Myanmar from India; now that the Dhamma is going to various parts of the world, monuments are being built in the shape of Shwe Dagon Pagoda as a token of gratitude and respect to Myanmar.

The Shwe Dagon Replica will tell the people of Indonesia that the Buddha teaches concord and harmony; that the Buddha’s teaching sets out not to conquer people but to bring happiness to people; that the teaching is universal; that the practical aspect of the teaching—Vipassana meditation—is acceptable to everyone and can be practised by everyone irrespective of gender, caste, creed, religion, nationality and race.

Indonesia is one of the biggest countries in the world. The Shwe Dagon Replica in Indonesia will serve the spiritual need of many faithful there and will extend a benign invitation to others.

A replica of the magnificent Shwe Dagon pagoda in Yangon will remind the people of Indonesia for centuries to come that when the teaching was lost all over the world, Myanmar had preserved it. It will also reassure the world that now Indonesia will play its part in preserving the teaching of the Buddha in its purity for the benefit of the entire mankind.

I can close my eyes and imagine the golden splendor of the Shwe Dagon Replica. My heart delights and gladdens in having replicas of the most famous monument of Myanmar in various other parts of the world.

Let the Shwe Dagon Replica serve the country of Indonesia just as the original monument has been doing in my motherland of Myanmar.

May all beings be happy, peaceful and liberated!

http://www.sitagucenter.org/index.php?option=com_content&view=category&layout=blog&id=80&Itemid=59

ဆင်းဒရဲလား ၂ ယောက်

(၁)
ရေးမည့်သာ ရေးလိုက်ရသည်။ သမိုင်းနောက်ခံအား ခတ်နက်နက် တူးကြည့်လိုက်လျှင် ဆင်ဒရဲလားက ၂ယောက်ထက်ပင် ပိုနေသေး သည်ကို တွေ့မြင် ကြရပေလိမ့်မည်။

အမှန်မှာ ခရစ်တော် မပေါ်မီ နှစ်တစ်ရာလောက်ကတည်းက ဤဇာတ်လမ်း ကျောရိုးက ဖြစ်တည်နှင့်ပြီးသား။ ရှေးအီဂျစ်နိုင်ငံက ဂရိ ကိုလိုနီဒေသ နောခရေးထီးစ်(Naucratis) ဒေသမှာ မြစ်ဖျားခံခဲ့သော ပုံပြင်။ မူရင်း ဇာတ်ကောင်က ဂရိအီဂျစ် ကပြားမလေး ရိုဒိုဖီးစ် (Rhodopis)။ နှင်းဆီသွေးရောင် ပါးပြင်မို့မို့ဖြင့် မိန်းကလေး။ ထိုပင်မ ပုံပြင်မှ ကိုင်းပွား ဖြာထွက်သွားကြသော မူကွဲ ဇာတ်လမ်းများစွာ မှာ လူ့အဖွဲ့အစည်း အသီးသီးသို့ စိမ့်ဝင် ပျံ့နှံ့သွားလေတော့၏။

စိတ်ထားပုပ်လှသော မိထွေးနှင့် ဖခင် ဒုတိယ အိမ်ထောင်မှ ပါလာသည့် သမီးများ။ သရုပ်လွန် မှော်အတတ်။ ကျွတ်ကျကျန်ခဲ့သည့် ဖိ နပ်တစ်ဖက်။ ဖိနပ်ပိုင်ရှင် ရှာတော်ပုံ။ ၁၆၃၄ခုနှစ်က ပေါ်ပေါက်ခဲ့သော အီတလီ မူကွဲပုံပြင်။ Cenerentola အမည်ရှိ မိန်းမပျို။ နာမည် ကျော် ဂျာမာန်ညီနောင် ဖြစ် ကြသော Jacob and Welhelm Grimm တို့ ရေးသားစီရင်သည့် "ဂရင်းမ် ပုံပြင်များ" စာအုပ်တွင်လည်း "Aschenputtel" အမည်ဖြင့် ဆင်ဒရဲလား နောက်ထပ် မူကွဲ ပုံပြင်တစ်ပုဒ်ကို ရှာဖွေ ဖတ်ရှုနိုင်ကြပါသည်။

ဤမူပွား ပုံပြင် ဇာတ်လမ်းများအား ဥရောပ စာပေ ဘဏ္ဍာတိုက်ထဲမှာမှ တွေ့ရှိ ဖတ်ရှုခွင့်ရသည်တော့ မဟုတ်လှပါ။ ခရစ် သက္ကရာဇ် ၈၆၀ အချိန်လောက်ကတည်းက ကျွန်တော်တို့ 'ချစ်ကြည်ကြရသော' ဆွေမျိုးပေါက်ဖော် နိုင်ငံကြီးမှာ ယဲ့ရှင်း (Ye Xian) ဇာတ်လမ်းက ရှိနေနှင့်ပြီးသား။ တရုတ် ဆင်ဒရဲလား ပုံပြင်။ ကမ္ဘာ့ စာပေသမိုင်းမှာ ထုနှင့်ထည်ဖြင့် တည်တည်ခန့်ခန့် ပေါ်ထွန်းခဲ့သည့် "အာရေဗျ ည များ" ခေါ် "တစ်ထောင့်တစ်ည ပုံပြင်များ" တွင်လည်း ဤကဲ့သို့သော မျိုးတူ ပုံပြင် သုံးပုဒ်မျှ ဖတ်ရှုခွင့် ရရှိခဲ့ဖူးသည်။

သို့ရာတွင် တစ်ကမ္ဘာလုံး ပျံ့ပျံ့နှံ့နှံ့ နှစ်ခြိုက် စွဲလမ်းလျှက်ရှိသည့် ဆင်ဒရဲလား ပုံပြင်ကိုတော့ Charles Perrault (ချားလ်စ် ဖာရိုးထ်) ဆိုသူ ၁၆၉၇ခုနှစ်က ရေးသားခဲ့သည့် လက်ရာမွန် အနုပညာအဖြစ် မှတ်သားခဲ့ရ၏။ မိထွေးနှင့် ဖခင်၏ မယားပါ သမီးနှစ်ယောက်တို့ စေ ခိုင်းသမျှ ဇယ်ဆက်သလို မနေမနား လုပ်ပေးရရှာသော မိန်းကလေးတစ်ဦး။ ပါးပါးရှားရှား နားချိန် အနည်းငယ်တိုင်းမှာ မီးသွေးတုံးများ (cinders) ပေါ်၌ အမောဖြေ နားလေ့ရှိသဖြင့် သူ့အား"Cinderella"ဟု အမည်နာမ ပညတ်ခံခဲ့ရသူ။ ထိုအမည်ကို ကျွန်တော်က "မမည်း တူ" မြန်မာပြန်ဆိုကြည့်လိုက်လျှင် သဘောမတူ ကန့်ကွက်သူ များကြလိမ့်မည် ထင်ပါသည်။ အနှိမ်ခံ အပယ်ခံ မမည်းတူ ဘ၀မှ ဘုရင့် သား ကြင်ယာတော် အဖြစ်သို့ တွန်းပို့ပေးလိုက်သော ကံကုသိုလ်ထူး။ သူကတော့ ဖာရိုးထ် မူ ပုံပြင်ထဲက ဆင်ဒရဲလား တစ်ယောက်ပါ။

(၂)

ဆင်ဒရဲလား နောက်တစ်ယောက်ကတော့ အင်္ဂလိပ် ကဗျာဆရာ Ted Hughes [တဒ်ဟျူးစ်(၁၉၃၀_၉၈)]၏ “ချစ်လှစွာသော” ဇနီး သည် Sylvia Plath [ဆစ်လ်ဗိယ ပလာ့သ်(၁၉၃၂_၆၃)] ဖြစ်သည်။ ဤဆင်ဒရဲလားမှာ ပထမ ဆင်ဒရဲလားလောက် ကံကုသိုလ် မထူးချွန် လှပါ။

ဘုရင့်သားတော် ဖိတ်ကြားသည့် နန်းတော် ကပွဲခန်းမဆောင်မှာ ညသန်ခေါင်ယံ ၁၂နာရီထိုးသံကို စိုးတစ်ထိတ်ထိတ်၊ မပျော် တစ် ၀က် ပျော်တစ်ဝက်စိတ်ဖြင့် ခြောက်ခြောက်ခြားခြား ခံစား အားငယ်ရရှာသည့် မိန်းမပျိုတစ်ဦး။ မိခင်ဟောင်း နတ်မိမယ်၏ တံခိုး ဣဒ္ဓိ ပါတ်ကြောင့်သာ ရွှေမင်းသားလေးနှင့် ယှဉ်တွဲ ကခုန်ခွင့်ရသည့် မိန်းမငယ် ခံစား နာကျင်ရသော အငုံ့စိတ်နှင့် စိတ်ကျရောဂါ ဝေဒနာ တို့အား ဖွဲ့နွဲ့စပ်ဆိုထားရာ ရိုမန်တစ်ဆန်ဆန် အချစ် ကဗျာတစ်ပုဒ်။


Cinderella

The prince leans to the girl in scarlet heels,
Her green eyes slant, hair flaring in a fan
Of silver as the rondo slows; now reels
Begin on tilted violins to span

The whole revolving tall glass palace hall
Where guests slide gliding into light like wine;
Rose candles flicker on the lilac wall
Reflecting in a million flagons' shine,

And glided couples all in whirling trance
Follow holiday revel begun long since,
Until near twelve the strange girl all at once
Guilt-stricken halts, pales, clings to the prince

As amid the hectic music and cocktail talk
She hears the caustic ticking of the clock.



Sylvia Plath

_From Collected Poem (Amazon 1981)



(၃)

ဆစ်လ်ဗိယ ပလာ့သ် ရေးဖွဲ့သော Cinderella ကဗျာသည် Sonnet ပုံသဏ္ဍာန် သီကုံး စပ်ဆိုမှု။ confessional poem ခေါ် ကိုယ့် ဇာတ် ကြောင်း ကိုယ်ပြန်လည် ရေးဖွဲ့သော ကဗျာ အမျိုးအစား။ ကဗျာကို လေးကြောင်း သုံးပါဒနှင့် နှစ်ကြောင်း တစ်ပါဒတို့ဖြင့် ဖွဲ့စည်းထား သည်ကို တွေ့မြင်နိုင်ပါသည်။ ကာရန်စံနစ်ကတော့ abab cdcd efef gg။



ကဗျာ အကြောင်းအရာကလည်း ဘာမျှ အဆန်းတကြယ် မဟုတ်လှပါ။ စာဖတ်တတ်သူ အားလုံးနီးပါးနှင့် ရင်းနှီး ကျွမ်းဝင်ပြီးသား နတ် သမီး ပုံပြင်။ ပလာ့သ်က ထိုပုံပြင်ထဲမှ ဇာတ်ကွက်တစ်ကွက်ကို ကောက်နှုတ် ရေးဖွဲ့ထားသည်သာ။ အတိအကျဆိုရလျှင် ကပွဲ ခန်းမ ဆောင်ထဲက ညသန်ခေါင်ယံ ၁၂နာရီ ထိုးလုလု အချိန်။



ကဗျာအား လွယ်လွယ်ကူကူပင် နှစ်ပိုင်း ခွဲခြမ်း ကြည့်ရှုနိုင်၏။ ကြက်သွေးရောင် ဖိနပ် ၀တ်ဆင်ထားသော မိန်းမပျိုနှင့် တွဲဖက် ကခုန် လျှက်ရှိသော မင်းပျိုမင်းလွင်တစ်ဦး။ ဂီတ သံစုံတီးဝိုင်း။ ကပွဲ မှန်နန်းဆောင်။ ကပွဲလာ မင်းပရိသတ် ဧည့်သည်တော်များ။ လိုင်းလက် ပန်း နံရံပေါ်မှာ လင်းလိုက် မှိန်လိုက် မီးရောင် လင်းသွန်ပေးလျှက်ရှိသည့် နှင်းဆီရောင် မီးတိုင်များ။ ၀ိုင်ပုလင်းကြီးများမှ ဖျတ်ဖျတ်လက် လက် ရောင်ပြန်ဟပ်နေသော ပြန်လင်းတန်းများ။ ပထမပါဒနှင့် ဒုတိယပါဒများထဲက လှပသော နောက်ခံ အခင်းအကျင်းနှင့် ရိုမန်းတစ် ဆန်လှသော ပတ်ဝန်းကျင် အခြေအနေ သရုပ်ဖော် ရေးသားစီကုံးမှု။



တတိယပါဒနှင့် စတုတ္ထပါဒများတွင် မိန်းမငယ်၏ ဂနာမငြိမ်သည့် စိတ္တဗေဒအား ရေးဖွဲ့ထားသည်ကို ဖတ်ရှုရပါသည်။ ၁၂နာရီ ထိုးခါနီး လာလေလေ ထိုမိန်းမပျို ပို၍ ပို၍ သွေးပျက်လာလေလေ။ စိတ်ညှို့ခံထားရသကဲ့သို့ ညင်ညင်သာသာ ရွေ့လျှား ကကွက်ဖော် နေကြ သည့် စုံတွဲများ၏ ပေါ့ပါး သွက်လက် ပျော်ရွှင်ခံစားမှု။ ၁၂နာရီ ထိုးပေတော့မည်။ အပြစ်မကင်းသည့် စိတ်အခြေအနေဖြင့် ကခုန်နေရာမှ ရုတ်တရက် ရပ်တံ့။ ဖြူဖတ်ဖြူလျှော် မျက်နှာ။ မင်းသားလေး ပျောက်ကွယ်သွားတော့မည်ကို စိုးတစ်ထိတ်ထိတ်ဖြင့် တွဲမှီ တိုးကပ်ထားမိ။ ဆူဆူညံညံ ဂီတသံနှင့် ကောက်တေးလ် စကားဝိုင်းက ပွင့်ထွက်လာသော စကားသံများအကြားမှာ ထိုမိန်းမငယ် ကြားနေရသည် မှာကတော့ သူ့ပျော်ရွှင် သာယာမှုအား ဆုံးခန်းတိုင်စေမည့် နာရီ တစ်ချက်ချက် မြည်သံ။ ပေါက်ကွဲလုလု အချိန်ကိုက် ဗုံးတစ်လုံးကဲ့သို့။

အဆိုပါ “ဆင်ဒရဲလား” ကဗျာကို အောက်ပါအတိုင်း အကြမ်းဖျင်း ဘာသာပြန်ဆိုကြည့်နိုင်ပါသည်။



မင်းသားလေးက ကြက်သွေး ဖိနပ်စီးသူ မိန်းမငယ်ကို မှီလို့

သူ့မျက်လုံးက စွေစောင်းစောင်း၊ ငွေယပ်ကြောင့် ဆံပင်တွေ တစ်ဖွားဖွား

တေးသွားက နှေးသွား၊ အခုတော့ ထပ်ကျော့

မှေးထောက်ထားတဲ့ တယောတွေ တေးကွက်ပြောင်းဖို့ အားယူကြ



ဆုံလည် ဖန်နန်းဆောင် တစ်ခွင်လုံး

ပရိသတ်တွေ ၀ိုင်လို အလင်းထဲ မသိမသာ လျှောဝင်နေကြ၊

နှင်းဆီ အလင်းတိုင်တွေ လိုင်းလက်ပန်း နံရံပေါ်မှာ မှိတ်တုတ် မှိတ်တုတ်နဲ့

ဝိုင်ပုလင်း တစ်သန်း ပြန်လင်းရောင် တစ်ဖျတ်ဖျတ်



လျှောရွေ့နေတဲ့ စုံတွဲတွေ ပတ်ချာလည် မိန်းမောလို့

အထနှေးတဲ့ အပျော်ကြူးပွဲမှာ အရှိန်ရကြ

ဆယ့်နှစ်နာရီ ထိုးလုလုအထိ တစိမ်း မိန်းမငယ် ချက်ချင်းပဲ

မလုံမလဲစိတ်နဲ့ ရပ်တံ့၊ ဖြူဖတ်ဖြူလျှော်၊ မင်းသားလေးကို တွယ်ကပ်မိ



မရပ်မနား ဂီတနဲ့ ကောက်တေးလ် စကားဝိုင်းထဲမှာ

သရော်တော်တော် နာရီ ချက်ချက်သံ သူကြားနေပေါ့။



(၄)

ဆစ်လ်ဗိယ ပလက်သ် ဖူးလ်ဘရိုက်ထ် ပညာသင်ဆုဖြင့် ကိန်းဘရစ်ဂ်ျ တက္ကသိုလ်၊ ညူးနမ် ကောလိပ် (Newnham college) သို့ ရောက်ရှိလာချိန်မှာ တဒ်ဟျူးစ် တစ်ယောက် ကျောင်းပြင်ပ ရောက်ရှိသွားနှင့်လေပြီ။ သို့သော် ဆွဲငင်အား ကြီးမားလှသော တက္ကသိုလ် ပရ၀ုဏ်သို့မူ အကြောင်းကိစ္စ တစ်မျိုးပြီး တစ်မျိုးဖြင့် တစ်ဝဲလည်လည် ခဏခဏ အလည် ရောက်ရှိနေမြဲ။ တက္ကသိုလ် ကျောင်းတက်နေ ဆဲ သူငယ်ချင်းတစ်ယောက်၏ ကဗျာမဂ္ဂဇင်းမှာ ပင်တိုင် ကဗျာရေးသူ။ ပလာ့သ်သည် ထိုမဂ္ဂဇင်းထဲက ဟျူးစ်၏ ကဗျာများအား ဖတ်ရှုစွဲ လမ်းကာ လူကိုယ်တိုင် တွေ့ဆုံလိုစိတ် ပြင်းထန်နေချိန်။



ကဗျာမဂ္ဂဇင်း ထုတ်ဝေသည့် အထိမ်းအမှတ် အခန်းအနားသို့ ပလာ့သ် ဆိုက်ဆိုက်မြိုက်မြိုက် တက်ရောက်လာပြီး သူတို့နှစ်ယောက် ရင်းနှီး ခင်မင်သွားကြ၏။ ၁၉၆၁ခုနှစ်က ထုတ်လွှင့်ခဲ့သည့် ဘီဘီစီ လူတွေ့မေးမြန်းခန်း အစီအစဉ်တစ်ခု၌ သူတို့နှစ်ယောက် စတင် တွေ့ဆုံချိန်မှာ ၁၃ရက်၊ သောကြာနေ့ ဖြစ်သည်ဟု ပြန်ပြောင်း အမှတ်တရ ပြောပြခဲ့ဖူးသည်။ အနောက်တိုင်းသား အယူသည်းသူများအ တွက် မြန်မာလူမျိုးတို့ ခြောက်ခြား ကြောက်ရွံ့ကြသည့် ပြဿဒါးနေ့ရက်လိုမျိုး။ လအနည်းငယ်အကြာ ၁၉၅၆ခုနှစ်၊ ဇွန် ၁၆ရက်တွင် သူတို့နှစ်ယောက် လက်ထပ်ဖြစ်သွားကြ၏။ ၀ါသနာတူ၊ စရိုက်တူ ကဗျာဆရာ ဇနီးမောင်နှံ ဘ၀မှာ ပလာ့သ်တစ်ယောက် မိုးမမြင် လေမမြင် အပျော်ကြီး ပျော်ရွှင် ခံစားခဲ့ရသည်။ ဆစ်လ်ဗိယ ပလာ့သ်၏ ရွှေရောင် နှစ်ကာလများ။



၁၉၆၀ခုနှစ်၊ ဧပြီ ၁ရက်နေ့တွင် သမီးဦး ဖရီးဒ (Frieda) ကို မွေးဖွားခဲ့သည်။ အောက်တိုဘာလတွင် သူ့ ပထမဦးဆုံး ကဗျာပေါင်း ချုပ် 'The Colossus'ကို ထုတ်ဝေ ဖြန့်ချီခဲ့သည်။ ၁၉၆၁ခုနှစ်၊ သြဂုတ်လတွင် သူ့ကိုယ်ရေး အထုပ္ပတ္တိဆန်ဆန် ၀တ္ထုရှည် 'The Bell Jar'ကို ရေးသား ပြီးစီး လက်စသတ်ခဲ့၏။



၁၉၆၂ခုနှစ်၊ ဇန္န၀ါရီလမှာ သားငယ် နစ်ခလာ့စ် (Nicholas) အား မွေးဖွားပြီးခါစမှာပင် ပလာ့သ်သည် ဆင်ဒရဲလား ပုံပြင်ထဲက နာရီ ချက်ချက် မြည်သံကို စတင် သတိပြုမိလိုက်မိ၏။ သန်ခေါင်ယံ ဆယ့်နှစ်နာရီသို့ တစ်ဖြည်းဖြည်း တိုးရွေ့ ချဉ်းကပ်နေသည့် နာရီ တစ် ချက်ချက် မြည်သံ။ သာမာန် လူတစ်ဦးအဖို့ တိုးတိုးမြှင်မြှင် ထင်ကြရပေမယ့် ဆင်ဒရဲလားအတွက် ပေါက်ကွဲခါနီး အချိန်ကိုက်ဗုံးတစ် လုံးကဲ့သို့။ ယုံကြည် ကိုးစား ချစ်ခင် လေးစားရသော ခင်ပွန်းသည် ဟျူးစ်၏ အိမ်ထောင်ရေး ဖောက်ပြန်မှုအား စတင် သိရှိ ရိပ်မိချိန်။



ဇူလိုင်လ၌ ဟျူးစ်က အက်ရှား ၀ီဗေးလ် (Assia Wevill) ဆိုသူ အမျိုးသမီးတစ်ယောက်နှင့် “ခြေပုန်းခုတ်”နေသည်ကို ပက်ပင်းမြင် တွေ့လိုက်ရသောအခါ ပလာ့သ်သည် သူကိုယ်တိုင် ဆင်ဒရဲလားကဲ့သို့ တန်ခိုး ဣဒ္ဓိပါတ် ပျက်ပြယ်သွားပြီဟု သူ့ကိုယ်သူ သိရှိ ရိပ်မိ သွားလေပြီ။ စက်တင်ဘာလ၌ သူတို့ ဇနီးမောင်နှံ ကွာရှင်း ပြတ်စဲလိုက်ကြ၏။ ခင်ပွန်းသည်၏ သစ္စာပျက်ယွင်း ဖောက်ပြန်မှုအား တစ်နုံ့ နုံ့ ခံစားနေလျှက်ကပင် Ariel ကဗျာပေါင်းချုပ်အတွက် ခံစားချက် ထက်မြက် အားကောင်းလှသော ကဗျာပုဒ်ရေ ၂၆ ပုဒ်ခန့် ရေးသား သီ ကုံးနိုင်သေး၏။



ငယ်စဉ်ကတည်းက နာတာရှည် စွဲကပ်ခဲ့ရသော စိတ်ကျရောဂါမှာ ပို၍ပို၍ အခြေအနေ ဆိုးရွားလာသည်။ ဆရာဝန် တိုက်ကျွေးသော စိတ်ကျရောဂါပျောက်ဆေးများ အဆက်မပြတ် သောက်သုံးနေသော်လည်း ထူးခြား သက်သာ မလာပါ။ နောက်ဆုံး ၁၉၆၃ခုနှစ်၊ ဖေဖော် ၀ါရီလ ၁၀ရက်နေ့တွင် ပလာ့သ်တစ်ယောက် ဓာတ်ငွေ့သုံး မီးဖိုထဲသို့ ဦးခေါင်းကို ထိုးသွင်းကာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင် သတ်သေ သွားလေတော့သည်။



သစ်စိုး

ဇန်န၀ါရီ ၂၅၊ ၂၀၁၁ခုနှစ်။

Thursday, April 7, 2011

မြန်မာကဗျာ ရေစီးကြောင်းထဲ အားကောင်းမောင်းသန် စီးဝင်လာသော မြန်နှုန်းမြင့် ဘလော့ကဗျာများ

အနုပညာဆိုတာသူများအပေါ်မှီခိုပြီးအလွယ်လမ်းလိုက်တဲ့ကိစ္စမဟုတ်ဘူး၊ကိုယ်ပိုင်၊ကိုယ့်အသွေးအသား
ညှစ်ထုတ်ဖန်တီးယူတဲ့ကိစ္စ၊ လမ်းရိုးလမ်းဟောင်းထဲမှာနေပြီး အလွယ်ကြိုက်တဲ့သူတွေက သမိုင်းထဲမှာနေတဲ့ လူတွေဖြစ်တယ်။ အသစ်ထွင်ချင်တဲ့သူတွေ၊ လမ်းသစ်ဖောက်ချင်တဲ့သူတွေက သမိုင်းထဲမှာ မနေတဲ့သူတွေလို့ ကျွန်တော် သဘောရပါတယ်။
ဆရာဇော်ဇော်အောင်


တိတ်ဆိတ်ခြင်းဟာ သီးခြားရပ်တည်နေသလား၊ ဘာသာစကားကိုအသုံးပြုပြီးကဗျာနဲ့အခြားသိမှုနယ်ပယ်တွေကို ချဲ့ထွင်လို့ရသလား။ အနုပညာကိုအသုံးချပြီး ကဗျာနယ်ပယ်ကို အသစ်ပြုပြင်တည်ဆောက်လို့ ရသလား။ ကဗျာဆိုတာ စာမျက်နှာတွေပေါ်မှာသာ နေရာရနိုင်သလား။ သတင်းနည်းပညာနဲ့ အိုင်တီပညာရပ် တွေက ကဗျာနဲ့ ကဗျာဆရာအကြား ပိုမိုဝေးကွာသွားစေနိုင်သလား။ သတင်းနည်းပညာနဲ့ အိုင်တီပညာရပ်တွေ သာ မရှိခဲ့ရင် ကဗျာဖန်တီးလို့ မရနိုင်တော့ဘူးလား။ စိတ်ထဲ လှုပ်ရှားနေမိသည်။ မေးခွန်းတွေက အဖြေတွေကို တိတိပပ သယ်ဆောင်လာနိုင်မည်ဟု ယုံကြည်နေမိပါသည်။ဆရာသစ္စာနီကတော့ အလင်္ကာဝတ်ရည်ဂျာနယ်မှာ စားပွဲ၊ ကုလားထိုင်နဲ့ ကဗျာရေးတဲ့ခေတ်ကုန်ပြီဟု ရေးခဲ့သည်။ လွမ်းမိပါသည်။ လွန်ခဲ့သောနှစ်ကာလများက ကဗျာကို စွဲလမ်းရင်ခုန်တပ်မက်ခဲ့သည်။ လစဉ်ထုတ် မဂ္ဂဇင်းများမှ ကဗျာများကို စောင့်ဖတ်ရင်း ကဗျာသည် အသွေးအသားထဲ စိမ့်ဝင်ပျံ့ နှံ့လာသည်။ ကဗျာကို ဗလာစာမျက်နှာများပေါ်တွင် ရေးသားပြီး ၀ါသနာတူရာ သူငယ်ချင်းများကဗျာစာအုပ်လေးများစုထုတ်ရင်းကဗျာပေါ်တိမ်းမူးခဲ့ကြသည်။နောက်ပိုင်းတော့မဂ္ဂဇင်းစာမျက်နှာများထက်တွင် ကဗျာများကို အစဉ်တစိုက် ရေးဖွဲ့ ခဲ့သည်။ အဲဒီနှစ်ပိုင်းတွေကတော့ လူသားတစ်ဦးနဲ့တစ်ဦး ချစ်ခြင်းမေတ္တာတွေ၊ လူသားချင်းစာနာမှုတွေ၊ သဘာဝပတ်ဝန်းကျင်ပြုပြင်ထိန်းသိမ်းလိုမှုတွေ၊ မတရားမှုကို တုံ့ပြန်ရဲသော တရားဓမ္ဓတွေ၊ ယဉ်ကျေးမှု အမွေအနှစ်တွေကို စာမျက်နှာများကိုအသုံးပြုပြီး ကဗျာအနေနဲ့ အလေးပေး ရေးဖွဲ့ ခဲ့သည်။ခေတ်ရဲ့ရေစီးကြောင်းသည် လျင်မြန်စွာဖြတ်သန်းစီးဆင်း၍ နေပေသည်။ နှစ်တစ်နှစ်နှင့် အခြား နှစ်တစ်နှစ်သည် များစွာကွာခြားသွားခဲ့သည်။ နည်းစနစ်၊ ၀ါဒ၊ အယူအဆရေးရာပေါင်း မြောက်များစွာနှင့်အတူ ကဗျာသည် ရင့်ကျက်၍လာပေသည်။ အရင်သိမှတ်နားလည်ခဲ့ကြတဲ့အနုပညာစံနှုန်းတွေ၊ တန်ဖိုးတွေ၊ ဂုဏ်ရည်တွေ၊ နည်းဥပဒေသတွေ၊ အကဲဖြတ်မှုတွေအားလုံးကို ကျောခိုင်းစွန့်ခွာ ထားခဲ့ရတော့မည်။ အမှန်တကယ် ပြောကြစတမ်းဆိုရင် ဖြတ်သန်းလွန်မြောက်သွားရမည့်လမ်းခရီးကား အမျိုးမျိုးအစားစား ရှိနေနိုင် ပါသည်။ပင်လယ်ပြင်ကြီးကိုဖြတ်သန်း၍ဖြစ်စေ၊တောင်တန်းကြီးတွေကိုကျော်လွန်ဖြတ်သန်း၍ဖြစ်စေ၊လေယာဉ်ပျံ
ကြီးကိုစီး၍ဖြစ်စေ ရည်ရွယ်သောခရီးပန်းတိုင်ဆီသို့ ဆိုက်ရောက်နိုင်ရေးသည်သာ အဓိက လိုအပ်ချက်ဖြစ်သည်။ ကဗျာဆိုတာ ခံစားမှုဥာဏ်မြင့်မားတဲ့သူတွေသာ ဖတ်ရှုခံစားနိုင်၊ ဖန်တီးရေးသားနိုင်တဲ့ အနုပညာတစ်ရပ်လို့ပဲ ကျွန်တော်က ထင်မြင်မိပါသည်။သတင်းနည်းပညာခေတ်ကြီးသည် ကမ္ဘာကြီး၏မြန်နှုန်းကို မြှင့်တင်နိုင်ခဲ့သည်။ မိုင်ပေါင်းရာချီဝေးကွာ သော ခရီးအကွာအဝေးများ၊ ဆက်သွယ်မှုများကို အလျင်အမြန် ချုံ့ပစ်နိုင်ခဲ့သည်။ ကမ္ဘာကြီးသည် အိုင်တီနည်း ပညာအစွမ်းကြောင့် ရွာကြီးတစ်ရွာအသွင် ဖြစ်ခဲ့သည်။ ကလစ်တစ်ချက်နှိပ်လိုက်ရုံ၊ အန်းတားတစ်ချက် ခေါက်လိုက်ရုံမျှနှင့်ပင် ကမ္ဘာတစ်ဖက်ခြားကို ဆက်သွယ်နိုင်သည်။ လိုအပ်နေသော အချက်အလက်၊ သတင်း၊ နည်းပညာ၊ ဗဟုသုတ အချက်အလက်များစွာကို အင်တာနက်စာမျက်နှာများပေါ်မှ ရှာဖွေလာနိုင်သည်။ နည်းပညာ၊ အတတ်ပညာ၊ အနုပညာတို့ ပေါင်းစည်းဆက်စပ်ခြင်းရလာဒ်အဖြစ် Web Blog စာမျက်နှာများမှ တစ်ဆင့် မြန်နှုန်းမြင့် ဘလော့ကဗျာ များကို ဖန်တီးနိုင်ခဲ့သည်။ ကဗျာဆိုင်ရာ အနုပညာဘလော့များသည် ၂၀၀၉ ခုနှစ်နောက်ပိုင်းတွင်မှ အများအပြား ပေါ်ထွက်လာခဲ့ ခြင်းဖြစ်သည်။

၎င်းတို့အထဲတွင် လမ်းအိုလေး ဘလော့၊ http://lanolay.wordpress.com သည် မြန်မာကဗျာဆရာအများစု၏ ကဗျာများ၊ ၀တ္ထုများ၊ အက်ဆေးများကို စုစည်းတင်ပြထားသည့် နာမည်ကြီးအနုပညာဘလော့ပင်ဖြစ်သည်။၁၉၉၈ ခုနှစ်တစ်ဝိုက်စတင်ခဲ့သော ဘလော့တစ်ခုလည်းဖြစ်ပြီး၊ကဗျာဆိုင်ရာအကိုးအကားများအဖြစ် ခေတ်ပေါ်ကဗျာအများစုကိုလေ့လာနိုင်ပါသည်။
အခြားသောဘလော့များကို အောက်ပါလိပ်စာပေးထားသည့်အတိုင်း ဖတ်ရှုနိုင်သည်။

တောကျောင်းဆရာဘလော့
http://www. openmindblog.info
On Blogger Since – About 2008

တင်မင်းထက် (ရွှေဝါပြည်) ဘလော့
http://tinminhtet.blogspot.com
On Blogger Since – June 2009

Burmese Poetry Foundation Blog.
http://www.burmesepoetryfoundation.org
On Blogger Since – About 2009
EqualSignPoetryEtics Z E Y A R L Y N N -ဇေယျာလင်းဘလော့
http://www.equalsignpoetryetics.com
On Blogger Since – About 2010

ကောင်းကင်ဘလော့
http://www.kaungkin.com
On Blogger Since –

မောင်ယုပိုင် -ကဗျာနှင့်အရေးအသားများ
http://www.mgyupie.co.cc
On Blogger Since – About March 2010

ညိမ်းညိုဘလော့
http://nyeinnyo.blogspot.com
On Blogger Since – October 2007

အောင်ရင်ငြိမ်း - အပျင်းပြေစကားလုံးများနှင့်ဆော့ကစားခြင်း ဘလော့
http://www.aungyinnyein.co.cc
On Blogger Since – July 2010


သစ်ကောင်းအိမ်ဘလော့
http://thitkaungeain.blogspot.com
On Blogger Since – About 2006

မိုးလှိုင်ည (နှစ်ချို့ ကော်ဖီတစ်ခွက်နဲ့ ငါ့မြို့ ပျက်ညတွေ) ဘလော့
http://www.moehlaingnya.net
On Blogger Since – About 2007

ဘုန်းနေသွန်း - အမှတ်တမဲ့… နှင်း … ဘလော့
http://maungphone.wordpress.com
On Blogger Since – March 2009

အိန္ဒြာဘလော့
http://eaindrar.blogspot.com
On Blogger Since – October 2008

မနော်ဟရီဘလော့
http://manorhary.blogspot.com
On Blogger Since –
Plus Equal Minus - experimentally everything
http://www.pemskool.org
On Blogger Since –September 2009

ပူနေးကျောင်းသားဘဝ

အိန္ဒိယကို ရောက်လာကြတဲ့ ပြည်ပကျောင်းသားတိုင်းမှာ အခက်အခဲများစွာရှိတယ်ဆိုတာ အိန္ဒိယပြည်မှာ ကျောင်းတက်ဖူးသူတိုင်း သိရှိပြီးဖြစ်ပါသည်။ ဒေသတစ်ခု စည်းမျဉ်းတစ်ခုဖြစ်ပါတယ်။ ပူနေးမြို့မှာတော့ ပြည်ပကျောင်းသား များလာတာကြောင့် အခြားမြို့များထက် စည်းမျဉ်းဥပဒေတွေ ပိုများနေသည်ဟူ၍ ဆိုပါတယ်။


ပူနေးရောက်လျင်
မြို့ကိုရောက်လာတာနှင့်တပြိုင်တည်း ပထမဆုံး ကျောင်းသားဖြစ်ဘို့ထက် stay-permit ရဘို့ ပိုအရေးကြီးနေသည်၊ မွတ်ဆလင်ဘာသာဝင် နိုင်ငံတွေကလွဲရင် အခြားနိုင်ငံခြား ကျောင်းသားများသည် ၁၄ ရက်အတွင်း FRO (Foreign Registeration Office) သို့ အပြေးသွားရသည်။ မွတ်ဆလင်ဘာသာဝင် နိုင်ငံမှ ကျောင်းသားများသည် ၁၄ နာရီအတွင်း ဖော်ပြပါရုံးသို့ သွားရောက် သတင်းပို့ရပါသည်။ ထိုရုံးကိုသွားတော့ ကျောင်းသားတစ်ယောက် ဖြစ်ကြောင်း ထောက်ခံစာများစွာ ပါရပါတယ်၊ တက္ကသိုလ်က ထုတ်ပေးသော
(၁) Eligible Letter ခေါ် ကျောင်းသားဖြစ်ကြောင်း ယာယီထောက်ခံစာ ကော်ပီ။
(၂) ပတ်စပို့မိတ္တူ
(၃) ရဲရုံးအတွက်တင်ရန် A Form C form စသည်များ ဖြည့်ရ
(၄) မိမိနေသည့် အိမ် (သို့) အဆောင်၏ ထောက်ခံစာ
(၅) မိမိတက်မည့် ဌာနက ထုတ်ပေးသော Bonafide ခေါ် ကျောင်းသား ဖြစ်ကြောင်း certificate (မူရင်း)
(၆) ဓာတ်ပုံ ၂ ပုံ ယူဆောင်ကာ ဖော်ပြပါရုံးသို့ သွားကာ တန်းစီရပါသည်။ ကျောင်းသားလက်ခံချိန်ဖြစ်သဖြင့် ရုံးတိုင်းမှာ နိုင်ငံခြားသားကျောင်းသားများသဖြင့် တန်းစီရတဲ့ ဒုက္ခ မသေးလှပါ။

Department မှ Bonafide Certificate
မိမိတက်ရောက် သင်ကြားမည့် ဌာန Department မှ ကျောင်းသားတစ်ယောက် တရားဝင်ဖြစ်ကြောင်း လုပ်ထုံးများကလဲ အများသား။ International Student Center ခေါ် ပြည်ပကျောင်းသားရေးရာဌာန၊ ကိုယ်တက်ရောက်မည့် ဌာနနှင့် ဘဏ် တို့ကို ပြေးလွားရပေသည်၊ ပြည်ပကျောင်းသားရေးရာဌာနမှ ကျောင်းသားဖြစ်ရန် အချက်အလက် certificate အားလုံးပြီးပြည့်စုံစွာ စစ်ဆေးပြီးမှသာ အမေရိကန် ဒေါ်လာ ၆၅၅ သွင်းဘို့ ချလန် (ငွေပြေစာ) ထုတ်ပေးသည်၊ ထိုငွေပြေစာကို ဘဏ်မှာ သွားသွင်းရသည်၊ ထိုငွေးသွင်းပြီး ပြေစာများဖြင့် ကိုယ်တက်ရောက်မည့် ဌာနသို့ သွားရောက်ရပြန်သည်၊ ထိုဌာနမှ Department fee ရူပီး ၁၂၀၀၀ (အမေရိကန်ဒေါ်လာ ၂၅၀ ၀န်းကျင်) တန် တနှစ်စာ ချလန်ဖြတ်ပိုင်းထုတ်ပေးသည်၊ ဘဏ်သို့ ပြေးရပြန်သည်၊ ဘဏ်မှာက ရာနှင့်ချီသော ကျောင်းသားများက တန်စီးနေကြသဖြင့် စောင့်ဆိုင်းရသည့် ဒုက္ခ မလွယ်ပါ။ ထိုအားလုံးပြီးကာမှ မိမိတက်ရောက်မည့် ဌာနရဲ့ Head လက်မှတ်ဖြင့် Bonafide Certificate ထုတ်ပေးရန် ခွင့်ပြုချက်ရယူကာ Department Office မှ တံဆိပ်ရယူပြန်သည်။ ထိုထောက်ခံစာ အားလုံး စုစည်းပြီးကာမှ အထက်ဖော်ပြပါ ရဲရုံး FRO သို့ သွားရသည်။ အချို့လဲ ဤ procedure များအားလုံး ၁၄ အတွင်းပြီးနိုင်သလို အချို့မှာတော့ မမီသဖြင့် ရှိတဲ့ လက်မှတ်လေးနှင့် အရင်တင်ထားရသည်၊ ကျန်တာ နောက်မှ ပြန်ပို့ရင်ရသည်။ ၁၄ ရက်အတွင်း မပို့ပါက ဒဏ်ရိုက်ခံရမည်။

နေစရာဘယ်လို ဖန်တီးမလဲ?
အခုဆိုရင် ကျောင်းသားတစ်ယောက် ဖြစ်သွားပါပြီ။ အဓိက အရေးကြီးသည့် ပြဿနာတစ်ခုရှိပါသေးသည်။ သူကတော့ နေစရာပင် ဖြစ်သည်။ International Hostel တွင် အခန်းရဘို့ မလွယ်၊ ကြိုတင်ပြီး တင်ထားသော ကျောင်းသားများသည်ပင် တစ်နှစ်စောင့်ရသည်၊ မနှစ်က ရောက်လာသော ပါဠိဌာနမှ သီတဂူစတား သူငယ်ချင်းတွေ အခုထိ အခန်းမရရှိသေးပါ၊ အပြင်မှာ အိမ်ခန်းငှါး နေရသည်။ ပူနေး အိမ်ငှါးစရိတ်သည် နှစ်စဉ် မြင့်မားလာသည့်အတွက် တစ်ယောက်တည်း အိမ်ခန်းငှါးပြီး နေဘို့ဆိုတာ သီတဂူစတားတို့လို ဘုန်းကံနဲသူတွေအတွက် မဖြစ်နိုင်၊ ကြွားလိုက်ဦးမယ်။ စုပေါင်းငှါးမှသာ လုံခြုံရေးရော ငွေရေးကြေးရေးရော သက်သာမည်။ မနှစ်က သီတဂူကျောင်းသားများ စုပေါင်းငှါးသည့် အိမ်သည် တစ်လလျင် ၁၂၀၀၀ (အမေရိကန် ဒေါ်လာ ၃၀၀ ၀န်းကျင်)။ တက္ကသိုလ်က အဆောင်ရလျင်တော့ ၆ လ ရူပီး ၉၀၀၀ (အမေရိကန် ဒေါ်လာ ၂၀၀) ပေးဆောင်ရသည်၊ သက်သာသည်ဟု ဆိုနိုင်သည်၊ လုံခြုမှုရှိသည်။ ယခုအခါ အခန်းရဘို့ စောင့်ဆိုင်းနေသူ waiting lists တွေ များစွာ တန်းစီနေသည်။ အချို့တော့ အဆောင်မှာ မနေချင်ကြ၊ ချစ်သူ ရီးစားရှိသူတွေ၊ ပိုက်ဆံတတ်နိုင်သူတွေကတော့ အပြင်မှာ အိမ်ခန်းငှါးနေကြသည်၊ ပိုလွတ်လပ်သည်၊ အဆောင်မှာက အမျိုးသားဆောင်သို့ အမျိုးသမီးမတက်ရသလို အမျိုးသမီးဆောင်မှာ လဲ အမျိုးသားမ၀င်ရ၊ ယခုအခါ လုံခြုံရေးအတွက် ပိုတင်းကျပ်လာသည်ဖြစ်ရကား အမျိုးသားဧည့်သည် သည်ပင် အမျိုးသားဆောင် တက်ခွင့်မရတော့ပါ၊ သူငယ်ချင်းတွေ လာတွေ့လျင် အောက်ထက်က ဧည့်ခန်းမှာ တွေ့ရန် လုံးခြုံရေးက လာပြောပေးသည်။

ဘယ်လိုစားမလဲ?
နောက်တစ်ခု အရေးကြီးသည့် အချက်တစ်ခု ရှိပါသေးသည်၊ စားရေးသောက်ရေးပင် ဖြစ်သည်။ စားရေးသောက်ရေးကို ဘယ်လို ဖြေရှင်းကြမလဲ? တက္ကသိုလ်အဆောင်မှာ စားစရိတ်ကို ကိုယ့်ဘာသာ ဖြေရှင်းရသည်။ အချို့တက္ကသိုလ်များက အဆောင်တွင် mass ပါသည်။ ပြည်ပကျောင်းသား အများစုသည် အသားဟင်းကို ကြိုက်ကြသည်။ အိန္ဒိယနိုင်ငံသား ၈၅ ရာခိုင်နှုံးက အသား မစား၊ ပြဿနာက သူတို့က အသားမစားတော့ အချို့တက္ကသိုလ်တွေရဲ့အဆောင်မှာ အသားမချက်ရ၊ ပူနေးတက္ကသိုလ်ကတော့ ပြည်ပကျောင်းသားတွေချည်း နေသဖြင့် ကျောင်းသား ၁၀ ယောက်အတွက် မီးဖိုခန်း တစ်ခန်းပေးသည်။ အပြင်မှာ အိမ်ငှါးလျင် အသားချက်ခွင့်ရှိသည့် အိမ်ကို ရှာဖွေ ငှါးရသည်၊ အချို့အိမ်ပိုင်ရှင်များက အသားဟင်း ချက်စားခွင့် မပြု။ သူငယ်ချင်းတွေ စုချက်စားလျင် အကုန်အကျ သက်သာသည်။ သီတဂူစတားတို့ သီးတင်းသုံးဖော်တွေ ဌာနမတူပေမဲ့ အဆောင်မှာ အတူနေ အတူုချက်စားသည့် မိသားစုစနစ်တစ်ခုဖြစ်သည်။ အလှည့်ကျ ချက်စားကြသည်။ အချို့လဲ အတူမချက်ပေမဲ့ ကိုယ့်ဘာသာချက်ပြီး စားချိန်ရောက် အတူဝိုင်းဖွဲ့စားကြသဖြင့် အခြားပြည်ပကျောင်းသားများသည်ပင် အံသြချီးမွမ်းကြသည်။ မြန်မာတွေက စည်းရုံးမှုရှိသည်၊ cooperation ရှိသည်။ အများစုနိုင်ငံတွေက ကိုယ့်ဘာသာ နေကြသည်၊ self-life style ကို သဘောကျသည်။

ပါတီပွဲလေးများ
အဆောင်မှာတော့ ပြည်ပကျောင်းသားများ စုဝေးရာဖြစ်သောကြောင့် ကိုယ့်နိုင်ငံရဲ့ နေ့ထူးနေ့မြတ်၊ ဥပမာ နှစ်သစ်ကူးလိုမျိုးရောက်လာလျင် အဆောင်မှူးထံ ခွင့်ယူကာ ပါတီပွဲ၊ အတီးအက အခုံ၊ အစားအစာတို့ဖြင့် ကျင်းပတတ်သည်။ အပြင်မှာ အိမ်ခန်းငှါးနေသော ကျောင်းသား ကျောင်းသူတွေက အဆောင်မှာ လာစုတက်ကြသည်။ အဆောင်သည် စုရပ်တစ်ခု ဖြစ်နေသည်။ အမျိုးသားဆောင်နှင့် အမျိုးသမီးဆောင်သည် ကပ်လျက်ရှိနေသည်အတွက် စုဝေးရတာ ပိုအဆင်ပြေနေသည်။

ယာယီလက်မှတ်

Admission Letter or Eligible Letter
သူငယ်ချင်းတစ်ယောက်က မေးတယ်၊ အရှင်ဘုရား- အရှင်ဘုရားတို့ ပူနေးတက္ကသိုလ်တက်ချင်ရင် Admission Letter or Eligible Letter ကို ဘယ်လို ရအောင်လုပ်မလဲ ဘုရားတဲ့ ဆိုတဲ့ မေးခွန်းသည်လည်း အရေးပါနေ၍ ကျွန်ုပ်နှင့်ဖီလိုဆိုဖီ ပို့စ်မတင်မီ ပူနေးတက္ကသိုလ်တက်ရန် စိတ်ဝင်စားသည့် ကျောင်းသားများအတွက် ရည်ရွယ်၍ ဤပို့စ်ကို တင်လိုက်ရပါသည်။
မှန်ပါသည်၊ မေးသင့်သည့် မေးခွန်းဖြစ်သည့်အပြင် အကျိုးများမည့် မေးခွန်းလဲဖြစ်ပါတယ်၊ ဒီအချက် တင်ပြဘို့ မေ့သွားခဲ့ပါတယ်၊ ပူနေးကျောင်းသားတစ်ယောက် ဖြစ်ဘို့ရန် အလွန်အရေးပါသည့် မေးခွန်းတစ်ခုဖြစ်ပါသည်၊ ဤ Letter မပါဘဲ student visa မရနိုင်ပါ၊ အိန္ဒိယသံရုံးက တက္ကသိုလ်တစ်ခုခုက ကျောင်းသားဖြစ်ကြောင်း လက်ခံလိုက်တဲ့ admission စာတစ်စောင်ပါမှ ကျောင်းသားဗီဇာ အတွက် ၂ နှစ်စာ ထုတ်ပေးသည် ထိုနှစ်နှစ်စာအတွက် အမေရိကန် ဒေါ်လာ ၇၅ ပေးဆောင်ရသည်။

ကိုယ့်နေရာကနေ Admission Letter or Eligible Letter ဘယ်လို ရအောင် လုပ်မလဲ?

အိန္ဒိယပြည်၊ ကိုယ်တက်ရောက်မည့် တက္ကသိုလ်သို့ ကိုယ်တိုင် သွားရလျင် သွားစရိတ် ပြန်စရိတ် အမေရိကန် ဒေါ်လာ ၇၀၀ လောက် ကုန်ကျဦးမည်။ ဒါမှမဟုတ် လူကြုံနှင့်ပို့ပြန်လျင်လဲ အပြန်အသွားဆိုတော့ အချိန်ကြာမည်၊ စိတ်လဲ မချရပေ။ မြန်မာပြည်မှာ အင်တာနတ်ခေတ်တွေ ခေတ်မစားခင်က အဲဒီလို လူကြုံနှင့်ပို့ကြရသည်၊ ဒါမှမဟုတ် ကိုယ်တိုင် သွားပြီး ဆောင်ရွက်ရသည်၊ လူပန်း ငွေကုန် အချိန်ကုန်ခေတ်ပေါ့။ ယခုအခါမှာ အင်တာနတ်တွေ အီမေးလ် တွေ အဆင်ပြေလာတော့ လူကိုယ်တိုင် သွားစရာမလိုတော့ပေ၊ google ကို အထူးကျေးဇူးတင်ရပေသည်။ အဲဒီတော့ အဲဒီ စာကို ကိုယ့် ပြည်တွင်းကနေဘယ်လို ရအောင် လုပ်မလဲ?

အိန္ဒိယမှာ ကိုယ့်သူငယ်ချင်း၊ ဒါမှ မဟုတ် ကိုယ့်အတွက် အကူအညီပေးနိုင်မည့် မိတ်ဆွေ လိုပါသည်၊ အကောင်းဆုံးက ကိုယ်တက်ရောက်မည့် တက္ကသိုလ်တွင် တက်ရောက် ပညာသင်ဆဲ ပုဂ္ဂိုလ်ဆိုလျင် ပိုအဆင်ပြေသည်၊ အကြောင်းကား သွားရ လာရတာမလွယ်ကူပါ၊ အိန္ဒိယပြည်ကြီးသည် အလွန်ကျယ်ဝန်းသည်ဖြစ်ရကား တနေရာနှင့် တနေရာ သွားဘို့ဆိုတာ ခက်ခဲပါသည်။ ရုံးကိစ္စများသည်လည်း တစ်ရက်တည်းနှင့် ပြီးသည်မဟုတ်၊ ခဏခဏ ရုံးကိုသွားရသည်၊ ကုလား tomorrow တို့ ဧ မိနစ် တို့ဆိုတာ အလွန်ကြောက်စရာပါ၊ tomorrow ဆို တစ်ပတ်လောက်တော့ အနဲဆုံး သွားရသည်။ ထို့ကြောင့် ကိုယ်တက်ရောက်မည့် တက္ကသိုလ်နှင့် ဘာသာရပ်ကို အတိအကျ ပြောဘို့ လိုသည်၊ ဟိုတက္ကသိုလ်တက်ချင်သလိုလို ဒီတက္ကသိုလ်လိုလို ဟိုဘာသာရပ်တက်ချင် သလိုလို ဒီဘာသာ ယူချင်သလိုလို ၀ါးတားတား လုပ်နေရင် လုပ်ပေးရသည့် ပုဂ္ဂိုလ်အတွက် အရမ်းကို ခက်ခဲပါသည်။ ဒါ့ကြောင့် အတိကျသာ ပြောလိုက်ပါ။

ဘာတွေ လိုအပ်သလဲ
ကိုယ်တက်ရောက်မည့် တက္ကသိုလ်နှင့် ဘာသာရပ်တို့ကို ဖြစ်နိုင်ခြေရှိသည့် (လုပ်ပေးနိုင်သူ) သူအား အတိအကျပြောပြီး၊ ကိုယ့်ရဲ့ ကိုယ်ရေးရာဇ၀င် စသည်တို့ကို ပို့ပေးရပါသည်။ အဲဒါတွေကတော့ (၁) ပတ်စပို့ (၂) ပတ်စ်ပို့ ဓာတ်ပုံဆိုဒ် ပုံများ (၂) အောင်လက်မှတ် certificate (၃) ထိုအောင်လက်မှတ်ရဲ့ အမှတ်စာရင်း Mark sheet (၄) မွေးစားရင်း Birth Certificate (၅) တက္ကသိုလ်တစ်ခုခုရဲ့ ထောက်ခံစာ (အောင်လက်မှတ်ရခဲ့သည့် နေရာ) No Objection (၆) ဖြစ်နိုင်ရင် ကိုယ့်အတွက် လုပ်ပေးမည့်သူထံ အမေရိကန် ဒေါ်လာ ၅၀ ကြိုပို့ပေးထားလျင် ပိုကောင်းသည်၊ အထက်ပါ အချက်အလက်များကို စကန် scan ဖတ်ပြီး အီးမေးလ်ကနေ ပို့နိုင်ပါသည်။ အကြောင်းကား (၁)လျှောက်လွာများ ၀ယ်ခြင်း၊ (၂) Notary ခေါ် ရှေ့နေ ထောက်ခံစာ ရအောင် ယူခြင်း၊ (၃) လျှောက်လွှာတင်ခြင်းနှင့် စရိတ်စကတွေ ရှိနေပါသည်။

အချိန်
ဘယ်အချိန် အဲဒီ Admission Letter ထွက်လာမလဲဆိုတော့ အတိအကျ ပြော၍ မရပါ။ သီတဂူစတားတုန်းက လုပ်ပေးနေတဲ့ သူငယ်ချင်းအား ခဏခဏ အပူတိုက်မိသည်၊ မရသေးဘူးလား မထွက်သေးဘူးလား ကြာလှပါလား စသည်ဖြင့် ပြောမိသည်၊ သူစိတ်ဆိုးသည်၊ ဟုတ်ပါသည် သီတဂူစတားလဲ အခြေအနေကို ကောင်းကောင်းမသိခဲ့၊ သူငယ်ချင်းနှစ်ယောက်အတွက် ကိုယ်တိုင်ကိုယ်ကျ လုပ်ပေးလိုက်တော့မှ အတွေ့အကြုံရလိုက်သည်။ International Center ကို ခေါက်တုန့်ခေါက်ပြန်သွားနေရသည်၊ ကျောင်းသားအသစ် လက်ခံချိန်ဖြစ်တာကြောင့် ဒီထွက်လာမည့် စာလေးတစ်ဆောင်ရဘို့ သွားစောင့်ရတာမလွယ်၊ တန်းစီနေရသည်၊ ရောက်သွားပြန်တော့လဲ ကိုယ့်လူအတွက် စာက ထွက်မလာသေး၊ နောက်နေ့ ထက်သွား တန်းစီရပြန်၊ ကိုယ့်ရှေ့မှာက နိုင်ငံပေါင်းစုံက ကျောင်းသာတန်းရှိသည်၊ မြန်မာပြည်မှာတုန်းကလို ဘုန်းကြီးပဲ ဆိုပြီး ရှေ့မှာကျော်တက်လို့မရပါ။ အဲဒီအချိန်မှာတော့ မြန်မာပြည်ရဲ့ ယဉ်ကျေးမှုကို သတိရမိသည်၊ လွမ်းမိသည်။

ပုံမှန်ကျောင်းသားလက်ခံချိန်
ကျောင်းသားလက်ခံချိန်သည် ယေဘုယျအားဖြင့် တက္ကသိုလ်ကြီးတွေမှာ တူညီကြပါသည်။ လုပ်ထုံးလုပ်နည်းလေး နဲနဲတော့ ကွာကြသည်၊ ပူနေးတက္ကသိုလ်ကျောင်းသား စတင်လက်ခံချိန်သည် June လမှာ ဖြစ်ပြီး admission ကတော့ လျှောက်လွာများတင်ပြီး ၂၀ ရက် သို့မဟုတ် တစ်လ ထိရှိနိုင်သည်။ admission ပိတ်ချိန်သည် July လက်ကုန်အထိဖြစ်နိုင်ပါသည်။ ၀င်ခွင့် စာမေးပွဲသည် August လ ပထမဆုံးတနင်္ဂနွေနေ့ ကျင်းပသည်။ ကျောင်းစဖွင့်ချိန်ကတော့ August လမှာပဲ စဖွင့်သည်။ Admission ထွက်လာလျင် အိန္ဒိယမှ ဆောင်ရွက်ပေးနေသူက ကိုယ့်ရဲ့ admission ကို စကန်ဖတ်ပြီး အီးမေးလ်နှင် ပြန်ပို့ပေးပါလိမ့်မည်၊ ရရခြင်းပဲ ထိုစာဖြင့် အိန္ဒိယသံရုံးကို သွားကာ ကျောင်းသား ဗီဇာ လျှောက်လေသတည်း။ ဤ admission သည် ဗီဇာလျှောက်ရန် ယာယီကျောင်းသားဖြစ်ကြောင်း လက်မှတ်ပဲဖြစ်ပါသည်၊ တကယ့်ကျောင်းသားဖြစ်ဘို့ကိုတော့ ကိုယ်တက်မည့် တက္ကသိုလ်ရောက်ခါမှသာ ရုံးကိစ္စတွေ ဆက်လက် လှုပ်ရှားရပါသည်။ သို့ဖြစ်ပါသောကြောင့် ပူနေးတက္ကသိုလ်တက်ရန် ပြင်စင်ထားသူများ ရှေးဦးစွာ သိထားရန် ရည်ရွယ်ပါသည်။


ပူနေးတက္ကသိုလ်နှင့် Migration
မိတ်ဆက်
တက္ကသိုလ်တစ်ခုမှ B.A, B.Sc ပြီးသော ကျောင်းသားတစ်ယောက် သို့မဟုတ် M.A, M.Sc ပြီးသော ကျောင်းသားတစ်ယောက်သည် အခြားတက္ကသိုလ်တစ်ခုသို့ ပြောင်းရွှေ့ပြီး M.A, M.Sc သို့မဟုတ် Ph.D အတွက် ကျောင်းတက်မည်ဆိုလျှင် ကျောင်းပြောင်းလွှဲစာ (Migration certificate သို့မဟုတ် transfer certificate) လိုအပ်သည်။ ထို certificate ထုတ်ပေးသည့် စနစ်မှာ တက္ကသိုလ် တစ်ခုနှင့် တစ်ခုမတူညီကြပါ။ သီတဂူစတား သိသော migration certificate ကို ဘယ်လိုယူရမလဲ ဆိုတာ ပူနေးတက္ကသိုလ်၏ system ကို ဗဟုသုတအဖြစ် တင်ပြလိုပါသည်။ မောင်ကောရေ- ဒီလောက် ခက်ခက်ခဲခဲ လုပ်ယူရတဲ့ migration ကို နောင် ပူနေးတက္ကသိုလ် ကျောင်းတက်မည့်သူတွေအတွက် မှတ်တမ်းလေးရေးထားခဲ့ပါဟု သီတင်းသုံးဖော်တစ်ယောက်က ပြောလာပါသည်။ ဒီမှတ်စုလေးက ပူနေးတက္ကသိုလ်သို့ ကျောင်းတက်မည့်သူ migration ရရန်အတွက် အားထုတ်နေသူတွေနှင့် အခြားဗဟုသုတရလိုသော သူတွေအတွက် မှတ်စုလေးတစ်ပုဒ်အဖြစ် တင်ပြလိုက်ပါသည်။

ပူနေး migration
ပုံမှန်အားဖြင့် ပူနေးတက္ကသိုလ်သည် ဘယ်တက္ကသိုလ်ပဲ လာလာ ဘယ်နိုင်ငံကပဲ လာလာ migration certificate မပါဘဲ လက်ခံလေ့ရှိသည်၊ သို့သော် အိန္ဒိယတက္ကသိုလ်များ ဘုတ်အဖွဲ့ကသော်၎င်း သို့မဟုတ် ကျောင်းသား၏ နိုင်ငံမှာ ရှိသော အိန္ဒိယသံရုံးကသော်၎င်း၊ သို့မဟုတ် အိန္ဒိယနိုင်ငံရှိ ကျောင်းသား၏နိုင်ငံပိုင် သံရုံးကသော်၎င်း ထို အောင်လက်မှတ် Passing Certificate နှင့် အမှတ်စာရင်း Mark sheet တို့ကို အသိမှတ်ပြုဘို့ လိုသည်၊ ထိုဌာနတစ်ခုခုမှ အသိမှတ်ပြု ထောက်ခံစာများ ပါရပါသည်။ ဤကား ပူနေးတက္ကသိုလ်မှ migration certificate မပါဘဲ အောင်လက်မှတ်များကို လက်ခံခြင်းအကြောင်းဖြစ်ပါသည်။

ပူနေးတက္ကသိုလ်မှ migration ထုတ်ယူခြင်း
ပူနေးတက္ကသိုလ်မှ M.A ပြီးသော ကျောင်းသားသည် အကယ်၍ ပူနေးတက္ကသိုလ်မှာ ဆက်မတက်တော့ဘဲ အခြားတက္ကသိုလ်မှာ Ph.D ဆက်လုပ်မယ်ဆိုရင် Migration ထုတ်ယူဘို့လိုပါသည်။ ထိုသို့ migration certificate တစ်ခုရဘို့ရာ လမ်းကြောင်း procedure မသိရင်တော့ ရွာလည်ပြီသာမှတ်ပေတော့။ သီတဂူစတားသည်လည်း ဆရာ guide အခက်အခဲ ကြောင့်၎င်း၊ ပူနေးတက္ကသိုလ်ရဲ့ ရှည်လျားလှတဲ့ procedure တွေကြောင့် ဗီဇာ limitation ရှိနေတာကြောင့် အခြားတက္ကသိုလ်တစ်ခုသို့ ပြောင်းရွှေ့ကာ Ph.D လုပ်ရန်စိတ်ကူးထားသည်ဖြစ်၍ migration certificate ရရန်ကြိုးပမ်းနေရသည်။ လမ်းကြောင်းသိရင်တော့ သိပ်မခက်ခဲပေမဲ့ ဘာသတင်း information မှ ရမထားဘဲ ကိုယ်ကိုယ်တိုင်လုပ်ကြည့်တော့ ၅ ရက်လောက် အချိန် အလကား ကုန်သွားသည်။ ရှေးဦးစွာ ကိုယ့်ရဲ့ဌာန (ဖီလိုဆိုဖီဌာန) က ရုံးမှာ သွားစုံစမ်းခဲ့သည်၊ ငါ migration certificate လိုချင်တယ် ဘယ်မှာ ရနိုင်မလဲ? မေးတော့ ဟာ ငါတို့ ဌာနက migration ရော transfer certificate (TC) ကိုရော ပြည်တွင်းကျောင်းသားအတွက်ရော ပြည်ပကျောင်းသားတွေ အတွက်ပါ ထုတ်ပေးလေ့မရှိဘူး။ Migration Department ကို သွားပါဆိုတော့ ညွှန်ကြားတဲ့အတိုင်း သွားခဲ့သော်လည်း local (ပြည်တွင်း) ကျောင်းသားတွေ အတွက်သာ ထုတ်ပေးတာ ပြည်ပကျောင်းသားတွေ အတွက်မပါဘူး၊ International Center (ပြည်ပကျောင်းသားရေးရာ ဌာန) မှာ သွားစုံစမ်းပါလို့ ပြောလိုက်ပြန်၊ သူပြောသည့်အတိုင်း ထို ဌာနသို့ သွားသည့်အခါ ရာနှင့်ချီသော ပြည်ပကျောင်းသားများ ရုံးထဲ ၀င်ရန် တန်းစီနေကြသည်။ ဒီလူအုပ်ကြီး မြင်ပြီး စိတ်မသက်မသာ ဖြစ်မိသည်၊ ငါ ဘယ်လိုလုပ် ဒီဌာနထဲသို့ ၀င်လို့ရမလဲ။ ဒီလိုနဲ့ လူအုပ်ထဲတိုးပြီး အတင်းကြည့်တော့ ရုံးထဲဝင်ရန် အပြင်ဘက်မှာ လက်မှတ်ထိုးနေရသည်၊ ပါလာသော အိပ်တွေကို လုံခြုံရေး ဒုတ်ချောင်းတွေနှင့် ထိုးပြီး စစ်ဆေးနေသည်။ တစ်ယောက်ချင်းစီ စစ်ဆေးနေတော့ အပြင်မှာတင် ၁ နာရီလောက်ကြာသွားသည်။

ဌာန အဆောက်အဦးအတွင်းရောက်ပြန်တော့လည်း ရုံထဲရောက်ဖို့ တစ်ခါ တန်ဆီရပြန်သည်၊ အတော်ကို စိတ်ပျက်ဖို့ကောင်းသည်၊ အဲဒီလောက် ခက်ခဲစွာ တန်းစီးပြီးမှ ရုံးခန်းထဲသို့ရောက်ရသည်၊ အဆင်ပြေ အမောပြေမလား အောင့်မေ့ migration ကိုသာ ဒီဌာနက ထုတ်ပေးသည် (TC) transfer certificate မပါဘဲ ထုတ်ပေးလို့ မရဘုးဟုပြောပြန်သည်၊ ဒါဆို အဲဒီ TC ကို ဘယ်က ရနိုင်မလဲဆိုတော့ မင်းတို့ ဖီလိုဆိုဖီဌာနကပဲ ပေးမှာပေါ့ ဟု လွှဲချပြန်တော့--ဟူးးးးးးးး မောသွားလိုက်တာမှ လွန်ပါရော-- Ph.D ဆက်လုပ်ချင်စိတ်တောင် ပျောက်သွားတယ်။ TC, DD, စသည့် ဖောင်များ ဖြည့်ပြီး ပို့ခဲ့လို့ tomorrow လာခဲ့ ဟု ပြောသည်၊ သွားတန်းစီရပြန်သည်။ မင်းဟာ ဒါရိုက်တာဆီမှာပဲ ရှိသေးတယ် tomorrow လာခဲ့လို့ ပြောပြန်သည်၊ နောက်နေ့ သူပြောတဲ့အတိုင်း သွားပြန်သော်လည်း ဒီနေ့ ဒါရိုက်တာမလာဘူး tomorrow တော့ သေချာ ရမှာပါကွာဟု ပြောပြန်သည်။ အိန္ဒိယ၏ tomorrow, one minute, one second ဆိုတာတွေရဲ့ အထာကို ကုလားတိုင်းက သိကြသည်။ ဒါ့ကြောင့် သူတို့ အချင်းချင်းသည်ပင် ပြောသည့် စကားတိုင်းကိုပင် တံဖိုးမထားကြတော့ပေ၊ ယုံကြည်မှုလည်းမရှိကြတော့ပေ။

ပြည်မြန်မာပြန်ချင်
အိန္ဒိယမှာ နှစ်နှစ်လောက် နေလိုက်ရတော့ အတော်လေး ရိုးအီးသွားသည်၊ အချို့ကျောင်းသားတွေတော့ မြန်မာပြည် ပြန်ချင်စိတ်ကို မရှိကြတာ၊ အကြောင်းကတော့ ဒီမှာက ပိုက်ဆံအကုန်အကျ များပေမဲ့ နေရတာ အဆင်ပြေပုံရသည်ထင်၊ မီးမပျက် ရေက အဆင်သင့်၊ လိုင်း speed အား ကောင်းတဲ့ အင်တာနက်ကိုလည်း ဈေးပေါပေါနဲ့ သုံးနိုင်၊ အလွယ်တကူ တံဖိုးနဲနဲနှင့် တယ်လီဖုန်းကိုလည်း လူတိုင်း သုံးနိုင်ခြင်းတို့ကြောင့် ဖြစ်ဟန်တူသည်။ သီတဂူစတားတော့ အဲဒီဟာတွေကို သိပ်မမက်မောပေ သို့သော်ရချင်သည်၊ P:၊ ဒါမေပဲ့  အိန္ဒိယ (ကုလား)ရဲ့ tomorrow, one minute, one second ဆိုတဲ့ ရုံး၊ ရဲစခန်း၊ ဌာနက ပြောသော စကားတွေကို စိတ်ပျက်ပြီး ကြောက်ရွှံ့နေတော့သည်။ ယခု migration ရရန် ကြိုးစားကြည့်လိုက်မှ အတော်ကို ခက်ခဲတဲ့ အိန္ဒိယ လူမျိုးတွေပဲ။ လွယ်တာကို ခက်အောင်လုပ်၊ အလုပ်ရှုပ်အောင်လုပ်တဲ့ သူတွေပဲလို့ မြင်မိသည်။ ဒီလိုနဲ့ ဌာန၊ ကျောင်းသားရေးရာ ဌာန နှင့် migration office တို့ သတင်းအတိအကျ မပေးဘဲ ဟိုလွှဲချ ဒီလွှဲချခြင်းဖြင့် ခံရသည့်ကျောင်းသားတွေမှာတော့ မသက်သာ၊ အချိန်ကုန် လူပင်ပန်း။ ကိုယ်လည်း မြန်မာပြည်ကို အမြန်ပြန်ချင်တာကြောင့် migration ကို မရ ရအောင် မပျင်းမရိ ဟိုမေး ဒီမေးရင်းနဲ့ အဖြေတစ်ခုတော့ရလာသည်။

ဘယ်လိုရအောင် ယူမလဲ?
လမ်းကြောင်းသိဖို့သာ လိုသည်။ သီတဂူစတားလဲ လမ်းကြောင်းပေါ် ရောက်လာရော သီတဂူစတားလိုပဲ migration ရရန် ကြိုးစားနေသူတွေ ရှိနေကြသည်။ ထိုင်းကျောင်းသား E-major နှင့် Education ဌာနက ကျောင်းသား ၂ ယောက် သီတဂူစတားထံ ရောက်လာသည်၊ သိပ်မကြာပါ အီရန်ကျောင်းသားတစ်ယောက်လဲ ရောက်လာပြန်သည်။ သီတဂူစတား migration နှင့်ပတ်သက်ပြီး ဆရာကြီးဖြစ်သွားသည်။ ကိုယ့်ရှေ့က ပြီးသွားတဲ့ မြန်မာ ကျောင်းသားတွေကတော့ ပူနေးတက္ကသိုလ်မှာပဲ ပြန်လုပ်ကြသည်ဖြစ်၍ migration နှင့်ပတ်သက်ပြီး မသိကြ။ ဒီနှစ် မြန်မာကျောင်းသား ပူနေးတက္ကသိုလ်မှ M.A ပြီး ၄ ယောက်ရှိသည်၊ ဖီလိုဆိုဖီဌာနမှ ၁၊ ပါဠိဌာနမှ ၂၊ နှင့် အင်္ဂလိပ်စာဌာနမှ ၁၊ တို့ဖြစ်သည်။ အားလုံးက ပူနေးတက္ကသိုလ်မှာ ဆက်မတက်ကြတော့ဘဲ အခြားတက္ကသိုလ်တွေမှာ တက်ဖို့ ပြင်ဆင်နေကြသည်။ migration နှင့်ပတ်သက်ပြီး သီတဂူစတားက အရင်လျှောက်ထားသည်ဖြစ်၍ နောက်လူတွေအတွက် အလွယ်တကူ လျှောက်နိုင်သည်။

Migration ကို International student center ကနေ နိုင်ငံခြားသား ကျောင်းသားများ အတွက် ထုတ်ပေးသည်။ ထိုသို့ ထုတ်ပေးရာမှာ ပြည့်စုံရမည့် documents တွေကတော့----
၁။ TC (transfer certificate) ထို certificate ကို publish department မှ ၅ ရူးပီး ပေးပြီး ၀ယ်ရပါသည်။ ထို ဖောင်တွင် ညွှန်ကြားထားသည့်အတိုင်း ဖြည့်သင့်တာ ဖြည့်ပြီး ကိုယ် အောင်ခဲ့တဲ့ ဌာနမှူးထံသွားပြီး လက်မှတ်ထိုးခိုင်းရပါသည်၊ ထိုဌာန၏ ရုံးတံဆိပ်ပါ ထုခဲ့ရသည်။
၂။ Mark sheet (M.A) တန်း အောင်ခဲ့သော အမှတ်စာရင်း။ ကိုယ်အောင်ခဲ့သော ဌာနမှ ထုတ်ပေးပါသည်။
၃။ DD form (demand draft) ဖြစ်ပါသည်။ ဒီဖောင်ကိုတော့ ပူနေးတက္ကသိုလ် ဘဏ်မှ ရယူပြီး ၂၀၀ တန်းလက်မှတ်ဝယ်ပြီး ငွေသွင်းပြီး DD form ချက်ချင်း ထုတ်ပေးပါသည်။
online application form migration ပါရပါမည်။
၎။ ထိုဖောင်ကို ရဘို့ရန်မှာ ရှေးက ၁-၂-၃ documents တွေ ပြည့်စုံပြီးမှ အွန်လိုင်းသို့ သွားရပါမည်။ ထိုအွန်လိုင်းမှာ- http://migration.unipuenonline.in/ သို့ သွားပြီး မိမိအကောင့်တစ်ခု ဖန်တီးရန် account create ကို သွားရပါမည်။ ညွှန်ကြားထားသည့်အတိုင်း ထို account creation အောင်မြင်ပြီးပါက ကိုယ်ဖြည့်မည့် application form နေရာသို့ ရောက်လာပါလိမ့်မည်၊ ထိုနေရာတွင် ဖြည့်ရမှာက-- ကိုယ့်ရဲ့ အမည်၊ အမေနာမည်၊ ကိုယ် Ph.D ဆက်လုပ်မည့် တက္ကသိုလ် သို့မဟုတ် ကောလိပ်၊ TC နံပါတ် နှင့် သူ့ကို ထုတ်ပေးသည့် ရက်စွဲ၊ DD နံပါတ်နှင့် သူ့ကို ထုတ်ပေးသည့် ရက်စွဲ စသည်အားဖြင့် ညွှန်ကြားထားသည့်အတိုင်း ဖြည့်စွပ်ပြီးပါက submission လုပ်ရပါသည်။ ထိုအစီအစဉ် အားလုံး အောင်မြင်ပြီးပါက ပရင့်ထုတ်ရန် Online application Form ထွက်လာပါလိမ့်မည်။ ပရင့်ထုတ်လိုက်ပါ။
၅။ ထိုပြဆိုခဲ့သော form သို့မဟုတ် certificate ၄ ခုကို ယူပြီး international student center မှာ သွားပြီး ထို ဖောင်များကိုပြကာ ရူပီး ၅၀၀ တန် ဖြက်ပိုင်းတစ်ခု တောင်းရပါသည်၊ ပူနေးတက္ကသိုလ် ဘဏ်မှာ ထို ဖျက်ပိုင်းနှင့် ၅၀၀ သွားသွင်းရပါသည်။
၆။ အထက်ပါ ဖောင် ၄ ခုနှင့် ၅၀၀တန် ဘဏ်ဖျက်ပိုင်းတို့ကို ယူပြီး international student center မှာ သွားတင်ရပါမည်။ ဘဏ်နှင့် ကျောင်းသားရေးရာဌာနတို့၌ ခေါက်တုန့်ခေါက်ပြန် သွားရပါမည်၊ သွားရတာ မပင်ပန်းပေမည့် ထိုဌာနတွေမှာ တန်းစီရသည့် ဒုက္ခက မသေးလှပါ။ လုပ်ဖူး ကြုံဖူးမှ သိပါမည်။
ထို့ကြောင့် နောင်လာ နောက်သားများ အင်တာနက် သုံးတက်အောင် သင်ထားကြရန်နှင့် ပူနေးတက္ကသိုလ်မှ M.A ပြီးသော ကျောင်းသားများ migration ထုတ်ယူလိုသော ကျောင်သားများနှင့် စာဖတ်ပရိသတ် အတွက် ဗဟုသုတအဖြစ် ဤပို့စ်ကို သတင်းအဖြစ် တင်လိုက်ရပါသည်။

Ph.D (သုတေသန) ကျောင်းသား
ပထမခြေလှမ်း
Course တစ်ခု ပြီးပြန်တော့လဲ နောက်ထပ် Course တစ်ခုတက်ရန်ပြင်ရပြန်၊ မည်သည့် subject (ဘာသာရပ်)နှင့်မဆို M.A ပြီးကျောင်းသားတစ်ယောက်ဟာ Ph.D ဒေါက်တာဘွဲ့အတွက် ကျမ်းရေးရန် Supervisor or Guide ရှာရတဲ့ ဒုက္ခ နှင့် မလွဲမသွေ ရင်ဆိုင်ကြရမည်။ မထမဆုံး အခက်အခဲကတော့ ကိုယ့်ကျမ်းစာ အတွက် လမ်းညွှန်ပေးမဲ့ ဆရာရဘို့ပင်ဖြစ်သည်၊ ဆရာတစ်ယောက်ကို Ph.D ကျောင်းသား ၈ ယောက်သာ လက်ခံခွင့်ရှိသည်ဟု မှတ်သားရပါသည်။

ရာနှင့်ချီသော M.A ကျောင်းသားများ
အိန္ဒိယနှင့် သီရိလင်္ကာ နှစ်နိုင်ငံတွင်ပင် တစ်နှစ်ကို M.A ဘွဲ့ရ မြန်မာကျောင်းသား ရာဂဏန်းနှင့်ချီပြီး မွေးထုတ်ပေးနေသည်။ ပူနေးတက္ကသိုလ်တွင်ပင် ၂၀၁၀ ခုနှစ်တွင် ဒဿနိကဗေဒ တစ်ယောက် (သီတဂူစတား)၊ အင်္ဂလိပ်စာ ဌာန တစ်ယောက်နှင့် ပါဠိဌာန ၂ ယောက်၊ စုစုပေါင်း ၄ ယောက်သော မြန်မာကျောင်းသားများကို မွေးထုတ်ပေးလိုက်သည်။ အိန္ဒိယနိုင်ငံတွင် မဂဓတက္ကသိုလ်၊ ဆန်စခရစ်တက္ကသိုလ်နှင့် နာလန္ဒာတက္ကသိုလ်ကြီးများမှ ရာနှင့်ချီသော မြန်မာကျောင်းသားများ၊ အထူးအားဖြင့် ရဟန်းတော်များ မွေးထုတ်ပေးနိုင်သလို သီရိလင်္ကာတက္ကသိုလ်များမှလဲ မြန်မာကျောင်းသားများကို ရာနှင့်ချီပြီး မွေးထုတ်ပေးနေသည်ဟု သိရသည်။ ဤသို့အားဖြင့် ထိုတက္ကသိုလ်အသီးသီးမှ တစ်နှစ်ကို M.A ဘွဲ့ရ မြန်မာကျောင်းသား ၂၀၀ ၀န်းကျင် မွေးထုတ်ပေးနိုင်လိမ့်မည်ဟု ခန့်မှန်းရပါသည်။

ပြဿနာက
ထို M.A ပြီးကျောင်းသားအားလုံး ရှေ့ဆက်ပြီး Ph.D အတွက် ပြင်ဆင်နိုင်ကြမည်ဟူ၍ မဆိုနိုင်ပေမဲ့ (အကြောင်းအမျိုးမျိုကြောင့် ဆက်မတက်နိုင်ပေမဲ့) တစ်ဝက်လောက် (၁၀၀ နီးပါး)က ဆက်တက်နိုင်ကြမည်။ ပြဿနာက ထို ၁၀၀ နီးပါးသော ကျောင်းသားတွေ အတွက် Ph.D ကျမ်းပြုရန် Supervisor အဖြစ် ဆရာ အလုံလောက် မပေးနိုင်ခြင်းပင်ဖြစ်သည်။ သီရိလင်္ကာမှ ကျောင်းသား အများစုကလဲ အိန္ဒိယဘက်ကိုပဲ ရောက်လာကြသည်။

Ph.D ကျောင်းသားဖြစ်ရန်
Ph.D ကျောင်းသားဖြစ်ဘို့ရန် M.A တန်းမှာတုန်းက ရမှတ်သည် အနဲဆုံး ၅၅ % နှုန်းရှိရမည်ဟု သိရသည်။ အိန္ဒိယ တက္ကသိုလ်တွေမှာ ယေဘုယျအားဖြင့် တူညီတဲ့ စည်းမျဉ်းများရှိသလို မတူညီတဲ့ စည်းမျဉ်းများလဲ ရှိနေသည်။ ပူနေးတက္ကသိုလ်တွင်မှာလဲ ဌာနတစ်ခု စည်းကမ်းတစ်မျိုးရှိတက်သည်။ ယခုအခါ Ph.D ကျောင်းသားများသည် ပြည်တွင်းရော ပြည်ပကျောင်းပါ ၀င်ခွင့်ဖြေဆိုရမည်။ ၀င်ခွင့် ဖြေဆိုနိုင်သော ကျောင်းသားသည် ပြည်တွင်းကျောင်းသားဖြစ်ပါက အနဲဆုံး Grade Point 55 or Second class ဖြစ်ရမည်၊ ပြည်ပကျောင်းသားဖြစ်ပါက အနဲဆုံး grade point 50 ဆို ၀င်ခွင့်ဖြေဆိုခွင့်ရှိသည်။ တက္ကသိုလ် တစ်ခုနှင့် တစ်ခုလဲ Grade Point သက်မှတ်ပုံ ကွဲပြားပြန်သည်။

ပူနေးတက္ကသိုလ်၏ Grade Point
ပူနေးတက္ကသိုလ်မှာတော့ 40မှ 44 E grade? 45 မှ 49 အထိ D grade ၊ 50 မှ 54 point အထိ C grade ဟုသက်မှတ်သည်၊ 55 မှ 64 အထိ B၊ 65မှ 74 အထိ A grade နှင့် 75 မှ 100 အထိ O grade ဟုသက်မှတ်ထားသည်၊ ပူနေးတက္ကသိုလ်၏ ပုံစံသည် Semester နှင့် သွားသည်ဖြစ်ရကား M.A တန်းအတွက် Semester 4 ခု ရှိသည်၊ ထို semester အားလုံးမှ grade points တွေကို ပေါင်းပြီး နောက်ဆုံးရမှတ်ကို အတည်ပြုသည်။ သီတဂူစတားတို့ ဒဿနိကဗေဒဌာနတွင် ကျောင်းသားအများစုသည် B grade (55) နှင့် B grade အောက်မှာပဲ ရှိကြသည်၊ B grade- 55 ရဘို့ပင် အလွန်ခက်ခဲပါသည်၊ အင်္ဂလိပ်စာတော်လှပါသည်ဆိုသည့် အိန္ဒိယကျောင်းသားများသည်ပင် 55 အောက်မှာ အများစုရှိကြသည်၊ သို့သော် သူတို့အတွက် ကိစ္စမရှိ၊ M.Phil ဆက်တက်နိုင်ရန် အချိန်ပေးနိုင်သောကြောင့်။

သီတဂူစတားရရှိထားသည့် grade points မျာသည်-
First semester တွင် 56 point B grade Second semester တွင် 56 point B grade
Third semester တွင် 64 point B grade မျှသာ ရရှိထားပြီးဖြစ်သည်။ Fourth semester တွင်လည်း 64 point B grade မျှသာ ရရှိထားပြီးဖြစ်သည်။ အားလုံးပေါင်း 57.45 တို့ဖြင့် အောင်မြင်သဖြင့် Ph.D အတွက် ဆက်လှမ်းရန် အဆင်ပြေခဲ့သည်။

ဆိုလိုသည်မှာ ပူနေးတက္ကသိုလ်က ဒဿနိကဗေဒ ကျောင်းသားသည် အခြားတက္ကသိုလ်တွေမှာ Ph.D ကျောင်းသားဖြစ်ရန် အခက်ခဲရှိနိုင်သည်၊ အများစုတက္ကသိုလ်ကြီးတွေက 55 point ကို အနဲဆုံးထား သက်မှတ်ထားသည့် အတွက်ကြောင့်ပင်ဖြစ်သည်၊ ကိုယ့်ပူနေးတက္ကသိုလ်မှာပင်  ပြန်တက်ဘို့ စိတ်ကူးပြန်တော့လဲ ၀င်ခွင့် စာမေးပွဲကြောင့် ဗီဇာ မလောက်ဖြစ်၍ အခြားတက္ကသိုလ်တွေမှာတက်ဘို့ စိတ်ကူးရပြန်။ ထို့ကြောင့် ဆရာ (supervisor) ရပေမဲ့ 55 point မရပါက ရှေ့ဆက်ရန် စိတ်မချရပေ။ အဲဒီအတွက်လဲ စိတ်ပူရပြန်သည်။

စတင်လှုပ်ရှား
ယခုအချိန်အခါသည် supervisor အလုအယက် ရှာနေရသည့် ခေတ်ဖြစ်နေသည်။ ထို့ကြောင့် မနေ့က ဂေဇာတ် မထွက်သေးပေမဲ့ supervisor ရှာ ထွက်ခဲ့ရသည်၊ အစဉ်ပြေပါသည် ပူနေးတက္ကသိုလ်မှ အနားယူတော့မည့် ဆရာမကြီးသည် အခြားတက္ကသိုလ်တွင် ဆက်လက်လုပ်မည် ဟု သူငယ်ချင်းများထံမှ တဆင့်ကြားရသဖြင့် ချက်ခြင်း လှုပ်ရှားရတော့သည်၊ seat ပြည့်သွားရင် တက္ကသိုလ်များ တစ်ခုပြီးတစ်ခု လိုက်ရှာနေရရင် ပိုက်ဆံ၊ အချိန်ကုန်မည်၊ နေကလဲပူနဲ့ လူလဲ အရမ်းပင်ပန်းမည်။ သူငယ်ချင်းတစ်ယောက် အကူအညီဖြင့် ဆရာမကြီးဆီ သွားကြသည်။ တွေ့ပါပြီ ဆရာမ၊ ငါက ဒီတက္ကသိုလ်မှာ အနားယူလိုက်ပြီဆိုတော့ ကျောင်းသားလက်ခံဘို့ မဖြစ်နိုင်ဟုပြောရှာပေမဲ့ ကြိုတင်သတင်းရယူထားသော သီတဂူစတားက ချက်ချင်းပဲ နောက်ထက် တက္ကသိုလ်တစ်ခုမှာ အလုပ်လုပ်မည်ဟုကြားသိထားပါတယ်၊ ဆရာမ ဆက်လက် အလုပ်လုပ်မည့် တက္ကသိုလ်မှာ ဆရာမဆီမှာပဲ Ph.D ဆက်လုပ်ချင်ပါသည်ဆိုတော့။

ဆရာမက ကိုယ်ရေးမဲ့ ခေါင်းစဉ်ကို မေးသည်၊ မင်းရေးမည့်ခေါင်းစဉ်က သူများရေးထားတာ ရှိသလား? ဟုမေးသည်၊ မရှိပါဘူးဆရာမ၊ အေး အဲဒါဆို မနက်ဖန်ခါ ကိုယ်ရေးမဲ့ ကျမ်းစာ(thesis)ရဲ့ အကျဉ်းချုပ် SYNOPSIS ရေးခဲ့ဟု ညွှန်ကြားသည့်အတိုင်း အဲဒီနေ့ကပဲ ဆရာမဆီက အပြန် ချက်ချင်း ရေးရသည်၊ နဂိုကလဲ နဲနဲပြင်ဆင်ထားသဖြင့် ပို၍အဆင်ပြေသွားသည်။ ဒီကနေ့တော့ ဆရာမနှင့် သွားတွေ့ပြီး ကျမ်းစာအကျဉ်းချုပ် စာတမ်းကို အပ်ခဲ့သည်၊ သဘောကျဟန်ရှိပေမဲ့ နောက်နေ့ ထက်ချိန်ပြန်သည်၊ ငါဖတ်ကြည့်ဦးမယ် မနက်ဖန်ခါ ထက်လာခဲ့ဦးတဲ့၊ နေပူပူနဲ့ သွားရလိမ့်မည်။ ကိုယ်က မြန်မြန်နှင့် အဆင်ပြေချင်တော့ နေပူပူ မိုးရွာရွာ၊ တုံးတိုက်တိုက် ကျားကိုက်ကိုက် သည်းခံကာ သွားရမည်။ ကုလားပြည်မှာ သည်းမခံ၍မရ။ အချိန် ၊ ဗီဇာ ၊ ငွေကြေး စသည်တို့ကြောင့် မြန်မြန်ပြီးလေ ကောင်းလေပဲ။ ဤကား Ph.D ကျောင်းသားတစ်ယောက်၏ ပထမဆုံး တွေ့ကြုံရမည့် ဒုက္ခပင်ဖြစ်သည်။

နောက်ထပ် အစီအစဉ်များ တိုးလာလျှင်တိုးလာသလို ဆက်ရေးပေးသွားပါမည်။ ယခုအထိ တင်ပြထားသမျှသည် အိန္ဒိယနိုင်ငံ၏ Ph.D ကျောင်းသားဘ၀ တစ်စိတ်တဒေသအဖြစ် ဗဟုသုတရရန် ရည်ရွယ်ပါသည်။
 
သီတဂူစတား
၁၉-၅-၂၀၁၀


http://www.sitagucenter.org/index.php?option=com_content&view=article&id=275&Itemid=7

မှတ်သားဖွယ်ရာ

ကျွန်တော်
၎ နှစ်သားတုန်းက ငါ့ ဖေဖေကြီး ဘာမဆို လုပ်တတ်တယ် ။

၅ နှစ် ... ငါ့ ဖေဖေကြီး မသိတာ ဘာမှမရှိဘူး ။

၆ နှစ် ... ငါ့ အဖေက မင်းအဖေထက် တတ်တယ်ကွ။

၈ နှစ် ... တို့ အဖေက အကုန်လုံးတော့ လည်း အတိအကျ မသိဘူး။

၁၀ နှစ် ... အဖေတို့  ငယ်ငယ်တုန်းကနဲ့  အခုနဲ့ က တခြားစီပဲ။

၁၂ နှစ် ... အင်း အဲဒါတော့အဖေလည်းဘယ်သိပါ့မလဲသူက အသက်ကြီးပြီဆိုတော ကလေးတုန်းက အကြောင်းတွေ မမှတ်မိနိုင်တော့ ဘူး။

၁၄ နှစ် ... အဖေတော့  ထည့် မပြောနဲ့ ၊ သူက ရှေးရိုးသမားကြီး။

၂၁ နှစ် ... အဖိုးကြီးလား ထားပါ ၊ အောက်နေပြီ ၊ လုံးဝ အောက်နေပြီ။

၂၅ နှစ် ... အဖေတော့  နည်းနည်းပါးပါးသိမယ်၊ မသိလို့ လဲ မဖြစ်ဘူးလေ၊ လူကြီးပဲဟာ။

၃၀ နှစ် ... အဖေ့ကို နည်းနည်းပါးပါး မေးကြည့် ရင်ကောင်းမယ်ထင်တယ်၊ ဘာပဲပြောပြောသူက အတွေ့ အကြုံ အများကြီးရှိတယ်။

၃၅ နှစ် ... အဖေနဲ့  တိုင်ပင်ပြီးမှ ဒီကိစ္စကို ငါ တစ်ခုခုလုပ်နိုင်မယ်။

၄၀ နှစ် ... အဖေသာဆိုရင် ဒီကိစ္စ ဘယ်လိုဖြေရှင်းမလဲ မသိဘူး သူက အတွေ့ အကြုံစုံတယ်၊ အမြော်အမြင်လည်း ရှိတယ်။

၅၀ နှစ် ... ဒီကိစ္စ အခုနေသာ အဖေနဲ့ တိုင်ပင်ခွင့်ရမယ်ဆိုရင် ဘယ်လောက် ပေးရ ပေးရငါပေးပါတယ်၊ အဖေ့အရည်အချင်းတွေ သူရှိတုန်းက ကောင်းကောင်းသတိမထားမိခဲ့တာ သိပ်နှမြောစရာ ကောင်းတယ်၊ တကယ်ဆို ငါ့ အဖေဆီက အများကြီးရလိုက်ဖို့ ကောင်းတယ်။

http://www.sitagucenter.org/index.php?option=com_content&view=category&layout=blog&id=83&Itemid=61

ခိုင် ရဲ့ကိုင်းမှာမကျွတ်မလွတ်တဲ့တစ္ဆေ

အဲဒီနေ့က ဖျားတယ်
သူမ မပျော်ရွှင်တော့ ကိုယ်လည်း မရယ်နိုင်ဘူး
ဆိုမိတဲ့သီချင်းက စကားလုံးတွေပျောက်နေတယ်
အိမ်အပြန်လမ်းမှာ ခွေးတွေအရမ်းဟောင်တယ်
ရှင်ကျမဆီ ဖုန်းမဆက်နဲ့တော့
          ကောင်းကင်လည်း ပြိုပြီ
          တောင်ပံလည်း ကျိုးပြီ
          ပန်းတွေတဖတ်ဖတ်ပွင့်နေတာကို မျှားပစ်သံတွေပဲကြားနေရတာ
          မမြင်ရတဲအချစ်နဲ့ စစ်ရှုံးသလိုနေ့တွေ
          အကြည့်နဲ့ လမ်းတွေကို ရပ်တန့်ပစ်လိုက်တယ်
ကမ်းတစ်ခုနဲ့တစ်ခု မနီးကပ်ခဲ့သလို
သင်္ဘောကြီးစီးပြီး ငါတို့နေ့စဉ်ဝေးခဲ့ကြတာ
မမြင်ရပေမယ့် သတိရစိတ်နဲ့ အော်ခေါ်မိတယ်
ကြာရင် ရှင်မေ့သွားမှာပါ တဲ့
စိတ်မှာ မီးစွဲသလိုလောင်တယ်
          ကွေးကောက်နေတဲ့လမ်းမှာ ငါတို့မဖြောင်တန်းခဲ့တာ
          ညညအိပ်မပျော်လို့ လရောင်ကို ထထစမ်းနေရတာ
          မှောက်သွားတဲ့ကော်ဖီခွက်ကို ပြန်တည့်မတ်နေရတာ။
မီးကို စတင်တွေ့ရှိသူဟာ
ကမ္ဘာကြီးကို မီးထဲထားခဲ့တယ်
စနတ်တံအဖြုတ်ခံထားရတဲ့ ဗုံးတစ်လုံး
ကျမ အကြောင်းမတွေးရရင် သေမတဲ့လား။  ရယ်ရတယ်
          ရင်ထဲစူးဝင်နေတဲ့ဆူးတစ်ချောင်း ဘယ်လိုနှုတ်မလဲ
          အခု သွားပြီ။ ငါ့ဘ၀လည်း မရှိတော့ဘူး
          အိပ်မက်ကို ကြောက်လို့ထထိုငိမိတာ
          နှလုံးသွေးထဲ တစ်ညလုံးမင်အကြောင်းပဲ ဆူပွက်နေတယ်
          မင်းမရှိတော့တဲ့ အနာနဲ့ ဓားနဲ့ရှမိသလို ညတွေ
          ငါ့ညတွေ ငါ့ပြန်ပေး
ငါပြန်မယ်
ကမ္ဘာထဲက ငါ့ကို ဖဲ့ထုတ်လိုက်
အခု ငါလမ်းမပေါ်
မရှိတော့တဲ့ အသက်နဲ့
သွေးထဲက ပြနိမထွက်တော့တဲ့ အဆိပ်နဲ့
တစ္ဆေတစ်ကောင်
သူ့ကိုယ်သူ ခြောက်လှန့်လို့
လမ်းရှိသလောက် .... လွင့်လို့။
လွင့်သွားတဲ့ လေအတိုင်း
ပွင့်နေတဲ့ ရင်ဟာ
ထုတ်ချင်းပေါက် မြင်နေရတယ်။ ။


ဆောင်းဝေ   23.8. 10

ကျန်းမာရေး သော့ချက်များ

(အင်တာနက်)
 

သော့(၁) WATER
မနက်ရေတစ်ခွက်သောက်ခြင်းသည် ခန္ဓာကိုယ်နှင့်ရေ ညီမျှစေ၏။
  သော့(၂) SLEEP
အိပ်ချိန် ညာစောင်း၍ လေးကိုင်းသဏ္ဍာန်အိပ်ခြင်းသည် အိပ်ရေးဝစေ၏။
သော့(၃) APPETITE
အစာကို ၇ပုံမျှသာအဝစားခြင်းသည် ခန္ဓာကိုယ်အား ကျန်းမာစေ၏။
  သော့(၄) EXERCISE
အားကစားလုပ်ခြင်းသည် စိတ်ခန္ဓာအား တက်ကြွစေ၏။
သော့(၅) MUSIC/LITERATURE
ဂီတသည် နှလုံးကိုရွှင်စေ၏။ စာဖတ်ခြင်းသည် အသိဥာဏ်ကို တိုးစေ၏။
  သော့(၆) BEANS
ပဲအမြဲစားခြင်းဖြင့် အသက်ကိုစေရှည်သည်။
သော့(၇) VICES
ဆေးလိပ်၊ အရက်ကို လက်ပြနှုတ်ဆက်ပါ။
  သော့(၈) LOVE/SEX
လိင်နှင့်အချစ်ကို ညီမျှပါစေ။
သော့(၉) LONELINESS
အထီးကျန်ခြင်းက ရုန်းထွက်နိုင်လျှင် သင်ကျန်းမာပြီ။
  သော့(၁ဝ) MIND
ဦးနှောက်ကို မပြတ်သုံးပေးခြင်းဖြင့် အိုမင်းခြင်းကို ကာကွယ်နိုင်သည်။
သော့(၁၁) TEA
ရေနွေးကြမ်း အမြဲသောက်သုံးခြင်းသည် ဝိတ်ကျစေ၏၊ ကင်ဆာကို ကာကွယ်ပေး၏၊
အရွယ်တင် နုပျိုစေ၏။
 သော့(၁၂) SMILE
ဘဝကို အပြုံးနဲ့ရင်ဆိုင်ပါ။


ပျင်းကြောဆန့်ခြင်း

ပင်ပန်းနွမ်းလျချိန် ပျင်းကြောဆန့်ခြင်းဖြင့် နေသာထိုင်သာရှိစေသည်။ အလုပ်နှင့်လက် မပြတ်သူများအတွက် ပျင်းကြောဆန့်ခြင်းသည် ခန္ဓာကိုယ်အတွက် အကောင်းဆုံး လှုပ်ရှားနည်းတစ်မျိုးဖြစ်သည်။ လူခန္ဓာကျန်းမာဖို့အတွက် အဓိကအရေးပါသောအချက်မှာ ပုံမှန်သွေးလည်ပတ်မှုဖြစ်သည်။ အကြောင်းမှာ ခန္ဓာကိုယ်အစိတ်အပိုင်းများသို့ အာဟာရပေးဝေခြင်း၊ မလိုအပ်သည့်အရာများကို ဖယ်ရှားပေးခြင်း စသည့်အလုပ်ကို လည်ပတ်နေသည့်သွေးက လုပ်ဆောင်ပေးနေသောကြောင့်ဖြစ်သည်။ ပျင်းကြောဆန့်ခြင်းသည် ခန္ဓာကိုယ်ရှိကြွက်သားများကို ကျုံ့ဆန့်ပေးသည်။
စက္ကန့်ပိုင်းမျှ ပျင်းကြောအခါခါဆန့်ပေးခြင်းဖြင့် အနယ်ထိုင်နေသောသွေးများက နှလုံးဆီသို့ပြန်စီးပြီး သွေးလည်ပတ်မှုကို ပိုမိုကောင်းမွန်စေသည်။ တစ်ချိန်တည်းမှာပင် ကြွက်သားများကျုံ့ဆန့်ခြင်းဖြင့် ကြွက်သားအတွင်းရှိ သွေးများကိုလည်း လည်ပတ်အားကောင်းစေသည်။ ကြွက်သားအတွင်းရှိ မလိုအပ်သည့်အရာများကို သယ်ဆောင်ဖယ်ရှားပေးသဖြင့် ပင်ပန်းညောင်းညာမှုကို ပျောက်စေပြီး ခန္ဓာကိုယ်ကို လန်းဆန်းတက်ကြွစေသည်။ ထို့အပြင် ပျင်းကြောဆန့်ချိန် လူအများက လက်နှစ်ဖက်ကို နောက်သို့ ဆန့်တန်းတတ်သည့်အတွက် ရင်ဘတ်လှုပ်ရှားမှုကိုလည်းဖြစ်စေပါသည်။

သောက်သုံးရန်မသင့်သော ရေ(၅)မျိုး
(၁) မီးဖိုပေါ်တွင် အချိန်ကြာမြင့်စွာ ဆူပွက်အောင်ထားသည့် ရေနွေး
(၂) ဓာတ်ဗူးထဲတွင် ရက်ကြာမြင့်စွာထားသည့် မလတ်ဆတ်သောရေနွေး
(၃) အကြိမ်ကြိမ်ဆူဗွက်အောင် ကြိုခဲ့သောရေနွေး
(၄) တစ်ညလွန်သောရေနွေးကို ထပ်ကြိုထားသောရေနွေး (သို့) ထပ်မကြိုထားသောရေနွေး
(၅) ထမင်း၊ ဟင်းပေါင်းခံရည်
၎င်းရေများ သောက်သုံးရန်မသင့်ခြင်းမှာ အကြိမ်ကြိမ် ဆူဗွက်ပြီးသောရေတွင် ကယ်လစီယံ၊ မက်ဂနီစီယံ၊ ဂရိုရင်းနှင့် အခြားသတ္တုများ ပိုမိုတိုးလာပြီး ကျောက်ကပ်ကို ထိခိုက်စေနိုင်သောကြောင့်ဖြစ်သည်။

သစ်သီးများ အလွန်အကျွံမစားသင့်ပေ
ဂျပန်နိုင်ငံ Kyoto University ဆေးပညာဘာသာရပ် ပရော်ဖက်ဆာ Teng Tian Ichiro၏ ပြောကြားချက်အရ သစ်သီးအလွန်ကျွံစားသုံးပါက ခန္ဓာကိုယ်တွင်း ဗီတာမင်C များပြားစေပြီး oxalic acidကို အလွယ်တကူဖြစ်ပေါ်စေသည်။ oxalic acid နှင့် လူခန္ဓာကိုယ်ရှိချွေးများ ပေါင်းစပ်ပြီး အရေပြားကြမ်းခြင်း၊ ထိခိုက်ခြင်းများ ဖြစ်စေတတ်သည်။ ပြင်းထန်ပါက ဆေးနှင့်မတည့်သော အရေပြားရောဂါများ ဖြစ်စေတတ်သည်။

အမေရိကန်ပညာရှင်များ၏ ဆန်းစစ်ချက်မှာလည်း ထိုနည်းအတူဖြစ်သည်။ မတူသောရာသီ၊ မတူသောရောဂါများတွင် သစ်သီးများကိုရွေးချယ် စားသုံးသင့်သည်ဟု ပညာရှင်များက ခန့်မှန်းကြသည်။
 Crataegus (山楂 (shanzha))

ဥပမာ- ဆောင်းဦးနှင့်ဆောင်းရာသီများတွင် စိုထိုင်းမှုနည်းသောကြောင်း သစ်တော်သီးနှင့် အစာကြေလွယ်သော ငှက်ပျောသီး၊ ပန်းသီးများကို စားသုံးသင့်သည်။ နှစ်ရှည်ချောင်းဆိုးသူများ သစ်တော်သီးကို စားပေးနိုင်သလို နှလုံးအားနည်းသူ၊ သွေးတိုးရှိသူ၊ အစာမကြေလွယ်သူများ Crataegusကို အမြဲစားသင့်သည်။

ကြက်ဥများ အလွန်အကျွံ မစားသင့်ပေ
အာဟာရဓာတ်များ အများအပြားပါဝင်သော ကြက်ဥသည် လူတိုင်းအတွက် အားတိုးဆေးဖြစ်သည်။ ကြက်ဥစားနည်း များစွာရှိသော်လည်း အောက်ပါစားနည်းနှစ်မျိုးမှာ အကောင်းဆုံးစားနည်းဖြစ်သည်။
(၁) ကြက်ဥအနှစ်ကို ဟင်းရည်ချက်ခြင်း (သို့) ရေနွေးဆူထဲ ဖောက်ထည့်ပြီး စားသုံးခြင်း
(၂) ကြက်ဥဟတ်ဘွိုင်ကြော်ရာတွင် သကြားအနည်းငယ်ထည့်ခြင်းဖြင့် ပိုအကျိုးရှိသော အာဟာရကိုရစေသည်။

လူတချို့က အာဟာရဓာတ်များသော ကြက်ဥကို များများစားသုံးပေးခြင်းဖြင့် အာဟာရများစွာရနိုင်သည်ဟု ထင်မှတ်မှားတတ်ကြသည်။ လူတစ်ဦးမှာ နေ့စဉ်ကြက်ဥတစ်လုံးမှနှစ်လုံးထိ စားသုံးခြင်းဖြင့် ခန္ဓာကိုယ်အတွက်လိုအပ်သော ပရိုတင်းဓာတ်ကို အလုံအလောက်ရနိုင်သည်။

ထမင်းမစားမီ ဟင်းရည်တစ်ခွက်သောက်ဖို့ မမေ့ပါနှင့်
ထမင်းမစားမီ ဟင်းရည်ပူပူ အရင်သောက်ခြင်းဖြင့် ခန္ဓာကိုယ်ဝိတ်အား ထိန်းသိမ်းပေးသည်။ အမေရိကန်ပညာရှင်များက ခန္ဓာကိုယ် ဝဖြိုးသူအယောက်(၁ဝဝဝ)ဖြင့် လေ့လာဆန်းစစ်ရာတွင် ထမင်းမစားမီ ဟင်းရည်ပူသောက်သူသည် စားသောထမင်းနပ်တိုင်းတွင် ကယ်လိုရီ ၅၅ကတ် လျှော့နည်းရရှိစေသည်။ သာမန်အားဖြင့် ထမင်းစားမြန်သူသည် အဝလွယ်သည်။ အကြောင်းမှာ ဦးနှောက်အတွင်းရှိ (အာသာ) ချင်ခြင်းအကန့်မှ "စားဝပြီ" ဆိုသည့်သတင်းရဖို့ အချိန်အနည်းငယ်ယူရသည်။ ထိုအချိန်ယူနေစဉ်အတွင်းတွင် အစားမြန်သောသူက ပိုလွန်သောအစားများ စားသုံးပြီးဖြစ်သည်။ အကယ်၍ ထမင်းမစားမီ ဟင်းရည်တစ်ခွက်သောက်ခြင်းဖြင့် ထမင်းအစားနည်းစေပြီး ဝခြင်းမှကာကွယ်ပေးနိုင်သည်။

အကောင်းဆုံး ရေသောက်ချိန်
ယေဘုယျအားဖြင့် လူတစ်ဦးသည် တစ်နေ့လျှင် အနည်းဆုံး ရေ(၁၅ဝဝcc) သောက်သင့်သည်။ နှလုံးနှင့် ကျောက်ကပ်ဆောင်ရွက်အားနည်းသူမျှလွဲ၍ ရေကိုလုံလောက်စွာ သောက်သင့်သည်။ အထူးသဖြင့် ပူသော(သို့) လေအေးစက်ဖွင့်ထားသော နေအိမ်နှင့်ရုံးခန်းတွင် လေထုခြောက်ကပ်သောနေရာတွင် ပိုမိုသောက်သင့်သည်။ နေ့စဉ်ထမင်းသုံးနပ်ကြားနှင့် ထမင်းစားချိန်တွင် ရေမကြာခဏသောက်ပေးသင့်သည်။
သို့သော် တစ်ကြိမ်တည်းတွင် အလွန်အမင်း မသောက်သင့်ပေ။

မနက်စာ အစားဝရုံမက အကောင်းစားသင့်သည်
"မနက်စာ ဝဝစား၊ နေ့လယ်စာ ကောင်းကောင်းစား၊ ညစာ နည်းနည်းစား" ဆိုသည့်အတိုင်း "မနက်စာ ဝဝရင်ရပြီ" ဟု လူအများက ဆိုကြသည်။ ထိုထက်သာမက မနက်စာသည် တစ်နေ့တာအတွက် အရေးပါသော နပ်တစ်နပ်ဖြစ်သည်။ အာဟာရပြည့်သော၊ ပရိုတင်းဓာတ်ပါသော မနက်စာသည် ဂလုကို့ကို ခန္ဓာထဲတွင် ကြာရှည်ထိန်းထားပေးနိုင်သည်။ မနက်စာတွင် hot drinkဖြစ်သော ကော်ဖီ၊ လက်ဖက်ရည်အပြင် ကောက်ပဲသီးနှံစာများ (ဂျုံဖြင့်စီမံထားသော အစားအစာ)၊ တိရစ္ဆာန်မှရသော ပရိုတင်း(နွားနို့၊ ဒိန်ချဉ်၊ ကြက်ဥ)၊ သစ်သီး (သို့) သစ်သီးဖျော်ရည်နှင့် အချိုဓာတ်၊ အဆီဓာတ်နည်းသော အစားအစာများကို စားသုံးသင့်သည်။ မနက်စာကို အဝစားရုံမက အကောင်းစားသင့်သည်။

အမေရိကန် ချီကာဂိုတက္ကသိုလ်မှ လေ့လာချက်အရ ပရိုတင်းဓာတ်များသောမနက်စာကို စားသုံးခြင်းဖြင့် ဂလုကို့မှာ (၁၅)မိနစ်အတွင်း မစားသုံးမီ ၇ဝ~ ၈ဝ Mg ထက် ၁၄ဝ~၁၅ဝMg ထိမြင့်တက်သွားသည်ကို တွေ့ရသည်။ (သာမန် ကလုကို့အဆင့်မှာ ၈ဝ~၁၂ဝMg ကြားတွင်ရှိသည်)။ လူ့ခန္ဓာအတွက် အားအင်ကို သာမန်ထက် (သို့) သာမန်ထက်မြင့်သော သွေးဖိအားမှ ရရှိခြင်းဖြစ်သည်။

စပျစ်ဝိုင်၏ အသုံးဝင်ပုံ
(၁) သင့်တင့်သော စပျစ်ဝိုင်ကို သောက်သုံးပေးခြင်းဖြင့် နှလုံးရောဂါဖြစ်ပွါးမှုကို ကာကွယ်ပေးနိုင်သည့်အပြင် နှလုံးသွေးကြောများကိုလည်း ပြုပြင်ထိန်းသိမ်းပေးနိုင်သည်။ တစ်ကြိမ်တွင် ၂၅~၅ဝဂရမ်ဖြင့် တစ်ရက်တွင် တစ်ကြိမ် (သို့) နှစ်ကြိမ်သောက်သုံးနိုင်သည်။

(၂) စပျစ်ဝိုင်ဖြူသည် ချိုမြပြီး ချဉ်စုတ်စုတ်အရသာရှိသည်။ ထမင်းစားပြီး သောက်သုံးခြင်းဖြင့် အစာချေရည်ကို နှိုးဆွခြင်း၊ သည်းခြေရည်ဖြစ်ပေါ်ခြင်း၊ အဆီကိုချေပေးခြင်းများ ပြုလုပ်ပေးသည်။

(၃) စပျစ်ဝိုင်တွင် သကြားဓာတ်၊ Amino acidများပါဝင်သည့်အပြင် ပြည့်ဝသော ဗီတာမင် B12, B1、B2 နှင့် ဗီတာမင်C များပါဝင်သောကြောင့် သွေးအားနည်းရောဂါအတွက် အကောင်းဆုံးဖြစ်သည်။

(၄)စပျစ်ဝိုင်ဖြင့် တုပ်ကွေးရောဂါကို ကုသနိုင်သည်။ ကုသနည်းမှာ စပျစ်ဝိုင် ၃ဝ~ ၉ဝgအား အနွေးဓာတ်ပေးပြီး တစ်နေ့ ၂ကြိမ်မှ ၃ကြိမ်အထိ သောက်ပေးခြင်းဖြစ်သည်။

လက်ဖက်ခြောက်
လက်ဖက်ခြောက်သည် သွေးတိုးရောဂါဖြစ်ခြင်းမှ ကာကွယ်ပေးသည်။ လက်ဖက်ခြောက်တွင်ပါဝင်သော catechins၊ ဗီတာမင်Cနှင့်ဗီတာမင်Pများသည် သွေးကြောပျော့ပျောင်းခြင်း၊ သွေးထဲတွင်ပါဝင်သော ကိုလက်စထရောအား လျော့ချပေးခြင်း၊ အသဲတွင်စုနေတတ်သော အဆီဓာတ်များကို ချေဖျက်ပေးခြင်းများ ပြုလုပ်ပေးခြင်းဖြင့် သွေးတိုးရောဂါ၊ နှလုံးလုပ်ဆောင်အားနည်းခြင်းနှင့် အသည်းအဆီဖုံးခြင်းကို ကာကွယ်ပေးသည်။ အသုံးပြုနည်းမှာ တစ်ကြိမ်တွင် Green Tea (မလှော်ရသေးသည် လက်ဖက်ခြောက်အစိမ်း) ၁~၂gနှင့် Crataegusအခြောက်၅gကို နေ့စဉ်အတူထည့်ခတ်သောက်ပါ။ အမြဲသောက်သုံးပေးရန် လိုပါသည်။


http://www.sitagucenter.org/index.php?option=com_content&view=article&id=214&Itemid=54

မင်္ဂလသုတ်ပါဠိတော်

၁။ယံ မင်္ဂလံ ဒွါဒသ ဟိ၊ စိန္တယိံ သု သဒေ၀ကာ၊ သောတ္ထာနံ နာဓိ ဂစ္ဆန္တိ၊ အဋ္ဌတ္တိံ သဉ္စ မင်္ဂလံ။
၂။ဒေသိတံ ဒေ၀ဒေဝေန၊ သဗ္ဗပါပ၀ိနာသနံ။ သဗ္ဗလောက ဟိတတ္ထာယ၊ မင်္ဂလံ တံ ပဏာမ ဟေ။
၃။ ဧ၀ံ မေ သုတံ၊ ဧကံ သမယံ ဘဂ၀ါ သာဝတ္ထိယံ၊ ၀ိဟရတိ ဇေတ၀နေ၊ အနာထပိဏ္ဍိကဿ အာရာမေ။ အထခေါ အညတရာ ဒေ၀တော အဘိက္ကန္တ ၀ဏ္ဏာ ကေ၀လကပ္ပံ ဇေတ၀နံ သြဘာသေတွာ ယေန ဘဂ၀ါ၊ တေနုပသင်္ကိမ။ ဥပသင်္ကိမတွာ ဘဂ၀န္တံ – အဘိဝါဒေတွာ။ ဧကမန္တံ အဋ္ဌာသိ။ ဧကမန္တံ ဋ္ဌိထာ ခေါ သာ ဒေ၀တာ ဘဂ၀န္တံ ဂါထာယ အဇ္ဈဘာသိ။
၎။ဗဟူ ဒေ၀ါ မနုဿာ စ၊ မင်္ဂလာနိ အစိန္တ ယုံ။ အာကင်္ခမာနာ သောတ္ထာနံ၊ ဗြူဟိ မင်္ဂလ မုတ္တမံ။
၅။ အသေ၀နာ စ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာ စ ပူဇနေယျာနံ၊ ဧတံ မင်္ဂလ မုတ္တမံ။
၆။ ပတိရူပ ဒေသ၀ါသော စ၊ ပုဗ္ဗေ စ ကတ ပုညတာ။ အတ္တသမ္မာပဏိဓိ စ၊ ဧတံ မင်္ဂလ မုတ္တမံ။
၇။ ဗာဟုသစ္စဉ္စ သိပ္ပဉ္စ၊ ၀ိနယောစ သုကိက္ခိတော။ သုဘာသိတာ စ ယာ ၀ါစာ။ ဧတံ မင်္ဂလ မုတ္တမံ။
၈။ မာတာပိတု ဥပဋ္ဌာနံ၊ ပုတ္တဒါရဿ သင်္ဂဟော။ အနာကုလာ စ ကမ္မန္တာ၊ ဧတံ မင်္ဂလ မုတ္တမံ။
၉။ ဒါနဉ္စ ဓမ္မစရိယာ စ၊ ဉာတကာနဉ္စ သင်္ဂဟော။ အန၀ဇ္ဇာနိ ကမ္မာနိ၊ ဧတံ မင်္ဂလ မုတ္တမံ။
၁၀။ အာရတီ ၀ိရတီ ပါပါ၊ မဇ္ဇပါနာ စ သံယမော။ အပ္ပမာဒေါ စ ဓမ္မေသု၊ ဧတံ မင်္ဂလ မုတ္တမံ။
၁၁။ ဂါရဝေါ စ နိဝါတော စ၊ သန္တုဋ္ဌိ စ ကတညုတာ။ ကာလေန ဓမ္မဿဝနံ၊ ဧတံ မင်္ဂလ မုတ္တမံ။
၁၂။ခန္တီစ သောဝစဿတာ၊ သမဏာနဉ္စ ဒဿနံ၊ ကာလေန ဓမ္မသာကစ္ဆာ၊ ဧတံ မင်္ဂလ မုတ္တမံ။
၁၃။ တပေါ စဗြဟ္မစရိယဉ္စ အရိယာသစ္စာန ဒဿနံ၊ နိဗ္ဗာန သစ္ဆိကိရိယာ စ၊ ဧတံ မင်္ဂလ မုတ္တမံ။
၁၄။ ဖုဋ္ဌဿ လောကဓမ္မေဟိ၊ စိတ္တံ ယဿ န ကမ္ပတိ၊ အသောကံ ၀ိရဇံ ခေမံ၊ ဧတံ မင်္ဂလ မုတ္တမံ။
၁၅။ ဧတာဒိသာနိ ကတွာန၊ သဗ္ဗတ္ထ မပရာဇိတာ။ သဗ္ဗတ္ထ သောတ္ထိံ ဂစ္ဆန္တိ၊ တံ တေသံ မင်္ဂလ မုတ္တမံ။
မင်္ဂလသုတ္တံ နိဋ္ဌိတံ။
မင်္ဂလသုတ်ရွတ်ဖတ်ခြင်းအကျိုး
မင်္ဂလသုတ်ကိုမပြတ်ရွတ်ဖတ်သရဇ္ဈာယ်၍ လိုက်နာကျင့်ကြံလျှင် မည်သည့်နေရာမှာနေသည်ဖြစ်စေ ဘေးအန္တရာယ်ကင်းသည်။ ရန်သူတို့က မိမိအား မအောင်မြင်နိုင်။ မိမိ၏ဘ၀အဆင့်အတန်းသည်လည်း တစ်နေ့ထက်တစ်နေ့ တိုးတက် ချမ်းသာလာမည်ဖြစ်ပေသည်။ အချုပ်အားဖြင့်ဆိုရလျှင် ရန်ကင်းသည်၊ သူတစ်ပါးမကောင်းမကြံနိုင် ၊ ဘ၀အခြေအနေ ကြီးပွားတိုးတက်စေသည်။
မင်္ဂလသုတ်မြန်မာပြန်
၁။ မည်သည့်တရားသည် မင်္ဂလာတရားနည်း ဟူ၍ လူနှင့်နတ်တို့သည် တစ်ဆယ့်နှစ်နှစ်တိုင်တိုင် တွေးခေါ်ကြသော်လည်း အဖြေမှန် မရခဲ့ကြပေ၊ စီးပွားချမ်းသာခြင်း၏ အကြောင်းမှန်ဖြစ်သော မင်္ဂလာတရားပေါင်း(၃၈)ပါး ရှိလိမ့်မည်ဟူ၍လည်း မည်သူမျှ မသိမမြင်နိုင်ခဲ့ကြပေ။
၂။ လူတစ်ယောက်စီတစ်ယောက်စီထက်လည်းကောင်း ၊ သန်းပေါင်းများစွာသော လူသားအားလုံးတို့ထက်လည်းကောင်း ၊ နတ်တစ်ပါးစီ တစ်ပါးစီထက်လည်းကောင်း ၊ နတ်အားလုံးထက် လည်းကောင်း၊ သာလွန်မြင့်မြတ်တော်မူသော မြတ်စွာဘုရားသည် လောကအကျိုးကို ရှေ့ရူလျက် မင်္ဂလာတရား ၃၈-ပါးကို ထုတ်ဖော် ဟောကြားတော်မူခဲ့၏ ။ မင်္ဂလာတရားသည် လူမှုဒုစရိုက် တရားကို ပယ်ဖျောက်တတ်၏ ။ ယခုအခါ သူတော်ကောင်းအပေါင်းတို့နှင့်ကျွန်ုပ်တို့သည် ထိုမင်္ဂလာတရားတော်မြတ်ကို ရွတ်ဖတ်ပူဇော်ကြပါကုန်စို့ ။
၃။ ပထမသံဂါယနာပွဲတော်ကြီး၏ ဥက္ကဋ္ဌ ဖြစ်တော်မူသော မဟာကဿပအရှင်ဘုရား – ဤမင်္ဂလသုတ်တော်ကို အကျွန်ုပ် အာနန္ဒာသည် နောင်တော်မြတ်စွာဘုရားထံမှ တိုက်ရိုက် ဤသို့ကြားနာ လိုက်ရပါ၏ ၊ မှတ်သားလိုက်ရပါ၏ ၊ ဆောင်ထားလိုက်ရပါ။ -အခါတပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးနေပါသည်။ ဇေတ၀န်ကျောင်းသည် အနာထပိဏ်သေဋ္ဌေးကြီးဆောက်လုပ် လှူဒါန်းထားသော နှလုံးမွေ့လျော် ပျော်ဖွယ်ရာကောင်းသော ကျောင်းတော်ကြီးဖြစ်ပါသည်။ တညသ၌ ညဥ့်ဦးယံလွန်၍ သန်းခေါင်ယံအရောက်တွင် အမျိုးအမည် မထင်ရှား မသိသာသော နတ်သားတစ်ပါး ရောက်လာပါသည်။ သူသည် အလွန်နှစ်လိုဖွယ် ရုပ်အဆင်းရှိပါသည်။ ဇေတ၀န်ကျောင်းတိုက် တစ်လုံးကိုလည်း သူ၏ကိုယ်မှ အရောင်းအ၀ါဖြင့် ထွန်းလင်းစေပါသည်။ -ယင်းသို့ထွန်းလင်းစေပြီးနောက် မြတ်စွာဘုရားသခင်ရှိရာသို့ ချဉ်းကပ်လာပါသည်။ မြတ်စွာဘုရားကို အလွန်ရိုသေ လေးမြတ်စွာရှိခိုးပါသည်။ ရှိခိုးပြီးနောက် တင့်အပ်လျှောက်ပတ်သောနေရာ၌ မတ်တတ်ရပ်နေပါသည်။ ယင်းသို့နေရာယူပြီးမှ ထိုနတ်သားသည် မြတ်စွာဘုရားကို ဤကဲ့သို့ ဂါထာဖြင့် နားတော်လျှောက်ပါသည်…
၎။ ဘုန်းတော်ကြီးမြတ်လှသောမြတ်စွာဘုရား – နတ်အပေါင်းတို့သည်လည်းကောင်း ၊ လူအပေါင်းတို့သည်လည်းကောင်း စင်ကြယ်စွာသော နိဗ္ဗာန်ချမ်းသာကို လိုချင်ကြသည် ၊ တောင့်တကြသည်ဖြစ်ပါ၍ မည်သည့်တရားသည် စီးပွားချမ်းသာခြင်း၏ အကြောင်းဖြစ်သော မင်္ဂလာတရားတော်ဖြစ်သလဲဟူ၍ တစ်ဆယ့်နှစ်နှစ်တိုင်တိုင် အချိန်ယူပြီး စဉ်းစားတွေးခေါ် ကြံဆခဲ့ကြပါသည်ဘုရား။ ယင်းသို့ ကြံစည်တွေးဆကြပါသော်လည်း မင်္ဂလာတရားမှန်ကို မည်သူမျှတွေးကြံ၍ မသိနိုင်ကြပါဘုရား။ သို့အတွက်ကြောင့် မင်္ဂလာတရားဟူသည် မည်သည့်တရားဖြစ်ကြောင်း အရှင်ဘုရားက စတင်ထုတ်ဖော်၍ ဟောကြားတော်မူပါဘုရား။
မြတ်စွာဘုရား၏ဟောကြားချက်
၅။ အို… နတ်သား … သူမိုက်ကို မမှီဝဲ မဆည်းကပ်ခြင်း ၊ ပညာရှိသူကို မှီဝဲဆည်းကပ်ခြင်း ၊ ပူဇော်ထိုက်သူကို ပူဇော်ခြင်း ၊ ဤတရား သုံးပါးကို မြတ်သောမင်္ဂလာဟူ၍သင်မှတ်သားလော့။
၆။ အို….နတ်သား တင့်အပ်လျောက်ပတ်သော အရပ်ဒေသ၌နေခြင်း ၊ ရှေးဘ၀ကပြုခဲ့ဖူးသောကောင်းမှုရှိခြင်း၊ မိမိကိုယ်ကိုကောင်းစွာထိန်းသိမ်းဆောက်တည်ခြင်း၊ ဤတရား သုံးပါးကိုလည်း မြတ်သောမင်္ဂလာဟူ၍ သင်မှတ်သားလော့။
၇။ အို….နတ်သား အကြားအမြင် ဗဟုသုတရှိခြင်း ၊ စက်မှုလက်မှုစသော သိပ္ပံပညာတတ်မြောက်ခြင်း၊ ကိုယ်နှုတ်နှလုံးယဉ်ကျေးအောင်ဆုံးမတတ်သည့်ဝိနည်းတရားကိုကောင်းစွာသင်ယူခြင်း၊ ကောင်းသောစကားကိုပြောခြင်း၊ ဤတရားသုံးပါးကိုလည်း မြတ်သောမင်္ဂလာဟူ၍ သင်မှတ်သားလော့။
၈။ အို….နတ်သား…. အမိအဘကို လုပ်ကျွေးမွေးမြူခြင်း ၊ သားမယားကို ထောက်ပံ့ပေးကမ်းချီးမြှောက်ခြင်း၊ မည်သူ့ကိုမျှ မထိခိုက်အောင် အလုပ်မျိုးကိုလုပ်ခြင်း ၊ ဤတရားသုံးပါးကိုလည်း မြတ်သောမင်္ဂလာဟူ၍ သင်မှတ်ဦးလော့။
၉။ အို….နတ်သား… အလှူပေးခြင်း ၊ မြတ်သောအကျင့်ကို ကျင့်ခြင်း ၊ ဆွေမျိုးတို့အားထောက်ပံ့ခြင်း၊ အကုသိုလ်ကင်းသောအလုပ်ကိုလုပ်ခြင်း၊ ဤတရားသုံးပါးကိုလည်း မြတ်သောမင်္ဂလာဟူ၍ သင်မှတ်ဦးလော့။
၁၀။ အို….နတ်သား…. မကောင်းမူဟူသမျှ ဝေးဝေးရှောင်နိုင်ခြင်း ၊ မကောင်းမှုကို မလုပ်ဖြစ်အောင် မကျူးလွန်ဖြစ်အောင် အထူးရှောင်ကြဉ်နိုင်ခြင်း၊ သေရည်သေရက် ၊ မူးယစ်ဆေးဝါးတို့ကို မသောက်မစားဖြစ်အောင် ရှောင်ကြဉ်နိုင်ခြင်း၊ ကုသိုလ်ရမည့်ကောင်းမှုအလုပ်တို့ကို မပြတ်သတိရပြီး မမေ့မလျော့ဆောင်ရွက်ခြင်း ၊ ဤတရားလေးပါးကိုလည်း မြတ်သောမင်္ဂလာဟူ၍ သင်မှတ်ဦးလော့။
၁၁။ အို….နတ်သား …. ရိုသေထိုက်သူကို ရိုသေခြင်း ၊ မိမိကိုယ်ကို မောက်မာသမှု မပြုဘဲ နှိမ့်ချခြင်း ၊ ကိလေသာအာရုံ ကာမဂုဏ်တို့၌ ရောင့်ရဲလွယ်ခြင်း ၊ သူတစ်ပါး မိမိအပေါ်ပြုဖူးသောကျေးဇူးကို သိတတ်ခြင်း ၊ အခါအခွင့်သင့်တိုင်း တရားနာခြင်း ၊ ဤတရားငါးပါးကိုလည်း မြတ်သောမင်္ဂလာဟူ၍ သင်မှတ်ဦးလော့။
၁၂။ အို….နတ်သား….. သည်းခံတတ်ခြင်း ၊ သူတော်ကောင်းတို့က ဆုံးမသည့်စကားကို နာယူလွယ်ခြင်း ၊ သူတော်ကောင်းရဟန်းပုဏ္ဏားတို့အား ဖူးမြင်ရခြင်း ၊ အခါအခွင့်သင့်တိုင်း တရားဆွေးနွေး မေးမြန်းခြင်း ၊ ဤတရားလေးပါးကိုလည်း မြတ်သော မင်္ဂလာဟူ၍ သင်မှတ်သားဦးလော့။
၁၃။ အို….နတ်သား…. ခြိုးခြံစွာကျင့်ခြင်း ၊ မြတ်သောအကျင့်ကိုကျင့်ခြင်း၊ အရိယာသစ္စာတရားကို သိမြင်ရခြင်း၊ နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြုနိုင်ခြင်း ၊ ဤတရားလေးပါးကိုလည်း မြတ်သောမင်္ဂလာဟူ၍ သင်မှတ်ဦးလော့။
၁၄။ အို….နတ်သား …. လောကဓံတရားရှစ်ပါးတို့နှင့် တွေ့ကြုံရသော ရဟန္တာအရှင်သူမြတ်၏ စိတ်သည် မတုန်မလှုပ် ၊ မစိုးမရိမ် ၊ ရမ္မက်ကင်း၏ ၊ ဘေးကင်း၏ ၊ ဤတရားလေးပါးကိုလည်း မြတ်သောမင်္ဂလာဟူ၍ သင်မှတ်ဦးလော့။
၁၅။ အို….နတ်သား…. ဤကဲသို့သော ၃၈-ပါး မင်္ဂလာတရားကို လက်တွေ့လိုက်နာ ကျင့်ကြံပြုလုပ်ထားသည့်အတွက်ကြောင့် မည်သည့်နေရာ၌ နေနေ မိမိအား ရန်သူတို့က မအောင်နိုင် ၊ ကိစ္စခပ်သိမ်း၌ ပြီးငြိမ်းချမ်းသာခြင်းသို့ ရောက်ကုန်၏ ထို ၃၈-ပါးသော တရားသည်သာလျှင် လူတကာ နတ်တကာတို့အတွက် မြတ်သော မင်္ဂလာဖြစ်ကြောင်း သင်မှတ်သားလေလော့။