| အဲဒီနေ့က ဖျားတယ် သူမ မပျော်ရွှင်တော့ ကိုယ်လည်း မရယ်နိုင်ဘူး ဆိုမိတဲ့သီချင်းက စကားလုံးတွေပျောက်နေတယ် အိမ်အပြန်လမ်းမှာ ခွေးတွေအရမ်းဟောင်တယ် ရှင်ကျမဆီ ဖုန်းမဆက်နဲ့တော့ ကောင်းကင်လည်း ပြိုပြီ တောင်ပံလည်း ကျိုးပြီ ပန်းတွေတဖတ်ဖတ်ပွင့်နေတာကို မျှားပစ်သံတွေပဲကြားနေရတာ မမြင်ရတဲအချစ်နဲ့ စစ်ရှုံးသလိုနေ့တွေ အကြည့်နဲ့ လမ်းတွေကို ရပ်တန့်ပစ်လိုက်တယ် ကမ်းတစ်ခုနဲ့တစ်ခု မနီးကပ်ခဲ့သလို သင်္ဘောကြီးစီးပြီး ငါတို့နေ့စဉ်ဝေးခဲ့ကြတာ မမြင်ရပေမယ့် သတိရစိတ်နဲ့ အော်ခေါ်မိတယ် ကြာရင် ရှင်မေ့သွားမှာပါ တဲ့ စိတ်မှာ မီးစွဲသလိုလောင်တယ် ကွေးကောက်နေတဲ့လမ်းမှာ ငါတို့မဖြောင်တန်းခဲ့တာ ညညအိပ်မပျော်လို့ လရောင်ကို ထထစမ်းနေရတာ မှောက်သွားတဲ့ကော်ဖီခွက်ကို ပြန်တည့်မတ်နေရတာ။ မီးကို စတင်တွေ့ရှိသူဟာ ကမ္ဘာကြီးကို မီးထဲထားခဲ့တယ် စနတ်တံအဖြုတ်ခံထားရတဲ့ ဗုံးတစ်လုံး ကျမ အကြောင်းမတွေးရရင် သေမတဲ့လား။ ရယ်ရတယ် ရင်ထဲစူးဝင်နေတဲ့ဆူးတစ်ချောင်း ဘယ်လိုနှုတ်မလဲ အခု သွားပြီ။ ငါ့ဘ၀လည်း မရှိတော့ဘူး အိပ်မက်ကို ကြောက်လို့ထထိုငိမိတာ နှလုံးသွေးထဲ တစ်ညလုံးမင်အကြောင်းပဲ ဆူပွက်နေတယ် မင်းမရှိတော့တဲ့ အနာနဲ့ ဓားနဲ့ရှမိသလို ညတွေ ငါ့ညတွေ ငါ့ပြန်ပေး ငါပြန်မယ် ကမ္ဘာထဲက ငါ့ကို ဖဲ့ထုတ်လိုက် အခု ငါလမ်းမပေါ် မရှိတော့တဲ့ အသက်နဲ့ သွေးထဲက ပြနိမထွက်တော့တဲ့ အဆိပ်နဲ့ တစ္ဆေတစ်ကောင် သူ့ကိုယ်သူ ခြောက်လှန့်လို့ လမ်းရှိသလောက် .... လွင့်လို့။ လွင့်သွားတဲ့ လေအတိုင်း ပွင့်နေတဲ့ ရင်ဟာ ထုတ်ချင်းပေါက် မြင်နေရတယ်။ ။ ဆောင်းဝေ 23.8. 10 |
12:11 AM
saungwai
0 comments:
Post a Comment