အမေ အသားအရောင် မခွဲခြားဘူး။ သားနဲ့သမီး မခွဲခြားဘူး။ ကုလသမဂ္ဂကိုလည်း မသိဘူး။ အင်အားကြီးနိုင်ငံကိုလည်း မသိဘူး။ မြို့မှာ မပျော်ဘူး။ ရုပ်ရှင်မကြိုက်ဘူး။ အော်စကာဆုလည်း မသိဘူး။ ကမ္ဘာလုံးဆုလည်း မသိဘူး။ ဂန္ဒီရဲ့ အမေ လင်ကွန်းရဲ့ အမေ အောင်ဆန်းရဲ့ အမေ နေရူးရဲ့အမေ ဘယ်ခေတ်ရောက်ရောက် သူမပါရင် မပြီးဘူးဆိုတာ သူမသိဘူး။ သူ့အတွေးထဲမှာ ရွာဦးကျောင်းလေးရယ် ထုံးဖြူစေတီလေးရယ်။ သူ့စိတ်ကူးထဲမှာ မမုန်းတတ်တဲ့ ရွာလေးရယ် စစ်ပွဲမရှိတဲ့ ကမ္ဘာလေးရယ်။ ။ ဆောင်းဝေ Eternal Light Magazine October 2012
0 comments:
Post a Comment