Wednesday, May 25, 2011

အမေက နတ်မောက်မှာ ကဗျာရှည်တစ်ပုဒ်နဲ့

ခင်ဗျားက ကဗျာဆရာပဲ
ကဗျာတစ်ပုဒ်မှ မရေးတဲ့ ကဗျာဆရာပဲ
ခင်ဗျား ကဗျာရေးခဲ့တယ်။

ခင်ဗျားပါးစပ်ထဲ တမာပင်တွေ သွားကြားထိုးလို့
ခင်ဗျားခြေထောက်ကို
ယင်းချောင်းထဲ တွဲလောင်းချလို့
ခင်ဗျားက ရှေ့နေရဲ့သားဆိုတော့ ရှေ့ကနေခဲ့တယ်
အခြားသူတွေရဲ့အနားမှာ ခင်ဗျား ဝင်ဖျားပေးခဲ့သမျှ
အခု ခင်ဗျားက တစ်ရွာလုံးရဲ့အောင်လက်မှတ်ပဲ
တစ်ရွာလုံးရဲ့ သောက်ရေအိုးစင်ပဲ
တစ်ရွာလုံးရဲ့ စာကြည့်တိုက်ပဲ
ခင်ဗျားအသက် “သုံးဆယ့်နှစ်နှစ်”ထိ
ရေးခဲ့တဲ့ ကဗျာတွေ
အခု လည်နေတဲ့ကမ္ဘာထဲ နေ့တိုင်းချိတ်ပါနေတယ်။

ခင်ဗျားကဗျာကို စာရွက်ထဲ ချရေးဖို့
ကမ္ဘာမှာရှိတဲ့ စာရွက်တွေနဲ့ ဘယ်လောက်ပါ့မလဲ
ခင်ဗျား ခုံဖိနပ်သံက
ရန်ကုန်တက္ကသိုလ်ထဲ တဂွပ်ဂွပ်မြည်နေတယ်
ခင်ဗျား ကမ္ဘာ့ခေါင်းဆောင်မဟုတ်ဘူး
အောက်စ်ဖို့ကျောင်းဆင်းမဟုတ်ဘူး
ဒါပေမယ့် နောက်လိမ့်ဆင်းသွားတဲ့ ခေတ်ကြီးတစ်ခုလုံး
ခင်ဗျား မ,တင်နိုင်ခဲ့တယ်
ခင်ဗျား လမ်းလျှောက်သိပ်မြန်တာပဲ
ရွှေစက်တော်ဘုရားလည်း ဖျပ်ခနဲ
မကွေးမြသလွန်လည်း နေ့ချင်းပြန်ပဲ
ခင်ဗျားက တောသူတောင်သားပဲ မြို့ကြီးသားပဲ
ခင်ဗျားက မြေကြီးပဲ လေပဲ
ခင်ဗျားက ညတိုင်းရွာနေတဲ့ လရောင်ပဲ
ခင်ဗျားက သမိုင်းစာအုပ်ထဲစိုက်ဝင်နေတဲ့ မြှားပဲ
ခင်ဗျားက ကဗျာဆရာပဲ
ကဗျာတစ်ပုဒ်မှ မရေးတဲ့ ကဗျာဆရာပဲ။ ။

ဆောင်းဝေ (နတ်မောက်)

အိမ်မကပ်တဲ့အရွယ်

မင်းပြောတဲ့ ဒုက္ခကို တစ်ထုတ်လုံး ဖောက်ထည့်လိုက်တယ်

တိုက်လေယာဉ်လို သိန်းငှက်လို

စစ်မြေပြင်ပေါ် ဖြတ်ပျံရတဲ့ အခါလည်းရှိမယ်

လမ်းအပျက်ကို ဖြတ်ကူးရတဲ့ အခါလည်းရှိမယ်

ကိုယ့်အပေါ် ပျက်ကျလာတဲ့ အမှောင်ဆိုလည်း

အနာဖတ်လို ဖဲ့ထုတ်ပစ်လိုက်မယ်

ပါးရိုက်ရင် နားကိုက်တဲ့အရွယ်

ရှင် ပြန်မလာတော့ဘူးလား

ဘာဖြစ်လဲကွာ၊ ပြော၊

မကြိုက်လို့ ခေါင်းခါပစ်ခဲ့တယ်။

ပန်းဆိုးတန်း တံတားမှာ မိုးခိုရတဲ့ အခါလည်းရှိမယ်

ပြေးနေတဲ့ ဘတ်စ်ကားပေါ် ပြေးတတ်ရတဲ့ အခါလည်းရှိမယ်

မနက်က ဘာမှာသွားသေးလဲ

ပြောလိုက်ရင် တငိုင်ငိုင်နဲ့ နားအုံဆင့် ရိုက်လိုက်ဦးမယ်

သွား ကျစိမ့်တစ်ခွက်ကို ကဗျာနှစ်ဇွန်းခေါက်ထည့်ခဲ့

အေး၊ နေရာဟောင်းလည်း မပြန်ဘူး

အနာဟောင်းလည်း မဖြေဘူး

ကမ္ဘာ့ကဗျာစစ်ပေါ်မောင်ချောနွယ် ခုန်ချလိုက်သလို

ပုရွက်ဆိတ်အုံပေါ် အရက်ခွက် မှောက်ကျသွားသလို

ဟေ့ကောင် မင်းတို့ရပ်ကွက်ထဲ ဘယ်ကောင်ဆရာလဲ

လမ်းပေါ် ညှော်နံ့တွေနဲ့ ဖောင်းကားလို့၊ ငါတို့

ရွေ့နေတဲ့ ရှုခင်းများ ပန်းချီပြပွဲကို

ကမ္ဘာမြို့လေးများ၊ ဘူတာနဲ့ ဘတ်စ်ကားဂိတ်များမှာ

တစ်ခေတ် တစ်ချိန် တစ်ပြိုင်တည်း ပြသသွားမယ့်အကြောင်း၊

ကမ်းမမြင်လည်း လက်ပစ်ကူးတဲ့အရွယ်

မရောက်သေးတဲ့ ပန်းတိုင်ဆီကို

ဒီလို အခုလို၊ ငါတို့။ ။



ဆောင်းဝေ(နက်မောက်)

သိန်းဟာ သိမ်းမြစ်မဟုတ်တော့ ရယ်တယ်

အဲဒီနေ့က ထိတယ်၊ ထိတော့နာတယ်
ထိုင်၇မလို ထ၇မလို
ဟိုဟာကောက်ကိုင် ဒီနားေ၇ွှထိုင်
ေ၇ထဲဆင်းစိမ်နေလိုက်တယ်
ရေဟာ မအေးဘဲ ဆူပွက်သွားတယ်။

သွားမယ်၊ အီရတ်စစ်ပွဲဆီသွားမယ်
အာဖဂန်စစ်ပွဲတွေဆီလျှောက်သွားမယ်
ငါဘာဖြစ်နေတာလဲ၊ ဒီနေ့သီချင်းတစ်ပုဒ်မှမဆိုရသေးလို့လား
အသားစတွေလှီးထုတ်လိုက်ရင် ငါငြိမ်သွားမှာလား
ရင်ထိုးတံဆိပ်လေးဟာ ရင်ကို ထိုးစိုက်ဖို့မဟုတ်ဘူး
စာရွက်ကို ဖြဲဆုတ်လိုက်တယ်
ရင်ကိုဖိထားရတယ်
''ရှင်မချစ်ဘူးဆိုရင် ရှင်လိမ်တာပဲ''
ငါ့စိတ်တွေ သူ့ကွန်ပျူတာေ၇ှ့များသွားပေါ်နေသလား
''' ဒီနေ့ကစပြီး သူမကို မငိုစေရတော့ဘူး'''
နောက်မဆုတ်ဘူး
ဒီစစ်ဟာ ရှုံးလည်း ရှေ့ဆက်တိုးရမယ်။
ငါ/သူမ မကြိုက်ရင် ခေါင်းနဲ့တိုက်ခွဲပစ်မယ်
'' သီချင်းဖွင့်ထားပေးပါလား''
ဘ၀ကို ဖွင့်ထားတယ်။ ငါ့ကိုဖွင့်ထားတယ်
အမှောင်ကို သတိ၇စိတ်နဲ့ ထောက်ထားလိုက်တယ်။

အသံဟာ လေထဲမှာဆိုပေမယ့်
မျက်နှာချင်းဆိုင်ထက်နီးခဲ့တယ်
အိမ်/ မြို့/ သစ်ပင်/ ကဖေးဆိုင်
ဒီကမ္ဘာထဲက အကုန်ကျွတ်ထွက်ကုန်ရင်တောင်
ငါ့ရင်ထဲက နာမည် ဘယ်သူမှဆွဲချွတ်လို့မရဘူး
ဒီဇာတ်ဟာငါတို့ လက်ထဲမှာ
ငါတိုသဘောမတူ၇င်
ဘယ်သူမှ ဒီဇာတ်ကိုသိမ်းလို့မ၇ဘူး
တဖြည်းဖြည်း အသံတွေပြာလာတယ်
အကြည့်တွေ ၀ါးလာတယ်
ဇာတ်ကိုလမ်းထဲ မောင်းသွင်းပြီး
ဇာတ်လမ်းကို သူမစိတ်နဲ့ စလိုက်တယ်
ေ၇ခဲမုန့်ဟာပျော်ကျသွားသလို ကိုယ်လည်းပျော်ကျ/ ပျော်လာတယ်
ကမ္ဘာကို စမ်းကြည့်တော့ ငါရှိသေးတာပဲ
ငါ့အကြောင်းမပါဘဲ ဒီကဗျာကိုေ၇းလိုက်တယ်
အချစ်အကြောင်းဟာ (မပြဘဲ)
ကဗျာအဆုံးမှာ သွားပေါ်တယ်
သူမ သွားပေါ်အောင်ရယ်လိုက်တယ်။။

ကဗျာက ဆုံးပြီ
ကိုယ်က ၇ပ်လို့မရဘူး ။ ။ ။


ဆောင်းဝေ

21.4.2011

ရင်မှာရှသွားတဲ့ သီချင်း

မြို့ထဲ ကျွန်တော့်တွေ့မိသေးလား
ညီမလေးကို တွေ့မိသေးလား
ရှုမျှော် ခင်းကိုဖွင့်ချလိုက်တော့
မြက်ခင်းစိမ်းစိမ်း။ သစ်ပင်စိမ်းစိမ်း
အခု ကိုယ်စိမ်းလန်းနေတယ်။
ကျောက်ဖြစ်ရုပ်ကြွင်းထဲ သမိုင်းဟာရွေ့နေသလို
ကိုယ်လည်း အခုမှလှုပ်လာတယ်။
အသားထဲ ဆုူးတွေစုးဝင်နေသလို
ကမ္ဘာဟာ စစ်ပွဲကို မလိုချင်လည်းရခဲ့တယ်
ကိုယ်လည်း အလွမ်းနဲ့လောင်ခဲ့တယ်။
--- --- ရေ
ပြေးနေတာတောင် မဝေးတော့
မင်းမရှိကမ္ဘာဟာ ကိုယ့်အတွက် အသေပေါ့။
ဒီလိုနဲ့ အမှောင်မှုာ
သစ်ကိုင်းလေးတွေ တဖျောက်ဖျောက်ချိုးလို့
ဂစ်တာအိုးကို တဒေါက်ဒေါက်ခေါက်လို့
တလွှာချင်း တချပ်ချင်း။ မုန်တိုင်းလို မြေငလျင်လို
သတိရခြင်းကိုပဲ ရခဲ့တယ်။
တကယ်ပါ
အချစ်မှာ စစ်ရှူံးရတာ
ကိုယ့်မှာ
ပျော်ရတယ်။။ ။။


ဆောင်းဝေ 20 . 7. 2010

ရန်ကုန်တစ်ဖက်ကမ်း

တစ်ဖက်ကို ဟိုဘက်ကမ်းချထားတာ
ရေကထိုးခွဲလိုက်လို့ မြို့ကနှစ်ခြမ်းကွဲသွားတာ
ရင်နှစ်ခြမ်းကွဲသွားတာ။
ဒီဘက်ကမ်းက တွန်းထုတ်လိုက်ရင်
မျက်ရည်မြစ်မှာ ဘ၀တွေလွင့်သွားတာ
ရေမှာအသိုက်ဖွဲ့နေရတာ
လေထဲမှာ ဖုန်မှုန့်တွေလွင့်သွားတာ။
မြေနဲ့လေနဲ့ကမ္ဘာဆိုပေမယ့်
ရေနဲ့ရထားတဲ့ကိုယ်ဝန်သယ်မြို့လေး
ပျော်သလောက်ပျော်တော်ဆက်နေရတယ်။
ကွမ်းယာဆေးလိပ်၊ဂျာနယ်သမား
ဂဏန်ပုဇွန်း ဘ၀လက်လက်ဆက်ဆက်တွေ
ရင်နဲ့ရင်းပြီးနားထောင်
ချစ်တတ်ရင်
ငိုသံတွေလည်း လှတယ်။
ဒီလိုနဲ့ရောက်လာခဲ့တယ်
အိပ်မက်စိုက်ခင်းများ
လူငယ်များနှင့်တကွ
ဒလ ။ ။

ဆောင်းဝေ 24.6.2010

ရန်ကုန်တစ်ဖက်ကမ်း

ရန်ကုန်တစ်ဖက်ကမ်း

တစ်ဖက်ကို ဟိုဘက်ကမ်းချထားတာ
ရေကထိုးခွဲလိုက်လို့ မြို့ကနှစ်ခြမ်းကွဲသွားတာ
ရင်နှစ်ခြမ်းကွဲသွားတာ။
ဒီဘက်ကမ်းက တွန်းထုတ်လိုက်ရင်
မျက်ရည်မြစ်မှာ ဘ၀တွေလွင့်သွားတာ
ရေမှာအသိုက်ဖွဲ့နေရတာ
လေထဲမှာ ဖုန်မှုန့်တွေလွင့်သွားတာ။
မြေနဲ့လေနဲ့ကမ္ဘာဆိုပေမယ့်
ရေနဲ့ရထားတဲ့ကိုယ်ဝန်သယ်မြို့လေး
ပျော်သလောက်ပျော်တော်ဆက်နေရတယ်။
ကွမ်းယာဆေးလိပ်၊ဂျာနယ်သမား
ဂဏန်ပုဇွန်း ဘ၀လက်လက်ဆက်ဆက်တွေ
ရင်နဲ့ရင်းပြီးနားထောင်
ချစ်တတ်ရင်
ငိုသံတွေလည်း လှတယ်။
ဒီလိုနဲ့ရောက်လာခဲ့တယ်
အိပ်မက်စိုက်ခင်းများ
လူငယ်များနှင့်တကွ
ဒလ ။ ။

ဆောင်းဝေ 24.6.2010

အရေးတကြီးနေ့တွေ

ပဲခူုးမှာလည်းအထိအရှများတာပဲ။
ငါ့ကိုဖြတ်ချခဲ့လိုက်တော့
တချိန်လုံးလမ်းကို ထိစမ်းနေရတာ
မြောင်းထဲဒိုင်ပင်ထိုးချတာ၊ ပြန်တွေ့လား
အရွယ်ကစကားပြောတာ၊ ဘာပြန်ပြောလိုက်လဲ
ရောက်တဲံ့နေရာ ငါကခြင်္သေ့
အုတ်ခုံကိုခေါင်းနဲ့ခါလိုက်တယ်
နံရံကိုလက်ပြန်ရိုက်လိုက်တယ်
အမှောင်ထဲမြုပ်ဝင်နေတဲ့အသားစတွေ
ဒီမြို့မှာ ငါမလျှောက်ဖူးတဲ့လမ်းမရှိဘူး
လူကငြိမ်တယ်၊ သွေးကမငြိမ်ဘူး
တစ်ညလုံးမြောင်းတွေပဲခုန်ကျော်နေရတာ
အခုလိုအဖွဲ့နဲ့ဆိုတစ်ကမ္ဘာလုံးကိုခေါက်ထားလို့ရတယ်
ငြိမ်နေလို့မရဘူး၊ ငါ့ကိုရှာရမယ်
ကဗျာဆရာခါးနာနေတာ၊ ကဗျာတွေပါသွားလား
လမ်းပေါ်အဆုပ်လိုက်ပွင့်နေတာ
မထိနဲ့၊ ထိတာနဲ့မီးထတောက်ပစ်မယ်
ပျံနေတဲ့ငှက် မျှားစူးနေသလို
ဒရွတ်တိုက်ပါသွားတာ
လမ်းကမငြိမ်တော့ တစ်မြို့လုံးအိပ်မရဘူး
ဖိနပ်မရှိတော့တာ
မှန်ကွဲစတွေနင်းနေရတာ
ပြော၊ မကြိုက်တာတွေရွေးပြော
ငါမပျော်ရွှင်တာ ငါဖွက်နေရတာ
လမ်းပေါ်ဝပ်ချလိုက်တယ်
လက်မောင်းတစ်ဖက်လည်း အရေပြားတွေအဆုပ်ခံထားရတယ်
ဘယ်သူလဲ၊ ငါ့ကိုဆွဲယူခဲ့တာ
ကျေးဇူးစကားငါပါးတဲ့အကြောင်း
ငါမရတော့ဘူး
ပြန်မယ်၊ ငါရန်ကုန်ပြန်မယ်
တွေရာလမ်းပေါ်ငါ့ကိုတင်ပေးလိုက်
လမ်းကြောင်းအတိုင်းနောက်တစ်လိုင်းထပ်ဖြည့်
တစ်လိုင်းပြီးတစ်လိုင်း၊ လိုင်းတွေ
ငါစိုက်ပျိုးသလောက်
ငါပြန်ရတဲ့အကြောင်း
ကဗျာထဲရိုက်သွင်းပြီး
ငါရသလောက်
ငါမလိုချင်တော့တဲ့အကြောင်း
ကမ္ဘာထဲ
ဝါးအစည်းပြေသလို
အခုလိုဖြည်ချလိုက်တယ်
အခုလိုပြေ/ပြည်ကျသွားတယ်။ ။ ။

ဆောင်းဝေ 14. 6. 10

ငါတို့ရပ်ကွက်

မင်းဒီရပ်ကွက်ထဲလာရင် ခေါင်းကိုငုံ့ထား
လက်တစ်ဖက်ကို ကြိုထုတ်ထားပြီးတွေ့ရာလူနဲ့ လက်ဆွဲနှုတ်ဆက်
နှစ်ချက်ခုတ် တစ်ချက်ပျက်တာချင်းအတူတူပါကွာလို့ တွေ့ရာလူငယ်ကိုပြုံးပြ
ဘောင်းဘီတစ်ဖက်ဖျက်ဝတ်/ နားကွင်းတစ်ဖက်တည်းဖြစ်ဖြစ်
ဒီကချာတိတ်တွေကိုတော့ အကျော်ဇယားသွားမရေးနဲ့
ကောင်မလေးချောချောလေးတွေ ဖြတ်သွားတဲ့အခါ
မင်းမျက်နှာကို အခြားတစ်ဖက်လှည့်ထား
”တက်တော့လေ ရထားကထွက်တော့မှာ”
ဒီရပ်ကွက်ဟာရွေ့နေတဲ့သီချင်း၊ မြို့တွေအိမ်တွေနဲ့ထိနေတဲ့ရထား
ဝက်ဘ်ဆိုက်ကြည့်တယ်၊ အီးမေးလ်ဖတ်တယ်၊ ချက်တင်ထိုင်တယ်
ဒါပေမယ့် ကဖေးဆိုင်ကသီချင်းမှာပဲ ကိုင်းကိုယ်စီနားလို့
ဒီမြို့ကလူငယ်တွေအားလုံးအသဲကွဲဖူးတော့
ဒီတတိယကမ္ဘာကို စစ်ပွဲတွေနဲ့ဝေးရာ မရွှေ့ချင်တာ
ညညထမြည်တဲ့ဂီတက ”ညဏ်ပညာရယ် ချစ်ချင်းတရား”
ကြားလား၊ ဟိုဘက်အိမ်ကကလေးတွေ သချာင်္တွက်နေတဲ့အသံ
ဒါတစ်ချိန်မှာ ကမ္ဘာကြီးစားသုံးရမယ့် စိုက်ခင်းတွေပေါ့
ဒီရပ်ကွက်ဟာ ဓားနဲ့အထစ်ခံရတဲ့သစ်ကိုင်းမှာ
တစ်ခါသီးပွင့်ပြီး နေ့စဉ်ကြွေပေးနေမယ့် သစ်သီးတွေမဟုတ်ဘူး
နံရံနဲ့ထိပြီး ပြန်ကျလာတဲ့ပန်းကန်အကွဲစတွေလို ဆိုပေမယ့်
ဖွက်ထားတဲ့ခြေသည်းလက်သည်းတွေဟာ ဒီရပ်ကွက်ရဲ့လမ်းတိုင်းမှာရှိတယ်
မီးပွိုင့်အနီနဲ့ချိတ်မိနေတဲ့ကားတန်းလို
ဒီမှာ လ္ဘက်ရည်တစ်ခွက်နဲ့ လာမှိန်းမနေနဲ့
တွေ့လား၊ ဟိုမှာ ချေဂွေဗားရားထိုင်နေတာ
ခုံပေါ်ကို ဓားမြှောင်စိုက်ပြီး မြေပုံကိုစိုက်ကြည့်နေတာ
ငါတို့ရပ်ကွက်ကိုလက်ညှိုးနဲ့ ထောက်ပြီး ပြုံးနေတာ
ငြိမ်းချမ်းရေးဟာ လူငယ်တိုင်းရဲ့လက်ဖျံရိုးမှာ ထိုးထားတဲ့အရုပ်
သွားမထိ/မငြိနဲ့
သူတိုဟာ ခါနေတဲ့သစ်ကိုင်း၊ မြည်နေတဲ့အင်ဂျင်၊ မအိပ်တဲ့ကဖေး
အင်း၊ဟုတ်ပြီ၊ ဒီရပ်ကွက်ထဲလာရင် ခေါင်းကိုငုံ့ထား ။ ။

ဆောင်းဝေ 15. 1. 2010