Monday, October 21, 2013

ကဗျာ

သိဒ္ဓတ္ထ

အသက်သုံးဆယ့်ငါးထိ ဘ၀ဟာ ပိုပြီးလွယ်လာတယ်ဆိုတာမရှိခဲ့ဘူ
သုံးဆယ့်တစ်ဘုံအနှံ့ အမှောင်တွေပြန့်နေတာ မကြိုက်ဘူး
လေထဲတဖျပ်ဖျပ်လူးနေတဲ့ အလံရဲ့အနားစတွေ
တဏှာထဲတဖျပ်ဖျပ်လူးနေတဲ့ လူသားများရဲ့စိတ်အနားစတွေ
အမှောင်စီးကြောင်း၊အမှောင်တိုက်ပွဲ၊အမှောင်လှိုင်း
ရိုင်းကြစမ်း၊ယဉ်ကျေးဖို့ငါလာခဲ့ပြီ
မီးနဲ့အပူများလွတ်ရာမှာ ဖူးပွင့်ဖို့ ငါလာခဲ့ပြီ။
" အာဏာကို လွှဲပေးပါ"ဆိုတဲ့ဒေ၀ဒတ်တွေ
" ရှင်က ဒီမှာပျော်နေတယ်ပေါ့လေ"ဆိုတဲ့စိဉ္စမာနတွေ
လူကိုလိမ်လို့ရပြီး ကံကိုလိမ်လို့မရတော့
မြစ်ကိုပင်လယ်က မြိုသလို့ အဓမ္မကို ဓမ္မကမြိုလိုက်ပြီ။
ခေတ်ထဲလွင့်ပါနေတဲ့ ဖုန်မှုန့်တွေ ကာဗွန်တွေ စကားလုံးတွေ
အကာကိုဖယ်ကြ၊အနှစ်ကိုရှာကြ
အရေပြားကိုဓားနဲ့ခြစ်သလို စကားလုံးတွေခြစ်ထုတ်ကြ၊ပရမတ္ထဆီသွားကြ
နည်းပညာနဲ့အတတ်ပညာများကိုဖြဲပြီး အနှစ်ကိုနှိုက်ကြ
အမြစ်ကိုဖြိုမယ်၊အပင်ကိုလှဲမယ်၊ငါလာခဲ့ပြီ။
အချစ်ကြောင့်ကျခဲ့တဲ့မျက်ရည်က ဘ၀တိုင်းဆိုတော့
ချစ်တဲ့မုန်းတဲ့အကြောင်းများလည်
ပွင့်ဖတ်အိုများလို့ သူ့အလိုလိုကြွေကျ သေဆုံးစေတော့။
လေးအသင်္ချေမက သိမ်းထားခဲ့တဲ့အမွေ
တစ်ချိန်ကျ ပေးမှာပါ ရာဟုလာ။
အခုတော့ အို...အနော်မာ
ရင်ကိုဖွင့်ပြီး င့ါကိုကြိုပါ
မြေကမ္ဘာမှာ ဓမ္မစည်ကိုမြည်စေဖို
မြင်းဇာတ်ကြိုးကို လွှတ်ပေးလိုက်ပြီ
သန်းခေါင်ယံ လှိုင်းပုတ်သံများဆီ ။ ။



                   ဆောင်းဝေ
                ၁၉.၉.၂၀၁၃

ကဗျာ

လမ်းများ

ပန်းသတင်းပန်းချင်းဆောင်၊လမ်းသတင်းလမ်းချင်းဆောင်
လမ်းပေါ်မှာ ဓားတွေကော ပန်းတွေပါပေါက်ရောက်နေတယ်
တစ်လမ်းဝင်တစ်လမ်းထွက်၊တစ်ဘ၀၀င် တစ်ဘ၀ထွက်
သေနတ်တွေကိုချထားလိုက်ပါ၊အိမ်ပြန်ပါ
အဖြူရောင်က ငြိမ်းချမ်းရေးအတွက် ကျွန်မတို့လာတယ်ဆိုတာပြတာလေ
လမ်းတွေအောက်မှာ မပေါက်ကွဲတဲ့ဗုံတွေရှိသလို မသေမယ့်သမိုင်းတွေ
ပြေးဝင်လာတဲ့လမ်းကိုနောက်တစ်လမ်းက ဖြတ်တောက်
ဖုန်းနဲ့စကားရှာသလို ကားနဲ့လမ်းရှာတယ်
ဖြဲဆုတ်လိုက်တဲ့စာရွက်လေးမှာတောင် လမ်းတစ်လမ်း ကဗျာတစ်ပုဒ်
ဒီအာဖရိကမှာတော့ အများစုက ချမ်းသာဖို့ပဲလေ
ကလေးတွေကျောင်းမသွားတော့ဘူး
အရာရာဆုံရှုံးခဲ့ရသူတွေ ပြန်မလာတော့မယ့်လမ်းတွေ
အပြန်လမ်းကိုမေ့သွားတဲ့အထိ လမ်းဟာမရပ်မနားဆက်သွား
ကလေးတွေသတ်ဖြတ်ခံ၇တာ ကလေးအမေတွေဖျက်ဆီးခံရတာ
ရှင်တို့မှာ စစ်ပွဲကိုရပ်နိုင်တဲ့အစွမ်းရှိရင် အဲဒါကိုအရင်လုပ်ပါ
စစ်ပွဲတွေပြီးဆုံးခြင်းဟာ ပျော်ရွှင်မှုရဲ့အစပဲ
လမ်းမရှိရင် ဘယ်မှမရောက်ဘူး
လမ်းတွေဟာ မြိုတွေရဲ့အသက် ကမ္ဘာကြီးရဲ့အသက်
ဆံပင်ကိုဖြည်ချလိုက်တယ်၊လမ်းကိုဖြည်ချလိုက်တယ်
ကျွန်မတို့လုပ်နိုင်တာကတော့ လိုက်ဘေးရီးယားကိုလွတ်မြောက်စေတာပါပဲ
မသေတော့မယ့်လမ်းကို ဖောက်လုပ်မိတာပါပဲ ။ ။

ဆောင်းဝေ
(စစ်၊ပြည်တွင်းစစ်၊ငြိမ်းချမ်းရေး)ကဗျာစာအုပ်မှ

မှတ်ချက်။ ။၂၀၁၁ ခုနှစ်တွင် ငြိမ်းချမ်းရေးနိုဘယ်လ်ဆု ချီးမြှင့်ခံရသော လိုက်ဘေးရီးယားအမျိးသမီးခေါင်းဆောင် ဂျွန်ဆ

ကဗျာ

နင့်ကိုနတ်မောက်ပြန်လာခဲ့ဖို့

လာပြီနောက်တစ်ယောက်
အနော်ရထာပြီးတော့ နောက်တစ်ယောက်
ဦးအောင်ဇေယျပြီးတော့ နောက်တစ်ယောက်
ကမ္ဘာကြီးကိုေ၇ွှ့ပစ်မယ့် နောက်တစ်ယောက်
ကိုယ်ယောင်ဖျောက်ပြီး လာတယ်
နတ်မောက်ကနေ တတ်လာတယ်။

လာပြီ နောက်တစ်ယောက်
ခေါင်းမဖြီးဘဲထားတယ်၊တွေဝေတယ်
အသားညိုတယ်၊အသားမရှိဘူး
စာဖတ်တယ်၊ဦးနှောက်ခြောက်တယ်၊ကျောင်းထုတ်ခံရတယ်
ရိုးသားလွန်းတော့ အရိုးပဲမြင်ရတယ်
သူလွတ်လပ်ရေးဆာလောင်မှုက
ထိတာနဲ့ ပြာကျသွားတော့မယ့်အတိုင်း။

လာပြီ နောက်တစ်ယောက်
ရုပ်ဖျက်တယ်၊ဂျပန်ကိုခေါ်လာတယ်၊
အင်္ဂလိပ်ကိုမောင်းထုတ်တယ်၊ဂျပန်ကိုပြန်တိုက်တယ်
ငြိမ်းချမ်းရေးဟာ အသက်ထရှင်တယ်
အအိပ်နည်းတယ်၊အစားနည်းတယ်၊ပျော်ရွှင်မှုနည်းတယ်
သုံးဆယ့်နှစ်နှစ်ထိ သူမပျော်ရွှင်သမျှ
သူပျော်ရွှင်ရမယ့်အချိန် သူမရှိတော့ဘူး။

လာပြီ နောက်တစ်ယောက်
စီးကျနေတယ်
ပျားအုံထဲက ပျားရည်တွေစီးကျနေသလို သူရိုးသားမှုဟာ စီးကျနေတယ်
နေရူးရဲ့ကုတ်အင်္ကျီထဲက စီးကျနေတယ်
အမှောင်မှာ လရောင်တွေစီးကျနေသလို သူအနာဟာစီးကျနေတယ်
အက်တလီရဲ့စာချုပ်ဆီကနေ စီးကျနေတယ်
ပင်လုံညီလာခံကနေ စီးကျနေတယ်
လူငယ်ဆိုပေမယ့် တစ်ခုခုနဲ့လေးလံနေတဲ့သူ့ဆီက တစ်ခုခုဟာစီးကျနေတယ်
သူ့စီကျမှုကြောင့် နောက်လူတို့လွတ်မြောက်ခြင်းပင်လယ်ဆီ
သူမရှိတော့ပေမယ့် ခုထိသူ့အကြောင်းဟာ စီးကျနေတယ်။

သူဟာသူမချစ်တဲ့သူတွေကိုစူးတဲ့ ဆူးတစ်ချောင်းပါ
သူဟာ သူမုန်းတဲ့သူတွေကိုပေါက်ကွဲတဲ့ ဗုံးတစ်လုံးပါ
တကယ်တော့ သူဟာ ချစ်တတ်တဲ့သူပါ
သူဟာ မမုန်းတတ်တဲ့သူပါ။

ထောင့်ကိုးရာလေ့ဆယ့်ခွန် ဇူလိုင်ဆယ့်ကိုး
အရိုးပဲရှိတဲ့သူ့အလောင်း သူ့အမေကကြည့်ပြီးငေါက်တယ်
" နင့်ကိုနတ်မောက်ပြန်လာခဲ့ဖို့ပြောထားရဲ့သားနဲ့ "
ငဲ့ကြည့်တော့ ကြွေသွားတဲ့ခရေပွင့်လေးဟာလည်း မွှေးတာပါပဲ
သတ်လို့မသေတဲ့သမိုင်းဟာလည်း သူ့အကြောင်းရေးထားတာပါပဲ
အဲဒီနောက်သူ နတ်မောက်ပြန်မသွားနိုင်ခဲ့ဘူး
လာပြီ နောက်တစ်ယောက် ။ ။

ဆောင်းဝေ(နတ်မောက်)
၂၇.၅.၂၀၁၂

Monday, December 24, 2012

all









Sunday, November 25, 2012

အမေ (၂)

အမေ အသားအရောင် မခွဲခြားဘူး။ သားနဲ့သမီး မခွဲခြားဘူး။ ကုလသမဂ္ဂကိုလည်း မသိဘူး။ အင်အားကြီးနိုင်ငံကိုလည်း မသိဘူး။ မြို့မှာ မပျော်ဘူး။ ရုပ်ရှင်မကြိုက်ဘူး။ အော်စကာဆုလည်း မသိဘူး။ ကမ္ဘာလုံးဆုလည်း မသိဘူး။ ဂန္ဒီရဲ့ အမေ လင်ကွန်းရဲ့ အမေ အောင်ဆန်းရဲ့ အမေ နေရူးရဲ့အမေ ဘယ်ခေတ်ရောက်ရောက် သူမပါရင် မပြီးဘူးဆိုတာ သူမသိဘူး။ သူ့အတွေးထဲမှာ ရွာဦးကျောင်းလေးရယ် ထုံးဖြူစေတီလေးရယ်။ သူ့စိတ်ကူးထဲမှာ မမုန်းတတ်တဲ့ ရွာလေးရယ် စစ်ပွဲမရှိတဲ့ ကမ္ဘာလေးရယ်။ ။ ဆောင်းဝေ Eternal Light Magazine October 2012

Sunday, February 5, 2012

News

အာဆီယံထိပ်တန်း​စီး​ပွား​ရေး​ လုပ်ငန်း​ရှင်များ​ မြန်မာပြည် လာမည်

* February 5, 2012 ရက် ၊ 11:30am တွင် Htet Wai Aung ရေးသားခဲ့သော ဘလော့ဖြစ်ပါသည် ။
* စာပို့ရန် View Blog

အာဆီယံနိုင်ငံ တွေက ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင် ၃၀ ကျော်ပါဝင်တဲ့ (Asean Business Club) အဖွဲ့ဟာ လာမယ့်တနင်္လာနေ့ ရန်ကုန်ကို လာဖို့ ရှိပါတယ်။

အာဆီယံ ထိပ်တန်းစီးပွားရေး လုပ်ငန်းရှင်များ အဖွဲ့ဟာ မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (UMFCCI) မြန်မာနိုင်ငံ စက်မှုကုန်သည် အသင်းချုပ်စတဲ့ အဖွဲ့တွေက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးကြဖို့ရှိပြီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံမယ်လို့ သိရပါတယ်။

အာဆီယံ လုပ်ငန်းရှင်တွေနဲ့ ကားထုတ်လုပ်ရေးကိစ္စရပ်တွေ အဓိကထား ဆွေးနွေးကြဖို့ ရှိတယ်လို့ စက်မှုကုန်သည်အသင်းချုပ်က တာဝန်ရှိသူတဦးဖြစ်တဲ့ ဦးအောင်ခင်မြင့်က ခုလို ပြောပြပါတယ်။

“ကားနဲ့ ပတ်သက်တာကျတော့ နိုင်ငံတော်က စက်မှုနိုင်ငံတော် ဖြစ်အောင်ဆိုပြီး လုပ်ချင်တယ်လေ။ ကားထုတ်လုပ်မှုကိုလည်း သူတို့က တိုးတက်စေချင်တယ်။ မြန်မြန်လေး တိုးတက်ဖွံ့ဖြိုးစေချင်တယ်။ ဒီမှာရှိတဲ့ ကားထုတ်လုပ်မှုကလည်း သိတဲ့အတိုင်းပဲ အားလုံးက အလုံးချိန်း(အင်ဂျင်လဲ) တာကိုပဲ အားသန်ကြတာလေ။ အနည်းဆုံး ဘယ်လောက် ရာခိုင်နှုန်းအထိ ခင်းကျင်း ပြသနိုင်မလဲ။ အဲဒီလိုလုပ်နိုင်ဖို့အတွက်လည်း နိုင်ငံတော်က အားပေးနေပါတယ်။ အဲဒီအတွက် ကျနော်တို့မှာ အတွေ့အကြံ ဗဟုသုတ မရှိဘူးခင်ဗျ။ အဲဒါလေးကို လာလေ့လာဖို့လို့ ကျနော် နားလည်ထားပါတယ်။ နိုင်ငံတော်က ကားအသင်းအဖွဲ့ပဲ ဖြစ်ဖြစ်၊ group of business ပေါ့။ အုပ်စုဖွဲ့ပြီးတော့ နည်းနည်းထွားအောင်လုပ်ပေါ့။ နိုင်ငံတော်က အပြင်က သွင်းတာထက် စာရင် ဒီမှာ ဖြစ်နိုင်ရင် ကားကို ဘယ်နှပတ်လောက်ပဲ ဆင်ရ ဆင်ရ ကိုယ့်နိုင်ငံက ထုတ်တဲ့ဟာကိုပဲပေါ့။ ဒီနှစ်မှာ ပြည်တွင်းက ၁၀ ရာခိုင်နှုန်းပဲ ဆင်နိုင်ရင် နောက်နှစ်မှာ ၂၀ ရာခိုင်နှုန်း အထိ ဆင်နိုင်မယ် အဲလိုမျိုး နိုင်ငံတော်က ရည်ရွယ်ချက် ရှိတယ်ဗျ။”

စက်မှုကုန်သည် အသင်းချုပ်က တာဝန်ရှိသူတွေဟာ ကားထုတ်လုပ် တပ်ဆင်ရေးနဲ့ ပတ်သက်ပြီး၊ မလေးရှားနိုင်ငံကို သွားရောက် လေ့လာခဲ့ပြီး ဖြစ်သလို မကြာခင်မှာလည်း ထိုင်းနိုင်ငံကို သွားရောက်လေ့လာ ဖို့ရှိတယ်လို့လည်း ပြောပါတယ်။

(Asean Business Club ) အဖွဲ့ဟာ ဖေဖော်ဝါရီ ၆ ရက် မွန်းလွဲတနာရီမှာ စက်မှုကုန်သည်အသင်းချုပ်နဲ့ တွေ့ဆုံပြီး မွန်းလွဲ ၃ နာရီမှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားရောက် တွေ့ဆုံမှာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၇ ရက်မှာတော့ မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင်နဲ့ ရင်းနှီးမြှပ်နှံမှုဆိုင်ရာ ဥပဒေတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ အဲ့ဒီအဖွဲ့နဲ့အတူ ပြန်ကြားရေးသတင်းအဖွဲ့တွေလည်း လိုက်ပါလာကြမယ်လို့ သိရပါတယ်။

Monday, June 6, 2011

"လက်ဆောင်မွန်"

ရာသီက ပန်းကိုစောင့်တယ်
အလွမ်းက ငါ့ကို စောင့်တယ်
တစ်မိုးလုံး ဖျောက်ဆိပ်ချည်းလို့
ဘယ်သူပြောလဲကဲ ဟောသည်မှာ
ဘယ်သူပြောလဲ တစ်တောလုံးကြွေ
ဒီသီချင်းကို မောင်ဒေါင်းလည်း ဆိုတယ
်ဗညားလှိုင်ဦးလည်း ဆိုတယ်
ပြန်မတွေ့တာကြာပြီဖြစ်သော
ငယ်သူငယ်ချင်းမလေး ယုယုလွင်လည်း ဆိုတယ်
ချေ လည်း ဆိုတယ်
အမေလည်း ဆိုတယ်
လွမ်းတတ်သူများသမဂ္ဂမှာ
ခင်ဗျားနာမည်စာရင်းပေါက်ပါပေါ့
ကိုနောင်မင်းနိုင်။
လူပြောသူပြောလမ်းထဲ
လူလွမ်းသူလွမ်း ပြောဖြစ်တာတွေ
နောက်ဆုံး အသံ
အကျယ်ကြီးထွက်ပြပြီးမှ
ရွာမယ့်မိုးက
လာမယ့်မိုးကို ဆီးလို့ကြိုမယ်လုပ်တယ်
တကယ်တော့ဆုတောင်းခန်းတွေက ထွန်းညှိလိုက်တဲ့အသံပါ
တစ်လွမ်းလွမ်း တစ်လွင့်လွင့်
စီးဆင်းနေတဲ့
ပန်းပွင့်ဝါဝါလေးတို့ရဲ့
ဆွတ်ကျင်မွှေးမြ အနာတရကို
စိုက်ပျိုးခဲ့ခြင်းလည်း ဖြစ်ပေရဲ့
တရားကို နတ်စောင့်သတဲ့
ဒါဆို
မတရားတာကို ဘာစောင့်ပါလိမ့် မိတ်ဆွေတို့
ရာသီက ပန်းကို စောင့်တယ်
အလွမ်းက ငါ့ကို စောင့်တယ်
မတရားတာကို ဘာစောင့်ပါလိမ့်မိတ်ဆွေတို့
အဖြူစင်ဆုံးဟာ
အဖြူစင်ဆုံးမဖြစ်ခဲ့တော့ဘူးဆိုရင်
အဲဒီမေတ္တာတရားဆီ
ငါမရောက်ရောက်အောင်သွားပါရစေ
မတားပါနဲ့
ဘီလူးနက္ခတ်မှာလည်း
နံ့သာပန်းတွေပွင့်ခွင့်ရှိကြောင်း
နှောင်းလူတို့ သိကြားပါစေလေ
ဗုဒ္ဓရဲ့အဆုံးအမမှာ
အပ္ပမာဒေန သမ္ဗာဒေထ
ကိုယ့်ဒဏ်ရာကိုယ် မမေ့ဖို့တော့
လိုရဲ့မဟုတ်လား
ငါတို့ဟာ ပြောကြရတယ်
ငါတို့ဟာ စကားတွေ ပြောကြရတယ်
ငါတို့ဟာချစ်ခြင်းမေတ္တာအတွက် စကားတွေပြောကြရတယ်
ကရားထဲက ရေကျသလို စကားတွေက
အမှားထဲက ရွှေတွေ့သလို တရားတွေအကြောင်း
ငါတို့ဟာ
နောင်နှစ်ပေါင်းများစွာ ပြောနေကြရဦးမယ်မဟုတ်လား
တောင်တန်းတွေဟာ
ငြိမ်သက်တိတ်ဆိတ်သလောက်
ဝါးရွက်တွေကတော့
အသံအကျယ်ကြီး လှုပ်ခတ်ကြတယ်လေ
မိတ်ဆွေတို့
အစ်ကိုတို့
သူငယ်ချင်း ညီအစ်ကိုတို့ရေ
ဒီနွေဦးဟာ
ကျွန်တော်တို့လက်ထဲမှာ
ပွင့်ဖူးရမယ်ဆိုတာ သေချာခဲ့ပြီ။ ။

Aမွန်

နှစ်ဆန်း(၂)ရက်

မနှစ်ကလိုပဲ
ဘာစလုပ်ရမှန်း မသိလို့
ရေအရင်ချိုးထားလိုက်တယ်။
ကိုယ့်စာသားများ
စိုင်းထီးဆိုင် သီချင်းအလိုက်နဲ့
လေချွန်နေမိ။
နှစ်သစ်စိတ်ကူးလိပ်ပြာလေး
သီချင်းအဆုံးမှာ
ဖျပ်ခနဲ ထိုးကျသွားပြီ။
မှိတ်ထားတဲ့ မျက်ဝန်းလေး
ပြန်ပွင့်ပြီ။
လွှင့်ထားတဲ့ လေတံခွန်လေး
ပြန်ကျသွားပြီ
ဒီနှစ်
ဒုက္ခက ဒီကစတယ်
ယာဉ်စီးခနှစ်ဆနဲ့။

ကိုရွေး
(စတိုင်သစ်၊ ဇွန်လ၊ ၂၀၀၇)

နာဂ စ်အလွန်. . .တံခါးဖွင့်လိုက


နံနက်ခင်းဟာ ပုတ်စော်နံလို့
နံနက်ခင်းဟာ သစ်ကိုင်းကျိုးလို့
ဗိုက်ကြီးသည်တွေ ပေါလောမျောလို့
ယောက်ျားသားတွေ သင်္ဘောမြုတ်လို့
ကလေးငယ်တွေ အမိုးလန်လို့
ဓာတ်ကြိုးတွေတောင် ဓာတ်မလိုက်နိုင်တော့ဘူး
လူတိုင်းဟာ တစ်သံတည်းထွက်နေပြီ
နံနက်ခင်းဟာ အကူအညီလိုနေပြီ
နံနက်ခင်းဟာ ပုတ်စော်နံနေပြီ
ခိုလေးတွေကို အစာပက်ကျွေးလိုက်ပါဦး
ပုတ်စော်နံတဲ့နံနက်ခင်းဟာ ကမ္ဘာပျက်နေပြီ
ပုတ်စော်နံတဲ့နံနက်ခင်းဟာ ကမ္ဘာပတ်နေပြီ
နာဂစ်ဟာ ငါတို့ရင်ထဲဝင်မွှေနေပြီ
ရှင်သူတွေက အလောင်းမဆယ်နိုင်ဘူး
ရှင်သူတွေက လူပျောက်မရှာနိုင်ဘူး
မသေသေးသူကလေးငယ်ဟာ အလောင်းကိုဖက်ပြီးမျောလို့
(မေခလာနဲ့တွေ့ပါစေသား)
ဒုက္ခသည်တွေ အသက်ရှူကျပ်လို့
ဒုက္ခသည်တွေစုပုံထပ်လို့
နာဂစ်ဟာ သူတို့ရင်ထဲကမထွက်သေးဘူး
ကူညီမယ့်သူတွေ တံခါးဝမှာတန်းစီနေပြီ
တံခါးဖွင့်ပေးလိုက်ပါ
အခုဆို
ငါထိုင်နေတဲ့ကုလားထိုင်က တုန်ခါနေပြီ
ငါထိုင်နေတဲ့စားပွဲဟာ တုန်ခါနေပြီ
ငါစားနေတဲ့ အီကြာကွေးဟာ တုန်ခါနေပြီ
ငါသောက်နေတဲ့လက်ဖက်ရည်ဟာ တုန်ခါနေပြီ
ငါဝတ်ထားတဲ့အင်္ကျီဟာ တုန်ခါနေပြီ
သောကဟာ ဒေါသကို ပွဲသိမ်းလိုက်ပြီ
ငါစားရမယ့် ထမင်းတစ်နပ်
ငါသောက်ရမယ့် ရေတစ်ခွက်
ငါဝတ်ရမယ့် အင်္ကျီတစ်ထည်
ငါအိပ်စက်ရမယ့် တစ်ညခင်း
ငါတို့ဟာဘာလို့ မပေးနိုင်ရမှာလဲ
ဒေါသကို သောက,က ပွဲသိမ်းလိုက်ပြီ
ငါ့ရင်ကအလံဟာ အမြင့်ဆုံးလွင့်လို့
ရဲရဲနီတဲ့အဖြူရောင်ဟာ အနက်ရောင်တောက်လို့
ငါတို့စားတဲ့ ထမင်းတစ်နပ်
ငါတို့သောက်တဲ့ ရေတစ်ခွက်
ငါတို့ဝတ်တဲ့ အင်္ကျီတစ်ထည်
ငါတို့အိပ်မယ့် တစ်ညခင်း
ငါတို့ ဘာလို့ မပေးနိုင်ရမှာလဲ
ငါတို့ပါးပြင်ပေါ်စီးကျလာတဲ့ မေတ္တာတရားကို
ဘာလို့သုတ်ပစ်ရမှာလဲ. . .

ကိုရွေး

(ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ဒုက္ခသည်များရှိရာသို့ မိမိတို့ရဲ့ ကရုဏာနဲ့ ကိုယ်ချင်းစာတရားကို အရောက်ပို့ပေးကြပါ)

Tuesday, May 31, 2011

ကျောက်ကပ်တစ်ခြမ်းနဲ့ ငြိမ်းချမ်းရေးယူထားတဲ့ အနာဂတ်ဝှက်ဖဲတစ်ချပ် (၀r ) BULLMIA ဆာလောင်ရောဂါ

မျှော်လင့်မီးပွားတွေ တောက်လောင်လို့ အကြွင်းအကျန် ရယ်မောခြင်းတွေက ရုန်းထလာခဲ့ပြီ
ခင်ဗျားနဲ့ ခင်ဗျားစိတ်ကို ခွဲခွဲခြားခြားကွဲပြားစွာမြင်လိ
ုက်ရတယ်
ကမ္ဘာ့ရဲ့ အခြားဒေသများမှာလို ပုံမှန်ရှင်သန်လာနိုင်ပါ့မလား ဆိုက်ဘေးရီးယားရယ်
တတ်လည်းတတ်နိုင်တာပဲဆိုတာ အဖွင့်အပိတ်ဆိုတဲ့  SHUTTER
အတွေးတွေ အဆွေး BLACK HOLE ထဲ တဝေါဝေါစီးဆင်းလျက် ရောထွေးသွားတဲ့ 
အဓိပ္ပါယ်ကို ငြင်းဆန် ခေါင်းမာ
ကျောက်တုံးပေါ်ကအလင်း လော့ခ်ရဲ့ TABULA RASA ဆိုတဲ့ သဘော
အရောက်လှမ်းတဲ့ စိတ်ခြေလှမ်းတွေက ခပ်စိတ်စိတ် ထပ်ကျော့မိလည်း
မေ့မေ့လျော့လျော့ programming process သော့မရှိတဲ့ စိတ္တဇဆိုက်ကလုန်း
တစ်ခါတစ်လေ ချိုတဲ့ဘလက်ကော်ဖီခါးခါးတစ်ခွက် ပိတ်ထားတဲ့တံခါးတွေပွင့်လာပါ့မလားကွယ်
သိမှုကိုသိတာနဲ့  အမှန်တရားက ခရီးဦးကြိုဆိုသူပေါ့
ဆွဲလိုက်တဲ့ မျဉ်းတစ်ကြောင်းဟာ point of consciouness ခရီးသွားမှတ်တမ်းတစ်ခု
ကန်ထဲက ငါးကလေးတစ်ကောင်ရဲ့  စကြဝဠာ imagination ရေမှော်ပဉ္စလက်ပန်းပွင့်
အရှိန်သေနေတဲ့  အလင်းရောင် ဖျော့ဖျော့ တွေအကြား အပျင်းပြေ လေဒီဂဲလ်လေးရဲ
့ sweet 0r sexy
မေးခွန်းတချို့  ပြန်လည်ဖြေကြားခြင်းရပ်ဝန်း ပျက်ဆီးတာမှာ ကမ္ဘာကြီး
စိတ်ဓာတ် လူပြောသူပြောများနေတဲ့  အတုအပချစ်ခြင်းမေတ္တာ
ပူစီလေးငါးကြော်ကိုမုန်းနေတဲ့ စိတ်အခြေအနေ အားလုံးကိုရိပ်မိနေတဲ့ လူ
အူတူတူပါပဲ
အမျိုးသမီးကြီးငယ်မရွေး သုံးစွဲနိုင်
အမျိုးသားကြီးငယ်မရွေး သုံးစွဲနိုင် လာတဲ့ 
ဖောင်းပွတန်ဖိုးလျော့ရဲမှုများ negative 0r positive space များ
စကြဝဠာထဲက လာတယ်ဆိုပြီး စကြဝဠာထဲကိုပဲပြန်သွားချင်နေတဲ့ ကိုကိုတစ်ယောက်
စိတ်ထဲကအတေးအမှတ်တွေအားလုံးက cancer 0r delete
မင်းသိဖို့ အသေအချာကောင်းတယ် ကိုယ်တစ်ယောက်တည်း နှုတ်ခမ်းသားထက်က
ဆဲလ်အသေကြမ်းတွေကို ကိုက်ထုတ်ပစ်ခဲ့ တဲ့ ကိစ္စ ဘာဆိုဘာမှမဟုတ်
ဂဲသြမေထရီ အလိုအရ ဒြပ်မဲ့ စိတ်ကူးသက်သက်များ
ဒေးကတ်ကတော့ I THINK , THEREFORE I EXIST ဆိုပဲ ကိုယ့်လူတို
့ခေါင်းညိမ့် 0r ခေါင်းခါ တစ်ခုခု
အော်....0R ဒီလိုနဲ့ ပဲ လျှော်ပစ်လိုက်တော့လေ


နေအေဒီ

ချစ်မေတ္တာထံပါး ချာချာလည်နားလို့ နေ

လည်နေတယ် ၀တ်မှုန်လေးတွေ အလည်လွန်နေတာ ဖြစ်နိုင်သလို

ကော်ဖီခွက်ထဲ ကမ္ဘာကြီး ချာချာလည်နေနိုင်တာမျိုး

မင်းအတွေးအာရုံထဲ ဘယ်တော့မှအလည်မရောက်နိုင်ခဲ့ ဘူး

သေချာတယ် တစ်ခုခုပေါ့ အနှောင့်အယှက်မေးလ်တွေငါ့ဆီ အကုန်စုပြုံလို့ ရောက်

ဆွေးမြေ့ နှင်းဆီတွေ ရင်ဘတ်ထဲ ခဏခဏပွင့်အန်ကျတာမျိုးလား

ပါးပြင်ဖြူလေးဆီ အရောက် မှတ်ဥာဏ်ဓာတ်ပုံလိုအရာတွေ ငါ့ထံက ပျောက်ကွယ်

မတတ်နိုင်ပါဘူး မောနွေ တကယ်ပါ we can't help ဆိုတဲ့ ကမ္ဘာကြီးထဲ

အခုပဲအလည်အပတ်ရောက်ရှိတော့မယ့်ဟန်

ဆဲလ်အသေတက်တူးတွေ ထိုးပြီး အရေပြားအရွဲကြီးတွေအပေါ် မရှင်သန်ချင်ပါဘူးကွယ်

ဧဒင်ဥယျာဉ်ထဲ တစ်ရက်ရက်တော့လမ်းလျှောက်ထွက်ဖြစ်ပါလိမ့်မယ်

ပွင့်ချပ်တစ်ခုချင်းစီ အလျားဆန်ဆန် ဖြတ်အကူး

ခုနှစ်ရောင်စဉ်အတ္တကြယ်က ငါ့တစ်ကိုယ်စာအပေါ် စီးမိုးလာတယ်

ချစ်ခြင်းမေတ္တာဆီ ဆိုက်ရောက်နိုင်ပါ့မလား

တောက်တောက်ပပ မြက်ခင်းအပေါ် နေရောင်ခြည်က စိုစွတ်ပူနွေးလို့ 

တကယ့်ကိုချစ်မေတ္တာကိုယ်ပွားသဖွယ် မင်းဘ၀ထဲအတိအကျ

ရင်ကွဲနှလုံးသားအပေါ် ပုစဉ်းလေးဟာ တပ်မက်စွာ နားနေခဲ့ တယ်

ကြားခံနယ်အချို့ ကို လှလှပပဆော့ကစားရန်ကျန်ရှိနေသေးလား ချစ်သူ

ငါ့လက်ဖ၀ါးသွေးကြောတွေထဲ နာမည်လေးတစ်ခုဟာစီးဆင်းလို့ နေ

လက်ကျန်ဖန်ခွက်ထဲက အယ်လ်ကိုဟော 1.2 vol. တိတိဟာ ငါ့အသွေးအသားထဲ

လည်ပတ်ရောက်ရှိရန် တာဆူစောင့်ဆိုင်းနေခဲ့ တယ် ကောက်မော့ပလိုက်ရမလား

ကဗျာရေ ငွေစက္ကူယဉ်ကျေးမှုထဲ ဘယ်တော့မှစီးမြောလည်ပတ်လိမ့်မှာမဟုတ်

အရာရာဟာလည်ပတ်ကောင်းလည်ပတ်နေပါလိမ့်မယ်

ငါကိုယ်တိုင်ချာချာလည်လို့  တစ်သက်လုံးမတွေ့ ရလည်း

တစ်သက်စာချစ်မိနေခဲ့ ခြင်းမှာ ချာချာကိုလည်လို့ ။ ။


နေအေဒီ

အတိမ်းအစောင်းခပ်များများနဲ့ ကိုယ့်ညနေတွေ

ပြောချင်တာတွေကို မင်းဆံပင်ရှည်ထားနေလို့ ကိုယ်ဝမ်းသာနေတဲ့  အကြောင်းကစလိုက်ပြီအဲဒါက စောင့်မျှော်နေတဲ့  တစ်စုံတစ်ရာရဲ့ေ၇ှ့ ပြေးနမိတ်ပေါ့။ဆံပင်တွေရှည်ဖို့  အချိန်ပေးရသလိုချစ်မေတ္တာတချို့ အတွက် အချိန်ပေးကြည့်ပါလို့ ပြောရင်တကယ်တမ်းနောင်တရခဲ့ တာ အာဒံပါဗျာလို့ 

မင်းအသေအချာငြင်းအုံးမှာပါပဲ။

မင်းရဲ့ စိတ္တဇအရွေ့ တွေထဲ ကိုယ်စိတ်ကြိုက်ခံစားကြည့်အပြီး

လျှင်မြန်စွာ သက်သာပျောက်ကင်းဖို့ ကို အလိုမရှိဘူး။မင်းရဲ့ နာကျင်ဝိဥာဉ်တွေ ကိုယ့်နှလုံးသားထဲတက်တူးလိုနေရာအပြည့် ကျေနပ်နေမိတာပါပဲ။

ကမ္ဘာရဲ့ နေအ၀င်စောလည်း ဘာဖြစ်လည်းပေါ့မေ့ချင်လို့ မေ့ပစ်ခဲ့ တဲ့ အရာတွေဘယ်တော့မှ ပြန်မတွေးဘူး။ကိုယ့်ကိုလာလာမမေးပါနဲ့ ။

မျက်နှာဖုံးကို ဆွဲခွာပစ်မှာမကြောက်ဘူးလား။တစ်ယောက်နဲ့ တစ်ယောက် လမ်းခွဲပြီဆိုရင်

မျက်လုံးချင်းဆုံအောင်ကြည့်ပြီး" ၇ှင့်ကိုကျမ မချစ်တော့ဘူး" ဆိုတာမျိုး ပြောဖို့ လိုအပ်လို့ လား။နောက်ထပ် ...ထပ်ပြီးမတွေ့ ၇ုံ ၊ မဆက်သွယ်ရုံနဲ့ ပြီးပြီလေထပ်...ထပ်ပြီး ဆက်ရန်မရှိရင် ပြီး...ပြီးး သွားမှာပေါ့။မင်းက စနစ်တကျ သန့်စင်ပစ်လိုက်ရမယ့်စိတ်ဆဲလ်အသေ အပိုင်းအစလိုမျိုးမင်းဘာမှသိမသွားပါဘူးငါ့တစ်ကိုယ်စာ ပြတိုက်လေးထဲ မင်းကိုသိုဝှက်ထားခဲ့ တာတွေမင်းဘာမှအသေအချာမသိသွားဘူး။အကြောက်တရားတစ်ခုကြောင့် နီးစပ်မှုရဲ့ ရလဒ်က အဝေးဆုံးကိုလွင့်စင်ခြင်း ကမ္ဘာအသေပဲလေ။နောက်ဆုံးပေါ်တွေ့ ရှိချက်အရချစ်မေတ္တာမဲ့ နေရင် မျက်ဝန်းတွေကအသေပဲဆိုတာတွေလာရွတ်ပြမနေနဲ့ တော့။အစွဲအလမ်းခပ်များများနဲ့  ကိုယ့်ရဲ့ ညနေတွေက တိမ်းစောင်းနေခဲ့ ပြီးသားဆိုတာ သိရဲ့ လား။


နေအေဒီ

လှေကားထစ်များရဲ့  အဝေး စိတ



သွားမထိနဲ့ လေ မင်း စကြ၀ဠာကြီးတစ်ခုလုံးကို၊ စွန့်ပစ်ပစ္စည်းတွေက

သိပ်အန္တရာယ်ရှိတယ်။ အသာလေး ခံယူလိုက် မင်းလျှာဖျားပေါ်စီးကျလာမယ့်

ခံစားမှုရှတတ အချို့ ပေါ့။ ကွဲတယ် စိတ်။ ဘာစိတ်လည်းမမေးနဲ့ ။နာကျင်စိတ်

မင်းပေးခဲ့ သလား ငါယူခဲ့ မိလား ။ အဲဒါတွေအားလုံးက မရေရာ မသေချာဘူး။

ဘာလဲ...သွားစမ်းပါ ဘာသာစကားဆိုတာတွေ ငါ့စိတ်နဲ့ ငါဆက်ဆံရာမှာ

အသုံးမ၀င်ဆုံးဘဲ။ငါ့ဘာသာသာ ငါနေမယ်။ မင်းစိတ်နဲ့ မင်း။ အဲဒါထူးလား၊ ခနလေး

မင်းစဉ်းစား။မနေ့ ကအတိုင်းပဲ ဒီနေလည်း ဆက်ပြီး မနေ့ ကအတိုင်းပါပဲ။

မင်းကမင်း ငါကငါ အများကအများ ။အဲ့ အဲ့ နောက်ဆုံးတော့ အဲ့ ဒါပဲပေါ့။

စိတ်ရှည်လေ။ အချိန်ကိုစောင့်။ နေ ကြာစေ့ အခွံဆွေးများ ၊ ငြိမ်းချမ်းရေး

ကြယ်ပွင့်များ၊ နှင်းဆီ ပွင့် အပြီးသုံးရက်မြောက်နေ့ များ

မင်းဆီရောက်လာမယ့် တချို့ တချို့ များအကြား ငါ့စိတ်တွေမင်းဆီက

ပျံပြေးထွက်သွားခဲ့ တယ်။ မရှိဘူး လုံးလုံးကိုမရှိတာ။မရှိဘူးဆိုတာ

ကိုဆယ်ကြိမ်ပြောမယ်။ဘာယောင်မှ မဆောင်ဘူး။အငြင်းဝါကျချည်း သက်သက်၊

မင်းကိုငါငြင်းမယ်။ ငါတိုးတိုးလေး ငြင်းတယ်။ အသံသိပ် တိုးတယ်။

ဒရမ်ရိုက်ချက် ခပ်ပြင်းပြင်းတွေ မင်းရိုက်ချလိုက်။တီးလုံးက

ဆုံးပြီ။ခံစားချက်တွေ ရှေ့ ဆက်လို့ ရမ ရ။မင်း

ဆက်တိုးကြည့်ပေါ့။လှေကားထစ်များရဲ့ အဝေး စိတ်။

နေအေဒီ

တိတိပပဝေးကြပြီဆို မျက်လုံးတွေ မှိတ်ချလိုက်မယ်

စိတ်ရဲ့ ရောင်ရမ်းမှုတွေ တစ်ကိုယ်လုံးကို ကူးစက်တာကစတယ်။တုန်ယင်နေတဲ့  စီးကရက်တိုလေးကို သနားမိတယ်။အချစ် မျက်လုံးတွေဖွင့်လျက်သား ကိုယ်မင်းကိုသတိရနေတယ်။ခံစားချက် ပြင်းထန်တယ်လို့ ထင်ရတဲ့  သီချင်းတွေကအစ အနုပညာအားလုံးကို အဆုံးစွန် ငါလျှော့ချပစ်နေမိတယ်။ကျဆုံးခြင်းတွေနဲ့  ငါ့ကိုနွေးထွေးနှစ်သိမ့်ပေးမှာပဲ။အနားမှာနေပါ ဂျင်နီ။မျက်ဝန်းထဲရစ်နှောင်ထားတဲ့  တွဲလက်တစ်စုံက လှောင်ရယ်နေတာ။မှားတယ်။မုန်းတယ်။မင်းနဲ့ ငါ့ရဲ့ သင်္ကေတတွေကို။အရာရာပျောက်ကွယ်ဖို့ လိုအပ်နေခဲ့ ပြီ။အချိန်းအချက်မှားနေ့ တွေမှာ သိမ်ငယ်မှုတွေစွန်းထင်းလို့ ၊ ရှင်သန်လျက်သေဆုံးခဲ့ ရတယ်။ချစ်မေတ္တာနဲ့ ပေးတဲ့ ပေါင်မုန့်သိုးနေလည်း မင်းစားမိမယ်မဟုတ်လား။အဲ့ လိုယုံကြည်ထားခဲ့ တယ်။ဘ၀က သက်တံ့ တွေလို လှချင်လှနေမှာပေါ့။အနီးကပ်ကြည့်ဖို့ လိုချင်မှလည်းလိုလိမ့်မယ်။ရေတစ်ပေါက် စင်ခွင့်ရခဲ့ တဲ့  ကန္တာရ သဲတစ်ပွင့်လိုမျိုး ခဏတာ ငြိမ်းအေးမှု၊ ခပ်စိမ်းစိမ်းပြေးထွက်သွားခဲ့ တယ်။နာကျင်မှုတွေက အန်ထုတ်မိတဲ့ စကားလုံးတွေပဲ။ဝေးရာကိုဘယ်တော့မှမသွားကြဘူး။မှားခဲ့တယ်။အကြီးကြီးမှားခဲ့ တာမျိုးပေါ့။ကံမကောင်းလို့ အကြောင်းမလှတာလည်းပါတယ်။ရွက်ဟောင်းကြွေလို့ လွတ်လပ်သွားတဲ့ သစ်ပင်လိုမျိုး၊ လူ့ အဖြစ်မှ ဘယ်အရာတွေကြွေပစ်လိုက်ဖို့ လိုအပ်နေလဲ။စောင့်ဆိုင်းနေမိဆဲ။ကြေကွဲ နစ်ရှုံးအတွေးဆွေးအတိတ်ခါးတွေနဲ့ ကျိန်းစပ်လို့ နေရတယ်။ငြိမ်းချမ်းခြင်း သင်္ကေတကို ငါ့နားတစ်ဖက်မှာ ပန်ဆင်ထားမိတဲ့ နေ့ ရက်တွေ။အထွေအထူးမဟုတ်ရပါ။အနီးဆုံးရဲ့ အဝေးဆုံးသို့ ဆိုတာလိုမျိုး။လွမ်းမိတယ်။လွမ်းနေမိတယ်ဆိုတာ တကယ်ပါ။တိတိပပ ဝေးကြပြီဆို မျက်လုံးတွေ မှိတ်ချလိုက်မယ်။

နေအေဒီ

လှုပ်လှုပ်ခတ်ခတ် ဘာအတွက် အသက်ရှင်နေတာလ



ခေါက်ချလိုက်။ဖြန့် ကျက်မှုအပိုင်းအစတွေ

စိတ်ထပ်ခိုးတစ်လျှောက် တွယ်ကပ်လို့ အရိပ်ကျမြဲကျတယ်

အလင်းပေါ်ကစိတ် အခိုးငွေ့ ကိုရှိုက်တယ်။

မာယာမကင်းတဲ့  ဓာတ်မတည့်မှုများ သတိပြု ၀ိဥာဉ် နား

အနားကပ်အော်သွားခဲ့ တယ်။နေ့ ရက်တိုင်းမှာ

မင်းတစ်ယောက်တည်းမဟုတ်ဘူးလေထု

ညစ်ညမ်းမှုတွေရဲ့ အကြား တီရှပ်ဖြူုလေးကို

အထပ်ထပ်လျှော်မိတယ် ငါ့တစ်ကိုယ်တော် အောက်စီဂျင်လေးမင်း

ဘယ်ကိုလွင့်နေတာလည်း သွားတာပါပဲပါးလျစေခဲ့ တယ်

အတ္တရဲ့ ဗဟိုကို ထိခတ်အသွား လောင်မြှိုက်ကမ္ဘာသစ်တစ်ခု ရောက်အလာ

ပြုပြင်မရခဲဘူး ဒီကိုက်နေခဲ့ ရလား ဆံပင်တွေ ဝေ့ခနဲအကျ

ငါမင်းဆီရပ်တည်နိုင်မယ် မဟုတ်လား နေရောင်ခြည်ကိုခံယူပါ

T-Cells ခုခံအားစနစ်တွေကောင်းမွန်နေပါစေ ဘာကိုအားကိုးလို့ နေမိတာလဲ

ကိုင်လိုက်တိုင်းထိရှနေတတ်တဲ့ ဓားတစ်စင်းပဲ အသက်ဝင်လာသလိုလို

သေနင်းသေကွက် မိနေတဲ့  နယ်ရုပ်လေးရဲ့ ရာဇ၀င်လိုလို အရောက်လာမယ့်ရက်

ကြိုချိန်းလိုက်မိ သလိုလို ရွေးထိခံလိုက်ရသလိုလို ဒါနဲ့ ပဲ မင်းနှုတ်ခမ်းဖျားက လောင်ကျွမ်းခံ

ဆေးလိပ်လေးကို လှုပ်လှုပ်ခတ်ခတ် ဘာအတွက် အသက်ရှင်နေတာလဲလို့ ငါတိုးတိုးလေးမေးချင်နေမိသလို။
နေအေဒီ

ကဗျာဒိုင်ယာရီ

စိတ္တဇအတွင်း ပန်းပွင့်ချိန် အသံတွေ ဟစ်အော်ရ ပေးဆပ်ဖူးတဲ့ လူသားတိုင်း

ငြိမ်းအေးဖူးမယ်ဇာတ်လမ်းပိုင်းတွေဆန်တယ် ဆွဲထုတ်နေရတဲ့ ပုံရိပ်တစ်ခု

ဒီကောင်းကင်ထဲ ကြယ်လေးတွေက စိတ်ရဲ့ ထိမှတ်ပဲ ကွန်ယက်တွေရဲ့ ဆက်သွယ်မှုအဆုံး

ခေါ်သံတွေကွဲထွက် အက်သွားခဲ့ တယ်။သူ့ ဟန်ပန်ကို အလွတ်ရနေမိရင်း

ထပ်ကျော့နေမိတဲ့ သီချင်း အပိုင်းအစလား ချစ်မေတ္တာ ၁၉၉၀ တစ်ဝိုက်က

နွေရာသီလေးက သူ့ ချစ်ခြင်းနဲ့ မှငြိမ်းအေးချင်နေတယ် နဲနဲတော့အကဲဆတ်တယ်

ရုတ်တရက် အကြမ်းဖက်ခံ ဒဏ်နဲ့  အချိုးအကွေ့ အဟုန်က တကယ်ပါ

ကိုယ့်ကိုကိုယ်ဖောက်ခွဲပစ်နေတာတွေ ရပ်လိုက်ဖို့ သင့်နေပြီ

ဒီနေ့ မှ လူ့ အဖြစ်က ဆက်သွယ်မှုဧရိယာပြင်ပနဲ့ ဘာနဲ့ ရနံ့ က

သိပ်သည်းလွန်းတယ် ပန်းကလေးဆိပ်ဖလူး အခုဆိုကောင်းကင်ကြီးဆီမော့ကြည့် တိမ်တွေကိုတစ်ဆက်တည်းမြင်တစ်ခါတည်းလွမ်းပလိုက်တာပဲ

လှပတဲ့ လက်ခုပ်သံတွေမလိုအပ်ပါဘူး သတိရရင်

ကဗျာဒိုင်ယာရီ တစ်ချို့  သတိရစိတ်တချို့ နဲ့ အော့ဖ်လိုင်းမက်ခ်ျဆေ့တစ်ချို့ လိုမယ် သေချာတယ် အဲ့ လိုချစ်ခြင်းတရားမှာ ကျမပျော်တယ်။

နေအေဒီ

မျက်ဝန်းတွေပိတ်လောက်အောင်ရယ်ရင်း လိပ်ပြာသေတွေ တောင်ပံခတ်ပျံသန်းလို့ 

ပြိုကျပျက်စီးနေတာတွေ ခံစားမိတယ် ငေးကြည့်နေမိရင်း

တစ်ယောက်နဲ့ တစ်ယောက် နှလုံးသားမှာ တံခါးခေါက်ဖို့ မလိုဘူးဆိုတာတွေလည်းသွား

ခြေလှမ်းတွေမမှားခဲ့ ဘူး လမ်းတွေနောက်လိုက်မိတဲ့  ဖိနပ်တွေ

လွင့်စင်ရတော့မလား မင်းနဲ့ ကိုယ်နဲ့ ကစိတ်တူကိုယ်တူကမ္ဘာလူဖြစ်ကြောင်း

ပြန့် ကျဲနေတဲ့ အခွံမာသီးတွေနဲ့ အတူ ပျော့ညံ့ တဲ့ စိတ်တွေကိုလွင့်ပစ်လိုက်ခဲ့ ပြီ

ကိုယ်တကယ်သေသွားခဲ့ တယ် ဖုန်းကိုပိတ်ပစ်လိုက်တဲ့ နောက်

ဟိုးးးစိတ်အဖျားအနားက မင်းရီသံသဲ့ သဲ့ လေး ၀ိညာဉ်တစ်ခုလုံးတုန်ခါလို့ ဝေးးထွက်သွား

အဲ့ ဒီမိုးတွေသည်းခဲ့ တဲ့ ရက် မသေခဲ့ ဘူးဆိုတာတွေက ငါဆိုတဲ့ အံဝှက်လေးထဲမှာ

လူ့ အဖြစ်ငါတွေအလုပ်များနေပုံ အထီးကျန်ခြင်းကိုယ်စီနဲ့ ချစ်ခြင်းတရားဟာ

တစ်ယောက်နှလုံးသားပေါ်တစ်ယောက် ခိုလှုံနွေးထွေးချင်နေခဲ့ရင်စိတ်နှလုံးသားချင်းတိုက်ရိုက်ထိတွေ့ ဆက်ဆံဖို့ လိုအပ်တာတွေရပါတယ် ရှိပါစေတော့ပေါ့ တစ်ယောက်တည်းငြင်းဆန်နေမိရင်း

ချစ်နင်ကငါ့ဆီမှာ အော့ဖ်လိုင်းဖြစ်နေခဲ့ ပြီဆို ချစ် နင်သာငါနဲ့ ဝေးရာသွားနေခဲ့ပြီဆို

နာကျင်မှုတွေကမမြင်ရတဲ့ အကြမ်းဖက်မှုတွေပါပဲ

ဆွေးမြေ့ မျက်လုံးတစ်စုံကိုလည်းမှိတ်ထားမိမယ်

မျက်ဝန်းတွေပိတ်လောက်အောင်မရယ်ပါနဲ့ လား နစ်မြှုပ်သွားရတော့မှာ ..ငါ

ဆက်ချစ်တယ်ဆိုတာ ဆက်ပြီးနာကျင်စေဖို့ အတွက်လား

မင်းရဲ့ မျက်သားကရေခိုးရေငွေ့ တွေလို ဘယ်တော့မှဝေးရာကို...ငါ

ကိုယ်ဒီလိုကမ်းပေးမိတဲ့ လက်ကို ဖိအားခပ်များများနဲ့ ဟွန်းတီးသံတွေအားလုံး

ပုတ်ချလိုက်တဲ့ နောက်ပြတိုက်ထဲက လိပ်ပြာသေတွေ
တောင်ပံခတ်ပျံသန်းလို့  ဝေးးးထွက်သွား

နေအေဒီ
ဇီးရိုးဒီဂရီနာကျင်ထောင့်ကျဉ်း

ယုံတမ်းစကားတွေ ကျပျောက်ဖူးတဲ့နောက် ဘ၀က ရုန်းမထွက်နိုင်တဲ့ချားရဟတ်တစ်ခု အသေအချာပြော နာကျင်မှုတွေရဲ့  ပြယုဂ်တွေအကြောင်းနားစွင့်နေကြတယ် ဟန်နီ နာကျင်စရာတွေ ကုန်ပြီဆို နာကျင်ပိုတွေ ရှိတယ် ယုံ။ရေခဲမရိုက်ဖြစ်တဲ့ နာကျင်မှုဟာ သွေးကြောရှည်ကီလိုမီတာတစ်သိန်းမှာ

အဆီးအတားမရှိယိုစီးလို့ နေ ဆိုးတာပါပဲ နာကျင်ဒိုင်ယာလော့ခ်တွေ

တောက်လျှောက်ကိုယ်ပြောနေမိတော့မယ် ချစ်မေတ္တာကို မြေဖြူနဲ့ ရေးလည်း

ခပ်နက်နက်ကိုယ့်ဘက်ကိုကျွံဝင်လာမှာပဲ မင်းကိုမြင်လို့  ငါမျက်နှာ လွှဲမိတာ

မင်းအပြစ်ရယ်လို့ မှ မဟုတ်တာ အမှန်ကနာကျင်တံတားပေါ်မှာမို့ ဖောက်ထွက်စရာလမ်းမရှိတာပါ

အခန့် မသင့်ရင် ဝေးကွာခြင်းကဟိုဘက်မှာအသင့်စိတ်နာကျင်စေမယ့် အရာတွေကိုပေါ့ မေ့မေ့လျော့လျော့နေသိလား ထိတွေ့ စမ်းသပ်မိတိုင်း အေးစက်ထုံထိုင်းနေတဲ့ သွေးကြောတွေ
စိတ်ထဲဝဲ၀ဲနေတဲ့လိပ်ပြာလေးတွေကိုယ်မရွေးချယ်ခဲ့မိဘူး
အရည်ပျော်စီးပြိုလဲမယ့်ဖယောင်းတိုင်လို၊တစတစ အက်ကွဲကြေမွတော့မယ်ဖန်ခွက်လိုနာကျင်ထိတ်လန့်စိတ္တဇအဖြစ်ဖြတ်သန်းရကိုယ်။

နောက်...နောက်ထပ်နာကျင်မှုတွေကပေါက်ကွဲပစ်ဖို့ မလိုတဲ့ မီးတောင်သေလို

ငြိမ်သက်။ရေခဲရိုက်မလား။နိုးလား။ရက်စ်ဆိုတာမျိုးလား။ဘာလား။မရေရာ

မသေချာ။နာကျင်ထောင့်ကျဉ်းမှာတော့ သေသေချာချာ စိတ်ရဲ့ ရောင်ရမ်းမှုတွေကိုယ့်မှာ။


နေအေဒီ

လက်ဝဲဘက်ခြမ်းမှာ ဒဏ်ရာဖဲပြားကိုချည်နှောင်မိလို့ ဆွေးးးး

နက်နက်ရှိုင်းရှိုင်း ပျော်ဝင်နေဟန်ပါပဲ

ညင်သာစွာ အဆုံးသတ်ချိန်က တံခါးတွေကိုဖွင့်ပြီး အဝေးကိုထွက်သွားတယ်

လာလာနားခိုနေတဲ့ နာမ်ချည်းသက်သက် စိတ်အကျိုးအပဲ့ တွေအပေါ်

ဝေ့၀ိုက်လို့  တစ်ခါတစ်လေမှမဟုတ်ဘူး ခဏခဏတွေးနေမိတယ်

သွေးလိုပန်းထွက်နေတဲ့  အိပ်မက်မြစ်ထဲ အနက်ရှိုင်းဆုံးဆိုတဲ့ နေရာကို

ဘယ်တက္ကနိသုံးလို့ အရောက်သွားနိုင်မယ်ထင်နေတာလဲ

ချစ်မေတ္တာရယ် အွန်လိုင်းပေါ်တက်ပြီး ဆွေးနေစရာလား

သစ်ရွက်ခြောက်လေးတွေလည်း ပြန်ရှင်သန်ကောင်းပါရဲ့ 

ငါမေးမယ် ဆက်ဆက်ပြန်လာမှာလား ပြောခဲ့ 

တယ်လီဖုန်းရုံလေးထဲ အသံတိတ် ဆူပွက်နေခဲ့ ရတယ်

မင်းကငါ့ရဲ့ စိတ်ဆုံမှတ် ရလဒ်(၄၀)တိတိ အောင်မှတ်ရရုံပျော်ခဲ့ မိတာပဲ

ခံစားမှုနာဗ့် ကြောတွေ ထုံထိုင်းလို့ မင်းဆီ အကွာအဝေးက ဖုန်းခေါ်သံတွေလိုရှည်လျားလာတယ်

စိုးရိမ်ဒီရေတွေ မြင့်တက်လို့ အသွေးအသားတွေဟာ

သူတစ်ပါးထိပါးဖို့ အတွက်မဟုတ်ရပါဘူး

ဦးနှောက်ထဲ ငွေဒင်္ဂါးတွေ သိပ်ပြီးအလုပ်လုပ်တတ်ကြပါရဲ့ 

ချောက်ထဲကရေတံခွန်ဆီ မရောက်ခင်မှာပဲ အဆင်ပြေသွားနိုင်တယ်

အခွင့်အရေးက အချစ်ရေ မေ့ထားလိုက်တော့ဆိုတဲ့ ပုံစံမျိုး

အခန်းထဲ လင်းတစ်ဝက်မှောင်တစ်ဝက် ထိုင်နေမိတော့တယ်

အပျင်းပြေစစ်တိုက်တမ်းကစားတတ်တဲ့ လူတွေက

သံသယဘီးလုံးတွေကို ဇွတ်လှိမ့်နေကြတော့တာပဲ

စိတ်တိုင်းကျ ငါ့မော်လီကျူးတစ်ရှူးတွေနဲ့ သန့် စင်သုံးစွဲပါ ထို့ နောက်လွှင့်ပစ်ခဲ့ ပါ

နာကျင်မှုမြင့်မားတဲ့ အရှိန်ကို စက္ကူပန်ကာလေးက ရယ်နေခဲ့ တယ်

အနီရောင်မင်းနာမည်ကို ခန်းမမျက်နှာကျက်မှာ ခြယ်သလို့ 

နာကျင်မီးသီးလေးထဲ ၀င်ရောက်လောင်ကျွမ်းပစ်လိုက်ရတော့မှာ။ ။

နေအေဒီ

Sunday, May 29, 2011

စာပေသစ်မှ ထင်းရှူးပင်ရိပ်သို့

ခေတ်သစ်မြန်မာကဗျာရဲ့ သမိုင်းဟာ ‘ခေတ်စမ်း’ကနေ စတင်ခဲ့တာ လို့ ဆိုပါတယ်။ ပထမဆုံး ခေတ်စမ်းကဗျာရယ်လို့ သတ်မှတ်တဲ့ ‘ပိတောက်ပန်း’ (ဇော်ဂျီရေးတယ်) ဟာ ၁၉၂၈ မှာထွက်ပေါ်လာခဲ့တယ်။ ‘ခေတ်စမ်းကဗျာများ’ ဆိုပြီး စာအုပ်အနေနဲ့ကတော့ ၁၉၃၄ မှာ ထုတ်ဝေခဲ့တာပါ။ ခေတ်စမ်းကဗျာများထဲကမှ ပထမဆုံး လေးလုံးစပ် ကဗျာ ဆိုပြီး သတ်မှတ်ခဲ့တာကတော့ ဆရာဇော်ဂျီရဲ့ ‘ကြောင်မနက်ပြာ’(၁၉၃၁)ကိုပဲ ဖြစ်ပါတယ်။

ခေတ်စမ်းကဗျာလှုပ်ရှားမှုကို ဇော်ဂျီဦးဆောင်ပါတယ်။ ခေတ်စမ်းရဲ့ အဓိက ကဗျာဆရာ Major Poet ရယ်လို့ ဇော်ဂျီနဲ့ မင်းသုဝဏ်တို့ကို သတ်မှတ်ကြပါတယ်။

ခေတ်စမ်းနဲ့ တပြိုင်နက်တည်းမှာပဲ ဆရာကြီး သခင်ကိုယ်တော်မှိုင်းလည်း စာဆိုနေခဲ့ပါတယ်။ အဲဒီ ၁၉၃၀ ၀န်းကျင်ဟာ အမျိုးသား လွတ်မြောက်ရေးတိုက်ပွဲ ဒီရေမြင့်သစ်နေတဲ့ အချိန်လည်း ဖြစ်ပါတယ်။ ခေတ်စမ်းတို့၊ မှိုင်းတို့နဲ့ ခေတ်ပြိုင်မှာပဲ နဂါးနီစာပေလှုပ်ရှားမှု ဆိုတာလည်း မြန်မာစာပေသမိုင်းမှာ ဖြစ်ထွန်းခဲ့တာပါ။

ခေတ်စမ်းရဲ့နောက် ပေါ်ပေါက်ခဲ့တာကတော့ ‘စာပေသစ်’ ဖြစ်ပါတယ်။

စာပေသစ် လှုပ်ရှားမှုကို ဒဂုန်တာရာက ဦးဆောင်ပါတယ်။

စစ်မဖြစ်ခင်ခေတ် ၁၉၃၀-၃၉၊ ၁၃၀၀ပြည့်အရေးတော်ပုံ၊ ၁၉၃၉-၄၅ ဒုတိယကမ္ဘာစစ်ကြီးတလျှောက် မြန်မာစာပေ၊ မြန်မာကဗျာသမိုင်းဟာ ဆက်လက် စီးဆင်းလာခဲ့ပြီးတော့ စစ်ပြီးတဲ့ခေတ် လွတ်လပ်ရေးရယူတဲ့ ၁၉၄၈ ခုနှစ်တလျှောက်မှာ နောင်အခါမှာ ‘စာပေသစ်’ဆိုပြီး ဖြစ်တည်ထွန်းကားလာမယ့် မြန်မာကဗျာ၊ မြန်မာစာပေ လှုပ်ရှားမှုရဲ့ အဦးအစ ရောင်ခြည်ဟာ ဒဂုန်တာရာက ‘တာရာမဂ္ဂဇင်း’(၁၉၄၆-၅၀)ကို စတင်ထွန်းညှိလိုက်ရာက ပေါ်ပေါက်လာတာ ဖြစ်လို့ ဆိုရပါမယ်။

‘စာပေသစ်’ဟာ ‘ယဉ်ကျေးမှုသစ်’ကို အခြေခံခဲ့တယ်။ ဒါနဲ့ ပတ်သက်ပြီး ဆရာ ဒဂုန်တာရာက အခုလို ရေးသားခဲ့ဖူးပါတယ်။

‘ဤ ၁၃၀၀ ပြည့် ရေနံမြေ အလုပ်သမား၊ လယ်သမား၊ ကျောင်းသားသပိတ် စသော နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသား လှုပ်ရှားမှု အရေးတော်ပုံကြီးသည် ယဉ်ကျေးမှုသစ် ရာဇ၀င်ခန်းကို စတင်ခဲ့ပေသည်။ ယဉ်ကျေးမှုသစ်သည်ကား အဘယ်နည်း။ နယ်ချဲ့ယဉ်ကျေးမှု၊ အရင်းရှင်ယဉ်ကျေးမှုတို့ကို ဆန့်ကျင်သော လုပ်သားလူတန်းစား ပြည်သူ၏အကျိုးကို ဆောင်သော ယဉ်ကျေးမှုကား ယဉ်ကျေးမှုသစ်တည်း။ အမျိုးသားမှုပေါ်တွင်တည်၍ လုပ်သားလူတန်းစား၊ ပြည်သူ့အင်အားသစ်နှင့် လွတ်လပ်စွာ ပြုနိုင်သည့် အထွေထွေ ယဉ်ကျေးမှုဘ၀တွင် နေထိုင်ရပေမည်။ ယဉ်ကျေးမှုသစ်ထဲတွင် စာပေသစ်၊ အနုပညာသစ်၊ လူများစုအကျိုးကို ဆောင်နိုင်မည့် သိပ္ပံပညာရပ်များ ပါဝင်ကြလေသည်’ (တက္ကသိုလ်နှစ်လည်မဂ္ဂဇင်း၊ ၁၉၅၀)

ဒါက ယဉ်ကျေးမှုသစ်။ ယဉ်ကျေးမှုသစ်ထဲက အင်အားတခုက စာပေသစ်။ စာပေသစ်ဆိုတာ ဘာလဲ။ ဘာကြောင့် စာပေသစ်ရတာလဲ။ တနည်း ဘာကြောင့် ကဗျာသစ်လဲ။ ဒဂုန်တာရာက ဘာ့ကြောင့် စာပေသစ်ကို ကြွေးကြော်ခဲ့တာပါလဲ။

စာပေသစ်ဟာ မြန်မာကဗျာ၊ မြန်မာစာပေ ရေစီးကြောင်းရဲ့ အဆက်သမိုင်း ဖြစ်ပါတယ်။ ခေတ်စမ်းကဗျာလှုပ်ရှားမှု(၁၉၃၀)ရဲ့ နောက်ပိုင်းမှာ စာပေသစ်လှုပ်ရှားမှု(၁၉၅၀)ရယ်လို့ ပေါ်ထွန်းလာတဲ့အခါ မြန်မာ ကဗျာဟာလည်း ‘သစ်’လာခဲ့ပါတော့တယ်။

မြန်မာကဗျာ ဘယ်လို သစ်လာခဲ့သလဲ။

အရင်ဆုံး စာပေသစ်ရဲ့ သဘောထားများကို ပြန်လည်သုံးသပ်ကြည့်ရပါမယ်။

စာပေသစ်ခေါင်းဆောင် ဒဂုန်တာရာက စာပေသစ်မဂ္ဂဇင်း၊ ၁၉၅၀ မတ်လ ခေါင်းကြီးမှာ-

‘စာပေဟောင်းသည် ဘာလဲ၊ ပဒေသရာဇ်စာပေ၊ အရင်းရှင်စာပေသည် စာပေဟောင်းဖြစ်ပေသည်။ ဤစာပေဟောင်းတို့သည် လုပ်သားလူတန်းစားနှင့် ဆန့်ကျင်သည်။ စာပေဟောင်းသည် လက်ရှိ အရင်းရှင် လူ့ဘောင်ကို ချီးကျူးသည်။ စာပေဟောင်းသည် လူထု၏ တော်လှန်ရေးအခန်းကို ဖုံးကွယ်ကာ အရင်းရှင်လူနည်းစု၏ အကြောင်းကိုသာ ပြသည်။ စာပေဟောင်းသည် လက်ရှိလူမှုစနစ်တွင် တင်းတိမ်ရောင့်ရဲကာ နောက်သို့ ဆုတ်သည်။ ဖောက်ပြန်သည်။

စာပေသစ်သည်ကား စာပေဟောင်းမှ ဆန့်ကျင်နေပေသည်။

စာပေသစ်သည် လုပ်သားလူတန်းစားဘက်မှ နေသည်။ စာပေသစ်သည် လက်ရှိအရင်းရှင် လူ့ဘောင်ကို ဝေဖန်စစ်ဆေးသည်။ စာပေသစ်သည် လူထု၏ တော်လှန်ရေးအခန်းကို ဖော်ထုတ်ကာ လူထု၏ဘ၀ကို ပြသည်။ စာပေသစ်သည် လက်ရှိလူမှုစနစ်ကို မကျေနပ်ဘဲ ရှေ့သို့ ချီသည်။ တိုးတက်သည်။

စာပေသစ်သည် ပြည်သူလူထု၏ အင်အားသစ်ကို ယုံကြည်သည်။ စာပေသစ်သည် လူမှုဆက်ဆံရေးစနစ်ကြီးကို ထင်ဟပ်ရမည်ဟူသော သရုပ်ဖော်ဝါဒကို ကျင့်သုံးကာ စာပေသစ်ကို ရေးကြရပေမည်။ ပြည်သူ၏ဘ၀ကို ဖော်ပြသည့် စာပေကို ရေးကြရပေမည်။

သို့တည်းသာ မဟုတ်ပေ။

စာပေသည် ပညာရေးအစိတ်အပိုင်းတရပ် အဖြစ် ပြည်သူကို လမ်းညွှန်သဖွယ် ဖြစ်ရပေမည်’တဲ့။

အဲဒါ စာပေသစ်ရဲ့ အယူအဆ အခြေခံမူဝါဒပဲ ဖြစ်ပါတယ်။

စာပေသစ်ဟာ ခေတ်စမ်းရဲ့ နောက်တဆက် စာပေသမိုင်းဖြစ်တယ်။ ဘာပဲပြောပြော ခေတ်စမ်းက စတင်လိုက်တဲ့ ကဗျာတော်လှန်မှုကို စာပေသစ်ကလည်း ဆက်လက် ကိုင်စွဲခဲ့တယ်လို့ ဆိုရပါမယ်။

စာပေသစ်ရဲ့သဘောထားမှာ ခေတ်စမ်းနဲ့ ပတ်သက်လို့ ဘယ်လိုရှိသလဲ ဆိုတော့ -

‘ခေတ်စမ်းစာပေသည် စံတော်ဝင် သမားရိုးကျ ရိုးရာအစဉ်အလာကို တိုက်ဖျက်ခဲ့ပေသည်။ ခေတ်စမ်းစာပေသည် ရှေးဟောင်းစာပေမှ တောက်ပသည့် အသုံးအနှုန်းများကိုကား ပြန်လည်ဆန်းသစ်ခဲ့ပေသည်။

ထက်သန်သော မြန်မာစာပေမှု အမွေအနှစ်ကို ကောင်းစွာ ဆက်ခံရရှိသဖြင့် စာပေပီသကြပေသည်။ သို့သော် ထိုခေတ်က လူမှုဆက်ဆံရေး အခြေအနေ (၀ါ) နိုင်ငံရေးအခြေအနေကိုတော့ မဖော်ပြကြပေ’ လို့ ဒဂုန်တာရာက ဆိုပါတယ်။ (ရှုမ၀၊ ၁၉၅၀)

ဆက်လက်ပြီး ဆရာဒဂုန်တာရာက -
‘ဆရာကြီး(သခင်ကိုယ်တော်မှိုင်း)၏ အမျိုးသားလူထုတေးသံမှာ မြန်မာပြည် တပြည်လုံးတွင် ပဲ့တင်ရိုက်ခတ် မြည်ဟည်းလျက်ရှိစဉ် ခေတ်စမ်းကဗျာဆရာများမှာ သဇင်ပန်းနှင့် ဖိုးခေါင်ငှက်တို့တွင် စိတ်ကူးသစ် မြူးကွန့်လျက်ရှိနေပေသည်။

ဤသို့ဖြင့် ခေတ်စမ်းကဗျာသည် စိတ်ကူးဆန်းသစ်ခြင်း၌ ထက်သန် ဖွံ့ဖြိုးသလောက် ခေတ်အခြေအနေကို ထင်ဟပ်ဖော်ပြရာ၌ကား လစ်ဟင်းပေသည်။ ပဒေသရာဇ် စာပေမှ ရုန်းကန်သော်လည်း အရင်းရှင် နယ်ချဲ့ဆန့်ကျင်ရေး၊ တော်လှန်ရေး အထိကား တိုးတက်နိုးကြားခြင်းသို့ မရောက်ခဲ့ပေ။

သို့သော် ထိုခေတ်အခါကမူ ခေတ်စမ်းသည် စာပေလှုပ်ရှားမှုတရပ်အဖြစ်ကား ဂယက်ရိုက်ခဲ့ပေသည်’ တဲ့။ (သွေးသောက်၊ ၁၉၅၃)

အဲဒီလို ခေတ်စမ်းရဲ့ အားနည်းချက်(လို့ ယူဆရတဲ့ကိစ္စ)ကို စာပေသစ်က ထောက်ပြရုံတင်မကဘဲ ခေတ်စမ်းရဲ့ အားသာချက်အဖြစ်လည်း ဒဂုန်တာရာက ဒီလို ဖော်ပြပါတယ်။

‘ခေတ်စမ်းစာပေသည် ရိုးရာအစဉ်အလာကို တော်လှန်ရာ၌ အနုပညာအရည်အချင်း ရှိပေသည်။ စာပေအခြေခံ အင်အား ရှိပေသည်။ ထို့ကြောင့်သာလျှင် အောင်မြင်ခြင်း ဖြစ်ပေသည်။ စာပေတော်လှန်ရေး၌ စာပေအခြေခံ အင်အားသစ် မရှိလျှင် မအောင်မြင်နိုင်ပေ။ အဟောင်းကို ဖက်ပြိုင်ရာ၌ အသစ်သည် အင်အားမခိုင်မာပါက မထွန်းသစ်နိုင်ပေ။ (ရှုမ၀၊ ၁၉၅၀)

ဒါတွေဟာ ဒဂုန်တာရာရဲ့ (စာပေသစ်ရဲ့) ခေတ်စမ်းအပေါ် မှတ်ချက်တွေပါပဲ။

ဒီလောက်အထိ ပြန်ကောက်ကြည့်ရရင် -

စာပေသစ်က လူမှုဆက်ဆံရေးစနစ်(နိုင်ငံရေး)ကို ထင်ဟပ်တယ်။ သရုပ်ဖော် ၀ါဒကို ကျင့်သုံးတယ် လို့ တွေ့ရပါမယ်။ ခေတ်စမ်းကတော့ လူမှုဆက်ဆံရေး အခြေအနေ (၀ါ) နိုင်ငံရေးကို မထင်ဟပ်ဘူး။ ဒါပေမဲ့ အနုပညာမှု အရည်အချင်း ရှိတယ်။

ဆိုလိုတာက ခေတ်စမ်းဟာ နိုင်ငံရေးအရ ထင်ဟပ်မှု အားနည်းသော်လည်း အနုပညာအရ (အနုပညာမြောက်မှု) အရည်အချင်း ရှိခဲ့တယ် လို့ သတ်မှတ်တဲ့ စာပေသစ် အနေနဲ့ကတော့ ‘နိုင်ငံရေးကို ထင်ဟပ် သရုပ်ဖော်’ဖို့ အားသန်ခဲ့တယ်လို့ ဆိုရပါမယ်။

ဥပမာ – ဒဂုန်တာရာရဲ့ ‘မတ်လတော်လှန်ရေး’(၁၉၄၇)၊ ‘မီးလောင်မြေ’(၁၉၅၀) စတဲ့ ကဗျာများကို ကြည့်နိုင်ပါတယ်။

ဆက်ပြီးပြောရမယ်ဆိုရင် အဲဒီလို ခေတ်စမ်း(၁၉၃၀)၊ စာပေသစ်(၁၉၅၀) ဆိုပြီး မြန်မာစာပေ(ကဗျာ)ဟာ အမျိုးသားလွတ်မြောက်ရေးနဲ့ လွတ်လပ်ရေး၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး ဆိုတဲ့ အမျိုးသားပြန်လည် ထူထောင်ရေး သမိုင်းကြောင်းတလျှောက် ချီတက်ခဲ့ရာမှာ နောက်စခန်း အဆင့်ဆင့်တွေကတော့ မြန်မာကဗျာရဲ့ သမိုင်းမှာ မန္တလေးတက္ကသိုလ် ကဗျာခေတ် (၁၉၆၀)၊ မိုးဝေကဗျာခေတ်(၁၉၇၀) ဆိုတဲ့ ကဗျာလှုပ်ရှားမှုတွေကနေမှတဆင့် ဒီကနေ့ ခေတ်ပေါ်ကဗျာရဲ့ လမ်းကြောင်းကို ရောက်ရှိလာခဲ့တာ ဖြစ်တယ် လို့ ဆိုနိုင်ပါတယ်။

စာပေသစ်ဟာ သူ့ရဲ့အဆက်သမိုင်းအဖြစ် မန္တလေးတက္ကသိုလ် ကဗျာလှုပ်ရှားမှု၊ မိုးဝေကဗျာလှုပ်ရှားမှုတွေကို ပွင့်သစ်စေခဲ့တယ်လို့ ဆိုရပါမယ်။

အဲဒီလို ကဗျာလှုပ်ရှားမှုသစ်တွေ ပွင့်သစ်စေခဲ့တဲ့ စာပေသစ်ကိုယ်တိုင်မှာလည်း အတိုက်အခိုက်တွေ ရှိခဲ့တယ် ဆိုတာကိုတော့ ဒီနေရာမှာ ဖော်ပြဖို့ လိုအပ်ပါလိမ့်မယ်။ (ခေတ်စမ်းတုန်းကလည်း ဒီလို အတိုက်အခိုက်တွေကြားကပဲ ဖွံ့ဖြိုးတိုးတက်ခဲ့ရတာဖြစ်)

စာပေသစ်(ဒဂုန်တာရာ)ဟာ ပဋိပက္ခအနေနဲ့ ဘက်နှစ်ခုကို ရင်ဆိုင်ခဲ့ရတာပါ။ ပထမ ပဋိပက္ခဘက်ကတော့ ဆရာအောင်လင်းက ဒဂုန်တာရာကို စာပေသစ်အယူအဆ အမျိုးမျိုးနဲ့ ပတ်သက်ပြီး ကွဲလွဲဆန့်ကျင် တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒုတိယပဋိပက္ခဘက်ကတော့ ဒေါင်းနွယ်ဆွေ ဖြစ်ပါတယ်။ ဒေါင်းနွယ်ဆွေကလည်း ဒဂုန်တာရာကို ဆန့်ကျင်ပါတယ်။

‘စစ်ပြီးခေတ် ကဗျာလောက ခေါင်းဆောင်တွေထဲမှာ ဒေါင်းနွယ်ဆွေလည်း ပါတယ်။ ၁၉၅၀-၆၀ အတွင်းမှာ လူငယ်အတော်များများ အားထားတဲ့ ကဗျာဆရာနှစ်ဦးတို့က ဒဂုန်တာရာနဲ့ ဒေါင်းနွယ်ဆွေတို့ ဖြစ်ပါတယ်’ (စာပေဂျာနယ်၊ ၁၉၉၇၊ အတွဲ ၃၊ အမှတ် ၁၁၊ စာ ၉၁)

‘ဒေါင်းနွယ်ဆွေသည် သူ၏စာပေသက်တမ်းတလျှောက် ဒဂုန်တာရာကို ဆန့်ကျင်လာခဲ့သူ ဖြစ်သည်’(ပါရဂူ၊ စာပေဂျာနယ်၊ ၁၉၉၇၊ အတွဲ ၃၊ အမှတ် ၁၁၊ စာ ၈၁)

ဒီနေရာမှာ ဒဂုန်တာရာ(စာပေသစ်)က သူ့ရဲ့ အဆက်ရေစီးဖြစ်တဲ့ မန္တလေးတက္ကသိုလ်ကဗျာ၊ မိုးဝေကဗျာတို့ကို ဖူးပွင့်စေရာမှာ ခေတ်ပြိုင်သမိုင်းရဲ့ အချက်တချက် အနေနဲ့ ဆရာဒေါင်းနွယ်ဆွေရဲ့ ကဗျာများကလည်း နောက်ပိုင်း ကဗျာသမိုင်းအတွက် တစုံတရာ သြဇာသက်ရောက်မှု ရှိခဲ့တယ် လို့ ဆိုရင် ရနိုင်ပါတယ်။

ဒီသဘောကို မောင်လေးအောင် မကွယ်လွန်ခင် ရှုမ၀မဂ္ဂဇင်းမှာ နောက်ဆုံးရေးခဲ့တဲ့ ‘ကျွန်တော်တို့ရဲ့ အနှစ်နှစ်ဆယ်ကျော်’ ဆိုတဲ့ ကဗျာထဲမှာ တွေ့ရပါတယ်။

‘ဒဂုန်တာရာ ဒေါင်းနွယ်ဆွေ စတဲ့
တို့ရဲ့ ရှေးကလူများ
လေးစားခဲ့ဖူးပါတယ်’ တဲ့။

ဆက်ပြောရရင် ဒဂုန်တာရာရဲ့ စာပေသစ်၊ အဲဒီကနေ အဆင့်ဆင့် ဖြစ်ထွန်းသွားတဲ့ ရေစီးကြောင်းအတိုင်း မြန်မာကဗျာရဲ့ သမိုင်းမှာ ပထမအနေနဲ့ မန္တလေးတက္ကသိုလ်ကဗျာလှုပ်ရှားမှုကို ထည့်မပြောဘဲနေလို့ မရပါဘူး။ (ဒုတိယအနေနဲ့က မိုးဝေကဗျာပါ)

မန္တလေးတက္ကသိုလ်ကဗျာနဲ့ ပတ်သက်လို့ ဆရာဒဂုန်တာရာက ဒေါင်းနွယ်ဆွေရဲ့ ‘သဘောတရား၏သစ်ရွက်တရွက်’လို ခေါင်းစဉ်မျိုး၊ စကားလုံးမျိုးကို ဝေဖန်သုံးသပ်ရင်း တဆက်တည်း ပြောသွားတာက -

‘ယင်းသို့လျှင် မနိုင်မနင်း မပီမသ ထွက်ပေါ်နေကြသော ကဗျာ လင်္ကာများ ကြားထဲမှ မန္တလေးတက္ကသိုလ် ကလောင်ရှင်အသင်းမှ ပီသသော ကဗျာစာအုပ်များ ထွက်လာကြသည်ကို တွေ့ရ၍ ၀မ်းမြောက် ကျေးဇူး တင်မိပေသည်။

ယခု ၁၉၆၀ က ‘စိတြကဗျာများ’စာအုပ် ထွက်ပေါ်လာပြန်သည်။ မန္တလေးတက္ကသိုလ် ကလောင်ရှင်အသင်းသည် ကဗျာဘက်ကို အားပေးသောအဖွဲ့၊ တက်သစ်စ စာရေးဆရာများကို မြေတောင်မြှောက်ပေးသော အဖွဲ့ ဖြစ်သည်ကို တွေ့ရပေသည်’ တဲ့။ (ငွေတာရီ၊ ၁၉၆၁)

မန္တလေးတက္ကသိုလ်ကဗျာလှုပ်ရှားမှုရဲ့ အဓိက ကဗျာဆရာတွေ ‘လမင်းတစ်ရာ’ (၁၉၆၃) နဲ့ ‘အနီနဲ့အပြာ’(၁၉၆၄)၊ ဒီကဗျာစာအုပ်တွေဟာ မြန်မာကဗျာလောကမှာ လင်းလင်းလက်လက် ရှိခဲ့ကြပါတယ်။

ဆရာမောင်သာနိုးကလည်း မန္တလေးတက္ကသိုလ် ကဗျာလှုပ်ရှားမှုရဲ့ အဓိက ကဗျာဆရာများအဖြစ် ရည်ညွှန်းရေးသားခဲ့ဖူးပါတယ်။
['ဟေမန္တခြေမြန်တော်'စာအုပ်(၁၉၉၁)၊ မောင်သာနိုးရဲ့အမှာစာ]

မန္တလေးတက္ကသိုလ် ကဗျာလှုပ်ရှားခဲ့သူတွေရဲ့ ကိုယ်တိုင် ပြန်လည် သုံးသပ်ချက်ကိုလည်း အခုလို တွေ့ရပါတယ်။ ‘နှင်းဆီခင်းပေါ်ကလမင်း’စာအုပ်၊ (၁၉၉၅) အမှာစာထဲမှာ -

‘ရန်ကုန်တက္ကသိုလ် ခေတ်စမ်းစာပေခေတ်မှာ ဇော်ဂျီက ခေတ်စမ်းကဗျာခေါင်းဆောင် ဆိုရင် မန္တလေးတက္ကသိုလ် ခေတ်စမ်းကဗျာခေါင်းဆောင်ကတော့ ဘယ်သူဖြစ်မလဲ။ စုပေါင်းလုပ်ဆောင်မှုလို့ ဆိုရမှာပဲ’

အဲဒီလို ရေးခဲ့ပါတယ်။ အဲဒီ အမှာစာထဲမှာပဲ ‘မန္တလေးတက္ကသိုလ် ခေတ်စမ်းကဗျာလောက (၁၉၆၀) ၀န်းကျင်မှာ’ ရယ်လို့ သုံးနှုန်းခဲ့တာကို သတိပြုရပါမယ်။

‘ကံ့ကော်ရိပ်မှ အိပ်မက်များ’ စာအုပ် (၁၉၉၇) အမှာစာထဲမှာ ‘မန္တလေးတက္ကသိုလ်ရဲ့ စာပေသမိုင်းမှာ (၁၉၆၀-၆၅)အတွင်း’ဆိုပြီး ခေတ်ကို ပိုင်းခြားသတ်မှတ်ထားတာ တွေ့ရပါတယ်။

ကဗျာဆရာဟာ ဘယ်ခေတ်မှာပဲဖြစ်ဖြစ် သူ့ခေတ်ရဲ့ ခေတ်ပြိုင်ဖြစ်တယ် လို့ ဆိုပါတယ်။

ဘာပဲဖြစ်ဖြစ် ဆရာဒဂုန်တာရာတို့၊ ဆရာဒေါင်းနွယ်ဆွေတို့နဲ့အတူ ၆၀ ခုနှစ်များ ခေတ်ပြိုင်ထဲမှာ စသဖြင့် မန္တလေးတက္ကသိုလ် ကဗျာကလည်း လှုပ်ရှားနေခဲ့တာ ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။

အဲဒီလို ခေတ်စမ်း(၁၉၃၀)၊ စာပေသစ်(၁၉၅၀)၊ မန္တလေးတက္ကသိုလ် ကဗျာလှုပ်ရှားမှု(၁၉၆၀) တို့ရဲ့ နောက်မှာ နောက်ထပ် လှိုင်းတလုံးမြင့်တက်လာတဲ့ မြန်မာကဗျာရဲ့ ရေစီးကြောင်းကတော့ ‘မိုးဝေကဗျာ’ ‘မိုးဝေကဗျာလှုပ်ရှားမှု’ (၁၉၇၀) ဖြစ်တယ် လို့ ဆိုရပါမယ်။

၁၉၉၀ တ၀ိုက်မှာ ‘မိုးဝေကဗျာ’ကို ပြန်လည်စူးစမ်းပြတဲ့ ဂယက်တွေ တော်တော်ထသွားခဲ့ဖူးပါတယ်။

မိုးဝေကဗျာဆိုတာ ဘာလဲ။ မိုးဝေကဗျာ လှုပ်ရှားမှု ဆိုတာ ဘယ်က အခြေခံလာတာလဲ။

မိုးဝေကဗျာရဲ့ မြစ်ဖျားအစဟာ (ခေတ်စမ်းကို လွန်ခဲ့ပြီးတဲ့နောက်မှာ) ပီပီမြည်မြည်ဖြစ်လာတဲ့ စာပေသစ်နဲ့ စာပေသစ်ရဲ့ နောက်တဆင့်ခရီးများ၊ တနည်းအားဖြင့် ၅၀ ခုနှစ်များနဲ့ ၆၀ ခုနှစ်များဆီက စာပေလှုပ်ရှားမှုတွေပဲ ဖြစ်ပါတယ်။

မိုးဝေကဗျာနဲ့ ပတ်သက်လို့ အရေးကြီးတဲ့ မှတ်ချက်တခုကတော့ ဆရာမင်းလှညွန့်ကြူးရဲ့ မှတ်ချက်ပါပဲ။ ဆရာမင်းလှညွန့်ကြူးက မိုးဝေမဂ္ဂဇင်း အမှတ် (၂၀၀)ပြည့် စာတမ်းမှာ အခုလို ရေးခဲ့ပါတယ်။

‘၁၉၇၀ ပြည့်နှစ်တ၀ိုက်၌ ကမ္ဘာ့နိုင်ငံရေး(အထူးသဖြင့် ဗီယက်နမ်အရေး)သည် အရှိန်အဟုန်ကြီးမားစွာဖြင့် ကမ္ဘာတခုလုံးကို ကိုင်လှုပ်နေသည်။ ကျူးကျော်စစ်၊ တရားသောစစ်၊ နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး စသော အသံဗလံများသည် အသက် ၂၀-၃၀ ၀န်းကျင်ရှိ လူငယ်ကဗျာဆရာများ၏ ကဗျာများ ဖြစ်သည်။ ထိုကဗျာများသည် တက်ကြွနိုးကြားနေသော ကဗျာဝါသနာရှင် လူငယ်များ၊ နယ်အသီးသီးမှ ကဗျာရေးသူ လူငယ်များအပေါ် သြဇာလွှမ်းမိုးခဲ့သည်ဟု ယူဆရသည်။ ထိုအချက်သည် ‘မိုးဝေကဗျာ’ဟူသော အသုံးအနှုန်း ပေါ်ထွက်လာရခြင်း၏ အကြောင်းတရပ် ဖြစ်နိုင်သည်။

မိုးဝေမဂ္ဂဇင်းသည်လည်း ရေးသူအသစ်များ၊ အထူးသဖြင့် လူငယ် ကဗျာရေးသူများကို အတော်များများ ပွဲထုတ်ပေးနိုင်သဖြင့် လူငယ်ကဗျာရေးသူများ၏ ပထမခြေလှမ်းချရာ ဖြစ်ခဲ့သည်။ ထိုအချက်သည်လည်း ‘မိုးဝေကဗျာ’ဟူသော အသုံးအနှုန်း အကြောင်းတရပ် ဖြစ်သည်။

မိုးဝေကဗျာဟူ၍ လူငယ်ကဗျာရေးသူ အများစုက ပြောဆိုနေကြသော အသုံးအနှုန်းသည် လေးလုံးစပ် ဖွဲ့ထုံး၌ လေး-သုံး-နှစ် စည်းကမ်းက ခွဲထွက်သော ကဗျာများကို ညွှန်းသည့်သဘော သက်ရောက်မည် ထင်ပါသည်။ မိုးဝေကဗျာများသည် ကာရန်စည်းကမ်းက ခွဲထွက်သည့် လက္ခဏာသာ ထင်ရှားသည်မဟုတ်ဘဲ အပြောဘာသာစကား သုံးစွဲသော၊ တနည်းအားဖြင့် စကားပြောဟန်တွင် ရှိနေသည်။ အသံစီးဆင်းပုံကို အခြေပြုသော လက္ခဏာသည်လည်း ထင်ရှားပါသည်။ ‘မိုးဝေကဗျာ’ဟူသော အသုံးအနှုန်းသည် ဤလက္ခဏာပါရှိသည့် ကဗျာများကိုလည်း ညွှန်းမည်ဟု ယူဆရပါသည်’ (မိုးဝေ၊ စက်တင်ဘာ ၁၉၈၄)

၁၉၇၀ တ၀ိုက် စတင်ဖြစ်ထွန်း လှုပ်ရှားပြီး အင်အားကြီးမားလာခဲ့တဲ့ မိုးဝေကဗျာရဲ့ သမိုင်းမှာ ဦးဆောင် ပြုစု ပျိုးထောင်ခဲ့တဲ့ ဆရာနတ်နွယ်က မောင်လေးအောင် နဲ့ မောင်သင်းခိုင်တို့ရဲ့ မိုးဝေကဗျာဖြစ်ပေါ်ရေး ကြိုးပမ်းမှုကို အသိအမှတ် ပြုခဲ့ပါတယ်။ (နတ်နွယ်၊ မိမိနှင့် မိုးဝေမဂ္ဂဇင်း ဆောင်းပါးများ၊ ရွှေဝတ်မှုန်မဂ္ဂဇင်း၊ ၁၉၉၅)

အဲဒီခေတ်ကာလများတုန်းက မိုးဝေကဗျာကို ‘ကာရန်မဲ့ကဗျာ’ ဆိုပြီး မလိုလားသူတွေက ထိုးနှက်ခဲ့ကြတာ ရှိပါတယ်။ ဒါနဲ့ ပတ်သက်လို့ ဆရာနတ်နွယ်က မိုးဝေကဗျာဘက်က ခုခံချေပချက်အနေနဲ့ -

‘ကျွန်တော့်ရဲဘော်တွေဟာ ကဗျာဆရာတွေပါ၊ သူတို့ဟာ ကနေ့ မြန်မာစာပေလောကမှာ ကဗျာကို အင်နဲ့အားနဲ့ ရေးနေကြတဲ့လူတွေ ဖြစ်ပါတယ်။ ကဗျာကို တိုက်ပွဲလက်နက်အဖြစ် လက်ခံထားကြပါတယ်။ သူတို့ရဲ့ ကဗျာလက်နက်ကို ထက်မြက်အောင် မပြတ် အားထုတ်နေကြပါတယ်။ ဒါကြောင့်မို့လည်း သူတို့ကဗျာတွေကို ပြည်သူက အသိအမှတ် ပြုလာတယ်။ လက်ခံလာတယ်။ ဒါနဲ့ တပြိုင်နက်တည်းမှာပဲ အစဉ်အလာသမားတွေ ဖောက်ပြန်ရေးသမားတွေက ဖျက်ဆီးနှောင့်ယှက်ကြတယ်။ ကာရန်မဲ့ကဗျာ ဆိုတာကလည်း အစဉ်အလာသမားတွေနဲ့ ဖောက်ပြန်ရေးသမားတွေရဲ့ စကားလုံးပါပဲ’ ဆိုပြီး ရေးခဲ့ပါတယ်။ (ပြည်သူ့ကြယ်ဂျာနယ်၊ မတ် ၁၉၇၂)

တဆက်တည်းမှာ ဆရာနတ်နွယ်က အစဉ်အလာ ရိုးရာ လေးလုံးစပ် ပုံစံကနေ လမ်းခွဲလာတဲ့ မိုးဝေကဗျာတွေ အပေါ်မှာ-

‘ပုံသဏ္ဌာန်အသစ် ထွင်တာ မဟုတ်ပါဘူး။ အကြောင်းအရာသစ်တွေကို ရေးဖွဲ့ကြတာပါ။ အဲဒီအခါ ပုံသဏ္ဌာန်လည်း အလိုလို သစ်သွားတာပေါ့’လို့ ဆိုခဲ့ပါတယ်။

မိုးဝေကဗျာကို တိုက်ခိုက်ကြသူများဟာ ၇၀ ခုနှစ်တွေ နောက်ပိုင်းမှာလည်း ရှိနေခဲ့တုန်းပါပဲ။ ဒီအချက်ကို ညိုသစ်က ၁၉၉၇ ခုနှစ်ထုတ်၊ ‘မိုးဝေကဗျာ(၁၉၇၆-၈၁) (၁၉၈၆-၈၈)’ ဆိုတဲ့ စာအုပ်အမှာစာမှာ ‘(မိုးဝေကဗျာကို) ဆန့်ကျင်ကန့်ကွက်ကြသည့် လှုပ်ရှားမှုအသံသည် ၁၉၈၀ ခုနှစ် ၀န်းကျင်၌ လျှံခဲ့သည်’လို့ ရေးသားထားပါတယ်။

ညိုသစ်ရဲ့သဘောထားကတော့ အဲဒီစာအုပ်အမှာစာထဲမှာပဲ ထောက်ပြထားတာက ‘၁၉၇၀-၈၀ ခုနှစ် ကာလ၀န်းကျင် မိုးဝေကဗျာသည် ၁၉၇၀-၆၀ ခုနှစ်ကာလက ရေးဖွဲ့လာသော နယ်ချဲ့ဆန့်ကျင်ရေး၊ ကိုလိုနီစနစ်တိုက်ဖျက်ရေး၊ ကျူးကျော်စစ် ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေး စသည့် အကြောင်းအရာများ မှိန်ဖျော့အားနည်းလာပြီး ပုဂ္ဂလိက ခံစားမှု နိမိတ်ပုံမျိုးစုံနှင့် ရှုပ်ထွေးသိမ်မွေ့သော အသံစီးဆင်းမှု အားကောင်းသော စကားပြောရစ်သမ်ဖြင့် ရေးဖွဲ့လာကြသည်။ ထိုလွတ်လပ်ကာရန် နှင့် ဖွဲ့သော ခေတ်ပြိုင်ခံစားမှု ကဗျာများကို သဘောမတူကြ၊ အငြင်းပွားကန့်ကွက်ဆန့်ကျင်ကြသည့် ကဗျာဝေဖန်ရေး ဂယက်များ ထကြွလာခဲ့သည်’ ဆိုပြီး ရေးပါတယ်။

မိုးဝေကဗျာရဲ့ အလျဉ် ဘယ်က စီးဆင်းလာသလဲဆိုတာနဲ့ ပတ်သက်ပြီး ညိုသစ်က ရေးသားရာမှာ-

‘ထိုဆယ်စုနှစ် (၁၉၆၀-၇၀)ကာလကို အကြမ်းဖျင်း ခြုံငုံကြည့်ရှုမှသာလျှင် မိုးဝေကဗျာ၏ ဖြစ်ပေါ်တိုးတက်မှုကို ဆက်သွယ်ပေါင်းစပ်ကြည့်လို့ ရပေမည်’ ဆိုပြီး အဲဒီကာလ (၁၉၆၀-၇၀)ရဲ့ ဖြစ်စဉ်တွေဟာ မိုးဝေကဗျာအတွက် အကောင်းဆုံးကုန်ကြမ်းတွေ ဖြစ်တဲ့အကြောင်း ဆိုပါတယ်။

ဒီနေရာမှာ ညိုသစ်ရဲ့ အရေးကြီးတဲ့ မှတ်ချက်တရပ်ကတော့ အဲဒီစာအုပ် ( မိုးဝေကဗျာ၊ ၁၉၇၆-၈၁ နဲ့ ၁၉၈၆-၈၈)စာအုပ် အမှာစာထဲမှာပဲ-

(မိုးဝေကဗျာသည်) သူ့အရင် တည်ရှိပြီးသား ခေတ်စမ်းကဗျာ၊ စာပေသစ် လှုပ်ရှားမှုကဗျာများ၌ ကာရန်ယူနည်း၊ ကာရန်ကိုအသုံးပြုနည်းစနစ် တို့နှင့် ဆန့်ကျင်ခြားနားပြီး လမ်းကြောင်းခွဲထွက်ရပ်တည်ခဲ့သည်။ ခေတ်စမ်းကဗျာနှင့် စာပေသစ်လှုပ်ရှားမှုကာလ ကဗျာများသည် ပုံသဏ္ဌာန် နှင့် ကာရန်စည်းစနစ်ကြောင့် ရုန်းထွက်မရလေအောင် ကဗျာဖွဲ့စည်းမှုနှင့် ပုံသဏ္ဌာန်ဒီဇိုင်းများ တူညီနေသည်ကို တွေ့ရသည်။

၁၉၇၀ ခုနှစ်နောက်ပိုင်း ခေတ်ပြိုင်ခံစားမှုကဗျာသည် လွန်ခဲ့သည့် ခေတ်များ၏ ကဗျာဖွဲ့စည်းတည်ဆောက်ပုံနှင့် မတူတော့။ သီးခြားရပ်တည်လာခဲ့သည်။ အရေးကြီးသည့် ကဗျာလမ်းကြောင်းသစ် ဖြစ်တည်မှုကို ခင်းကျင်းလာခဲ့သည်’ရယ်လို့ တွေ့ရပါတယ်။

မိုးဝေကဗျာနဲ့ ပတ်သက်လို့ မန္တလေးတက္ကသိုလ်ကဗျာခေတ် (၁၉၆၀)ရဲ့ အဓိက ကဗျာဆရာတဦးရဲ့ ကောက်ချက်ကလည်း အရေးကြီးပါတယ်။ သူက ‘စာပေအသိနဲ့ အတွေးအခေါ် တဆင့် မြင့်တက်လာတဲ့ ကဗျာလှုပ်ရှားမှု’ လို့ အသိအမှတ် ပြုပါတယ်။ (ကံ့ကော်ရိပ်မှအိက်မက်များ စာအုပ် အင်တာဗျူး၊ ကလျာ၊ သြဂုတ်၊ ၁၉၉၇)

အဲဒီ အထိကို ပြန်ပြီး ချုပ်ကြည့်ရင် မြန်မာကဗျာဟာ မိုးဝေကဗျာလှုပ်ရှားမှုခေတ်မှာ လမ်းကြောင်းမှန် အင်အားကောင်း ဖြစ်နေပြီလို့ သုံးသပ်ရနိုင်ပါတယ်။

ဟိုးမြစ်ဖျားအစ စာပေသစ်နဲ့ အခုရောက်ရှိနေတဲ့ မိုးဝေကဗျာတို့ဟာ တစုံတရာ ခြားနားသွားခဲ့ပြီ လို့လည်း ဆိုနိုင်ပါတယ်။

ခေတ်ပြိုင်သမိုင်းခေတ်အလိုက် စာပေသစ်ရော၊ မိုးဝေကဗျာကပါ သူ့ခေတ်ရဲ့ ခေတ်ပြိုင်ခံစားမှုကို ရေးဖွဲ့ခဲ့ကြတာချည်းပါပဲ။ သမိုင်းခေတ်ချင်းကတော့ တူချင်မှ တူမယ်။ ခေတ်ကို ထင်ဟပ်ပုံချင်းလည်း ကွဲချင်ကွဲမယ်။ ဒါပေမဲ့ စာပေသစ်ရော မိုးဝေကဗျာပါ ခေတ်ကို ရင်ထဲထည့်ကြည့်တာ၊ ခေတ်ရဲ့အသံကို ထုတ်ဖော်တာ၊ ခေတ်ကို သယ်လာတာတို့မှာ ယေဘုယျ တူညီကြတာပါပဲ။

အဲဒီမှာ သိသိသာသာ ကွဲပြားသွားတာကတော့ ရေးဟန်အပိုင်းပဲ ဖြစ်ပါတယ်။

စာပေသစ် ရေးဟန်များနဲ့ ပတ်သက်လို့ ပြန်ပြီး ခြေရာကောက်ကြည့်ရရင် ဆရာဒဂုန်တာရာရဲ့ သဘောထားတချို့ကို အခုလို တွေ့ရပါမယ်။

‘စာပေသစ်သည်ကား အကြောင်းအရာပင် ဖြစ်ပေသည်။ တော်လှန်ရေး အကြောင်းအရာ၊ ဆင်းရဲသား သရုပ်ဖော် အကြောင်းအရာ၊ အရင်းရှင် လူ့ဘောင်အား ဝေဖန်ခြင်း အကြောင်းအရာ စသည်များသာလျှင် စာပေသစ် ဖြစ်၏။

စာပေသစ် အကြောင်းအရာသာလျှင် ရှိ၏။ စာပေသစ် အရေးအသား၊ စာပေသစ်ဟန်ဆို၍ သီးခြားစွာ တကဏ္ဍ ရှိသေးသည် မဟုတ်ပေ။

ဤအကြောင်းအရာများကို မိမိတို့ နှစ်သက် ကျွမ်းကျင်သော ဟန်အမူအရာဖြင့် ရေးသားနိုင်ကြပေသည်။

စာပေသစ်ကို အကဲဖြတ်ရာ၌ စာဟန်ကို အကဲဖြတ်ရန် မဟုတ်ပေ။ အကြောင်းအရာကိုသာလျှင် အကဲဖြတ်ရပေမည်။

ဆန်းသစ်သော အရေးအသားမှာ စာပေသစ်၏ စံ မဟုတ်ပေ။’ (သွေးသောက်၊ ၁၉၅၀)

အဲဒီလို စာပေသစ်ရဲ့ အဓိကကိစ္စဟာ အကြောင်းအရာကိစ္စ ဖြစ်တယ် ဆိုတာကို တွေ့မြင်ရပါမယ်။ စာပေသစ်က ဆိုလိုတဲ့အကြောင်းအရာဟာ နိုင်ငံရေးဆန်ပေမဲ့ အနုပညာမှုကိုလည်း မျက်ခြည်မပြတ်ဘူး ဆိုတဲ့သဘောကိုလည်း ဒဂုန်တာရာက အခုလို ပြောဆိုပါတယ်။

‘စာပေသစ်သည်ကား နိုင်ငံရေး နှင့် အနုပညာမှု၏ ညီညွတ်သော ပေါင်းစပ်မှုဟု ဆိုခဲ့ရာ နိုင်ငံရေးကို ရေးတိုင်း (၀ါ) အရင်းရှင်စနစ်ကို တွန်းလှန်သည့် တော်လှန်ရေးအကြောင်းအရာကိုရေးတိုင်း စာပေသစ်လာမည်လော။

ဤနိုင်ငံရေးအတွေးအခေါ်ကို အဘယ်ပုံ ဖော်ပြသည်၊ လူတို့၏ စိတ်ဓာတ်၌ ကပ်ငြိ စွဲလန်းအောင် ဘောင်ဝင်ပြနိုင်စွမ်း ရှိသည် ဆိုသော အနုပညာမှုတွင် အကဲဖြတ်ကြည့်ရပေမည်။

စာပေမြောက်မှသာလျှင် စာပေ ဖြစ်လာပေမည်။ စာပေသဏ္ဌာန်ဖြင့် နိုင်ငံရေးကို တင်ပြနိုင်စွမ်း ရှိမှသာလျှင် စာပေသစ်အရောင်ဖြင့် တင့်ထွန်းပေမည်။

ဤသည်ကို ရည်၍ မော်စီတုန်းက “စာပေကို နိုင်ငံရေးကြော်ငြာကတ်ပြားအဖြစ် လုပ်သည်ကို အလိုမရှိ”ဟု သတိပေးလေသည်’ (ရှုမ၀၊ ၁၉၅၀)

စာပေသစ်(ဒဂုန်တာရာ)ဟာ ‘အနုပညာစံ’ကို ထိန်းသိမ်း ကိုင်တွယ်ခဲ့တယ် ဆိုတာကို တွေ့ရပါမယ်။ အနုပညာစံထဲမှာ ‘ရေးဟန်’ ဆိုတာကလည်း အရေးကြီး အစိတ်အပိုင်းအနေနဲ့ ပါပါတယ်။ ဒါပေမဲ့ စာပေသစ်က ရေးဟန်ကို အဓိက မပြုခဲ့ဘဲ အကြောင်းအရာကိုသာ အဓိကပြုခဲ့တယ်လို့ ဆိုရပါမယ်။

ရေးဟန်ပိုင်းမှာ ခေတ်စမ်းနဲ့ စာပေသစ်တို့က ကိုင်စွဲခဲ့တဲ့ ကဗျာရေးဟန်ဟာ လေးလုံးစပ်ပဲ အဓိက ဖြစ်ပါတယ်။

ဒီသဘောကို ဆရာမင်းသုဝဏ်ရဲ့ ‘ကာလပေါ်လေးလုံးစပ်လင်္ကာသမိုင်း’စာတမ်း (၁၉၆၀) နဲ့ ဒဂုန်တာရာရဲ့ ‘လင်္ကာနှင့်ကဗျာ’(ငွေတာရီ၊ ၁၉၆၁)၊ ‘လူငယ်နှင့်ကဗျာ’(ရှုမ၀၊ ၁၉၆၂)၊ ‘လေးလုံးစပ်လင်္ကာ၏ပျော့ပျောင်းခြင်းနှင့် သန်စွမ်းခြင်း’(ငွေတာရီ၊ ၁၉၆၃) စတဲ့ ဆောင်းပါးတွေမှာ အထင်အရှား တွေ့ရပါတယ်။

၁၉၇၀ မိုးဝေကဗျာ အနေနဲ့ကတော့ စာပေသစ်က ဆိုလိုတဲ့ ခေတ်ပြိုင်ခံစားမှု(အကြောင်းအရာ)ကို ကိုင်တွယ်ရုံတင်သာ မဟုတ်တော့ဘဲ စာပေသစ် (သူ့အရင် ခေတ်စမ်းတို့)နဲ့ မတူတော့တာကတော့ လေးလုံးစပ် ပုံသဏ္ဌာန်ကနေ လွတ်လပ်ကာရန်စနစ်ကို ကူးပြောင်းသွားတဲ့ ရေးဟန်ပဲ ဖြစ်ပါတယ်။

မိုးဝေကဗျာကလည်း အကြောင်းအရာနဲ့ ပုံသဏ္ဌာန်တို့ရဲ့ ညီညွတ်ပေါင်းစည်းမှု သဘောကို လိုက်နာခဲ့တာပါပဲ။ မိုးဝေကဗျာနဲ့ စာပေသစ် သိသိသာသာ ကွဲပြားလာတဲ့ အချက်ဟာ အဲဒီ ရေးဟန်၊ ပုံသဏ္ဌာန် နဲ့ ပတ်သက်ပါတယ်။

စာပေသစ်ရဲ့ အဓိက ပြဿနာဟာ အကြောင်းအရာပြဿနာဖြစ်ပြီးတော့ ၁၉၇၀ မှာ ရောက်ရှိလာတဲ့ မိုးဝေကဗျာရဲ့ ပြဿနာကတော့ ပုံသဏ္ဌာန်ပြဿနာဘက်ကို ကူးပြောင်းလာပါတယ်။ မိုးဝေကဗျာ(၁၉၇၀)ကို မလိုလားသူတွေက အဓိက ဦးတည် တိုက်ခိုက်ခဲ့တာဟာလည်း အဲဒီ ပုံသဏ္ဌာန်ကြောင့်ပဲ ဖြစ်ပါတယ်။

မိုးဝေကဗျာရဲ့ ပုံသဏ္ဌာန်က ‘အစဉ်အလာ လေးလုံးစပ် ပုံစံက လမ်းခွဲပြီး အပြောဘာသာစကားကို သုံးစွဲ’(မင်းလှညွန့်ကြူး) လာရုံတင် မကတော့ဘဲ ‘ပုဂ္ဂလိကခံစားမှုကိုပါ နိမိတ်ပုံများနဲ့ လွတ်လပ်စွာ ရေးဖွဲ့’(ညိုသစ်)လာတဲ့ ပုံသဏ္ဌာန်သစ် ဖြစ်လာပါတယ်။

ဒီနေရာမှာ ဆရာနတ်နွယ် ပြောဆိုတဲ့ အချက် (ပြည်သူ့ကြယ်ဂျာနယ်၊ ၁၉၇၂၊ မတ်)ကလည်း အရေးကြီးပါတယ်။ အကြောင်းအရာသစ်ကို ရေးဖွဲ့လာတဲ့အတွက် ပုံသဏ္ဌာန်ကလည်း တခါတည်း သစ်ဆန်းလာတာဖြစ်တယ် လို့ ဆရာနတ်နွယ်က ဆိုခဲ့ပါတယ်။

ဒါကြောင့် မြန်မာကဗျာ ဖြတ်သန်းရောက်ရှိလာတဲ့ မြန်မာကဗျာရဲ့ အရေးကြီးတဲ့ ရေစီးကြောင်း အလှည့်အပြောင်း တခုပဲ ဖြစ်ပါတယ်။

အဲဒီအလှည့်အပြောင်းကြားမှာပဲ မြန်မာကဗျာဟာ ဒီနေ့ ရောက်နေတဲ့ ‘ခေတ်ပေါ်ကဗျာ’အဆင့်ကို ပြောင်းလဲသွားဖို့ အရေးကြီးတဲ့ အချိုးအကွေ့တခု၊ တနည်းအားဖြင့် မောင်းနှင်အားတခုကို ရင်ဆိုင်လိုက်ရပါတော့တယ်။

အဲဒါကတော့ ‘ထင်းရှုးပင်ရိပ်’(၁၉၆၈) စာအုပ်ထဲကနေ ‘မော်ဒန်ဆိုလို့ မူလို့မှ ရှူစရာ မရှိဘူး’ ဆိုပြီး ဝေဖန်လိုက်တဲ့ မောင်သာနိုးရဲ့ တောင်းဆိုချက်ပါပဲ။

မိုးဝေကဗျာ လှုပ်ရှားနေတဲ့ တပြိုင်နက်တည်းမှာ မောင်သာနိုးက ‘မော်ဒန် ပေါယဲ့ထရီ’(ခေတ်ပေါ်ကဗျာလို့လည်း ဆိုတယ်) ကို တောင်းဆိုလိုက်တ့အြခါ ပထမဆုံး ထခဲ့တဲ့ ဂယက်ကတော့ ‘ဝေါဟာရပြဿနာ’ဂယက်ပါပဲ။ (ဒုတိယကတော့ ‘အတတ်ပညာ’ဂယက်ပါ။ မောင်လေးအောင်က -
အတတ်ပညာမဲ့သတဲ့
ငါ့ရဲ့ကဗျာကို
ပညာတတ်ကြိမ်လုံးနဲ့
တအုန်းအုန်းထုရိုက်တယ်
ဆိုပြီး မောင်သာနိုးကို ၁၉၇၀၊ မိုးဝေမဂ္ဂဇင်းကနေ တုံ့ပြန်ခဲ့)

မိုးဝေကဗျာရဲ့ တာဝန်ရှိသူလို့ ဆိုရမယ့် ဆရာနတ်နွယ်က မိုးဝေကဗျာကို တော်လှန်ကဗျာရယ်လို့ပဲ သတ်မှတ်တဲ့အကြောင်း၊ ခေတ်ပေါ် ဆိုတဲ့ စကားလုံးက ၀ါးလွန်းတယ်ရယ် ဆိုပြီး ရေးခဲ့ပါတယ်။ (ပြည်သူ့ကြယ်ဂျာနယ်၊ ၁၉၇၂၊ မတ်)

အဲဒီ ၁၉၇၀ တ၀ိုက်မှာ မြန်မာကဗျာလောကအတွက် ဂယက်ရိုက်ခဲ့တဲ့ စာအုပ်တအုပ်အဖြစ်နဲ့ နတ်နွယ်ကူညီပြီး ဒဂုန်တာရာ အမှာရေးခဲ့တဲ့ (မောင်လေးအောင်မပါ) မောင်သင်းခိုင်(ပါ) ၁၀ ဦး (မိုးဝေကဗျာဆရာအများစု)ရဲ့ ‘တော်လှန်ကဗျာ’ ဆိုတဲ့ စာအုပ် (၁၉၆၉၊ ဒီဇင်ဘာ) ထွက်လာတဲ့ အချိန်လည်းပဲ ဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် အဲဒီလို မိုးဝေကဗျာ၊ တော်လှန်ကဗျာ ဆိုတဲ့ ရေခံမြေခံထဲကနေပြီး ခေတ်ပေါ်ကဗျာဟာ ပေါ်ပေါက်လာခဲ့တာ ဖြစ်တယ် လို့ ကောက်ချက်ချရမှာပါပဲ။

ဒါကြောင့် စာပေသစ်ကနေ ထင်းရှူးပင်ရိပ်အထိဟာ ခေတ်ပေါ်ကဗျာ ဖြစ်တည်ဖို့ မြန်မာကဗျာက လမ်းခင်းလာတဲ့ ရေစီးကြောင်းရှည်ကြီး ဖြစ်ပြီး ၁၉၇၀ ကနေ ၁၉၈၈ အတွင်းမှာ ခေတ်ပေါ်ကဗျာဖြစ်ထွန်းရေး အယူအဆတွေ (ဥပမာ ဇင်နိုးကြူး အယူအဆ) အားကောင်း ခိုင်မာလာခဲ့တယ်လို့ ဆိုရပါမယ်။

အဲဒီကနေမှ မြန်မာကဗျာဟာ အဲဒီ (၁၉၇၀-၈၈) ရေခံမြေခံတွေကို ဖြတ်ပြီး ၁၉၈၉ ခုနှစ်ရဲ့ ဒီဘက်ပိုင်းမှာ စာပေသစ်အရင် ကဗျာများ၊ စာပေသစ်နောက်ပိုင်း ကဗျာများနဲ့ မတူတော့တဲ့ ကွဲပြားခြားနားသွားပြီး ခေတ်ပေါ်ကဗျာ ပီပီမြည်မြည် ဖြစ်လာခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

ခေတ်ပေါ်ကဗျာရဲ့ လမ်းကြောင်းကိုတော့ အဝေးကနေ တဖြည်းဖြည်းချင်း အနီးကို ရောက်အောင် ကြည့်တဲ့နည်းနဲ့ လေ့လာရမှာ ဖြစ်ပါတယ်။ အဲဒီအခါမှာ အရေးကြီးတဲ့ အခန်းကဏ္ဍ နှစ်ခုကတော့ (၁) ၁၉၈၈ မတိုင်မီ ခေတ်ပေါ်ကဗျာ ဖြစ်ထွန်းရေး နဲ့ (၂) ၁၉၈၈ နောက်ပိုင်း ဖြစ်ထွန်းလာတဲ့ ခေတ်ပေါ်ကဗျာ ဆိုပြီး ဖြစ်ပါတယ်။

ခေတ်ပေါ်ကဗျာရဲ့ လမ်းကြောင်းကို ဆက်ပြီး လေ့လာသုံးသပ်ဖို့တော့ လိုပါဦးမယ်။


အောင်ဝေး


[ရုပ်ရှင်တေးကဗျာ၊ အောက်တိုဘာ ၁၉၉၇]


{ ခေတ်ပေါ်ကဗျာ ဘာလဲ ဘယ်လဲ စာအုပ်မှ }






http://aungway.wordpress.com/

Friday, May 27, 2011

ဆယ်စုတစ်ခေတ်ရဲ့ အလွမ်းမှန်ကူကွက်

(၁)

နိုင်လွန် လမ်းမပေါ်မှာ ဖိနပ်မပါတဲ့ လေဟာ ဦးတည်ရာမဲ့ ရှပ်တိုက်ပြေးလွှားနေလေရဲ့ ဝါကြန့်ကြန့် သစ်ရွက်အိုတို့ ဘဝကို အရှုံးနဲ့ စွန့်ခွာခဲ့ရသူမို့ ရွှေရင်တဆို့ဆို့ မြေပေါ်မှာ လူးလှိမ့်လို့ပေါ့။ ရန်ကုန်ရဲ့ မေလ အပူလှိုင်းလုံးတွေ ထ (မောင်လေးအောင်…) မင်းအတွက် မင်းအတွက် ပင့်သက် ချီနေတာများလား။ ပူပြင်းရက်စက်တဲ့ နွေရဲ့ရင်ခွင်မှာ မင်းဟာ မင်းချစ်တဲ့ ငါတို့ကို ရက်စက်စိမ်းကားစွာနဲ့ စွန့်ခွာသွားခဲ့တယ်လေ။ ၁၉၇၇ မေလ ဟော ကြည့်စမ်းပါ ဆယ်စုတစ်ခေတ်ဆိုတဲ့ကာလ မနေ့တစ်နေကလို အလျားတိုတိုကလေးပါလား။ မောင်ယဉ်မွန် ကွယ်လွန်ခဲ့တုန်းက မင်းရေးဖွဲ့တဲ့ ကဗျာမျက်ရည်ကို အင်အားအဖြစ် ပြောင်းပစ်လိုက်တဲ့ ကဗျာ မင်းမှတ်မိနေဦးမှာပေါ့။

“ပန်းတွေ

ကြွေနေဆဲပါ သူငယ်ချင်း

ဒါပေမယ့်

ပန်းတွေ ဝေနေဦးမှာပဲ

သူငယ်ချင်း” …. တဲ့ 

ဟုတ်ပေရဲ့

မင်းမရှိတော့တဲ့ နောက်ပိုင်းမှာ ကဗျာမုန်တိုင်းတွေ ထန်လာတယ် ကဗျာရေစီးတွေ သန်လာတယ် ဒါပေမယ့် မင်းပြောခဲ့သလို ပန်းတွေ ဝေနေဆဲပါ သူငယ်ချင်း ….။ ဖြစ်တည်မှုရဲ့ ကြောင်လိမ်လှေကားပေါ်မှာ မင်းချစ်ခဲ့တဲ့ ကဗျာ ၂၁ ရာစုမှာ ပိုပြီး ကျန်းမာလာဦးမှာပါ။



(၂)

မြင့်မြတ်တဲ့၊ ခေါင်းပုံမဖြတ်တဲ့၊ သွေးစုတ် မခြယ်လှယ်တတ်တဲ့၊ ရိုးသားဖြောင့်မတ်တဲ့ ကဗျာဆရာတစ်ယောက် ထာဝရ အိပ်စက်နားခိုဖို့ မြေဝသုန်ဟာ နွေးထွေးယုယစွာနဲ့ ကြိုဆိုဂုဏ်ပြုခဲ့ တယ်မဟုတ်လား။ “ရေနဲ့ နာမည်ရေးသူ လဲလျောင်းရာ” ကဗျာဆရာ ဂျွန်ကိရဲ့ အုတ်ဂူပေါ်က စာတန်းဟာ သိပ်ပြီးတော့ ရိုးသားပါတယ်။ တကယ်တော့ ရေနဲ့ နာမည်ကို ကမ္ပည်းထိုးခဲ့သူတွေဟာ ကက်ပလင်းလို၊ အိုက်စတာပေါင်းလို လူစားတွေ ဖြစ်တယ်။ သူငယ်ချင်းလို၊ ညီအစ်ကိုလို၊ ရဲဘော်လို၊ ချစ်ရတဲ့ မောင်လေးအောင်ရေ မင်းနာမည်ကို မင်းဟာရေနဲ့ ရေးသွားခဲ့တာ မဟုတ်ဘူး နှလုံးသွေးနဲ့၊ နှလုံးသွေးနဲ့ ရေးသွားခဲ့တာပါ။ ဆွေးနေတဲ့ နံရံပေါ်မှာ မင်းကဗျာ ရေးခဲ့တာမဟုတ်ဘူး။ သံမဏိနံရံပေါ်မှာ မင်း ကဗျာရေးခဲ့တာ ဖြစ်တယ်။ ရဲဘောကြီးရေ ပန်းတွေ ဝေလိုက် ကြွေလိုက်၊ နေဝင်လိုက် ထွက်လိုက်၊ နေ့ဖြစ်လိုက် ညဖြစ်လိုက်၊ မိုးရွာလိုက် နေပူလိုက်၊ အမူးပြေလိုက် မပြေလိုက်နဲ့ မင်းမရှိတော့တဲ့ ဆယ်စုနှစ်ရဲ့ လွမ်းမောဖွယ် အကာလ ပုဇွန်တောင်ရဲ့ ညနေခင်း မသင်းပျံ့တော့ဘူးလေ။


မောင်သင်းခိုင်



http://www.kaungkin.com/index.php?option=com_content&view=category&layout=blog&id=42&Itemid=62