Tuesday, May 31, 2011

ကျောက်ကပ်တစ်ခြမ်းနဲ့ ငြိမ်းချမ်းရေးယူထားတဲ့ အနာဂတ်ဝှက်ဖဲတစ်ချပ် (၀r ) BULLMIA ဆာလောင်ရောဂါ

မျှော်လင့်မီးပွားတွေ တောက်လောင်လို့ အကြွင်းအကျန် ရယ်မောခြင်းတွေက ရုန်းထလာခဲ့ပြီ
ခင်ဗျားနဲ့ ခင်ဗျားစိတ်ကို ခွဲခွဲခြားခြားကွဲပြားစွာမြင်လိ
ုက်ရတယ်
ကမ္ဘာ့ရဲ့ အခြားဒေသများမှာလို ပုံမှန်ရှင်သန်လာနိုင်ပါ့မလား ဆိုက်ဘေးရီးယားရယ်
တတ်လည်းတတ်နိုင်တာပဲဆိုတာ အဖွင့်အပိတ်ဆိုတဲ့  SHUTTER
အတွေးတွေ အဆွေး BLACK HOLE ထဲ တဝေါဝေါစီးဆင်းလျက် ရောထွေးသွားတဲ့ 
အဓိပ္ပါယ်ကို ငြင်းဆန် ခေါင်းမာ
ကျောက်တုံးပေါ်ကအလင်း လော့ခ်ရဲ့ TABULA RASA ဆိုတဲ့ သဘော
အရောက်လှမ်းတဲ့ စိတ်ခြေလှမ်းတွေက ခပ်စိတ်စိတ် ထပ်ကျော့မိလည်း
မေ့မေ့လျော့လျော့ programming process သော့မရှိတဲ့ စိတ္တဇဆိုက်ကလုန်း
တစ်ခါတစ်လေ ချိုတဲ့ဘလက်ကော်ဖီခါးခါးတစ်ခွက် ပိတ်ထားတဲ့တံခါးတွေပွင့်လာပါ့မလားကွယ်
သိမှုကိုသိတာနဲ့  အမှန်တရားက ခရီးဦးကြိုဆိုသူပေါ့
ဆွဲလိုက်တဲ့ မျဉ်းတစ်ကြောင်းဟာ point of consciouness ခရီးသွားမှတ်တမ်းတစ်ခု
ကန်ထဲက ငါးကလေးတစ်ကောင်ရဲ့  စကြဝဠာ imagination ရေမှော်ပဉ္စလက်ပန်းပွင့်
အရှိန်သေနေတဲ့  အလင်းရောင် ဖျော့ဖျော့ တွေအကြား အပျင်းပြေ လေဒီဂဲလ်လေးရဲ
့ sweet 0r sexy
မေးခွန်းတချို့  ပြန်လည်ဖြေကြားခြင်းရပ်ဝန်း ပျက်ဆီးတာမှာ ကမ္ဘာကြီး
စိတ်ဓာတ် လူပြောသူပြောများနေတဲ့  အတုအပချစ်ခြင်းမေတ္တာ
ပူစီလေးငါးကြော်ကိုမုန်းနေတဲ့ စိတ်အခြေအနေ အားလုံးကိုရိပ်မိနေတဲ့ လူ
အူတူတူပါပဲ
အမျိုးသမီးကြီးငယ်မရွေး သုံးစွဲနိုင်
အမျိုးသားကြီးငယ်မရွေး သုံးစွဲနိုင် လာတဲ့ 
ဖောင်းပွတန်ဖိုးလျော့ရဲမှုများ negative 0r positive space များ
စကြဝဠာထဲက လာတယ်ဆိုပြီး စကြဝဠာထဲကိုပဲပြန်သွားချင်နေတဲ့ ကိုကိုတစ်ယောက်
စိတ်ထဲကအတေးအမှတ်တွေအားလုံးက cancer 0r delete
မင်းသိဖို့ အသေအချာကောင်းတယ် ကိုယ်တစ်ယောက်တည်း နှုတ်ခမ်းသားထက်က
ဆဲလ်အသေကြမ်းတွေကို ကိုက်ထုတ်ပစ်ခဲ့ တဲ့ ကိစ္စ ဘာဆိုဘာမှမဟုတ်
ဂဲသြမေထရီ အလိုအရ ဒြပ်မဲ့ စိတ်ကူးသက်သက်များ
ဒေးကတ်ကတော့ I THINK , THEREFORE I EXIST ဆိုပဲ ကိုယ့်လူတို
့ခေါင်းညိမ့် 0r ခေါင်းခါ တစ်ခုခု
အော်....0R ဒီလိုနဲ့ ပဲ လျှော်ပစ်လိုက်တော့လေ


နေအေဒီ

ချစ်မေတ္တာထံပါး ချာချာလည်နားလို့ နေ

လည်နေတယ် ၀တ်မှုန်လေးတွေ အလည်လွန်နေတာ ဖြစ်နိုင်သလို

ကော်ဖီခွက်ထဲ ကမ္ဘာကြီး ချာချာလည်နေနိုင်တာမျိုး

မင်းအတွေးအာရုံထဲ ဘယ်တော့မှအလည်မရောက်နိုင်ခဲ့ ဘူး

သေချာတယ် တစ်ခုခုပေါ့ အနှောင့်အယှက်မေးလ်တွေငါ့ဆီ အကုန်စုပြုံလို့ ရောက်

ဆွေးမြေ့ နှင်းဆီတွေ ရင်ဘတ်ထဲ ခဏခဏပွင့်အန်ကျတာမျိုးလား

ပါးပြင်ဖြူလေးဆီ အရောက် မှတ်ဥာဏ်ဓာတ်ပုံလိုအရာတွေ ငါ့ထံက ပျောက်ကွယ်

မတတ်နိုင်ပါဘူး မောနွေ တကယ်ပါ we can't help ဆိုတဲ့ ကမ္ဘာကြီးထဲ

အခုပဲအလည်အပတ်ရောက်ရှိတော့မယ့်ဟန်

ဆဲလ်အသေတက်တူးတွေ ထိုးပြီး အရေပြားအရွဲကြီးတွေအပေါ် မရှင်သန်ချင်ပါဘူးကွယ်

ဧဒင်ဥယျာဉ်ထဲ တစ်ရက်ရက်တော့လမ်းလျှောက်ထွက်ဖြစ်ပါလိမ့်မယ်

ပွင့်ချပ်တစ်ခုချင်းစီ အလျားဆန်ဆန် ဖြတ်အကူး

ခုနှစ်ရောင်စဉ်အတ္တကြယ်က ငါ့တစ်ကိုယ်စာအပေါ် စီးမိုးလာတယ်

ချစ်ခြင်းမေတ္တာဆီ ဆိုက်ရောက်နိုင်ပါ့မလား

တောက်တောက်ပပ မြက်ခင်းအပေါ် နေရောင်ခြည်က စိုစွတ်ပူနွေးလို့ 

တကယ့်ကိုချစ်မေတ္တာကိုယ်ပွားသဖွယ် မင်းဘ၀ထဲအတိအကျ

ရင်ကွဲနှလုံးသားအပေါ် ပုစဉ်းလေးဟာ တပ်မက်စွာ နားနေခဲ့ တယ်

ကြားခံနယ်အချို့ ကို လှလှပပဆော့ကစားရန်ကျန်ရှိနေသေးလား ချစ်သူ

ငါ့လက်ဖ၀ါးသွေးကြောတွေထဲ နာမည်လေးတစ်ခုဟာစီးဆင်းလို့ နေ

လက်ကျန်ဖန်ခွက်ထဲက အယ်လ်ကိုဟော 1.2 vol. တိတိဟာ ငါ့အသွေးအသားထဲ

လည်ပတ်ရောက်ရှိရန် တာဆူစောင့်ဆိုင်းနေခဲ့ တယ် ကောက်မော့ပလိုက်ရမလား

ကဗျာရေ ငွေစက္ကူယဉ်ကျေးမှုထဲ ဘယ်တော့မှစီးမြောလည်ပတ်လိမ့်မှာမဟုတ်

အရာရာဟာလည်ပတ်ကောင်းလည်ပတ်နေပါလိမ့်မယ်

ငါကိုယ်တိုင်ချာချာလည်လို့  တစ်သက်လုံးမတွေ့ ရလည်း

တစ်သက်စာချစ်မိနေခဲ့ ခြင်းမှာ ချာချာကိုလည်လို့ ။ ။


နေအေဒီ

အတိမ်းအစောင်းခပ်များများနဲ့ ကိုယ့်ညနေတွေ

ပြောချင်တာတွေကို မင်းဆံပင်ရှည်ထားနေလို့ ကိုယ်ဝမ်းသာနေတဲ့  အကြောင်းကစလိုက်ပြီအဲဒါက စောင့်မျှော်နေတဲ့  တစ်စုံတစ်ရာရဲ့ေ၇ှ့ ပြေးနမိတ်ပေါ့။ဆံပင်တွေရှည်ဖို့  အချိန်ပေးရသလိုချစ်မေတ္တာတချို့ အတွက် အချိန်ပေးကြည့်ပါလို့ ပြောရင်တကယ်တမ်းနောင်တရခဲ့ တာ အာဒံပါဗျာလို့ 

မင်းအသေအချာငြင်းအုံးမှာပါပဲ။

မင်းရဲ့ စိတ္တဇအရွေ့ တွေထဲ ကိုယ်စိတ်ကြိုက်ခံစားကြည့်အပြီး

လျှင်မြန်စွာ သက်သာပျောက်ကင်းဖို့ ကို အလိုမရှိဘူး။မင်းရဲ့ နာကျင်ဝိဥာဉ်တွေ ကိုယ့်နှလုံးသားထဲတက်တူးလိုနေရာအပြည့် ကျေနပ်နေမိတာပါပဲ။

ကမ္ဘာရဲ့ နေအ၀င်စောလည်း ဘာဖြစ်လည်းပေါ့မေ့ချင်လို့ မေ့ပစ်ခဲ့ တဲ့ အရာတွေဘယ်တော့မှ ပြန်မတွေးဘူး။ကိုယ့်ကိုလာလာမမေးပါနဲ့ ။

မျက်နှာဖုံးကို ဆွဲခွာပစ်မှာမကြောက်ဘူးလား။တစ်ယောက်နဲ့ တစ်ယောက် လမ်းခွဲပြီဆိုရင်

မျက်လုံးချင်းဆုံအောင်ကြည့်ပြီး" ၇ှင့်ကိုကျမ မချစ်တော့ဘူး" ဆိုတာမျိုး ပြောဖို့ လိုအပ်လို့ လား။နောက်ထပ် ...ထပ်ပြီးမတွေ့ ၇ုံ ၊ မဆက်သွယ်ရုံနဲ့ ပြီးပြီလေထပ်...ထပ်ပြီး ဆက်ရန်မရှိရင် ပြီး...ပြီးး သွားမှာပေါ့။မင်းက စနစ်တကျ သန့်စင်ပစ်လိုက်ရမယ့်စိတ်ဆဲလ်အသေ အပိုင်းအစလိုမျိုးမင်းဘာမှသိမသွားပါဘူးငါ့တစ်ကိုယ်စာ ပြတိုက်လေးထဲ မင်းကိုသိုဝှက်ထားခဲ့ တာတွေမင်းဘာမှအသေအချာမသိသွားဘူး။အကြောက်တရားတစ်ခုကြောင့် နီးစပ်မှုရဲ့ ရလဒ်က အဝေးဆုံးကိုလွင့်စင်ခြင်း ကမ္ဘာအသေပဲလေ။နောက်ဆုံးပေါ်တွေ့ ရှိချက်အရချစ်မေတ္တာမဲ့ နေရင် မျက်ဝန်းတွေကအသေပဲဆိုတာတွေလာရွတ်ပြမနေနဲ့ တော့။အစွဲအလမ်းခပ်များများနဲ့  ကိုယ့်ရဲ့ ညနေတွေက တိမ်းစောင်းနေခဲ့ ပြီးသားဆိုတာ သိရဲ့ လား။


နေအေဒီ

လှေကားထစ်များရဲ့  အဝေး စိတ



သွားမထိနဲ့ လေ မင်း စကြ၀ဠာကြီးတစ်ခုလုံးကို၊ စွန့်ပစ်ပစ္စည်းတွေက

သိပ်အန္တရာယ်ရှိတယ်။ အသာလေး ခံယူလိုက် မင်းလျှာဖျားပေါ်စီးကျလာမယ့်

ခံစားမှုရှတတ အချို့ ပေါ့။ ကွဲတယ် စိတ်။ ဘာစိတ်လည်းမမေးနဲ့ ။နာကျင်စိတ်

မင်းပေးခဲ့ သလား ငါယူခဲ့ မိလား ။ အဲဒါတွေအားလုံးက မရေရာ မသေချာဘူး။

ဘာလဲ...သွားစမ်းပါ ဘာသာစကားဆိုတာတွေ ငါ့စိတ်နဲ့ ငါဆက်ဆံရာမှာ

အသုံးမ၀င်ဆုံးဘဲ။ငါ့ဘာသာသာ ငါနေမယ်။ မင်းစိတ်နဲ့ မင်း။ အဲဒါထူးလား၊ ခနလေး

မင်းစဉ်းစား။မနေ့ ကအတိုင်းပဲ ဒီနေလည်း ဆက်ပြီး မနေ့ ကအတိုင်းပါပဲ။

မင်းကမင်း ငါကငါ အများကအများ ။အဲ့ အဲ့ နောက်ဆုံးတော့ အဲ့ ဒါပဲပေါ့။

စိတ်ရှည်လေ။ အချိန်ကိုစောင့်။ နေ ကြာစေ့ အခွံဆွေးများ ၊ ငြိမ်းချမ်းရေး

ကြယ်ပွင့်များ၊ နှင်းဆီ ပွင့် အပြီးသုံးရက်မြောက်နေ့ များ

မင်းဆီရောက်လာမယ့် တချို့ တချို့ များအကြား ငါ့စိတ်တွေမင်းဆီက

ပျံပြေးထွက်သွားခဲ့ တယ်။ မရှိဘူး လုံးလုံးကိုမရှိတာ။မရှိဘူးဆိုတာ

ကိုဆယ်ကြိမ်ပြောမယ်။ဘာယောင်မှ မဆောင်ဘူး။အငြင်းဝါကျချည်း သက်သက်၊

မင်းကိုငါငြင်းမယ်။ ငါတိုးတိုးလေး ငြင်းတယ်။ အသံသိပ် တိုးတယ်။

ဒရမ်ရိုက်ချက် ခပ်ပြင်းပြင်းတွေ မင်းရိုက်ချလိုက်။တီးလုံးက

ဆုံးပြီ။ခံစားချက်တွေ ရှေ့ ဆက်လို့ ရမ ရ။မင်း

ဆက်တိုးကြည့်ပေါ့။လှေကားထစ်များရဲ့ အဝေး စိတ်။

နေအေဒီ

တိတိပပဝေးကြပြီဆို မျက်လုံးတွေ မှိတ်ချလိုက်မယ်

စိတ်ရဲ့ ရောင်ရမ်းမှုတွေ တစ်ကိုယ်လုံးကို ကူးစက်တာကစတယ်။တုန်ယင်နေတဲ့  စီးကရက်တိုလေးကို သနားမိတယ်။အချစ် မျက်လုံးတွေဖွင့်လျက်သား ကိုယ်မင်းကိုသတိရနေတယ်။ခံစားချက် ပြင်းထန်တယ်လို့ ထင်ရတဲ့  သီချင်းတွေကအစ အနုပညာအားလုံးကို အဆုံးစွန် ငါလျှော့ချပစ်နေမိတယ်။ကျဆုံးခြင်းတွေနဲ့  ငါ့ကိုနွေးထွေးနှစ်သိမ့်ပေးမှာပဲ။အနားမှာနေပါ ဂျင်နီ။မျက်ဝန်းထဲရစ်နှောင်ထားတဲ့  တွဲလက်တစ်စုံက လှောင်ရယ်နေတာ။မှားတယ်။မုန်းတယ်။မင်းနဲ့ ငါ့ရဲ့ သင်္ကေတတွေကို။အရာရာပျောက်ကွယ်ဖို့ လိုအပ်နေခဲ့ ပြီ။အချိန်းအချက်မှားနေ့ တွေမှာ သိမ်ငယ်မှုတွေစွန်းထင်းလို့ ၊ ရှင်သန်လျက်သေဆုံးခဲ့ ရတယ်။ချစ်မေတ္တာနဲ့ ပေးတဲ့ ပေါင်မုန့်သိုးနေလည်း မင်းစားမိမယ်မဟုတ်လား။အဲ့ လိုယုံကြည်ထားခဲ့ တယ်။ဘ၀က သက်တံ့ တွေလို လှချင်လှနေမှာပေါ့။အနီးကပ်ကြည့်ဖို့ လိုချင်မှလည်းလိုလိမ့်မယ်။ရေတစ်ပေါက် စင်ခွင့်ရခဲ့ တဲ့  ကန္တာရ သဲတစ်ပွင့်လိုမျိုး ခဏတာ ငြိမ်းအေးမှု၊ ခပ်စိမ်းစိမ်းပြေးထွက်သွားခဲ့ တယ်။နာကျင်မှုတွေက အန်ထုတ်မိတဲ့ စကားလုံးတွေပဲ။ဝေးရာကိုဘယ်တော့မှမသွားကြဘူး။မှားခဲ့တယ်။အကြီးကြီးမှားခဲ့ တာမျိုးပေါ့။ကံမကောင်းလို့ အကြောင်းမလှတာလည်းပါတယ်။ရွက်ဟောင်းကြွေလို့ လွတ်လပ်သွားတဲ့ သစ်ပင်လိုမျိုး၊ လူ့ အဖြစ်မှ ဘယ်အရာတွေကြွေပစ်လိုက်ဖို့ လိုအပ်နေလဲ။စောင့်ဆိုင်းနေမိဆဲ။ကြေကွဲ နစ်ရှုံးအတွေးဆွေးအတိတ်ခါးတွေနဲ့ ကျိန်းစပ်လို့ နေရတယ်။ငြိမ်းချမ်းခြင်း သင်္ကေတကို ငါ့နားတစ်ဖက်မှာ ပန်ဆင်ထားမိတဲ့ နေ့ ရက်တွေ။အထွေအထူးမဟုတ်ရပါ။အနီးဆုံးရဲ့ အဝေးဆုံးသို့ ဆိုတာလိုမျိုး။လွမ်းမိတယ်။လွမ်းနေမိတယ်ဆိုတာ တကယ်ပါ။တိတိပပ ဝေးကြပြီဆို မျက်လုံးတွေ မှိတ်ချလိုက်မယ်။

နေအေဒီ

လှုပ်လှုပ်ခတ်ခတ် ဘာအတွက် အသက်ရှင်နေတာလ



ခေါက်ချလိုက်။ဖြန့် ကျက်မှုအပိုင်းအစတွေ

စိတ်ထပ်ခိုးတစ်လျှောက် တွယ်ကပ်လို့ အရိပ်ကျမြဲကျတယ်

အလင်းပေါ်ကစိတ် အခိုးငွေ့ ကိုရှိုက်တယ်။

မာယာမကင်းတဲ့  ဓာတ်မတည့်မှုများ သတိပြု ၀ိဥာဉ် နား

အနားကပ်အော်သွားခဲ့ တယ်။နေ့ ရက်တိုင်းမှာ

မင်းတစ်ယောက်တည်းမဟုတ်ဘူးလေထု

ညစ်ညမ်းမှုတွေရဲ့ အကြား တီရှပ်ဖြူုလေးကို

အထပ်ထပ်လျှော်မိတယ် ငါ့တစ်ကိုယ်တော် အောက်စီဂျင်လေးမင်း

ဘယ်ကိုလွင့်နေတာလည်း သွားတာပါပဲပါးလျစေခဲ့ တယ်

အတ္တရဲ့ ဗဟိုကို ထိခတ်အသွား လောင်မြှိုက်ကမ္ဘာသစ်တစ်ခု ရောက်အလာ

ပြုပြင်မရခဲဘူး ဒီကိုက်နေခဲ့ ရလား ဆံပင်တွေ ဝေ့ခနဲအကျ

ငါမင်းဆီရပ်တည်နိုင်မယ် မဟုတ်လား နေရောင်ခြည်ကိုခံယူပါ

T-Cells ခုခံအားစနစ်တွေကောင်းမွန်နေပါစေ ဘာကိုအားကိုးလို့ နေမိတာလဲ

ကိုင်လိုက်တိုင်းထိရှနေတတ်တဲ့ ဓားတစ်စင်းပဲ အသက်ဝင်လာသလိုလို

သေနင်းသေကွက် မိနေတဲ့  နယ်ရုပ်လေးရဲ့ ရာဇ၀င်လိုလို အရောက်လာမယ့်ရက်

ကြိုချိန်းလိုက်မိ သလိုလို ရွေးထိခံလိုက်ရသလိုလို ဒါနဲ့ ပဲ မင်းနှုတ်ခမ်းဖျားက လောင်ကျွမ်းခံ

ဆေးလိပ်လေးကို လှုပ်လှုပ်ခတ်ခတ် ဘာအတွက် အသက်ရှင်နေတာလဲလို့ ငါတိုးတိုးလေးမေးချင်နေမိသလို။
နေအေဒီ

ကဗျာဒိုင်ယာရီ

စိတ္တဇအတွင်း ပန်းပွင့်ချိန် အသံတွေ ဟစ်အော်ရ ပေးဆပ်ဖူးတဲ့ လူသားတိုင်း

ငြိမ်းအေးဖူးမယ်ဇာတ်လမ်းပိုင်းတွေဆန်တယ် ဆွဲထုတ်နေရတဲ့ ပုံရိပ်တစ်ခု

ဒီကောင်းကင်ထဲ ကြယ်လေးတွေက စိတ်ရဲ့ ထိမှတ်ပဲ ကွန်ယက်တွေရဲ့ ဆက်သွယ်မှုအဆုံး

ခေါ်သံတွေကွဲထွက် အက်သွားခဲ့ တယ်။သူ့ ဟန်ပန်ကို အလွတ်ရနေမိရင်း

ထပ်ကျော့နေမိတဲ့ သီချင်း အပိုင်းအစလား ချစ်မေတ္တာ ၁၉၉၀ တစ်ဝိုက်က

နွေရာသီလေးက သူ့ ချစ်ခြင်းနဲ့ မှငြိမ်းအေးချင်နေတယ် နဲနဲတော့အကဲဆတ်တယ်

ရုတ်တရက် အကြမ်းဖက်ခံ ဒဏ်နဲ့  အချိုးအကွေ့ အဟုန်က တကယ်ပါ

ကိုယ့်ကိုကိုယ်ဖောက်ခွဲပစ်နေတာတွေ ရပ်လိုက်ဖို့ သင့်နေပြီ

ဒီနေ့ မှ လူ့ အဖြစ်က ဆက်သွယ်မှုဧရိယာပြင်ပနဲ့ ဘာနဲ့ ရနံ့ က

သိပ်သည်းလွန်းတယ် ပန်းကလေးဆိပ်ဖလူး အခုဆိုကောင်းကင်ကြီးဆီမော့ကြည့် တိမ်တွေကိုတစ်ဆက်တည်းမြင်တစ်ခါတည်းလွမ်းပလိုက်တာပဲ

လှပတဲ့ လက်ခုပ်သံတွေမလိုအပ်ပါဘူး သတိရရင်

ကဗျာဒိုင်ယာရီ တစ်ချို့  သတိရစိတ်တချို့ နဲ့ အော့ဖ်လိုင်းမက်ခ်ျဆေ့တစ်ချို့ လိုမယ် သေချာတယ် အဲ့ လိုချစ်ခြင်းတရားမှာ ကျမပျော်တယ်။

နေအေဒီ

မျက်ဝန်းတွေပိတ်လောက်အောင်ရယ်ရင်း လိပ်ပြာသေတွေ တောင်ပံခတ်ပျံသန်းလို့ 

ပြိုကျပျက်စီးနေတာတွေ ခံစားမိတယ် ငေးကြည့်နေမိရင်း

တစ်ယောက်နဲ့ တစ်ယောက် နှလုံးသားမှာ တံခါးခေါက်ဖို့ မလိုဘူးဆိုတာတွေလည်းသွား

ခြေလှမ်းတွေမမှားခဲ့ ဘူး လမ်းတွေနောက်လိုက်မိတဲ့  ဖိနပ်တွေ

လွင့်စင်ရတော့မလား မင်းနဲ့ ကိုယ်နဲ့ ကစိတ်တူကိုယ်တူကမ္ဘာလူဖြစ်ကြောင်း

ပြန့် ကျဲနေတဲ့ အခွံမာသီးတွေနဲ့ အတူ ပျော့ညံ့ တဲ့ စိတ်တွေကိုလွင့်ပစ်လိုက်ခဲ့ ပြီ

ကိုယ်တကယ်သေသွားခဲ့ တယ် ဖုန်းကိုပိတ်ပစ်လိုက်တဲ့ နောက်

ဟိုးးးစိတ်အဖျားအနားက မင်းရီသံသဲ့ သဲ့ လေး ၀ိညာဉ်တစ်ခုလုံးတုန်ခါလို့ ဝေးးထွက်သွား

အဲ့ ဒီမိုးတွေသည်းခဲ့ တဲ့ ရက် မသေခဲ့ ဘူးဆိုတာတွေက ငါဆိုတဲ့ အံဝှက်လေးထဲမှာ

လူ့ အဖြစ်ငါတွေအလုပ်များနေပုံ အထီးကျန်ခြင်းကိုယ်စီနဲ့ ချစ်ခြင်းတရားဟာ

တစ်ယောက်နှလုံးသားပေါ်တစ်ယောက် ခိုလှုံနွေးထွေးချင်နေခဲ့ရင်စိတ်နှလုံးသားချင်းတိုက်ရိုက်ထိတွေ့ ဆက်ဆံဖို့ လိုအပ်တာတွေရပါတယ် ရှိပါစေတော့ပေါ့ တစ်ယောက်တည်းငြင်းဆန်နေမိရင်း

ချစ်နင်ကငါ့ဆီမှာ အော့ဖ်လိုင်းဖြစ်နေခဲ့ ပြီဆို ချစ် နင်သာငါနဲ့ ဝေးရာသွားနေခဲ့ပြီဆို

နာကျင်မှုတွေကမမြင်ရတဲ့ အကြမ်းဖက်မှုတွေပါပဲ

ဆွေးမြေ့ မျက်လုံးတစ်စုံကိုလည်းမှိတ်ထားမိမယ်

မျက်ဝန်းတွေပိတ်လောက်အောင်မရယ်ပါနဲ့ လား နစ်မြှုပ်သွားရတော့မှာ ..ငါ

ဆက်ချစ်တယ်ဆိုတာ ဆက်ပြီးနာကျင်စေဖို့ အတွက်လား

မင်းရဲ့ မျက်သားကရေခိုးရေငွေ့ တွေလို ဘယ်တော့မှဝေးရာကို...ငါ

ကိုယ်ဒီလိုကမ်းပေးမိတဲ့ လက်ကို ဖိအားခပ်များများနဲ့ ဟွန်းတီးသံတွေအားလုံး

ပုတ်ချလိုက်တဲ့ နောက်ပြတိုက်ထဲက လိပ်ပြာသေတွေ
တောင်ပံခတ်ပျံသန်းလို့  ဝေးးးထွက်သွား

နေအေဒီ
ဇီးရိုးဒီဂရီနာကျင်ထောင့်ကျဉ်း

ယုံတမ်းစကားတွေ ကျပျောက်ဖူးတဲ့နောက် ဘ၀က ရုန်းမထွက်နိုင်တဲ့ချားရဟတ်တစ်ခု အသေအချာပြော နာကျင်မှုတွေရဲ့  ပြယုဂ်တွေအကြောင်းနားစွင့်နေကြတယ် ဟန်နီ နာကျင်စရာတွေ ကုန်ပြီဆို နာကျင်ပိုတွေ ရှိတယ် ယုံ။ရေခဲမရိုက်ဖြစ်တဲ့ နာကျင်မှုဟာ သွေးကြောရှည်ကီလိုမီတာတစ်သိန်းမှာ

အဆီးအတားမရှိယိုစီးလို့ နေ ဆိုးတာပါပဲ နာကျင်ဒိုင်ယာလော့ခ်တွေ

တောက်လျှောက်ကိုယ်ပြောနေမိတော့မယ် ချစ်မေတ္တာကို မြေဖြူနဲ့ ရေးလည်း

ခပ်နက်နက်ကိုယ့်ဘက်ကိုကျွံဝင်လာမှာပဲ မင်းကိုမြင်လို့  ငါမျက်နှာ လွှဲမိတာ

မင်းအပြစ်ရယ်လို့ မှ မဟုတ်တာ အမှန်ကနာကျင်တံတားပေါ်မှာမို့ ဖောက်ထွက်စရာလမ်းမရှိတာပါ

အခန့် မသင့်ရင် ဝေးကွာခြင်းကဟိုဘက်မှာအသင့်စိတ်နာကျင်စေမယ့် အရာတွေကိုပေါ့ မေ့မေ့လျော့လျော့နေသိလား ထိတွေ့ စမ်းသပ်မိတိုင်း အေးစက်ထုံထိုင်းနေတဲ့ သွေးကြောတွေ
စိတ်ထဲဝဲ၀ဲနေတဲ့လိပ်ပြာလေးတွေကိုယ်မရွေးချယ်ခဲ့မိဘူး
အရည်ပျော်စီးပြိုလဲမယ့်ဖယောင်းတိုင်လို၊တစတစ အက်ကွဲကြေမွတော့မယ်ဖန်ခွက်လိုနာကျင်ထိတ်လန့်စိတ္တဇအဖြစ်ဖြတ်သန်းရကိုယ်။

နောက်...နောက်ထပ်နာကျင်မှုတွေကပေါက်ကွဲပစ်ဖို့ မလိုတဲ့ မီးတောင်သေလို

ငြိမ်သက်။ရေခဲရိုက်မလား။နိုးလား။ရက်စ်ဆိုတာမျိုးလား။ဘာလား။မရေရာ

မသေချာ။နာကျင်ထောင့်ကျဉ်းမှာတော့ သေသေချာချာ စိတ်ရဲ့ ရောင်ရမ်းမှုတွေကိုယ့်မှာ။


နေအေဒီ

လက်ဝဲဘက်ခြမ်းမှာ ဒဏ်ရာဖဲပြားကိုချည်နှောင်မိလို့ ဆွေးးးး

နက်နက်ရှိုင်းရှိုင်း ပျော်ဝင်နေဟန်ပါပဲ

ညင်သာစွာ အဆုံးသတ်ချိန်က တံခါးတွေကိုဖွင့်ပြီး အဝေးကိုထွက်သွားတယ်

လာလာနားခိုနေတဲ့ နာမ်ချည်းသက်သက် စိတ်အကျိုးအပဲ့ တွေအပေါ်

ဝေ့၀ိုက်လို့  တစ်ခါတစ်လေမှမဟုတ်ဘူး ခဏခဏတွေးနေမိတယ်

သွေးလိုပန်းထွက်နေတဲ့  အိပ်မက်မြစ်ထဲ အနက်ရှိုင်းဆုံးဆိုတဲ့ နေရာကို

ဘယ်တက္ကနိသုံးလို့ အရောက်သွားနိုင်မယ်ထင်နေတာလဲ

ချစ်မေတ္တာရယ် အွန်လိုင်းပေါ်တက်ပြီး ဆွေးနေစရာလား

သစ်ရွက်ခြောက်လေးတွေလည်း ပြန်ရှင်သန်ကောင်းပါရဲ့ 

ငါမေးမယ် ဆက်ဆက်ပြန်လာမှာလား ပြောခဲ့ 

တယ်လီဖုန်းရုံလေးထဲ အသံတိတ် ဆူပွက်နေခဲ့ ရတယ်

မင်းကငါ့ရဲ့ စိတ်ဆုံမှတ် ရလဒ်(၄၀)တိတိ အောင်မှတ်ရရုံပျော်ခဲ့ မိတာပဲ

ခံစားမှုနာဗ့် ကြောတွေ ထုံထိုင်းလို့ မင်းဆီ အကွာအဝေးက ဖုန်းခေါ်သံတွေလိုရှည်လျားလာတယ်

စိုးရိမ်ဒီရေတွေ မြင့်တက်လို့ အသွေးအသားတွေဟာ

သူတစ်ပါးထိပါးဖို့ အတွက်မဟုတ်ရပါဘူး

ဦးနှောက်ထဲ ငွေဒင်္ဂါးတွေ သိပ်ပြီးအလုပ်လုပ်တတ်ကြပါရဲ့ 

ချောက်ထဲကရေတံခွန်ဆီ မရောက်ခင်မှာပဲ အဆင်ပြေသွားနိုင်တယ်

အခွင့်အရေးက အချစ်ရေ မေ့ထားလိုက်တော့ဆိုတဲ့ ပုံစံမျိုး

အခန်းထဲ လင်းတစ်ဝက်မှောင်တစ်ဝက် ထိုင်နေမိတော့တယ်

အပျင်းပြေစစ်တိုက်တမ်းကစားတတ်တဲ့ လူတွေက

သံသယဘီးလုံးတွေကို ဇွတ်လှိမ့်နေကြတော့တာပဲ

စိတ်တိုင်းကျ ငါ့မော်လီကျူးတစ်ရှူးတွေနဲ့ သန့် စင်သုံးစွဲပါ ထို့ နောက်လွှင့်ပစ်ခဲ့ ပါ

နာကျင်မှုမြင့်မားတဲ့ အရှိန်ကို စက္ကူပန်ကာလေးက ရယ်နေခဲ့ တယ်

အနီရောင်မင်းနာမည်ကို ခန်းမမျက်နှာကျက်မှာ ခြယ်သလို့ 

နာကျင်မီးသီးလေးထဲ ၀င်ရောက်လောင်ကျွမ်းပစ်လိုက်ရတော့မှာ။ ။

နေအေဒီ

Sunday, May 29, 2011

စာပေသစ်မှ ထင်းရှူးပင်ရိပ်သို့

ခေတ်သစ်မြန်မာကဗျာရဲ့ သမိုင်းဟာ ‘ခေတ်စမ်း’ကနေ စတင်ခဲ့တာ လို့ ဆိုပါတယ်။ ပထမဆုံး ခေတ်စမ်းကဗျာရယ်လို့ သတ်မှတ်တဲ့ ‘ပိတောက်ပန်း’ (ဇော်ဂျီရေးတယ်) ဟာ ၁၉၂၈ မှာထွက်ပေါ်လာခဲ့တယ်။ ‘ခေတ်စမ်းကဗျာများ’ ဆိုပြီး စာအုပ်အနေနဲ့ကတော့ ၁၉၃၄ မှာ ထုတ်ဝေခဲ့တာပါ။ ခေတ်စမ်းကဗျာများထဲကမှ ပထမဆုံး လေးလုံးစပ် ကဗျာ ဆိုပြီး သတ်မှတ်ခဲ့တာကတော့ ဆရာဇော်ဂျီရဲ့ ‘ကြောင်မနက်ပြာ’(၁၉၃၁)ကိုပဲ ဖြစ်ပါတယ်။

ခေတ်စမ်းကဗျာလှုပ်ရှားမှုကို ဇော်ဂျီဦးဆောင်ပါတယ်။ ခေတ်စမ်းရဲ့ အဓိက ကဗျာဆရာ Major Poet ရယ်လို့ ဇော်ဂျီနဲ့ မင်းသုဝဏ်တို့ကို သတ်မှတ်ကြပါတယ်။

ခေတ်စမ်းနဲ့ တပြိုင်နက်တည်းမှာပဲ ဆရာကြီး သခင်ကိုယ်တော်မှိုင်းလည်း စာဆိုနေခဲ့ပါတယ်။ အဲဒီ ၁၉၃၀ ၀န်းကျင်ဟာ အမျိုးသား လွတ်မြောက်ရေးတိုက်ပွဲ ဒီရေမြင့်သစ်နေတဲ့ အချိန်လည်း ဖြစ်ပါတယ်။ ခေတ်စမ်းတို့၊ မှိုင်းတို့နဲ့ ခေတ်ပြိုင်မှာပဲ နဂါးနီစာပေလှုပ်ရှားမှု ဆိုတာလည်း မြန်မာစာပေသမိုင်းမှာ ဖြစ်ထွန်းခဲ့တာပါ။

ခေတ်စမ်းရဲ့နောက် ပေါ်ပေါက်ခဲ့တာကတော့ ‘စာပေသစ်’ ဖြစ်ပါတယ်။

စာပေသစ် လှုပ်ရှားမှုကို ဒဂုန်တာရာက ဦးဆောင်ပါတယ်။

စစ်မဖြစ်ခင်ခေတ် ၁၉၃၀-၃၉၊ ၁၃၀၀ပြည့်အရေးတော်ပုံ၊ ၁၉၃၉-၄၅ ဒုတိယကမ္ဘာစစ်ကြီးတလျှောက် မြန်မာစာပေ၊ မြန်မာကဗျာသမိုင်းဟာ ဆက်လက် စီးဆင်းလာခဲ့ပြီးတော့ စစ်ပြီးတဲ့ခေတ် လွတ်လပ်ရေးရယူတဲ့ ၁၉၄၈ ခုနှစ်တလျှောက်မှာ နောင်အခါမှာ ‘စာပေသစ်’ဆိုပြီး ဖြစ်တည်ထွန်းကားလာမယ့် မြန်မာကဗျာ၊ မြန်မာစာပေ လှုပ်ရှားမှုရဲ့ အဦးအစ ရောင်ခြည်ဟာ ဒဂုန်တာရာက ‘တာရာမဂ္ဂဇင်း’(၁၉၄၆-၅၀)ကို စတင်ထွန်းညှိလိုက်ရာက ပေါ်ပေါက်လာတာ ဖြစ်လို့ ဆိုရပါမယ်။

‘စာပေသစ်’ဟာ ‘ယဉ်ကျေးမှုသစ်’ကို အခြေခံခဲ့တယ်။ ဒါနဲ့ ပတ်သက်ပြီး ဆရာ ဒဂုန်တာရာက အခုလို ရေးသားခဲ့ဖူးပါတယ်။

‘ဤ ၁၃၀၀ ပြည့် ရေနံမြေ အလုပ်သမား၊ လယ်သမား၊ ကျောင်းသားသပိတ် စသော နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသား လှုပ်ရှားမှု အရေးတော်ပုံကြီးသည် ယဉ်ကျေးမှုသစ် ရာဇ၀င်ခန်းကို စတင်ခဲ့ပေသည်။ ယဉ်ကျေးမှုသစ်သည်ကား အဘယ်နည်း။ နယ်ချဲ့ယဉ်ကျေးမှု၊ အရင်းရှင်ယဉ်ကျေးမှုတို့ကို ဆန့်ကျင်သော လုပ်သားလူတန်းစား ပြည်သူ၏အကျိုးကို ဆောင်သော ယဉ်ကျေးမှုကား ယဉ်ကျေးမှုသစ်တည်း။ အမျိုးသားမှုပေါ်တွင်တည်၍ လုပ်သားလူတန်းစား၊ ပြည်သူ့အင်အားသစ်နှင့် လွတ်လပ်စွာ ပြုနိုင်သည့် အထွေထွေ ယဉ်ကျေးမှုဘ၀တွင် နေထိုင်ရပေမည်။ ယဉ်ကျေးမှုသစ်ထဲတွင် စာပေသစ်၊ အနုပညာသစ်၊ လူများစုအကျိုးကို ဆောင်နိုင်မည့် သိပ္ပံပညာရပ်များ ပါဝင်ကြလေသည်’ (တက္ကသိုလ်နှစ်လည်မဂ္ဂဇင်း၊ ၁၉၅၀)

ဒါက ယဉ်ကျေးမှုသစ်။ ယဉ်ကျေးမှုသစ်ထဲက အင်အားတခုက စာပေသစ်။ စာပေသစ်ဆိုတာ ဘာလဲ။ ဘာကြောင့် စာပေသစ်ရတာလဲ။ တနည်း ဘာကြောင့် ကဗျာသစ်လဲ။ ဒဂုန်တာရာက ဘာ့ကြောင့် စာပေသစ်ကို ကြွေးကြော်ခဲ့တာပါလဲ။

စာပေသစ်ဟာ မြန်မာကဗျာ၊ မြန်မာစာပေ ရေစီးကြောင်းရဲ့ အဆက်သမိုင်း ဖြစ်ပါတယ်။ ခေတ်စမ်းကဗျာလှုပ်ရှားမှု(၁၉၃၀)ရဲ့ နောက်ပိုင်းမှာ စာပေသစ်လှုပ်ရှားမှု(၁၉၅၀)ရယ်လို့ ပေါ်ထွန်းလာတဲ့အခါ မြန်မာ ကဗျာဟာလည်း ‘သစ်’လာခဲ့ပါတော့တယ်။

မြန်မာကဗျာ ဘယ်လို သစ်လာခဲ့သလဲ။

အရင်ဆုံး စာပေသစ်ရဲ့ သဘောထားများကို ပြန်လည်သုံးသပ်ကြည့်ရပါမယ်။

စာပေသစ်ခေါင်းဆောင် ဒဂုန်တာရာက စာပေသစ်မဂ္ဂဇင်း၊ ၁၉၅၀ မတ်လ ခေါင်းကြီးမှာ-

‘စာပေဟောင်းသည် ဘာလဲ၊ ပဒေသရာဇ်စာပေ၊ အရင်းရှင်စာပေသည် စာပေဟောင်းဖြစ်ပေသည်။ ဤစာပေဟောင်းတို့သည် လုပ်သားလူတန်းစားနှင့် ဆန့်ကျင်သည်။ စာပေဟောင်းသည် လက်ရှိ အရင်းရှင် လူ့ဘောင်ကို ချီးကျူးသည်။ စာပေဟောင်းသည် လူထု၏ တော်လှန်ရေးအခန်းကို ဖုံးကွယ်ကာ အရင်းရှင်လူနည်းစု၏ အကြောင်းကိုသာ ပြသည်။ စာပေဟောင်းသည် လက်ရှိလူမှုစနစ်တွင် တင်းတိမ်ရောင့်ရဲကာ နောက်သို့ ဆုတ်သည်။ ဖောက်ပြန်သည်။

စာပေသစ်သည်ကား စာပေဟောင်းမှ ဆန့်ကျင်နေပေသည်။

စာပေသစ်သည် လုပ်သားလူတန်းစားဘက်မှ နေသည်။ စာပေသစ်သည် လက်ရှိအရင်းရှင် လူ့ဘောင်ကို ဝေဖန်စစ်ဆေးသည်။ စာပေသစ်သည် လူထု၏ တော်လှန်ရေးအခန်းကို ဖော်ထုတ်ကာ လူထု၏ဘ၀ကို ပြသည်။ စာပေသစ်သည် လက်ရှိလူမှုစနစ်ကို မကျေနပ်ဘဲ ရှေ့သို့ ချီသည်။ တိုးတက်သည်။

စာပေသစ်သည် ပြည်သူလူထု၏ အင်အားသစ်ကို ယုံကြည်သည်။ စာပေသစ်သည် လူမှုဆက်ဆံရေးစနစ်ကြီးကို ထင်ဟပ်ရမည်ဟူသော သရုပ်ဖော်ဝါဒကို ကျင့်သုံးကာ စာပေသစ်ကို ရေးကြရပေမည်။ ပြည်သူ၏ဘ၀ကို ဖော်ပြသည့် စာပေကို ရေးကြရပေမည်။

သို့တည်းသာ မဟုတ်ပေ။

စာပေသည် ပညာရေးအစိတ်အပိုင်းတရပ် အဖြစ် ပြည်သူကို လမ်းညွှန်သဖွယ် ဖြစ်ရပေမည်’တဲ့။

အဲဒါ စာပေသစ်ရဲ့ အယူအဆ အခြေခံမူဝါဒပဲ ဖြစ်ပါတယ်။

စာပေသစ်ဟာ ခေတ်စမ်းရဲ့ နောက်တဆက် စာပေသမိုင်းဖြစ်တယ်။ ဘာပဲပြောပြော ခေတ်စမ်းက စတင်လိုက်တဲ့ ကဗျာတော်လှန်မှုကို စာပေသစ်ကလည်း ဆက်လက် ကိုင်စွဲခဲ့တယ်လို့ ဆိုရပါမယ်။

စာပေသစ်ရဲ့သဘောထားမှာ ခေတ်စမ်းနဲ့ ပတ်သက်လို့ ဘယ်လိုရှိသလဲ ဆိုတော့ -

‘ခေတ်စမ်းစာပေသည် စံတော်ဝင် သမားရိုးကျ ရိုးရာအစဉ်အလာကို တိုက်ဖျက်ခဲ့ပေသည်။ ခေတ်စမ်းစာပေသည် ရှေးဟောင်းစာပေမှ တောက်ပသည့် အသုံးအနှုန်းများကိုကား ပြန်လည်ဆန်းသစ်ခဲ့ပေသည်။

ထက်သန်သော မြန်မာစာပေမှု အမွေအနှစ်ကို ကောင်းစွာ ဆက်ခံရရှိသဖြင့် စာပေပီသကြပေသည်။ သို့သော် ထိုခေတ်က လူမှုဆက်ဆံရေး အခြေအနေ (၀ါ) နိုင်ငံရေးအခြေအနေကိုတော့ မဖော်ပြကြပေ’ လို့ ဒဂုန်တာရာက ဆိုပါတယ်။ (ရှုမ၀၊ ၁၉၅၀)

ဆက်လက်ပြီး ဆရာဒဂုန်တာရာက -
‘ဆရာကြီး(သခင်ကိုယ်တော်မှိုင်း)၏ အမျိုးသားလူထုတေးသံမှာ မြန်မာပြည် တပြည်လုံးတွင် ပဲ့တင်ရိုက်ခတ် မြည်ဟည်းလျက်ရှိစဉ် ခေတ်စမ်းကဗျာဆရာများမှာ သဇင်ပန်းနှင့် ဖိုးခေါင်ငှက်တို့တွင် စိတ်ကူးသစ် မြူးကွန့်လျက်ရှိနေပေသည်။

ဤသို့ဖြင့် ခေတ်စမ်းကဗျာသည် စိတ်ကူးဆန်းသစ်ခြင်း၌ ထက်သန် ဖွံ့ဖြိုးသလောက် ခေတ်အခြေအနေကို ထင်ဟပ်ဖော်ပြရာ၌ကား လစ်ဟင်းပေသည်။ ပဒေသရာဇ် စာပေမှ ရုန်းကန်သော်လည်း အရင်းရှင် နယ်ချဲ့ဆန့်ကျင်ရေး၊ တော်လှန်ရေး အထိကား တိုးတက်နိုးကြားခြင်းသို့ မရောက်ခဲ့ပေ။

သို့သော် ထိုခေတ်အခါကမူ ခေတ်စမ်းသည် စာပေလှုပ်ရှားမှုတရပ်အဖြစ်ကား ဂယက်ရိုက်ခဲ့ပေသည်’ တဲ့။ (သွေးသောက်၊ ၁၉၅၃)

အဲဒီလို ခေတ်စမ်းရဲ့ အားနည်းချက်(လို့ ယူဆရတဲ့ကိစ္စ)ကို စာပေသစ်က ထောက်ပြရုံတင်မကဘဲ ခေတ်စမ်းရဲ့ အားသာချက်အဖြစ်လည်း ဒဂုန်တာရာက ဒီလို ဖော်ပြပါတယ်။

‘ခေတ်စမ်းစာပေသည် ရိုးရာအစဉ်အလာကို တော်လှန်ရာ၌ အနုပညာအရည်အချင်း ရှိပေသည်။ စာပေအခြေခံ အင်အား ရှိပေသည်။ ထို့ကြောင့်သာလျှင် အောင်မြင်ခြင်း ဖြစ်ပေသည်။ စာပေတော်လှန်ရေး၌ စာပေအခြေခံ အင်အားသစ် မရှိလျှင် မအောင်မြင်နိုင်ပေ။ အဟောင်းကို ဖက်ပြိုင်ရာ၌ အသစ်သည် အင်အားမခိုင်မာပါက မထွန်းသစ်နိုင်ပေ။ (ရှုမ၀၊ ၁၉၅၀)

ဒါတွေဟာ ဒဂုန်တာရာရဲ့ (စာပေသစ်ရဲ့) ခေတ်စမ်းအပေါ် မှတ်ချက်တွေပါပဲ။

ဒီလောက်အထိ ပြန်ကောက်ကြည့်ရရင် -

စာပေသစ်က လူမှုဆက်ဆံရေးစနစ်(နိုင်ငံရေး)ကို ထင်ဟပ်တယ်။ သရုပ်ဖော် ၀ါဒကို ကျင့်သုံးတယ် လို့ တွေ့ရပါမယ်။ ခေတ်စမ်းကတော့ လူမှုဆက်ဆံရေး အခြေအနေ (၀ါ) နိုင်ငံရေးကို မထင်ဟပ်ဘူး။ ဒါပေမဲ့ အနုပညာမှု အရည်အချင်း ရှိတယ်။

ဆိုလိုတာက ခေတ်စမ်းဟာ နိုင်ငံရေးအရ ထင်ဟပ်မှု အားနည်းသော်လည်း အနုပညာအရ (အနုပညာမြောက်မှု) အရည်အချင်း ရှိခဲ့တယ် လို့ သတ်မှတ်တဲ့ စာပေသစ် အနေနဲ့ကတော့ ‘နိုင်ငံရေးကို ထင်ဟပ် သရုပ်ဖော်’ဖို့ အားသန်ခဲ့တယ်လို့ ဆိုရပါမယ်။

ဥပမာ – ဒဂုန်တာရာရဲ့ ‘မတ်လတော်လှန်ရေး’(၁၉၄၇)၊ ‘မီးလောင်မြေ’(၁၉၅၀) စတဲ့ ကဗျာများကို ကြည့်နိုင်ပါတယ်။

ဆက်ပြီးပြောရမယ်ဆိုရင် အဲဒီလို ခေတ်စမ်း(၁၉၃၀)၊ စာပေသစ်(၁၉၅၀) ဆိုပြီး မြန်မာစာပေ(ကဗျာ)ဟာ အမျိုးသားလွတ်မြောက်ရေးနဲ့ လွတ်လပ်ရေး၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး ဆိုတဲ့ အမျိုးသားပြန်လည် ထူထောင်ရေး သမိုင်းကြောင်းတလျှောက် ချီတက်ခဲ့ရာမှာ နောက်စခန်း အဆင့်ဆင့်တွေကတော့ မြန်မာကဗျာရဲ့ သမိုင်းမှာ မန္တလေးတက္ကသိုလ် ကဗျာခေတ် (၁၉၆၀)၊ မိုးဝေကဗျာခေတ်(၁၉၇၀) ဆိုတဲ့ ကဗျာလှုပ်ရှားမှုတွေကနေမှတဆင့် ဒီကနေ့ ခေတ်ပေါ်ကဗျာရဲ့ လမ်းကြောင်းကို ရောက်ရှိလာခဲ့တာ ဖြစ်တယ် လို့ ဆိုနိုင်ပါတယ်။

စာပေသစ်ဟာ သူ့ရဲ့အဆက်သမိုင်းအဖြစ် မန္တလေးတက္ကသိုလ် ကဗျာလှုပ်ရှားမှု၊ မိုးဝေကဗျာလှုပ်ရှားမှုတွေကို ပွင့်သစ်စေခဲ့တယ်လို့ ဆိုရပါမယ်။

အဲဒီလို ကဗျာလှုပ်ရှားမှုသစ်တွေ ပွင့်သစ်စေခဲ့တဲ့ စာပေသစ်ကိုယ်တိုင်မှာလည်း အတိုက်အခိုက်တွေ ရှိခဲ့တယ် ဆိုတာကိုတော့ ဒီနေရာမှာ ဖော်ပြဖို့ လိုအပ်ပါလိမ့်မယ်။ (ခေတ်စမ်းတုန်းကလည်း ဒီလို အတိုက်အခိုက်တွေကြားကပဲ ဖွံ့ဖြိုးတိုးတက်ခဲ့ရတာဖြစ်)

စာပေသစ်(ဒဂုန်တာရာ)ဟာ ပဋိပက္ခအနေနဲ့ ဘက်နှစ်ခုကို ရင်ဆိုင်ခဲ့ရတာပါ။ ပထမ ပဋိပက္ခဘက်ကတော့ ဆရာအောင်လင်းက ဒဂုန်တာရာကို စာပေသစ်အယူအဆ အမျိုးမျိုးနဲ့ ပတ်သက်ပြီး ကွဲလွဲဆန့်ကျင် တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒုတိယပဋိပက္ခဘက်ကတော့ ဒေါင်းနွယ်ဆွေ ဖြစ်ပါတယ်။ ဒေါင်းနွယ်ဆွေကလည်း ဒဂုန်တာရာကို ဆန့်ကျင်ပါတယ်။

‘စစ်ပြီးခေတ် ကဗျာလောက ခေါင်းဆောင်တွေထဲမှာ ဒေါင်းနွယ်ဆွေလည်း ပါတယ်။ ၁၉၅၀-၆၀ အတွင်းမှာ လူငယ်အတော်များများ အားထားတဲ့ ကဗျာဆရာနှစ်ဦးတို့က ဒဂုန်တာရာနဲ့ ဒေါင်းနွယ်ဆွေတို့ ဖြစ်ပါတယ်’ (စာပေဂျာနယ်၊ ၁၉၉၇၊ အတွဲ ၃၊ အမှတ် ၁၁၊ စာ ၉၁)

‘ဒေါင်းနွယ်ဆွေသည် သူ၏စာပေသက်တမ်းတလျှောက် ဒဂုန်တာရာကို ဆန့်ကျင်လာခဲ့သူ ဖြစ်သည်’(ပါရဂူ၊ စာပေဂျာနယ်၊ ၁၉၉၇၊ အတွဲ ၃၊ အမှတ် ၁၁၊ စာ ၈၁)

ဒီနေရာမှာ ဒဂုန်တာရာ(စာပေသစ်)က သူ့ရဲ့ အဆက်ရေစီးဖြစ်တဲ့ မန္တလေးတက္ကသိုလ်ကဗျာ၊ မိုးဝေကဗျာတို့ကို ဖူးပွင့်စေရာမှာ ခေတ်ပြိုင်သမိုင်းရဲ့ အချက်တချက် အနေနဲ့ ဆရာဒေါင်းနွယ်ဆွေရဲ့ ကဗျာများကလည်း နောက်ပိုင်း ကဗျာသမိုင်းအတွက် တစုံတရာ သြဇာသက်ရောက်မှု ရှိခဲ့တယ် လို့ ဆိုရင် ရနိုင်ပါတယ်။

ဒီသဘောကို မောင်လေးအောင် မကွယ်လွန်ခင် ရှုမ၀မဂ္ဂဇင်းမှာ နောက်ဆုံးရေးခဲ့တဲ့ ‘ကျွန်တော်တို့ရဲ့ အနှစ်နှစ်ဆယ်ကျော်’ ဆိုတဲ့ ကဗျာထဲမှာ တွေ့ရပါတယ်။

‘ဒဂုန်တာရာ ဒေါင်းနွယ်ဆွေ စတဲ့
တို့ရဲ့ ရှေးကလူများ
လေးစားခဲ့ဖူးပါတယ်’ တဲ့။

ဆက်ပြောရရင် ဒဂုန်တာရာရဲ့ စာပေသစ်၊ အဲဒီကနေ အဆင့်ဆင့် ဖြစ်ထွန်းသွားတဲ့ ရေစီးကြောင်းအတိုင်း မြန်မာကဗျာရဲ့ သမိုင်းမှာ ပထမအနေနဲ့ မန္တလေးတက္ကသိုလ်ကဗျာလှုပ်ရှားမှုကို ထည့်မပြောဘဲနေလို့ မရပါဘူး။ (ဒုတိယအနေနဲ့က မိုးဝေကဗျာပါ)

မန္တလေးတက္ကသိုလ်ကဗျာနဲ့ ပတ်သက်လို့ ဆရာဒဂုန်တာရာက ဒေါင်းနွယ်ဆွေရဲ့ ‘သဘောတရား၏သစ်ရွက်တရွက်’လို ခေါင်းစဉ်မျိုး၊ စကားလုံးမျိုးကို ဝေဖန်သုံးသပ်ရင်း တဆက်တည်း ပြောသွားတာက -

‘ယင်းသို့လျှင် မနိုင်မနင်း မပီမသ ထွက်ပေါ်နေကြသော ကဗျာ လင်္ကာများ ကြားထဲမှ မန္တလေးတက္ကသိုလ် ကလောင်ရှင်အသင်းမှ ပီသသော ကဗျာစာအုပ်များ ထွက်လာကြသည်ကို တွေ့ရ၍ ၀မ်းမြောက် ကျေးဇူး တင်မိပေသည်။

ယခု ၁၉၆၀ က ‘စိတြကဗျာများ’စာအုပ် ထွက်ပေါ်လာပြန်သည်။ မန္တလေးတက္ကသိုလ် ကလောင်ရှင်အသင်းသည် ကဗျာဘက်ကို အားပေးသောအဖွဲ့၊ တက်သစ်စ စာရေးဆရာများကို မြေတောင်မြှောက်ပေးသော အဖွဲ့ ဖြစ်သည်ကို တွေ့ရပေသည်’ တဲ့။ (ငွေတာရီ၊ ၁၉၆၁)

မန္တလေးတက္ကသိုလ်ကဗျာလှုပ်ရှားမှုရဲ့ အဓိက ကဗျာဆရာတွေ ‘လမင်းတစ်ရာ’ (၁၉၆၃) နဲ့ ‘အနီနဲ့အပြာ’(၁၉၆၄)၊ ဒီကဗျာစာအုပ်တွေဟာ မြန်မာကဗျာလောကမှာ လင်းလင်းလက်လက် ရှိခဲ့ကြပါတယ်။

ဆရာမောင်သာနိုးကလည်း မန္တလေးတက္ကသိုလ် ကဗျာလှုပ်ရှားမှုရဲ့ အဓိက ကဗျာဆရာများအဖြစ် ရည်ညွှန်းရေးသားခဲ့ဖူးပါတယ်။
['ဟေမန္တခြေမြန်တော်'စာအုပ်(၁၉၉၁)၊ မောင်သာနိုးရဲ့အမှာစာ]

မန္တလေးတက္ကသိုလ် ကဗျာလှုပ်ရှားခဲ့သူတွေရဲ့ ကိုယ်တိုင် ပြန်လည် သုံးသပ်ချက်ကိုလည်း အခုလို တွေ့ရပါတယ်။ ‘နှင်းဆီခင်းပေါ်ကလမင်း’စာအုပ်၊ (၁၉၉၅) အမှာစာထဲမှာ -

‘ရန်ကုန်တက္ကသိုလ် ခေတ်စမ်းစာပေခေတ်မှာ ဇော်ဂျီက ခေတ်စမ်းကဗျာခေါင်းဆောင် ဆိုရင် မန္တလေးတက္ကသိုလ် ခေတ်စမ်းကဗျာခေါင်းဆောင်ကတော့ ဘယ်သူဖြစ်မလဲ။ စုပေါင်းလုပ်ဆောင်မှုလို့ ဆိုရမှာပဲ’

အဲဒီလို ရေးခဲ့ပါတယ်။ အဲဒီ အမှာစာထဲမှာပဲ ‘မန္တလေးတက္ကသိုလ် ခေတ်စမ်းကဗျာလောက (၁၉၆၀) ၀န်းကျင်မှာ’ ရယ်လို့ သုံးနှုန်းခဲ့တာကို သတိပြုရပါမယ်။

‘ကံ့ကော်ရိပ်မှ အိပ်မက်များ’ စာအုပ် (၁၉၉၇) အမှာစာထဲမှာ ‘မန္တလေးတက္ကသိုလ်ရဲ့ စာပေသမိုင်းမှာ (၁၉၆၀-၆၅)အတွင်း’ဆိုပြီး ခေတ်ကို ပိုင်းခြားသတ်မှတ်ထားတာ တွေ့ရပါတယ်။

ကဗျာဆရာဟာ ဘယ်ခေတ်မှာပဲဖြစ်ဖြစ် သူ့ခေတ်ရဲ့ ခေတ်ပြိုင်ဖြစ်တယ် လို့ ဆိုပါတယ်။

ဘာပဲဖြစ်ဖြစ် ဆရာဒဂုန်တာရာတို့၊ ဆရာဒေါင်းနွယ်ဆွေတို့နဲ့အတူ ၆၀ ခုနှစ်များ ခေတ်ပြိုင်ထဲမှာ စသဖြင့် မန္တလေးတက္ကသိုလ် ကဗျာကလည်း လှုပ်ရှားနေခဲ့တာ ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။

အဲဒီလို ခေတ်စမ်း(၁၉၃၀)၊ စာပေသစ်(၁၉၅၀)၊ မန္တလေးတက္ကသိုလ် ကဗျာလှုပ်ရှားမှု(၁၉၆၀) တို့ရဲ့ နောက်မှာ နောက်ထပ် လှိုင်းတလုံးမြင့်တက်လာတဲ့ မြန်မာကဗျာရဲ့ ရေစီးကြောင်းကတော့ ‘မိုးဝေကဗျာ’ ‘မိုးဝေကဗျာလှုပ်ရှားမှု’ (၁၉၇၀) ဖြစ်တယ် လို့ ဆိုရပါမယ်။

၁၉၉၀ တ၀ိုက်မှာ ‘မိုးဝေကဗျာ’ကို ပြန်လည်စူးစမ်းပြတဲ့ ဂယက်တွေ တော်တော်ထသွားခဲ့ဖူးပါတယ်။

မိုးဝေကဗျာဆိုတာ ဘာလဲ။ မိုးဝေကဗျာ လှုပ်ရှားမှု ဆိုတာ ဘယ်က အခြေခံလာတာလဲ။

မိုးဝေကဗျာရဲ့ မြစ်ဖျားအစဟာ (ခေတ်စမ်းကို လွန်ခဲ့ပြီးတဲ့နောက်မှာ) ပီပီမြည်မြည်ဖြစ်လာတဲ့ စာပေသစ်နဲ့ စာပေသစ်ရဲ့ နောက်တဆင့်ခရီးများ၊ တနည်းအားဖြင့် ၅၀ ခုနှစ်များနဲ့ ၆၀ ခုနှစ်များဆီက စာပေလှုပ်ရှားမှုတွေပဲ ဖြစ်ပါတယ်။

မိုးဝေကဗျာနဲ့ ပတ်သက်လို့ အရေးကြီးတဲ့ မှတ်ချက်တခုကတော့ ဆရာမင်းလှညွန့်ကြူးရဲ့ မှတ်ချက်ပါပဲ။ ဆရာမင်းလှညွန့်ကြူးက မိုးဝေမဂ္ဂဇင်း အမှတ် (၂၀၀)ပြည့် စာတမ်းမှာ အခုလို ရေးခဲ့ပါတယ်။

‘၁၉၇၀ ပြည့်နှစ်တ၀ိုက်၌ ကမ္ဘာ့နိုင်ငံရေး(အထူးသဖြင့် ဗီယက်နမ်အရေး)သည် အရှိန်အဟုန်ကြီးမားစွာဖြင့် ကမ္ဘာတခုလုံးကို ကိုင်လှုပ်နေသည်။ ကျူးကျော်စစ်၊ တရားသောစစ်၊ နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး စသော အသံဗလံများသည် အသက် ၂၀-၃၀ ၀န်းကျင်ရှိ လူငယ်ကဗျာဆရာများ၏ ကဗျာများ ဖြစ်သည်။ ထိုကဗျာများသည် တက်ကြွနိုးကြားနေသော ကဗျာဝါသနာရှင် လူငယ်များ၊ နယ်အသီးသီးမှ ကဗျာရေးသူ လူငယ်များအပေါ် သြဇာလွှမ်းမိုးခဲ့သည်ဟု ယူဆရသည်။ ထိုအချက်သည် ‘မိုးဝေကဗျာ’ဟူသော အသုံးအနှုန်း ပေါ်ထွက်လာရခြင်း၏ အကြောင်းတရပ် ဖြစ်နိုင်သည်။

မိုးဝေမဂ္ဂဇင်းသည်လည်း ရေးသူအသစ်များ၊ အထူးသဖြင့် လူငယ် ကဗျာရေးသူများကို အတော်များများ ပွဲထုတ်ပေးနိုင်သဖြင့် လူငယ်ကဗျာရေးသူများ၏ ပထမခြေလှမ်းချရာ ဖြစ်ခဲ့သည်။ ထိုအချက်သည်လည်း ‘မိုးဝေကဗျာ’ဟူသော အသုံးအနှုန်း အကြောင်းတရပ် ဖြစ်သည်။

မိုးဝေကဗျာဟူ၍ လူငယ်ကဗျာရေးသူ အများစုက ပြောဆိုနေကြသော အသုံးအနှုန်းသည် လေးလုံးစပ် ဖွဲ့ထုံး၌ လေး-သုံး-နှစ် စည်းကမ်းက ခွဲထွက်သော ကဗျာများကို ညွှန်းသည့်သဘော သက်ရောက်မည် ထင်ပါသည်။ မိုးဝေကဗျာများသည် ကာရန်စည်းကမ်းက ခွဲထွက်သည့် လက္ခဏာသာ ထင်ရှားသည်မဟုတ်ဘဲ အပြောဘာသာစကား သုံးစွဲသော၊ တနည်းအားဖြင့် စကားပြောဟန်တွင် ရှိနေသည်။ အသံစီးဆင်းပုံကို အခြေပြုသော လက္ခဏာသည်လည်း ထင်ရှားပါသည်။ ‘မိုးဝေကဗျာ’ဟူသော အသုံးအနှုန်းသည် ဤလက္ခဏာပါရှိသည့် ကဗျာများကိုလည်း ညွှန်းမည်ဟု ယူဆရပါသည်’ (မိုးဝေ၊ စက်တင်ဘာ ၁၉၈၄)

၁၉၇၀ တ၀ိုက် စတင်ဖြစ်ထွန်း လှုပ်ရှားပြီး အင်အားကြီးမားလာခဲ့တဲ့ မိုးဝေကဗျာရဲ့ သမိုင်းမှာ ဦးဆောင် ပြုစု ပျိုးထောင်ခဲ့တဲ့ ဆရာနတ်နွယ်က မောင်လေးအောင် နဲ့ မောင်သင်းခိုင်တို့ရဲ့ မိုးဝေကဗျာဖြစ်ပေါ်ရေး ကြိုးပမ်းမှုကို အသိအမှတ် ပြုခဲ့ပါတယ်။ (နတ်နွယ်၊ မိမိနှင့် မိုးဝေမဂ္ဂဇင်း ဆောင်းပါးများ၊ ရွှေဝတ်မှုန်မဂ္ဂဇင်း၊ ၁၉၉၅)

အဲဒီခေတ်ကာလများတုန်းက မိုးဝေကဗျာကို ‘ကာရန်မဲ့ကဗျာ’ ဆိုပြီး မလိုလားသူတွေက ထိုးနှက်ခဲ့ကြတာ ရှိပါတယ်။ ဒါနဲ့ ပတ်သက်လို့ ဆရာနတ်နွယ်က မိုးဝေကဗျာဘက်က ခုခံချေပချက်အနေနဲ့ -

‘ကျွန်တော့်ရဲဘော်တွေဟာ ကဗျာဆရာတွေပါ၊ သူတို့ဟာ ကနေ့ မြန်မာစာပေလောကမှာ ကဗျာကို အင်နဲ့အားနဲ့ ရေးနေကြတဲ့လူတွေ ဖြစ်ပါတယ်။ ကဗျာကို တိုက်ပွဲလက်နက်အဖြစ် လက်ခံထားကြပါတယ်။ သူတို့ရဲ့ ကဗျာလက်နက်ကို ထက်မြက်အောင် မပြတ် အားထုတ်နေကြပါတယ်။ ဒါကြောင့်မို့လည်း သူတို့ကဗျာတွေကို ပြည်သူက အသိအမှတ် ပြုလာတယ်။ လက်ခံလာတယ်။ ဒါနဲ့ တပြိုင်နက်တည်းမှာပဲ အစဉ်အလာသမားတွေ ဖောက်ပြန်ရေးသမားတွေက ဖျက်ဆီးနှောင့်ယှက်ကြတယ်။ ကာရန်မဲ့ကဗျာ ဆိုတာကလည်း အစဉ်အလာသမားတွေနဲ့ ဖောက်ပြန်ရေးသမားတွေရဲ့ စကားလုံးပါပဲ’ ဆိုပြီး ရေးခဲ့ပါတယ်။ (ပြည်သူ့ကြယ်ဂျာနယ်၊ မတ် ၁၉၇၂)

တဆက်တည်းမှာ ဆရာနတ်နွယ်က အစဉ်အလာ ရိုးရာ လေးလုံးစပ် ပုံစံကနေ လမ်းခွဲလာတဲ့ မိုးဝေကဗျာတွေ အပေါ်မှာ-

‘ပုံသဏ္ဌာန်အသစ် ထွင်တာ မဟုတ်ပါဘူး။ အကြောင်းအရာသစ်တွေကို ရေးဖွဲ့ကြတာပါ။ အဲဒီအခါ ပုံသဏ္ဌာန်လည်း အလိုလို သစ်သွားတာပေါ့’လို့ ဆိုခဲ့ပါတယ်။

မိုးဝေကဗျာကို တိုက်ခိုက်ကြသူများဟာ ၇၀ ခုနှစ်တွေ နောက်ပိုင်းမှာလည်း ရှိနေခဲ့တုန်းပါပဲ။ ဒီအချက်ကို ညိုသစ်က ၁၉၉၇ ခုနှစ်ထုတ်၊ ‘မိုးဝေကဗျာ(၁၉၇၆-၈၁) (၁၉၈၆-၈၈)’ ဆိုတဲ့ စာအုပ်အမှာစာမှာ ‘(မိုးဝေကဗျာကို) ဆန့်ကျင်ကန့်ကွက်ကြသည့် လှုပ်ရှားမှုအသံသည် ၁၉၈၀ ခုနှစ် ၀န်းကျင်၌ လျှံခဲ့သည်’လို့ ရေးသားထားပါတယ်။

ညိုသစ်ရဲ့သဘောထားကတော့ အဲဒီစာအုပ်အမှာစာထဲမှာပဲ ထောက်ပြထားတာက ‘၁၉၇၀-၈၀ ခုနှစ် ကာလ၀န်းကျင် မိုးဝေကဗျာသည် ၁၉၇၀-၆၀ ခုနှစ်ကာလက ရေးဖွဲ့လာသော နယ်ချဲ့ဆန့်ကျင်ရေး၊ ကိုလိုနီစနစ်တိုက်ဖျက်ရေး၊ ကျူးကျော်စစ် ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေး စသည့် အကြောင်းအရာများ မှိန်ဖျော့အားနည်းလာပြီး ပုဂ္ဂလိက ခံစားမှု နိမိတ်ပုံမျိုးစုံနှင့် ရှုပ်ထွေးသိမ်မွေ့သော အသံစီးဆင်းမှု အားကောင်းသော စကားပြောရစ်သမ်ဖြင့် ရေးဖွဲ့လာကြသည်။ ထိုလွတ်လပ်ကာရန် နှင့် ဖွဲ့သော ခေတ်ပြိုင်ခံစားမှု ကဗျာများကို သဘောမတူကြ၊ အငြင်းပွားကန့်ကွက်ဆန့်ကျင်ကြသည့် ကဗျာဝေဖန်ရေး ဂယက်များ ထကြွလာခဲ့သည်’ ဆိုပြီး ရေးပါတယ်။

မိုးဝေကဗျာရဲ့ အလျဉ် ဘယ်က စီးဆင်းလာသလဲဆိုတာနဲ့ ပတ်သက်ပြီး ညိုသစ်က ရေးသားရာမှာ-

‘ထိုဆယ်စုနှစ် (၁၉၆၀-၇၀)ကာလကို အကြမ်းဖျင်း ခြုံငုံကြည့်ရှုမှသာလျှင် မိုးဝေကဗျာ၏ ဖြစ်ပေါ်တိုးတက်မှုကို ဆက်သွယ်ပေါင်းစပ်ကြည့်လို့ ရပေမည်’ ဆိုပြီး အဲဒီကာလ (၁၉၆၀-၇၀)ရဲ့ ဖြစ်စဉ်တွေဟာ မိုးဝေကဗျာအတွက် အကောင်းဆုံးကုန်ကြမ်းတွေ ဖြစ်တဲ့အကြောင်း ဆိုပါတယ်။

ဒီနေရာမှာ ညိုသစ်ရဲ့ အရေးကြီးတဲ့ မှတ်ချက်တရပ်ကတော့ အဲဒီစာအုပ် ( မိုးဝေကဗျာ၊ ၁၉၇၆-၈၁ နဲ့ ၁၉၈၆-၈၈)စာအုပ် အမှာစာထဲမှာပဲ-

(မိုးဝေကဗျာသည်) သူ့အရင် တည်ရှိပြီးသား ခေတ်စမ်းကဗျာ၊ စာပေသစ် လှုပ်ရှားမှုကဗျာများ၌ ကာရန်ယူနည်း၊ ကာရန်ကိုအသုံးပြုနည်းစနစ် တို့နှင့် ဆန့်ကျင်ခြားနားပြီး လမ်းကြောင်းခွဲထွက်ရပ်တည်ခဲ့သည်။ ခေတ်စမ်းကဗျာနှင့် စာပေသစ်လှုပ်ရှားမှုကာလ ကဗျာများသည် ပုံသဏ္ဌာန် နှင့် ကာရန်စည်းစနစ်ကြောင့် ရုန်းထွက်မရလေအောင် ကဗျာဖွဲ့စည်းမှုနှင့် ပုံသဏ္ဌာန်ဒီဇိုင်းများ တူညီနေသည်ကို တွေ့ရသည်။

၁၉၇၀ ခုနှစ်နောက်ပိုင်း ခေတ်ပြိုင်ခံစားမှုကဗျာသည် လွန်ခဲ့သည့် ခေတ်များ၏ ကဗျာဖွဲ့စည်းတည်ဆောက်ပုံနှင့် မတူတော့။ သီးခြားရပ်တည်လာခဲ့သည်။ အရေးကြီးသည့် ကဗျာလမ်းကြောင်းသစ် ဖြစ်တည်မှုကို ခင်းကျင်းလာခဲ့သည်’ရယ်လို့ တွေ့ရပါတယ်။

မိုးဝေကဗျာနဲ့ ပတ်သက်လို့ မန္တလေးတက္ကသိုလ်ကဗျာခေတ် (၁၉၆၀)ရဲ့ အဓိက ကဗျာဆရာတဦးရဲ့ ကောက်ချက်ကလည်း အရေးကြီးပါတယ်။ သူက ‘စာပေအသိနဲ့ အတွေးအခေါ် တဆင့် မြင့်တက်လာတဲ့ ကဗျာလှုပ်ရှားမှု’ လို့ အသိအမှတ် ပြုပါတယ်။ (ကံ့ကော်ရိပ်မှအိက်မက်များ စာအုပ် အင်တာဗျူး၊ ကလျာ၊ သြဂုတ်၊ ၁၉၉၇)

အဲဒီ အထိကို ပြန်ပြီး ချုပ်ကြည့်ရင် မြန်မာကဗျာဟာ မိုးဝေကဗျာလှုပ်ရှားမှုခေတ်မှာ လမ်းကြောင်းမှန် အင်အားကောင်း ဖြစ်နေပြီလို့ သုံးသပ်ရနိုင်ပါတယ်။

ဟိုးမြစ်ဖျားအစ စာပေသစ်နဲ့ အခုရောက်ရှိနေတဲ့ မိုးဝေကဗျာတို့ဟာ တစုံတရာ ခြားနားသွားခဲ့ပြီ လို့လည်း ဆိုနိုင်ပါတယ်။

ခေတ်ပြိုင်သမိုင်းခေတ်အလိုက် စာပေသစ်ရော၊ မိုးဝေကဗျာကပါ သူ့ခေတ်ရဲ့ ခေတ်ပြိုင်ခံစားမှုကို ရေးဖွဲ့ခဲ့ကြတာချည်းပါပဲ။ သမိုင်းခေတ်ချင်းကတော့ တူချင်မှ တူမယ်။ ခေတ်ကို ထင်ဟပ်ပုံချင်းလည်း ကွဲချင်ကွဲမယ်။ ဒါပေမဲ့ စာပေသစ်ရော မိုးဝေကဗျာပါ ခေတ်ကို ရင်ထဲထည့်ကြည့်တာ၊ ခေတ်ရဲ့အသံကို ထုတ်ဖော်တာ၊ ခေတ်ကို သယ်လာတာတို့မှာ ယေဘုယျ တူညီကြတာပါပဲ။

အဲဒီမှာ သိသိသာသာ ကွဲပြားသွားတာကတော့ ရေးဟန်အပိုင်းပဲ ဖြစ်ပါတယ်။

စာပေသစ် ရေးဟန်များနဲ့ ပတ်သက်လို့ ပြန်ပြီး ခြေရာကောက်ကြည့်ရရင် ဆရာဒဂုန်တာရာရဲ့ သဘောထားတချို့ကို အခုလို တွေ့ရပါမယ်။

‘စာပေသစ်သည်ကား အကြောင်းအရာပင် ဖြစ်ပေသည်။ တော်လှန်ရေး အကြောင်းအရာ၊ ဆင်းရဲသား သရုပ်ဖော် အကြောင်းအရာ၊ အရင်းရှင် လူ့ဘောင်အား ဝေဖန်ခြင်း အကြောင်းအရာ စသည်များသာလျှင် စာပေသစ် ဖြစ်၏။

စာပေသစ် အကြောင်းအရာသာလျှင် ရှိ၏။ စာပေသစ် အရေးအသား၊ စာပေသစ်ဟန်ဆို၍ သီးခြားစွာ တကဏ္ဍ ရှိသေးသည် မဟုတ်ပေ။

ဤအကြောင်းအရာများကို မိမိတို့ နှစ်သက် ကျွမ်းကျင်သော ဟန်အမူအရာဖြင့် ရေးသားနိုင်ကြပေသည်။

စာပေသစ်ကို အကဲဖြတ်ရာ၌ စာဟန်ကို အကဲဖြတ်ရန် မဟုတ်ပေ။ အကြောင်းအရာကိုသာလျှင် အကဲဖြတ်ရပေမည်။

ဆန်းသစ်သော အရေးအသားမှာ စာပေသစ်၏ စံ မဟုတ်ပေ။’ (သွေးသောက်၊ ၁၉၅၀)

အဲဒီလို စာပေသစ်ရဲ့ အဓိကကိစ္စဟာ အကြောင်းအရာကိစ္စ ဖြစ်တယ် ဆိုတာကို တွေ့မြင်ရပါမယ်။ စာပေသစ်က ဆိုလိုတဲ့အကြောင်းအရာဟာ နိုင်ငံရေးဆန်ပေမဲ့ အနုပညာမှုကိုလည်း မျက်ခြည်မပြတ်ဘူး ဆိုတဲ့သဘောကိုလည်း ဒဂုန်တာရာက အခုလို ပြောဆိုပါတယ်။

‘စာပေသစ်သည်ကား နိုင်ငံရေး နှင့် အနုပညာမှု၏ ညီညွတ်သော ပေါင်းစပ်မှုဟု ဆိုခဲ့ရာ နိုင်ငံရေးကို ရေးတိုင်း (၀ါ) အရင်းရှင်စနစ်ကို တွန်းလှန်သည့် တော်လှန်ရေးအကြောင်းအရာကိုရေးတိုင်း စာပေသစ်လာမည်လော။

ဤနိုင်ငံရေးအတွေးအခေါ်ကို အဘယ်ပုံ ဖော်ပြသည်၊ လူတို့၏ စိတ်ဓာတ်၌ ကပ်ငြိ စွဲလန်းအောင် ဘောင်ဝင်ပြနိုင်စွမ်း ရှိသည် ဆိုသော အနုပညာမှုတွင် အကဲဖြတ်ကြည့်ရပေမည်။

စာပေမြောက်မှသာလျှင် စာပေ ဖြစ်လာပေမည်။ စာပေသဏ္ဌာန်ဖြင့် နိုင်ငံရေးကို တင်ပြနိုင်စွမ်း ရှိမှသာလျှင် စာပေသစ်အရောင်ဖြင့် တင့်ထွန်းပေမည်။

ဤသည်ကို ရည်၍ မော်စီတုန်းက “စာပေကို နိုင်ငံရေးကြော်ငြာကတ်ပြားအဖြစ် လုပ်သည်ကို အလိုမရှိ”ဟု သတိပေးလေသည်’ (ရှုမ၀၊ ၁၉၅၀)

စာပေသစ်(ဒဂုန်တာရာ)ဟာ ‘အနုပညာစံ’ကို ထိန်းသိမ်း ကိုင်တွယ်ခဲ့တယ် ဆိုတာကို တွေ့ရပါမယ်။ အနုပညာစံထဲမှာ ‘ရေးဟန်’ ဆိုတာကလည်း အရေးကြီး အစိတ်အပိုင်းအနေနဲ့ ပါပါတယ်။ ဒါပေမဲ့ စာပေသစ်က ရေးဟန်ကို အဓိက မပြုခဲ့ဘဲ အကြောင်းအရာကိုသာ အဓိကပြုခဲ့တယ်လို့ ဆိုရပါမယ်။

ရေးဟန်ပိုင်းမှာ ခေတ်စမ်းနဲ့ စာပေသစ်တို့က ကိုင်စွဲခဲ့တဲ့ ကဗျာရေးဟန်ဟာ လေးလုံးစပ်ပဲ အဓိက ဖြစ်ပါတယ်။

ဒီသဘောကို ဆရာမင်းသုဝဏ်ရဲ့ ‘ကာလပေါ်လေးလုံးစပ်လင်္ကာသမိုင်း’စာတမ်း (၁၉၆၀) နဲ့ ဒဂုန်တာရာရဲ့ ‘လင်္ကာနှင့်ကဗျာ’(ငွေတာရီ၊ ၁၉၆၁)၊ ‘လူငယ်နှင့်ကဗျာ’(ရှုမ၀၊ ၁၉၆၂)၊ ‘လေးလုံးစပ်လင်္ကာ၏ပျော့ပျောင်းခြင်းနှင့် သန်စွမ်းခြင်း’(ငွေတာရီ၊ ၁၉၆၃) စတဲ့ ဆောင်းပါးတွေမှာ အထင်အရှား တွေ့ရပါတယ်။

၁၉၇၀ မိုးဝေကဗျာ အနေနဲ့ကတော့ စာပေသစ်က ဆိုလိုတဲ့ ခေတ်ပြိုင်ခံစားမှု(အကြောင်းအရာ)ကို ကိုင်တွယ်ရုံတင်သာ မဟုတ်တော့ဘဲ စာပေသစ် (သူ့အရင် ခေတ်စမ်းတို့)နဲ့ မတူတော့တာကတော့ လေးလုံးစပ် ပုံသဏ္ဌာန်ကနေ လွတ်လပ်ကာရန်စနစ်ကို ကူးပြောင်းသွားတဲ့ ရေးဟန်ပဲ ဖြစ်ပါတယ်။

မိုးဝေကဗျာကလည်း အကြောင်းအရာနဲ့ ပုံသဏ္ဌာန်တို့ရဲ့ ညီညွတ်ပေါင်းစည်းမှု သဘောကို လိုက်နာခဲ့တာပါပဲ။ မိုးဝေကဗျာနဲ့ စာပေသစ် သိသိသာသာ ကွဲပြားလာတဲ့ အချက်ဟာ အဲဒီ ရေးဟန်၊ ပုံသဏ္ဌာန် နဲ့ ပတ်သက်ပါတယ်။

စာပေသစ်ရဲ့ အဓိက ပြဿနာဟာ အကြောင်းအရာပြဿနာဖြစ်ပြီးတော့ ၁၉၇၀ မှာ ရောက်ရှိလာတဲ့ မိုးဝေကဗျာရဲ့ ပြဿနာကတော့ ပုံသဏ္ဌာန်ပြဿနာဘက်ကို ကူးပြောင်းလာပါတယ်။ မိုးဝေကဗျာ(၁၉၇၀)ကို မလိုလားသူတွေက အဓိက ဦးတည် တိုက်ခိုက်ခဲ့တာဟာလည်း အဲဒီ ပုံသဏ္ဌာန်ကြောင့်ပဲ ဖြစ်ပါတယ်။

မိုးဝေကဗျာရဲ့ ပုံသဏ္ဌာန်က ‘အစဉ်အလာ လေးလုံးစပ် ပုံစံက လမ်းခွဲပြီး အပြောဘာသာစကားကို သုံးစွဲ’(မင်းလှညွန့်ကြူး) လာရုံတင် မကတော့ဘဲ ‘ပုဂ္ဂလိကခံစားမှုကိုပါ နိမိတ်ပုံများနဲ့ လွတ်လပ်စွာ ရေးဖွဲ့’(ညိုသစ်)လာတဲ့ ပုံသဏ္ဌာန်သစ် ဖြစ်လာပါတယ်။

ဒီနေရာမှာ ဆရာနတ်နွယ် ပြောဆိုတဲ့ အချက် (ပြည်သူ့ကြယ်ဂျာနယ်၊ ၁၉၇၂၊ မတ်)ကလည်း အရေးကြီးပါတယ်။ အကြောင်းအရာသစ်ကို ရေးဖွဲ့လာတဲ့အတွက် ပုံသဏ္ဌာန်ကလည်း တခါတည်း သစ်ဆန်းလာတာဖြစ်တယ် လို့ ဆရာနတ်နွယ်က ဆိုခဲ့ပါတယ်။

ဒါကြောင့် မြန်မာကဗျာ ဖြတ်သန်းရောက်ရှိလာတဲ့ မြန်မာကဗျာရဲ့ အရေးကြီးတဲ့ ရေစီးကြောင်း အလှည့်အပြောင်း တခုပဲ ဖြစ်ပါတယ်။

အဲဒီအလှည့်အပြောင်းကြားမှာပဲ မြန်မာကဗျာဟာ ဒီနေ့ ရောက်နေတဲ့ ‘ခေတ်ပေါ်ကဗျာ’အဆင့်ကို ပြောင်းလဲသွားဖို့ အရေးကြီးတဲ့ အချိုးအကွေ့တခု၊ တနည်းအားဖြင့် မောင်းနှင်အားတခုကို ရင်ဆိုင်လိုက်ရပါတော့တယ်။

အဲဒါကတော့ ‘ထင်းရှုးပင်ရိပ်’(၁၉၆၈) စာအုပ်ထဲကနေ ‘မော်ဒန်ဆိုလို့ မူလို့မှ ရှူစရာ မရှိဘူး’ ဆိုပြီး ဝေဖန်လိုက်တဲ့ မောင်သာနိုးရဲ့ တောင်းဆိုချက်ပါပဲ။

မိုးဝေကဗျာ လှုပ်ရှားနေတဲ့ တပြိုင်နက်တည်းမှာ မောင်သာနိုးက ‘မော်ဒန် ပေါယဲ့ထရီ’(ခေတ်ပေါ်ကဗျာလို့လည်း ဆိုတယ်) ကို တောင်းဆိုလိုက်တ့အြခါ ပထမဆုံး ထခဲ့တဲ့ ဂယက်ကတော့ ‘ဝေါဟာရပြဿနာ’ဂယက်ပါပဲ။ (ဒုတိယကတော့ ‘အတတ်ပညာ’ဂယက်ပါ။ မောင်လေးအောင်က -
အတတ်ပညာမဲ့သတဲ့
ငါ့ရဲ့ကဗျာကို
ပညာတတ်ကြိမ်လုံးနဲ့
တအုန်းအုန်းထုရိုက်တယ်
ဆိုပြီး မောင်သာနိုးကို ၁၉၇၀၊ မိုးဝေမဂ္ဂဇင်းကနေ တုံ့ပြန်ခဲ့)

မိုးဝေကဗျာရဲ့ တာဝန်ရှိသူလို့ ဆိုရမယ့် ဆရာနတ်နွယ်က မိုးဝေကဗျာကို တော်လှန်ကဗျာရယ်လို့ပဲ သတ်မှတ်တဲ့အကြောင်း၊ ခေတ်ပေါ် ဆိုတဲ့ စကားလုံးက ၀ါးလွန်းတယ်ရယ် ဆိုပြီး ရေးခဲ့ပါတယ်။ (ပြည်သူ့ကြယ်ဂျာနယ်၊ ၁၉၇၂၊ မတ်)

အဲဒီ ၁၉၇၀ တ၀ိုက်မှာ မြန်မာကဗျာလောကအတွက် ဂယက်ရိုက်ခဲ့တဲ့ စာအုပ်တအုပ်အဖြစ်နဲ့ နတ်နွယ်ကူညီပြီး ဒဂုန်တာရာ အမှာရေးခဲ့တဲ့ (မောင်လေးအောင်မပါ) မောင်သင်းခိုင်(ပါ) ၁၀ ဦး (မိုးဝေကဗျာဆရာအများစု)ရဲ့ ‘တော်လှန်ကဗျာ’ ဆိုတဲ့ စာအုပ် (၁၉၆၉၊ ဒီဇင်ဘာ) ထွက်လာတဲ့ အချိန်လည်းပဲ ဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် အဲဒီလို မိုးဝေကဗျာ၊ တော်လှန်ကဗျာ ဆိုတဲ့ ရေခံမြေခံထဲကနေပြီး ခေတ်ပေါ်ကဗျာဟာ ပေါ်ပေါက်လာခဲ့တာ ဖြစ်တယ် လို့ ကောက်ချက်ချရမှာပါပဲ။

ဒါကြောင့် စာပေသစ်ကနေ ထင်းရှူးပင်ရိပ်အထိဟာ ခေတ်ပေါ်ကဗျာ ဖြစ်တည်ဖို့ မြန်မာကဗျာက လမ်းခင်းလာတဲ့ ရေစီးကြောင်းရှည်ကြီး ဖြစ်ပြီး ၁၉၇၀ ကနေ ၁၉၈၈ အတွင်းမှာ ခေတ်ပေါ်ကဗျာဖြစ်ထွန်းရေး အယူအဆတွေ (ဥပမာ ဇင်နိုးကြူး အယူအဆ) အားကောင်း ခိုင်မာလာခဲ့တယ်လို့ ဆိုရပါမယ်။

အဲဒီကနေမှ မြန်မာကဗျာဟာ အဲဒီ (၁၉၇၀-၈၈) ရေခံမြေခံတွေကို ဖြတ်ပြီး ၁၉၈၉ ခုနှစ်ရဲ့ ဒီဘက်ပိုင်းမှာ စာပေသစ်အရင် ကဗျာများ၊ စာပေသစ်နောက်ပိုင်း ကဗျာများနဲ့ မတူတော့တဲ့ ကွဲပြားခြားနားသွားပြီး ခေတ်ပေါ်ကဗျာ ပီပီမြည်မြည် ဖြစ်လာခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

ခေတ်ပေါ်ကဗျာရဲ့ လမ်းကြောင်းကိုတော့ အဝေးကနေ တဖြည်းဖြည်းချင်း အနီးကို ရောက်အောင် ကြည့်တဲ့နည်းနဲ့ လေ့လာရမှာ ဖြစ်ပါတယ်။ အဲဒီအခါမှာ အရေးကြီးတဲ့ အခန်းကဏ္ဍ နှစ်ခုကတော့ (၁) ၁၉၈၈ မတိုင်မီ ခေတ်ပေါ်ကဗျာ ဖြစ်ထွန်းရေး နဲ့ (၂) ၁၉၈၈ နောက်ပိုင်း ဖြစ်ထွန်းလာတဲ့ ခေတ်ပေါ်ကဗျာ ဆိုပြီး ဖြစ်ပါတယ်။

ခေတ်ပေါ်ကဗျာရဲ့ လမ်းကြောင်းကို ဆက်ပြီး လေ့လာသုံးသပ်ဖို့တော့ လိုပါဦးမယ်။


အောင်ဝေး


[ရုပ်ရှင်တေးကဗျာ၊ အောက်တိုဘာ ၁၉၉၇]


{ ခေတ်ပေါ်ကဗျာ ဘာလဲ ဘယ်လဲ စာအုပ်မှ }






http://aungway.wordpress.com/

Friday, May 27, 2011

ဆယ်စုတစ်ခေတ်ရဲ့ အလွမ်းမှန်ကူကွက်

(၁)

နိုင်လွန် လမ်းမပေါ်မှာ ဖိနပ်မပါတဲ့ လေဟာ ဦးတည်ရာမဲ့ ရှပ်တိုက်ပြေးလွှားနေလေရဲ့ ဝါကြန့်ကြန့် သစ်ရွက်အိုတို့ ဘဝကို အရှုံးနဲ့ စွန့်ခွာခဲ့ရသူမို့ ရွှေရင်တဆို့ဆို့ မြေပေါ်မှာ လူးလှိမ့်လို့ပေါ့။ ရန်ကုန်ရဲ့ မေလ အပူလှိုင်းလုံးတွေ ထ (မောင်လေးအောင်…) မင်းအတွက် မင်းအတွက် ပင့်သက် ချီနေတာများလား။ ပူပြင်းရက်စက်တဲ့ နွေရဲ့ရင်ခွင်မှာ မင်းဟာ မင်းချစ်တဲ့ ငါတို့ကို ရက်စက်စိမ်းကားစွာနဲ့ စွန့်ခွာသွားခဲ့တယ်လေ။ ၁၉၇၇ မေလ ဟော ကြည့်စမ်းပါ ဆယ်စုတစ်ခေတ်ဆိုတဲ့ကာလ မနေ့တစ်နေကလို အလျားတိုတိုကလေးပါလား။ မောင်ယဉ်မွန် ကွယ်လွန်ခဲ့တုန်းက မင်းရေးဖွဲ့တဲ့ ကဗျာမျက်ရည်ကို အင်အားအဖြစ် ပြောင်းပစ်လိုက်တဲ့ ကဗျာ မင်းမှတ်မိနေဦးမှာပေါ့။

“ပန်းတွေ

ကြွေနေဆဲပါ သူငယ်ချင်း

ဒါပေမယ့်

ပန်းတွေ ဝေနေဦးမှာပဲ

သူငယ်ချင်း” …. တဲ့ 

ဟုတ်ပေရဲ့

မင်းမရှိတော့တဲ့ နောက်ပိုင်းမှာ ကဗျာမုန်တိုင်းတွေ ထန်လာတယ် ကဗျာရေစီးတွေ သန်လာတယ် ဒါပေမယ့် မင်းပြောခဲ့သလို ပန်းတွေ ဝေနေဆဲပါ သူငယ်ချင်း ….။ ဖြစ်တည်မှုရဲ့ ကြောင်လိမ်လှေကားပေါ်မှာ မင်းချစ်ခဲ့တဲ့ ကဗျာ ၂၁ ရာစုမှာ ပိုပြီး ကျန်းမာလာဦးမှာပါ။



(၂)

မြင့်မြတ်တဲ့၊ ခေါင်းပုံမဖြတ်တဲ့၊ သွေးစုတ် မခြယ်လှယ်တတ်တဲ့၊ ရိုးသားဖြောင့်မတ်တဲ့ ကဗျာဆရာတစ်ယောက် ထာဝရ အိပ်စက်နားခိုဖို့ မြေဝသုန်ဟာ နွေးထွေးယုယစွာနဲ့ ကြိုဆိုဂုဏ်ပြုခဲ့ တယ်မဟုတ်လား။ “ရေနဲ့ နာမည်ရေးသူ လဲလျောင်းရာ” ကဗျာဆရာ ဂျွန်ကိရဲ့ အုတ်ဂူပေါ်က စာတန်းဟာ သိပ်ပြီးတော့ ရိုးသားပါတယ်။ တကယ်တော့ ရေနဲ့ နာမည်ကို ကမ္ပည်းထိုးခဲ့သူတွေဟာ ကက်ပလင်းလို၊ အိုက်စတာပေါင်းလို လူစားတွေ ဖြစ်တယ်။ သူငယ်ချင်းလို၊ ညီအစ်ကိုလို၊ ရဲဘော်လို၊ ချစ်ရတဲ့ မောင်လေးအောင်ရေ မင်းနာမည်ကို မင်းဟာရေနဲ့ ရေးသွားခဲ့တာ မဟုတ်ဘူး နှလုံးသွေးနဲ့၊ နှလုံးသွေးနဲ့ ရေးသွားခဲ့တာပါ။ ဆွေးနေတဲ့ နံရံပေါ်မှာ မင်းကဗျာ ရေးခဲ့တာမဟုတ်ဘူး။ သံမဏိနံရံပေါ်မှာ မင်း ကဗျာရေးခဲ့တာ ဖြစ်တယ်။ ရဲဘောကြီးရေ ပန်းတွေ ဝေလိုက် ကြွေလိုက်၊ နေဝင်လိုက် ထွက်လိုက်၊ နေ့ဖြစ်လိုက် ညဖြစ်လိုက်၊ မိုးရွာလိုက် နေပူလိုက်၊ အမူးပြေလိုက် မပြေလိုက်နဲ့ မင်းမရှိတော့တဲ့ ဆယ်စုနှစ်ရဲ့ လွမ်းမောဖွယ် အကာလ ပုဇွန်တောင်ရဲ့ ညနေခင်း မသင်းပျံ့တော့ဘူးလေ။


မောင်သင်းခိုင်



http://www.kaungkin.com/index.php?option=com_content&view=category&layout=blog&id=42&Itemid=62

အနုပညာအကြောင်း ဟိုဟို၊ သည်သည်၊ ရှာဖွေ၊ ဖတ်ရှု၊ လေ့လာကြည့်ပြီးနောက် အန်ဖတ်

ငါဟာ တကယ်မရှိတာကို ရှိတယ်ထင်ပြီး ရှက်ကိုးရှက်ကန်း ရာနှုန်းပြည့်သာဖတ်လိုက် ဝက်ခြံကို စိမ်ပြေနပြေ

ညှစ်နေရင်း ရေမရှိတဲ့ ချောင်းမှာ နှာခေါင်းဖော်ပြီး သေဖို့ အကြံပေးခံရတယ် မျက်ခုံးနှစ်ဖက်ကို ပင့်ကာ ကဗျာ

ဖြစ်လေမလား စမ်းတဝါးဝါး ပါးစပ်ဝမှာ ယဉ်ကျေးမှု အရ လက်ဝါးနဲ့ ပိတ်ကာလို့ တဝါးဝါးသမ်းကာ တဝါးတဝါး

တဟားဟားဖြစ်နေတဲ့ ဟိုအုပ်စု စာရွက်စာတမ်း ဖြစ်မလာခင် စက္ကူထုပ်မျှ အညွှန်းနဲ့ အကိုးအကားတွေကိုလည်း

သူ့နေရာနဲ့သူ နေရာချ ကြိတ်ပြီးကျေးဇူးတင်မိတယ် ကိုယ့်လက်လွန်မှုကို ကိုယ် ကျိန်ဆဲလို့ အားမရနိုင်အောင်

ဟောင်းလောင်းပေါက်မှာ ကပ်ထားတဲ့ ဒီအသံထွက် ဇာတ်ကားကြော်ငြာ မှော်ဆရာတယောက်အဖို့ ဒါ အရှက်

ရစရာ မှော်စွမ်းပြမှု နောက်တမျိုးလှည့်ပြောရရင် ဆရာတော် သမတော်(သမားတော်) တွေရဲ့ ဂုဏ်ပုဒ်ကိုလည်း

ငဲ့ပါအုန်းကွာ ပျစ်ချွဲချွဲ မင်းကတိတွေ မင်းအမြန် ပြန်သိမ်းဆည်းသွားစမ်းပါ ငါ့ မျှော်လင့်ချက်ပါဆိုမှ ဘယ်လိုလုပ်

မင့်မျှော်လင့်ချက် ဖြစ်ရမှာတဲ့တုန်း မပြောချင်လို့ကြည့်နေတာကြာပြီ မင်းကို ဘယ်မှာ မြှုပ်နှံစေချင်သလဲသာ

ပြော ဒီလို မထီတရီ လုပ်ငန်းဆိုင်ရာ အထူးတင်ပြချက် ခရာသံများသည် ‘တိုက်ကြ’ ဟု အမိန့်ပေးခြင်း ဖြစ်၏

ဟွန်ရာမွန်း ဟင်မနေး စသူတို့ မလိုအပ်တဲ့ စကားလုံး အားလုံးကို ဖယ်ရှားကာ တိကျမှန်ကန်သော လက္ခံထား

ရသော ၄၆၂၀၅၁၁ ရှိသော ဝမ်းနည်းမှု၏ ဖိစီးခြင်းဒဏ် အလားတူ အခြားစခန်းများလည်း ရှိသေးသည်

ဆိုရှယ်လစ်ပါတီက ကိုသန်းလို့ပြောပါ ဒေါက်တာ ရေး လို့ပြောပါ အားနည်းချိနဲ့သော အဖိုးအိုတယောက်ကလို့

ပြောပါ မြက်ခင်းပေါ်မှာ ဘယ်သူမှ ဇာတ်လိုက် (နန္ဒိဝိသာလ) ကို (တစ်စုံတစ်ရာက) စမ်းသပ်မယ် ၂ ကိုနှိပ်လိုက် ၉

ကိုနှိပ်လိုက် ရုက္ခစိုးတွေ နေရာ ဗိမာန်ရွေးတယ် မေးတဲ့ လေသံ (tone) နဲ့ ကိုယ်အမူအရာ (body language)

ကိုလည်း သတိထားရသေးတယ် ပြောရင်းဆိုရင်း ပင်နွန်ဆယ်လီ ကတော့ Fountain နဲ့အတူ လုပ်ဆောင်ခဲ့တဲ့

Performance ကို သူရဲ့ နောက်ဆုံး လုပ်ဆောင်မှု အဖြစ် ကြေညာခဲ့ပြီး အနုပညာမှ အနားယူသွားခဲ့ပြီ ဖြစ်ပါတယ် ချမ်းအေး။ ။



ခင်အောင်အေး

၂၊ အောက်တိုဘာ၊ ၂၀၁၀ ဘန်ကောက် ၂၁း၂၁ နာရီ




http://www.kaungkin.com/index.php?option=com_content&view=category&layout=blog&id=42&Itemid=62

မသိစိတ်ရှာပုံတော်။ အစက ဒီစာအုပ် လက်ထဲရောက်လာတော့ စ ဆုံးဖတ်မလို့ပဲ။ သုံးမျက်နှာလောက် ဖတ်ပြီးတော့ ဆယ်စုနှစ်တစ်ခုလုံးဖြစ်ခဲ့တဲ့ မသိစိတ်ရောဂါစေညွှန်ရာအတိုင်း ငါ့အတွက် အရေးကြီးတာက ကဗျာနှင့်ကဗျာရေးရာဆိုပြီး ဒီတစ်ခေါက်လည်း ရောက်ရှိရာ စာမျက်နှာကို ခဏခေါက်၊ တစ်နေနှစ်ကြိမ် ထမင်းအိုးအဖုံး ဖွင့်သလို Equalsignpoetryetics.com ကို အလောတကြီး ဖွင့်လိုက်တယ်။ အဲဒီ့ဆိုဒ်က ဆွဲချလာပြီး ပြန်စုပေါင်းထားတဲ့  မိုက်ခရိုဆော့ဖ်ဝါ့ခ်ဖိုင် ကျွန်ုပ်၏ ကွန်ပြူတာထဲမှာ ရှိပါတယ်။ အပြန်ပြန်အလှန်လှန် ဖတ်ပါတယ်။ ရည်ရွယ်တာက နိုးကြားရေးပဲ။ ဒါပေမယ့် ရှော့ခ်များသွားတော့လည်း မရည်ရွယ်ပဲ သတိလစ်ချင်လာတယ်၊ ကျွန်ုပ်၏ ကွန်ပြူတာ အပျော့ထည်ပိုင်း လေးလံလာတယ်။ ဒါဖြင့် မူလအသံ ဆိုတာဘာလဲ ဦးအောင်ချိမ့်ကိုယ်တိုင် ကိုယ်တွေ့ ပြောတာက ပေါ့လတိစ် တဲ့၊ ကဗျာမှာ သရုပ်မှန်ပြီး ဆယ်ရီလစ်၊ ဆယ်ရီလစ်ပြီး သရုပ်မှန်၊ ဒါပေမယ့် အရင်ဆယ်ရီလစ်ရော အရင်သရုပ်မှန်ရော မဟုတ်တော့ဘူးဆိုတဲ့ သူ့ ထုံးစံအတိုင်း တိုထိပြတ်သား မှတ်သားဖွယ်ရာ အသည်းစွဲ ကဗျာဆရာ။ ကျွန်တော်ကတော့ ၉၇ လက်ရွေးစင်ကို ပြန်လှန်တယ်၊ ဂျွန်လကို ပြန်လှန်တယ်၊ သစ်ရွက်အသေကို ပြန်လှန်တယ်၊ တော်လှန်ကို ပြန်လှန်တယ်။ အချိုး၊ တေးထပ်၊ လေးလုံးစပ်၊ ပကိဏ္ဏက၊ သီချင်းကြီး၊ ကြောက်မက်ဖွယ် ကဗျာသုတ် ဝိနည်း အဘိဓမ္မာ ဖြစ်နိုင်ရင် အကုန်ပြန်လှန်ထား။ သျှင်ဥတ္တမကျော်၊ မောင်ကျဘမ်းကအစ ဆီးဘန်းနီနှင့် မန်လည်ဆရာတော်များအလယ်၊ တာရာ၊ သိန်းဖေမြင့်၊ မြသန်းတင့် အဆုံး အပြန်ပြန်လှန်လှန်ထား၊ မျက်မှောက်ကာလကြီးရဲ့ နှလုံး သွေးတိုး ဆီးချို သွက်ချာပါဒ ကိုးဆယ့်ခြောက်ပါး ရမ်သမ်ကိုလည်း မျက်စိဖွင့် နားစွင့်ထားပေါ့။ ကျမ်းစာလာဥပဒေ စည်းကမ်းတို ပြန်လှန်ကြည့်ရမယ်၊ တော်လှန်ကြည့်ရမယ်၊ ကျော်လှန်ကြည့်ရမယ်။ မြင့်သန်း၊ မင်းခက်ရဲ စသဖြင့် အထောက်အကူ ရှိပါတယ်။ စာအုပ်စင် အပေါ်ဆုံးထပ် ခေတ်စမ်းမှသည် ခေတ်ပေါ် ယနေ့ နှောင်းခေတ်ပေါ်တွေတော့ သင်ရိုးကုန် အာဂုံဆောင်ပြီးသားပဲ။ လူတစ်ယောက်ရဲ့ ကဗျာပြောရေးဆိုခွင့်ဟာ ဒီအပေါ်မှာ မူတည်တယ်လို့ ကျုပ်ဘက်က ယုံကြည်တယ်။ ကဗျာရေးသက်တို့ ကဗျာပါရမီရှင်တို့ ငါရေးမှကဗျာတို့ နဖူးချွေးပြန် သင်္ချာကဗျာတို့ ကမ္ဘာလုံးထဲဆိုင်ကယ်စီး သိပ္ပံကဗျာတို့ ပို့စ်_ပို့စ်_ပို့စ်မော်ဒန်ကဗျာတို့ နာ့လောက်တော်သူမရှိ နာ့ လောက်တတ်သူမရှိ ဆရာတကာ့ဆရာမှာ နာ့ ဆရာအတော်ဆုံး တပည့်တကာ့တပည့်မှာ နာ့ တပည့်အတတ်ဆုံး အွန်လိုင်းပေါ်က သားသား မီးမီး ကိုကို မမ ဦးဦး ဒေါ်ဒေါ်တို့ရဲ့ အပြန်အလှန်ရှယ်ကြ ရှယ်ကဗျာတို့ …. အိုဘယ့် ကဗျာမဟာယာနအပေါင်းတို့၊ သင်္ကြန်အမြောက်သံဆိုတာ အခုမှကြားဖူးတာမဟုတ် ခေတ်အဆက်ဆက် ကဗျာဖွဲမီးပေါင်း သောင်းခြောက်ထောင်မက လောင်ကျွမ်းပြီးစီးခဲ့လေပြီ။ ဒေသမဂ္ဂဇင်းသည်လည်း ဖွဲမီးနှင့်ရေပွက်ပမာ ဆိုသည့်အဖြစ်ကို မမြင် လူတို့၌ရှိတတ်သည့် အတ္တဘဝအမှန်ဝါဒ အစွန်းအတိုင်း တိုင်းမ်နှင့် ဒိုင်ဂျစ် မဂ္ဂဇင်းနှစ်ပတ်လည်အလား ထင်မှတ်ကြီးကျယ်နေကြရာ ငါနှုတ်ထွက်ပေးမှ အေးတော့မယ်။ သင်တို့ ဆယ့်လေးငါးယောက်ပေါင်းမှ ရန်သူငါ့တစ်ယောက်ကို အောင်နိုင်မယ်ဆိုလည်း ပေါင်းကြပေါ့။ ငါ့မှာ ရန်သူမျိုးငါးပါးမက၊ ညမီးကင်းစောင့်ရန်၊ ည သူမဆီ တစ်ခေါက် ချစ်ခင်သနား ကြင်နာလွမ်းဆွတ်အံ့သြရန်၊ အချိန်နှင့် ဇယားနှင့် အလုပ်သင်နှင့် ဝန်ထမ်းဘဝ ဝင်ရောက်ရန်(မဝင်ရန်) ကိုယ်ပိုင်ကွန်ပြူတာမှာပဲ လက်ဖက်ရည်ဖိုးရရုံ ခိုးကူးသွင်းပေးရန်၊ ရန်အသွယ်သွယ်နဲ့ ကျွန်ုပ်၏ ကွန်ပြူတာ လောလောဆယ် ယူပီအက်စ်ထဲက ဘက်ထရီတစ်လုံးလဲရန်။ Please Give ဆိုတဲ့ ရုပ်ရှင်က အခုမှ ထွက်လာတာပါကွာ။ မှတ်တမ်းမှတ်ရာတွေထဲ ပြန်ကြည့်လို့ ဓါတ်ပုံအယ်လ်ဘမ်တွေထဲ ပြန်ကြည့်လို့ ငါမင်းအပေါ်မှာ ခေတ်အဆက်ဆက် ဘဝအကွေ့ကွေ့ လူမျိုးဘာသာမရွေး ရာထောင်ချီ အသိမိတ်ဆွေတွေအပေါ်မှာ ငါ့ဘက်က မိတ်ဆွေတို့ ဝတ္တရားပျက်ကွက်ခဲ့တာရှိရင် ထောက်ပြနိုင်ပါတယ် အချစ်ရယ်။ ဒီနေ့မှာ အဲဒီကောင်ကြီး ပြန်ရလိုက်တာက အိမ်မှာနေ့ လည်နေ့ခင်းဆို တစ်ယောက်တည်း S.O.A.D ရဲ့  lonely day ကို Repeat လုပ်ပြီး အသံကုန်ဖွင့် နားထောင်နေရတာပါပဲကွယ်။


မောင်ယုပိုင်






http://www.kaungkin.com/index.php?option=com_content&view=category&layout=blog&id=42&Itemid=62

ဆယ်စုတစ်ခေတ်ရဲ့ အလွမ်းမှန်ကူကွက်

(သရုပ်ဖေါ် ပန်းချီ မင်းကျော်ခိုင်)
(၁)

နိုင်လွန် လမ်းမပေါ်မှာ ဖိနပ်မပါတဲ့ လေဟာ ဦးတည်ရာမဲ့ ရှပ်တိုက်ပြေးလွှားနေလေရဲ့ ဝါကြန့်ကြန့် သစ်ရွက်အိုတို့ ဘဝကို အရှုံးနဲ့ စွန့်ခွာခဲ့ရသူမို့ ရွှေရင်တဆို့ဆို့ မြေပေါ်မှာ လူးလှိမ့်လို့ပေါ့။ ရန်ကုန်ရဲ့ မေလ အပူလှိုင်းလုံးတွေ ထ (မောင်လေးအောင်…) မင်းအတွက် မင်းအတွက် ပင့်သက် ချီနေတာများလား။ ပူပြင်းရက်စက်တဲ့ နွေရဲ့ရင်ခွင်မှာ မင်းဟာ မင်းချစ်တဲ့ ငါတို့ကို ရက်စက်စိမ်းကားစွာနဲ့ စွန့်ခွာသွားခဲ့တယ်လေ။ ၁၉၇၇ မေလ ဟော ကြည့်စမ်းပါ ဆယ်စုတစ်ခေတ်ဆိုတဲ့ကာလ မနေ့တစ်နေကလို အလျားတိုတိုကလေးပါလား။ မောင်ယဉ်မွန် ကွယ်လွန်ခဲ့တုန်းက မင်းရေးဖွဲ့တဲ့ ကဗျာမျက်ရည်ကို အင်အားအဖြစ် ပြောင်းပစ်လိုက်တဲ့ ကဗျာ မင်းမှတ်မိနေဦးမှာပေါ့။

“ပန်းတွေ

ကြွေနေဆဲပါ သူငယ်ချင်း

ဒါပေမယ့်

ပန်းတွေ ဝေနေဦးမှာပဲ

သူငယ်ချင်း” …. တဲ့ 

ဟုတ်ပေရဲ့

မင်းမရှိတော့တဲ့ နောက်ပိုင်းမှာ ကဗျာမုန်တိုင်းတွေ ထန်လာတယ် ကဗျာရေစီးတွေ သန်လာတယ် ဒါပေမယ့် မင်းပြောခဲ့သလို ပန်းတွေ ဝေနေဆဲပါ သူငယ်ချင်း ….။ ဖြစ်တည်မှုရဲ့ ကြောင်လိမ်လှေကားပေါ်မှာ မင်းချစ်ခဲ့တဲ့ ကဗျာ ၂၁ ရာစုမှာ ပိုပြီး ကျန်းမာလာဦးမှာပါ။



(၂)

မြင့်မြတ်တဲ့၊ ခေါင်းပုံမဖြတ်တဲ့၊ သွေးစုတ် မခြယ်လှယ်တတ်တဲ့၊ ရိုးသားဖြောင့်မတ်တဲ့ ကဗျာဆရာတစ်ယောက် ထာဝရ အိပ်စက်နားခိုဖို့ မြေဝသုန်ဟာ နွေးထွေးယုယစွာနဲ့ ကြိုဆိုဂုဏ်ပြုခဲ့ တယ်မဟုတ်လား။ “ရေနဲ့ နာမည်ရေးသူ လဲလျောင်းရာ” ကဗျာဆရာ ဂျွန်ကိရဲ့ အုတ်ဂူပေါ်က စာတန်းဟာ သိပ်ပြီးတော့ ရိုးသားပါတယ်။ တကယ်တော့ ရေနဲ့ နာမည်ကို ကမ္ပည်းထိုးခဲ့သူတွေဟာ ကက်ပလင်းလို၊ အိုက်စတာပေါင်းလို လူစားတွေ ဖြစ်တယ်။ သူငယ်ချင်းလို၊ ညီအစ်ကိုလို၊ ရဲဘော်လို၊ ချစ်ရတဲ့ မောင်လေးအောင်ရေ မင်းနာမည်ကို မင်းဟာရေနဲ့ ရေးသွားခဲ့တာ မဟုတ်ဘူး နှလုံးသွေးနဲ့၊ နှလုံးသွေးနဲ့ ရေးသွားခဲ့တာပါ။ ဆွေးနေတဲ့ နံရံပေါ်မှာ မင်းကဗျာ ရေးခဲ့တာမဟုတ်ဘူး။ သံမဏိနံရံပေါ်မှာ မင်း ကဗျာရေးခဲ့တာ ဖြစ်တယ်။ ရဲဘောကြီးရေ ပန်းတွေ ဝေလိုက် ကြွေလိုက်၊ နေဝင်လိုက် ထွက်လိုက်၊ နေ့ဖြစ်လိုက် ညဖြစ်လိုက်၊ မိုးရွာလိုက် နေပူလိုက်၊ အမူးပြေလိုက် မပြေလိုက်နဲ့ မင်းမရှိတော့တဲ့ ဆယ်စုနှစ်ရဲ့ လွမ်းမောဖွယ် အကာလ ပုဇွန်တောင်ရဲ့ ညနေခင်း မသင်းပျံ့တော့ဘူးလေ။





http://www.kaungkin.com/index.php?option=com_content&view=category&layout=blog&id=42&Itemid=62

အင်္ဂလန် နိင်ငံ သရုပ်ဆောင်သမဂ္ဂ ရာသက်ပန် အသင်းဝင် ဇာဂနာ

ပန်းချီ မုတ်သုန်



အင်္ဂလန်နိုင်ငံEquity လို့လူသိများတဲ့ သရုပ်ဆောင်များ သမဂ္ဂ က မြစ်ကြီးနားထောင်အတွင်း အကျဉ်းကျနေတဲ့ လူရွင်တော် ဇာဂနာ ကို

ရာသက်ပန် ဂုဏ်ထူးဆောင်အဖွဲ့ဝင် ဆု ကို ချီးမြင့်ဘို့ ဆုံးဖြတ်လိုက်ပြီး လာမဲ့ တနင်္ဂနွေ နေ့မေလ ၂၂ ရက်နေ့လုပ်မဲ့ သမဂ္ဂ ညီလာခံ မှာ

တရားဝင် ချီးမြင့်မယ်လို့ ဆိုပါတယ်။



လူရွင်တော် ဇာဂနာ ဟာ လောလောဆယ် မှာ မြစ်ကြီးနားထောင်ထဲ မှာ ထောင်ဒဏ် ၃၅ နှစ်ကျခံနေခဲ့ရာမှ လွန်ခဲ့ အပတ် မြန်မာနိုင်ငံ

သမ္မတကြီး ဦးသိန်းစိန် ရဲ့ သနားကြင်နာ မှုကြောင့် ထောင်ဒဏ် တစ်နှစ် လျော့ပေါ့ခွင့်ခံစား တာမို့ ခုဆိုရင် ၃၄ နှစ် ကို ကျခံ နေရတယ်လို့

ပြောရမှာဖြစ်ပါတယ်။



လူ၇ွှင်တော် ဇာဂနာ ၁၉၉၅ ဒုတိယ အကြိမ် ထောင်က လွတ်မြောက်လာစဉ် အခါက မဟေသီ မဂ္ဂဇင်း မှ သတင်းထောက် နဒီ က ဗိဒီယို ရိုက်ကွင်း တွင်

သွားရောက်မေးမြန်းခဲ့ သော အင်တာဗျူး မှ အမေးအဖြေတချို့ ကို ကောင်းကင်စာဖတ်သူများ အတွက် ကိုဇာဂနာ အလွမ်းပြေ အဖြစ်

ပြန်လည် ကူးယူ ဖေါ်ပြအပ်ပါတယ်။

စာတည်းအဖွဲ့ 



မေး ။ ။ဇာဂနာ နဲ့ နှစ်အတန်ကြာ ဝေးကွာခဲ့တဲ့ အနုပညာလောကထဲ ပြန်ခြေလှမ်းခဲ့ ချိန်မှာ ဘယ်လို ကွာခြားမှုတွေ တွေ့ရပြီး ဘယ်လိုခံစား ခဲ့ရပါသလဲ။

ဖြေ။ ။ဇာဂနာဟာ ပြောင်းလဲမသွားသလို ပရိတ်သတ်ဟာ လည်းပြောင်းလဲ မသွားပါဘူး။ ဒါကြောင့် ကွာခြားမှု မတွေ့ရဘူး။ တစ်ခုတော့ရှိတယ်။ ကျွန်တော်

လုပ်ပြချင်တာတွေ ပရိတ်သတ်ဆီ မရောက်နိုငသေးတာပါပဲ။



မေ။ ။ဇာဂနာ ကျင်လည်ခဲ့တဲ့ ရတဲ့လူရွှင်တော် ဘ၀ကို လွမ်းပါသလား။ ဘယ်လို အလွမ်းမျိုးနဲ့ လွမ်းပါသလဲ။

ဖြေ။ ။ကျွန်တော် မလွမ်းတတ်ပါဘူး။ ကျွန်တော်က လရောင်အောက်မှာ ထိုင်ပြီး စမ်းရေစီးသံကိုအတွေးနဲ့ နားဆင်မယ့်လူမဟုတ်ဘူး။

စမ်းချောင်းဆီ အရောက်သွားမယ့် လူပါ။



မေး။ ။ လောလောဆယ် ကျင်လည်နေရတဲ့ ဗီဒီယိုလောက ကို ရော ဘယ်လို သဘောထားပါသလဲ။

ဖြေ။ ။ မြစ်ရေတစ်ခုပါ။ ရေဆင်းချိုးတဲ့လူတွေ၊ ငါးမျှားတဲ့လူတွေ ၊အ၀တ်လျော်တဲ့လူတွေ၊ စုံလို့ပဲ။အညစ်အကြေးစွန့်တဲ့

လူလည်းပါတာပေါ့ ။ဒါပေမဲ့ မြစ်ရေကတော့ စီးဆင်းလျက်ပါပဲ။



မေး။ ။ဗီဒီယို ပရိတ်သတ်အပေါ် ဘယ်လို စေတနာမျိုးနဲ့ အလုပ်လုပ်နေတယ် ဆိုတာ သိပါရစေ။

ဖြေ။ ။ ကျွန်တော် စေတနာကတော့ တစ်ခုတည်းပါ။ '' ကျန်ခဲ့စေချင်တယ်'' ဒါပါပဲ။



မေး။ ။ဒီနေ့ခေတ်မှာ အငြိမ့်မင်းသမီး တစ်ယောက်ရဲ့ ရပ်တည်မှု ဘ၀ပီပြင်ဘို့ ဘယ်လိုအရာတွေလိုအပ်မယ်ဆိုတာ ။

ထိုအတူ လူရွင်တော် တစ်ယောက်အနေနဲ့ ရပ်တည်ဘို့ ဘာတွေ လိုအပ်မယ် ဆိုတာ တွေးမိသလောက်ပြောပြပါဦး။

ဖြေ။ ။ မင်းသမီးပဲဖြစ်ဖြစ် လူရွှင်တော်ပဲ ဖြစ်ဖြစ် ရပ်တည်မှု ဘ၀ပီပြင်ဖို့ ကတော့ ယုံ ကြည်မှု နဲ့ ဇွဲ ပါပဲ။



မေး။ ။ဇာဂနာပြောချင်တဲ့ ဇာဂနာ အကြောင်း လို့ ခေါင်းစဉ်ပေးလိုက်မယ် ဆိုရင် ဘာတွေပြောမလဲ။

ဖြေ။ ။ခက်တော့ခက်တယ်ဗျာ။ ကျွန်တော်က သိပ်မပြောချင်ဘူး။ လုပ်ပြချင်တယ်။ ကျွန်တော်အကြောင်းကို ကျွန်တော် သားတွေ

မြေးတွေ။ မြစ်တွေ က ပြောကျန်ရစ်စေချင်တယ်။ အဲဒါကျွန်တော် ရဲ့ အတ္တ ပဲ။



မေး။ ။ လူရွှင်တော် ဘ၀မှာ ဘယ်လိုဒုက္ခ တွေကြုံတွေ့ခဲ့ရပါသလဲ။ အဲဒီအခက်အခဲတွေ အပေါ် ဘယ်လိုသဘောထားပါသလဲ။

ဖြေ။ ။အောင်မြင်အောင်ကြိုးစားတဲ့ လူတိုင်းမျာ အခက်အခဲတွေ နဲ့ ရင်ဆိုင်ကြရမှာပဲ။အဖြေရှာရင်း အိပ်မောကျနေတဲ့ သူတွေ ၊

တက်ကျိုး သွားတဲ့လူတွေ ဒုနဲ့ဒေးပါ။ ကျွန်တော်ကတော့ ဖြစ်မြဲ ဓမ္မတာလို့ သဘောထားပါတယ်။ ရင်ဆိုင်ဘို့ က ကိုယ့်တာဝန်

ပဲ။လူ့ဘ၀ဟာ သင်္ချာ မဟုတ်တဲ့ အတွက် နောက်ဆုံးထွက်သက်မှာ အဖြေ (တစွန်းတစ)တော့ရကောင်းပါရဲ့။



မေး။ ။ဇာဂနာ နောက်ထပ်ဆယ်နှစ်အတွင်း ဘာတွေလုပ်ချင်နေဦးမယ်။ ဘာတွေဖြစ်နေဦးမယ်ဆိုတာ မြည်းစမ်းပါရစေလား

ဖြေ။ ။သေချာတော ကတာ့ ကျွန်တော်ဟာ အတ္တ ကိုမပယ်နိုင်တဲ့ လူတစ်ယောက်ပါ။ဒေါသရော လောဘရော မောဟရော အကုန်လုံးရှိတယ်။

ဒါကြောင့် နောက်ဆယ်နှစ်၊ နှစ် နှစ်ဆယ်၊ နှစ် သုံးဆယ် စသည်ဖြင့်ပေါ့လေ.... ကျွန်တော်ဟာ ကျွန်တော် အတွက်၊ ကျွန်တော်သမိုင်း အတွက်

ကျွန်တော့် လိပ်ပြာ အတွက် '' သန့် '' မယ့် အလုပ်တွေ ရွေးလုပ်သွားပါမယ်။ တကယ်လို့ နောင်နှစ်ဆယ် မှာ ကျွန်တော် အသက်ရှိနေသေးရင်

ဆုံကြသေးတာပေါ့၊ အသက်အရွယ်ကလည်း ပါးစပ်ကို ဘောင်ခတ်နိုင်ပါတယ်ဗျာ။

(ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တို့ လိုလူတွေရဲ့ စကားဟာ နှစ်အကန့်အသတ်၊ နယ်နမိတ်တခုပေါ့ ။အဲဒီလောက်ပဲ မှန်တတ်တယ်။

အတွေးအခေါ်တွေ အယူအဆတွေ ဘယ်လိုပဲထုတ်ထုတ် ဆယ်စုနှစ်တွေ ကျော်လာရင် မီးပုံ ရှို့ရတာတွေ ဖြစ်လာတတ်တာပဲ။

မြတ်စွာဘုရား ရဲ့ စကားကလွဲ လို့ ဘယ်စကားမှ အမြဲ မမှန်ပါဘူးဗျာ ။)







http://www.kaungkin.com/

တောင်အမေရိကသွားချင်တယ်

စပိန်စကားမတတ်ပေမယ့်
ပေါ်တူဂီစကားမတတ်ပေမယ့်
တောင်အမေရိကကိုသွားချင်တယ် …
အောက်တိုဗီယိုပါ့ဇ်ရဲ့ ကဗျာတွေ
အက်ဆေးတွေကို သဘောကျလို့
ကာလို့စ်ဆန်တားနားရဲ့
ဂစ်တာသံကို သဘောကျလို့ …

စပိန်စကားမတတ်ပေမယ့်
ပေါ်တူဂီစကားမတတ်ပေမယ့်
တောင်အမေရိကကိုသွားချင်တယ် …

ချေဂွေဗားရား ကျဆုံးခဲ့တဲ့
ဘိုလီးဗီးယားတောတွင်းတနေရာကို
သွားကြည့်ချင်တယ်
မက္ကဆီကို စီးတီးက ကဖေးတခုမှာ
ဂါစီယာမားကွက်ဇ်နဲ့
အထီးကျန်နှစ်တစ်ရာအကြောင်း
မေးကြည့်ချင်တယ်
ဗြူနိုအေရီမှာ မာရာဒိုနာနဲ့တွေ့ပြီး
လာမယ့် ကမ္ဘာ့ဖလားအကြောင်း
စကားကောင်းမယ် …

မက်ဒရစ်ရောက်ရင် နီရူဒါနေခဲ့တဲ့အိမ်ကို
လိုက်ရှာမယ်
ပြီးတော့ … သူ့ရဲ့ကဗျာတွေပြန်ဖတ်မယ်
ဗင်နီဇွဲလားက ရေနံတွင်းအလုပ်သမားတွေနဲ့
ဗျစ်ရည်ခါးခါးကို အတူသောက်မယ် …

ရီယိုမြို့က ကပွဲရုံတွေမှာ
ကချေသည်မတွေရဲ့ ဆမ်းဗားအက ကြည့်မယ် …

ပီရူးရွှေတွင်းက အလုပ်သမား ကဗျာဆရာတွေနဲ့
ဂလိုဗယ်လိုက်ဇေးရှင်းအကြောင်းဆွေးနွေးချင်တယ်
ရီယိုဒီဂျနေရိုက မူလတန်းကျောင်းတွေမှာ
ဘရာဇီးကလေးတွေ
ဘောလုံးကစားတာသွားကြည့်မယ်
ဟာဗားနားမှာ ဟာဗားနားဆေးပြင်းလိပ်ကိုခဲပြီး
ဂလိုရီယာအိစ်ဖန်းရဲ့ သီချင်းတွေနားထောင်မယ် …

စပိန်စကားမတတ်ပေမယ့်
ပေါ်တူဂီစကားမတတ်ပေမယ့်
တောင်အမေရိကကိုသွားချင်တယ် …

ကိုလံဘီယာရောက်ရင် မာဖီးယားတွေကို
သေသွားတဲ့
သူငယ်ချင်းဆေးသမားတွေအကြောင်းပြောပြမယ်

စပိန်စကားမတတ်ပေမယ့်
ပေါ်တူဂီစကားမတတ်ပေမယ့်
တောင်အမေရိကကိုသွားချင်တယ် …

ဂျနီဖာလိုပက်ဇ်ရေ …
ငါ့ကိုလေယာဉ်လက်မှတ်
မြန်မြန်ဝယ်ပို့လိုက်ပါတော့။

(ကြည်မောင်သန်း)
အလယ်ရိုးမ ခေတ်ပေါ်ကဗျာဆု (၂၀၀၅)’ ရတဲ့ ‘တောင်အမေရိကကိုသွားချင်တယ်’ ကဗျာ

ကျွန်တော့်ရဲ့ တော်ရုံတန်ရုံအဓိပ္ပာယ်

သစ်ပင်တွေငြိမ်သက်
လေကလဲငြိမ်သက်
ငါ့မှာသာငှက်တစ်ကောင်လိုဂနာမငြိမ်
စာကလေးတွေရဲ့ ခွန်းတုံ့သံကိုကြားမှ
အတ္တဘ၀မှန်ကို အောက်မေ့ဆင်ခြင်မိရဲ့

ငယ်ငယ်တုန်းကမှားခဲ့တယ်
ကြီးလာတော့လွဲခဲ့တယ်
သေကာနီးတော့ ဘာလုပ်ရမှန်းမသိ
ဝိမုတ္တိကောင်းကင်မှာ ပျံသန်းဖို့
အတောင်အလက်ကမစုံ
ချစ်ခြင်းမေတ္တာကိုယုံခဲ့တယ်
ဒုက္ခသစ္စာကိုယုံခဲ့တယ်
ငွေကိုတော့ မယုံတစ်ဝက်ယုံတစ်ဝက်
သံသရာက ညှီစော်နံနေပြီ
အဲဒီပန်းပုကို ဘယ်ဟင်းလင်းပြင်မှာထားမလဲ
ပန်းပုမှာကိုက ဟင်းလင်းပြင်ရှိပြီးသားပါ

ရူးချင်ယောင်ဆောင်လို့ရတယ်
အိပ်ချင်ယောင်ဆောင်လို့ရတယ်
ဒါပေမဲ့သေချင်ယောင်ဆောင်လို့မရဘူး
ငါ့ရဲ့ဖြစ်တည်မှုကို သတ်မှတ်ဖို့
နိုင်ငံသားကဒ်ပြားတစ်ခုပဲရှိတယ်
ခုချိန်ထိ မိသားစုသန်းခေါင်းစာရင်းထဲက
ရုန်းမထွက်နိုင်သေး
ငါ့ရဲ့ ရွေ့ပြောင်းပုံစံ
ဘယ်နေ့များဘယ်သူ့ထံရောက်မှာလဲ

ဖျာတစ်ချပ်ပေါ်က ငရဲကိုသိခဲ့ပြီ
ဖိနပ်တစ်ရံပေါ်က ငရဲကိုသိခဲ့ပြီ

တစ်နေ့ထမင်းနှစ်နပ်စားသလို
တစ်နေ့ကဗျာနှစ်ပုဒ်ဖတ်လို့ မလိုအပ်ဘူးလား
ခေတ်ကြီးတစ်ခုလုံးအကြောပေးထားလိုက်ချင်တယ်
သတင်းနဲ့နည်းပညာ ခေတ်ကြီးပြီးရင်
ကဗျာခေတ်ကြီး မလာဘူးလို့ဘယ်သူပြောနိုင်မလဲ။ ။

ကြည်မောင်သန်း
ကဗျာ ၁၀၀ နှင့် ကဗျာဆရာကွယ်လွန်ခြင်း

ကျားနာတစ်ကောင်ရဲ့အတ္ထုပ္ပတ္တိ

ကိုယ့်ကျန်းမာရေး ကိုယ်မယုံရတဲ့ဘ၀မှာ
နောက်ထပ် ဘာကို ယုံရဦးမှာလဲ။

စာလုံးတွေကို စုပ်ယူရင်း
လူဖြစ်အောင်လုပ်ခဲ့ရ
ပီပီသသတော့လည်း မဟုတ်ပါဘူး။

နေ့စဉ်နဲ့အမျှ ၀တ္တရားတွေ ထူထပ်ဖိစီး
ကြာလာတော့ ၀ဋ်ကြွေးတွေဖြစ်
ဟောဒီနာကျည်းဖွယ်နှစ်တွေအတွင်း
ငြင်းဆန်ခဲ့ရတာ ခပ်များများ
လက်ခံနိုင်စရာ နည်းပါးလွန်းတယ်။

တချို့လူတွေအတွက် လိုအပ်ချင် လိုအပ်လိမ့်မယ်
လက်ဝတ်ရတနာ
ဒါမှမဟုတ် အားဖြည့်အချိုရည်
ဒါမှမဟုတ် ယာဉ်မောင်းလိုင်းစင်။

ကျွန်တော့်အတွက်
အရေးတကြီး လိုအပ်နေတာ မျက်ရည်
ကိုယ့်မျက်ရည် ကိုယ်စောင့်မျှော်နေခဲ့တာ
နှစ် ၂၀ ကျော် ကြာပြီ။

ရန်ကုန်ရဲ့ မြေအောက်လောကမှာ ကျင်လည်ခဲ့သူတစ်ယောက်
အရှေ့တောင်အာရှက ဖွံ့ဖြိုးဆဲ မြို့တစ်မြို့မှာ
ခန္ဓာကိုယ်သာ ရင်းနှီးမြှုပ်နှံနိုင်ခဲ့။

သက်တမ်းတွေကို ဘာနဲ့တိုင်းတာကြမလဲ
ပတ်သတ်ဖူးခဲ့တဲ့ မိန်းမတွေနဲ့လား
ရှာဖွေခဲ့သမျှ ငွေစက္ကူတွေနဲ့လား
သတင်းစာတွေနဲ့ပဲလား။

ပြန်စဉ်းစားကြည့်တော့လည်း
ကိုယ့်နာမည်ရှေ့မှာ ဘာမှ မရှိ
ကိုယ့်နာမည်နောက်မှာလည်း ဘာမှ မရှိ
ပကတိ အထီးကျန်မှုမှာ
လေသံကို လျှော့ချထားခဲ့ပါတယ်။

ညက
စပါတာကတ်ကို ပြန်ဖတ်တယ်
သီချင်းတွေကို တ၀တပြဲ ထိုင်သောက်တယ်
ကိုယ့်ကိုကိုယ် သစ္စာဖောက်ဖို့ ကြိုစားကြည့်တယ်
(ဒါပေမယ့် မအောင်မြင်ပါဘူး)။

ခုတော့
ဆိုင်းဘုတ်တွေကြားမှာ
မင်းရော ငါပါ အသက်ရှုမှားခဲ့ကြပြီ

ကြည်မောင်သန်း
ဇန်န၀ါရီ ၁၉၉၇
သရဖူ
ကဗျာ ၁၀၀ နှင့် ကဗျာဆရာကွယ်လွန်ခြင်း

ဒီနှစ်အတွက် သံဝေဂ

ဒီနှစ်
ဒီနှစ်ထဲမှာ
ကျွန်တော် အသက်တစ်နှစ်ပိုကြီးခဲ့
ခန္ဓာကိုယ်မှာ အလေးချိန်တိုးခဲ့
ငြီးငွေ့ဖွယ်ရာ အထီးကျန်မှုထဲမှာ
စီးကရက်လည်းဖြတ်နိုင်ခဲ့။

ဒီနှစ်ထဲမှာပဲ
သစ်တောတွေပေါ်တည်နေတဲ့ ဘ၀တွေကိုမြင်ခဲ့ရ
စက်ရုံတွေပေါ်တည်နေတဲ့ ဘ၀တွေကိုမြင်ခဲ့ရ
ကင်မရာတွေပေါ်တည်နေတဲ့ ဘ၀တွေကို မြင်ခဲ့ရ။

ဒီနှစ်ထဲမှာပဲ
အာရှကျားတွေရဲ့ ပါးစပ်ထဲက အမဲသားတစ်ဖက်
သွားကြားညပ်တာကို မြင်ခဲ့ရပေါ့။

ဒီနှစ်
ဒီနှစ်ထဲမှာ
မိုးကြီးရေလျှံမှုတွေကို ကြုံတွေခဲ့
လေထုညစ်ညမ်းမှုနဲ့ ပက်ပင်းတိုးခဲ့
ငွေကြေးကမောက်ကမဖြစ်မှုနဲ့လည်း ရင်ဆိုင်းခဲ့။

ဒီနှစ်ထဲမှာပဲ
အရေးကြီးတဲ့ ကိစ္စတွေရှိနေရဲ့
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့လည်း အရေးကြီးတာပဲ
လူ့ဂုဏ်သိက္ခာနဲ့အညီနေထိုင်ဖို့လည်း အရေးကြီးတာပဲ
ရေတွက်စရာ ငွေစက္ကူတွေရှိဖို့လည်း အရေးကြီးတာပဲ

အိမ်နဲ့ဝေးနေကြသူတွေ
ကိုယ့်အိမ်ကို ပြန်ရောက်ဖို့လည်း အရေးကြီးတာပါပဲ။

ဒီနှစ်ထဲမှာပဲ
ဗာဆာချီ၊ ဒိုင်ယာနာ၊ မာသာထရီဇာ
ဂျွန်ဒင်ဗာ၊ ဟာရိုးရော်ဘင်
တစ်ယောက်ပြီးတစ်ယောက်
သေမင်းက
ဘ၀တွေကို တစ်ဇွန်းချင်းသောက်လို့နေရဲ့။

ဒီနှစ်
ဒီနှစ်ထဲမှာ
အက်စပရင်ဆေးပြားတွေ နှစ်တစ်ရာပြည့်ခဲ့တယ်။
နု-အက်တလီစာချုပ် နှစ်ငါးဆယ်ပြည့်ခဲ့တယ်။


ဒီနှစ်
ဒီနှစ်ကတော့
မြစ်ရေတွေလို စီးဆင်းသွားလေရဲ့။

ကြည်မောင်သန်း
ဇန်န၀ါရီ ၁၉၉၈
ရနံ့သစ်
ကဗျာ ၁၀၀ နှင့် ကဗျာဆရာကွယ်လွန်ခြင်း

ဒီပရင်္ဂ

ပုံပြင်ထဲက မြို့လည်းမဟုတ်
ဒဏ္ဍာရီထဲက မြို့လည်းမဟုတ်
ရာဇ၀င်ထဲက မြို့တစ်မြို့
ပုဂံခေတ်ထဲက ရှိတဲ့ မြို့တစ်မြို့
လွန်ခဲ့တဲ့နှစ်ပေါင်း ၇၀၀ကျော်တည်းက ရှိတဲ့မြို့တစ်မြို့
သမိုင်းဝင် မြို့တစ်မြို့။

ဒီမြို့ကို ကတူးလူမျိုးတွေ တည်ထောင်ခဲ့တယ်
အလောင်းစည်သူမင်း
တိုင်းခန်းလှည့်လည်ရင်း
မြောက်ဘက်အရပ်အရောက်
အရှေ့ဘက်ကနတ်တွေ ဆိတ်ယောင်ဆောင်
ရေသောက်မယ့်ဟန် မြည်သံပေးတာကို အစွဲပြုလို့
ဒီမြို့ ဒီနာမည်တွင်ခဲ့ရ။

အရှေ့မှာ ဧရာဝတီ
အနောက်မှာ ချင်းတွင်း
မနီးဝေးမှာ မူးမြစ်နဲ့
စိုက်ပျိုးရေးလုပ်ငန်းတွေ ဖြစ်ထွန်းခဲ့တယ်။
သာသနိက အဆောက်အအုံတွေပေါများ
ရဟန်းပညာရှိ လူပညာရှိတွေ ထွန်းကား
တခြားမြို့တွေနဲ့ စီးပွားကူသန်းသွားလာဖို့ လွယ်ကူ
ဘိုးတော်ဘုရားလက်ထက် စစ်တမ်းတွေအရ
အစည်ကားဆုံးမြို့ ၁၂မြို့ထဲက မြို့တစ်မြို့။
အလောင်ဘုရားလက်ထက်မှာ
အိမ်ရှေ့စံ နောင်တော်ကြီး ဒီမြို့ကိုစားရ
ဘိုးတော်ဘုရားလက်ထက်မှာ စစ်သူကြီး မဟာဗန္ဓုလ
နေမျိုးသူရ ရဲခေါင်ဘွဲ့နဲ့ ဒီမြို့ရဲ့မြို့ဝန်
ဘုံခန်းပျို့ဆရာ အရှင်အဂ္ဂသမာဓိ
စစ်သူကြီး မဟာဗန္ဓုလ
မုံတိုင်ပင် ဆရာအရှင်ဝံသ
အတုလ ဆရာတော် အရှင်ယသ
မြသိန်းတန် ဆရာတော်အရှင်ဇိန
အယူတော်မင်္ဂလာဦးနိုး
ဒါ ဒီမြို့သား ပုဂ္ဂိုလ်ကျော်တွေ

ဒီမြို့မှာ
မင်းတုန်းမင်းကို ပုန်ကန်ခြားနားတဲ့
ပတိမ်းမင်းသား ခိုလှုံခဲ့ဖူးတယ်
ဒီမြို့ကနေ
ကောက်ကျစ်ယုတ်မာတဲ့ မြို့ဝန်ဦးမှန်း
အောက်ပြည်ကို ထွက်ပြေးခဲ့ရတယ်
ဒီလိုနဲ့
ဒီမြို့မှာ
သူရဲကောင်းတွေ ပျောက်ဆုံးခဲ့ရတယ်
ဒီမြို့မှာ
သစ္စာဖောက်တွေ အတောင်ပေါက်ခဲ့ကြတယ်
ဒီမြို့မှာ
လူငယ်လေးတစ်ယောက်
သူ့ဆိုင်ကယ် ကျပျောက်ခဲ့ရတယ်
ဒီမြို့မှာ
အမျိုးသမီးတစ်ယောက်
သေကံမရောက် သက်မပျောက်ဖြစ်ခဲ့ရတယ်
ဒီမြို့မှာ
အံကြိတ်ရ တက်ခေါက်ရတဲ့
အဖြစ်အပျက်တွေ ရှိခဲ့တယ်။
တစ်နေ့တော့
မိုးနည်းတဲ့ ဒီဒေသ
ဆောင်းတွင်းအခါ သမယမှာ
မိုးရွာဖို့ မဆိုထားနဲ့
မိုးအုံ့ဖို့တောင် အကြောင်းမရှိပေမဲ့
ရုတ်တရက် မိုးကြီးရွာချလိုက်တယ်
ဆင်ခြေရာတွေတောင်
တိမ်ကောပပျောက်သွားအောင်ရွာတဲ့ မိုးမို့
အညာအခေါ် ဆင်ရာတိမ်းမိုးတဲ့လေ။

မုံရွာ-ရေဦးလမ်းကို ဖြတ်သန်းရင်း
ဒီမြို့ကို ကားပေါ်က လှမ်းကြည့်မိတဲ့အခါ
အတိတ်တစ္ဆေက ငါ့ကို ခြောက်လှန့်နေလေရဲ့။ ။

ကြည်မောင်သန်း
ချယ်ရီမဂ္ဂဇင်း၊ဇွန်လ၊၂၀၀၈

မိုးရွာသောနေ့တစ်နေ့ စာစီစာကုံး

_______________________________________________________________________

မိုးတွေ ရွာနေတယ်။ မိုးသံတွေကြောင့် ကျွန်တော် နိုးလာတယ်။ မိုးက သည်းသည်းမဲမဲ ရွာနေ တာကြောင့် အခန်းတွင်းမှာရှိတဲ့ အလင်းရောင်က အရင် မနက်တွေထက် အုံ့ဆိုင်းနေတယ်။ ဒါပေမယ့် ဒီအခန်းလေးထဲမှာ ကျွန်တော် နေလာခဲ့တာ နှစ်နဲ့ချီနေပြီ ဆိုတော့ အခန်းထဲကို ရောက်နေတဲ့ အလင်းရောင်ကို ကျွန်တော် အိပ်ယာကမထဘဲ မျက်လုံးလေး မှေးစင်းကြည့်ရုံနဲ့ ဘယ်အချိန်လောက် ရှိပြီလဲဆိုတာ ကျွန်တော် ခန့်မှန်းနိုင်တယ်။ ပုံမှန်အတိုင်းဆို ကျွန်တော် ဒီအချိန် အိပ်ယာက မထသေးဘူး။ ဒါပေမယ့် တခြားဘာသံမှ မကြားရလောက်အောင် ရွာနေတဲ့ မိုးသံက ကျွန်တော့်ကို ပြန်အိပ်လို့ မရအောင် သိစိတ်ကို နိုးဆွလိုက်တယ်။ အိပ်မက်ကမ္ဘာထဲ ပြန် ရောက်သွားအောင် အနားယူချင်နေတဲ့ စိတ်နဲ့ ခန္ဓာကိုယ်ကို နိုးကြားနေတဲ့ သိစိတ်က အနိုင်ယူ သွားပုံရတယ်။ ဒီလို အနိုင်ရ လောက်အောင် ကျွန်တော့် အသိစိတ်တွေကလည်း ကြားနေတဲ့ မိုးသံ လေသံတွေနဲ့ အပြိုင် စဉ်ဆက်မပြတ် ဆူပွက် လာတာကြောင့် ဖြစ်မယ်။

ကျွန်တော်တို့ မြို့မှာ ခု ရက်ပိုင်းအတွင်း မိုးတွေ ရွာနေတယ်။ မိုးတွေ ရွာနေတယ်လို့ ဆိုရတာက မိုးရာသီ ရောက် မရောက်ဆိုတာ မသေချာလို့ပဲ။ တကယ်တော့ ဒီရက်ပိုင်းတွေဟာ နွေရာသီလို့ ဆိုရင် ပိုမှန်လိမ့်မယ်။ နေ့ခင်းပိုင်းတွေမှာ နေဟာ ကျဲကျဲတောက် ပူနေသလို ညပိုင်း တွေမှာ လည်း အပူချိန်က မြင့်တက် နေတတ်တယ်။ ဒါပေမယ့် တစ်ခု ထူးခြားတာက ကျွန်တော်တို့ မြို့မှာ တစ်ရက်ခြား တစ်ကြိမ်လောက် မိုး ရွာသွန်းလေ့ ရှိတယ်။ ရွာတဲ့ အခါတိုင်းလည်း စိုစွတ် အေးမြသွားတဲ့ အထိ ရွာလေ့ရှိတယ်။ အနည်းဆုံးတော့ အပူချိန် လျော့သွားအောင် အထိ ရွာ သွန်းလေ့ရှိတယ်။ လူတွေလည်း နွေရောက်ပြီ ပြောလိုက် မိုးကျပြီ ပြောလိုက် တော်ကြာ နွေ မကုန်သေး ပြောလိုက်နဲ့ ဖြစ်နေတယ်။

ကမ္ဘာကြီးရဲ့ တချို့ နေရာတွေမှာ ငလျင်တွေ လှုပ်နေတယ်၊ ဆူနာမီတွေ ဖြစ်နေတယ်။ တချို့က ၂၀၁၂ ရုပ်ရှင် မှန်ပြီလို့ ဆိုနေကြတယ်။ အဲဒါက ပြည်ပ ရုပ်သံ လှိုင်းတချို့က ထုတ်လွှင့် နေတဲ့ သတင်းတွေကို ကြည့်ပြီး ပြောတာ နေမှာပါပဲ။ ကျွန်တော်လည်း လက်ဖက်ရည်ဆိုင် တစ်ဆိုင်က တီဗွီ ဖန်သားပြင်မှာ ကြည့်လိုက်ရတယ်။ မော်တော်ကားလေးတွေ ရေထဲမှာ မျှောပါနေတာ။ ဒီမြင်ကွင်းမျိုးက ၂၀၁၂ ရုပ်ရှင်အပြင် ဟောလိဝုဒ်က ကမ္ဘာဖျက် ရုပ်ရှင်တွေမှာ အစဉ်အမြဲ ပါလေ့ရှိတဲ့ ဇာတ်ဝင်ခန်းနဲ့ တူနေ တာကိုး။ ဂျပန်တွေကတော့ သူတို့ဆီက ဂေါ်ဇီလာ ရုပ်ရှင်ကို ပို သတိရလိမ့်မယ်။ ဘာလို့လဲဆိုတော့ ဂေါ်ဇီလာဆိုတဲ့ ဇာတ်ကောင်ကို အဖျက် စွမ်းအား ကြီးမားလှတဲ့ နျူကရီးယား လက်နက်တွေရဲ့ နိမိတ်ပုံတစ်ခု အဖြစ် တင်စား သုံးစွဲပြီး ရည်ရွယ် ရိုက်ကူး ခဲ့ကြတာလို့ သိရလို့ပဲ။ နျူကရီးယား လက်နက် စမ်းသပ်ရာက ဓါတ်ငွေ့ အဆိပ်သင့်ပြီး မတရား ကြီးထွားလာတဲ့ ပုတ်သင်စိမ်းကြီးက ဂျပန်မြို့ထဲက တိုက်တာ အဆောက်အဦတွေ အဏုမြူ လျှပ်စစ်ဓါတ်အား ပေးစက်ရုံတွေ ရထားတွေ ကားတွေ တံတားတွေကို အဆင် အခြင်မဲ့စွာ ဖျက်စီးပြခဲ့တာ အားလုံး သိပြီးသားပဲ မဟုတ်လား။ တချို့ကလည်း ရက်ပိုင်းမှာ ကမ္ဘာနဲ့ နီးကပ်လာတဲ့ လ(စူပါမွန်း) ကြောင့်လို့ ဆိုတယ်။ တချို့ကလည်း စနေဂြိုဟ် ဖေါက် ပြန်မှုနဲ့ လဆုပ်ရက် တိုက်ဆိုင်တာကြောင့်လို့ ဆိုတယ်။ တချို့ကလည်း လာနီညာ အကျိုး သက် ရောက်မှုကြောင့်လို့ ဆိုတယ်။ တချို့ကတော့ ခုနကပြောသလို ၂၀၁၂ ရုပ်ရှင်ထဲက မာယာခေတ် ဟောစာတမ်း အတိုင်း ဖြစ်လာတာပဲလို့ ဆိုကြတယ်။

လူတွေဟာ အဖြစ်အပျက်တစ်ခုခုကို တွေ့ကြုံရတိုင်း မိမိနဲ့လက်လှမ်းမီရာ သိမှု၊ နီးစပ်ရာ ယုံကြည်မှု၊ ဒါမှ မဟုတ်ရင် လတ်တလော ကာလ ဒေသ ပယောဂ အကန့်အသတ် တစ်ခု အတွင်းမှာ ပူပူနွေးနွေး ဖြစ်ပေါ်နေတဲ့ မိမိ ခံစားချက်တွေနဲ့ ချဉ်းကပ် တုံ့ပြန် တတ်ကြတာပဲ မဟုတ်လား။ မိုး တစိမ့်စိမ့် ရွာနေတဲ့ မနက်ခင်းမှာ အပူအပင် ကင်းစွာ နိုးထလာရတဲ့ မြန်မာပြည် တောင်ဖျားပိုင်း မြို့နယ်တစ်ခုက ကျွန်တော်လို လူတစ်ယောက် အဖို့တော့ ခုနက ကမ္ဘာပျက် နေတဲ့ ကိစ္စတွေထက် ကိုယ်နဲ့ သက်ဆိုင်တဲ့ အလွမ်းနာတွေ ထကြွဖို့ အလွယ်တကူ ဖြစ်လာ ရတာ နေမှာပဲ။ သတင်းတွေ မီဒီယာတွေ လူတွေ ဘယ်လိုပဲ ဆိုဆို ဘာတွေပဲ ဖြစ်ဖြစ် ကျွန် တော်တို့ ဆီမှာတော့ မြေပြင်ရော ရေပြင်ပါ ပုံမှန်အတိုင်းပဲ။ ပြောင်းလဲ ဖေါက်ပြန်တဲ့ အရိပ် အယောင် တစ်ခုမှ မတွေ့ရဘူး။ တိတိကျကျ ဆိုရရင် ကျွန်တော်တို့ မြို့မှာပေါ့လေ။ နည်းနည်း ထူးခြားတာ ဆိုလို့ အခု ရက်ပိုင်းတွေမှာ မိုးရွာတာလောက်ပဲ။ ညနေပိုင်း ညဦးပိုင်းတွေမှာ မိုးက သဲသဲမဲမဲ ရွာလေ့ရှိတယ်။ ကျွန်တော်က ကျွန်တော် အိပ်ယာဝင်ချိန်နဲ့ မနက်အိပ်ယာ ထချိန် တွေမှာ ရွာမယ့် မိုးကို စောင့်နေမိတယ်။ ဒီလို အချိန်တွေမှာ ရွာတာက မိုးရာသီနဲ့ ပိုတူတယ်၊ မိုးရာသီ ပိုပီသတယ်လို့ ကျွန်တော် ထင်တယ်။ ပြီးတော့ ဒီလို မိုးရာသီ ပီပီသသ ဖြစ်အောင် ရွာသွန်းတဲ့ မိုးက အလွန် ကြာမြင့်ခဲ့ပြီ ဖြစ်တဲ့ အတိတ် ကာလတွေတုန်းက မိုးရာသီတွေမှာ ဖြစ် ပျက်ခဲ့တဲ့ အမှတ်သညာတွေထဲက အဖြစ်အပျက်တွေနဲ့ တိုက်ရိုက် ဆက်သွယ် ပေးလို့ပါပဲ။

ကျွန်တော့် မှတ်ဥာဏ် ဖလင်ပြားထက်မှာ ထင်ကျန် နေသေးတဲ့ အတိတ်ပုံရိပ်တွေက တစ်ကွက် ပြီးတစ်ကွက် မိုးသံ လေသံ နောက်ခံနဲ့ အသံတိတ် ရုပ်ရှင်ဆန်ဆန် ကျွန်တော့်ရဲ့ အတွင်းပိုင်း တစ်နေရာမှာ ပြသနေတယ်။ အတွင်းပိုင်းလို့ ဆိုရတာက မျက်လုံးက တဆင့် တိုက်ရိုက်မြင်တာ မဟုတ်တဲ့ မြင်ကွင်းတွေကို ခန္ဓာကိုယ် အတွင်းပိုင်းရဲ့ ဘယ်နေရာတွေမှာ ဘယ်လို လက်ခံပြီး ပြန်မြင်နေသလဲ အတိအကျ မပြောနိုင်လို့ပဲ။ ဒီနေ့လို ကျွန်တော်တို့ အိမ် ခေါင်မိုးပေါ်မှာရော အိမ်ပတ်ဝန်းကျင်က ရေတံလျှောက်တွေ ခေါင်မိုးတွေ တံစက်မြိတ်တွေပေါ်မှာရော မိုးစက် မိုးပေါက် ကျရောက်သံတွေ ကြားနေ ရတုန်းမှာ၊ ဒီနေ့နဲ့ ထပ်တူ အေးစိမ့် အုံ့ဆိုင်း နေတဲ့ မနက်ခင်း အငွေ့အသက်တွေ ကြားမှာ ကျွန်တော်ဟာ အိပ်ယာက မထချင် ထချင်နဲ့ ထ အဖြူ အစိမ်း ကျောင်းဝတ်စုံလေး ဝတ်ပြီး ကျူရှင်တွေ ကျောင်းတွေ သွားခဲ့တယ်။ ကျွန်တော်ဟာ အိပ်စက်နေရာကနေ မထသေးဘဲ အိပ်ယာထဲမှာ လူးလွန့်ရင်း ပျင်းရိ နေတတ်ခဲ့တယ်။ ကျွန်တော်ဟာ အိပ်ယာ ခြင်ထောင် ထဲကနေ မထွက်ဘဲ တီဗွီက ထွက်လာတဲ့ အသံတွေကို နား ထောင်နေလေ့ ရှိတယ်။ ကျွန်တော် ငယ်ငယ်တုန်းက အိမ်မှာ နေ့ဘက် လျှပ်စစ်မီး မရှိဘူး။ ကျွန် တော်တို့ ကျောင်းပိတ်ရက် ဖြစ်တဲ့ စနေ တနင်္ဂတွေမှာတော့ မြို့မှာရှိတဲ့ မီးစက်ကြီးက လျှပ်စစ်မီး လွှတ်ပေးလေ့ရှိတယ်။ ဒီလိုနေ့တွေမှာ ကျွန်တော်တို့ကလည်း မနက်အစောကြီး ထစရာမလိုဘဲ အိပ်ယာထဲမှာ မိုးအေးအေးလေးနဲ့ ဆက်ကွေးနေလို့ ရတာဆိုတော့ အိပ်ယာ ထဲက မထွက်ဘဲ နေ့ခင်းဘက်မှာ ကြားရတဲ့ တီဗွီတွေ ကက်ဆက်တွေဆီက လာတဲ့ အသံကို နားစွင့်နေရတာကိုက အရသာတစ်ခုလို ဖြစ်ခဲ့တယ်။ ဒီနေ့တော့ ကျောင်းလည်း ပိတ်တယ်၊ မီးလည်း လာနေပြီ၊ ကာတွန်းကား ကြည့်မယ်၊ သီချင်း နားထောင်မယ်လို့ အိပ်ယာထဲကနေ စိတ်ကူး ယဉ်နေလေ့ ရှိတာပေါ့။

အခု ဒီနေ့မနက်မှာ ရွာနေတဲ့ မိုးသံတွေ ကြားမှာလည်း ကျွန်တော်ဟာ အိပ်ယာပေါ်မှာ ဒူးတုတ် ထိုင်ရင်း အရင်က အဖြစ်အပျက်တွေ တစ်ခုပြီး တစ်ခု စိတ်ကူး ယဉ်နေတာပါပဲ။ အရင်က အဖြစ် အပျက်တွေလို့ ဆိုရတာက ယနေ့ယခု ပစ္စုပ္ပာန် ကာလမှာ ကျွန်တော့် အနေနဲ့ ဘာမှ စိတ်ကူး ယဉ်စရာ မရှိလို့ပါပဲ။ အခု အိပ်ယာထဲမှာ ခဏထိုင်ပြီးလို့ ရှိရင် ကျွန်တော်ဟာ အခန်းထဲက ထွက် လာမယ်၊ အိမ်နောက် ဝါရံတာမှာ မျက်နှာသစ် သွားတိုက်မယ်၊ ပြီးတော့ မနက်စာ စားမယ်၊ ပြီးတော့ ဆိုင်ကယ်ကို အိမ်ထဲက ထုတ်၊ တက္ကသိုလ် ကျောင်းအနီးက ကျွန်တော်တို့ ခြံကို သွား မယ်။ အဲဒီမှာ ကျွန်တော်က သံချီးတက်လို့ ကြပ်နေတဲ့ ခြံတံခါး သော့တံကို တကျွီကျွီနဲ့ ဖွင့်မယ်၊ အဲဒီနောက် ကျွန်တော်ဟာ ကွန်ပြူတာကိုဖွင့်၊ မကြည့်ရသေးတဲ့ ရုပ်ရှင်တွေ ထိုးကြည့်၊ သီချင်း တွေ နားထောင်ရင်း သီချင်းတွေ ဗီဒီယိုတွေ လာသွင်းတဲ့ သူကို စောင့်မယ်။ အလုပ်အပ် လက်ခံရတာ များရင် ကျွန်တော်ဟာ ကျွန်တော့် ညာလက် တစ်ဖက်နဲ့ ကွန်ပြူတာ မောက်စ်ကို ကိုင်ရင်း တစ်နေကုန်လို့ ကုန်မှန်းမသိ ကုန်သွားလိမ့်မယ်။ လုပ်စရာ သိပ်မရှိရင်လည်း ကျွန် တော်ဟာ ဂိမ်းနိပ်ချင် နိပ်နေမယ်။ လက်စ မသတ်ရ သေးတဲ့ စာတွေ ဆက်ရေးချင် ရေးမယ်။ ဒါမှမဟုတ် စာမေးပွဲပြီး ကျောင်းပိတ်လို့ အားနေတဲ့ ကျွန်တော့် တူနဲ့တူမ နှစ်ယောက်လက်ထဲ သူတို့ ဂိမ်းနိပ်လို့ ရအောင် ကျွန်တော့် ကွန်ပြူတာကို အပ်လိုက်မယ်။ ကျွန်တော်က စာအုပ် ထူထူတစ်အုပ်နဲ့ ရှိနေမယ်။ ညနေ စောင်းလို့ရှိရင် ကျွန်တော့် ညီဖြစ်ဖြစ် ကျွန်တော့် ဆီလာတဲ့ သူငယ်ချင်း တစ်ယောက်နဲ့ ဖြစ်ဖြစ် ပင်ပေါင် ကစားမယ်။ အိမ်မှာရှိတဲ့ ခွေးတွေကို အစာ ကျွေးမယ်။ ညနေကျရင် အမေ့ကို ခေါ်ပြီး အိမ်ပြန်မယ်။ ညကျရင် အင်တာနက်ဆိုင် ထိုင်ရင် ထိုင်၊ မဟုတ်ရင် ကွန်ပြူတာ စာစီဆိုင် ဖွင့်ထားတဲ့ သူငယ်ချင်း တစ်ယောက်ရဲ့ဆိုင်မှာ သွား ထိုင်မယ်။ ညဆယ့်နှစ်နာရီ ထိုးပြီးမှ အိမ်ပြန်ဖို့ စိတ်ကူးမယ်။ တစ်နေ့ တစ်နေ့ ဒါပဲဆိုတော့ စိတ်ကူးယဉ်စရာက မရှိလှဘူး။

ဒါကို တစ်ယောက်ယောက်က ဖြစ်ဖြစ် ကျွန်တော်ကိုယ်တိုင်က ဖြစ်ဖြစ် လက်မခံချင်လို့ ပြောင်း လဲကြည့်ဖို့ စောဒကတက် ကြည့်ဖို့ တွေးကောင်း တွေးမိမယ်။ ဒါပေမယ့် ဒါဟာ ကိုယ်ကိုယ် တိုင်တောင် ငြင်းဆန် တုံ့ပြန်ဖို့ နေနေသာသာ သတိတောင် မထားမိလိုက်ဘဲ ဖြစ်ပျက် ပြီးသွား ခဲ့တဲ့ အတိတ်က ဖြစ်ရပ်တွေလိုပဲ ကာလ ဒေသ ပယောဂရဲ့ အထက်အောက် ဖိစီးမှုတွေ အောက်မှာ စီးဆင်းနေတဲ့ အခြေအနေ တစ်ခုအဖြစ် လက်ခံ လိုက်ရတာက များတယ်။ တခါ တလေတော့လည်း ဒါက ကိုယ်လက်ခံ ချင်သည် ဖြစ်စေ လက်မခံချင်သည် ဖြစ်စေ ရိုက်ကူး ပြီးသား ရုပ်ရှင်တစ်ကားလို တစ်ခန်းပြီး တစ်ခန်း ရွေ့လျားနေတဲ့ ဖလင်ပြား တစ်ခုလိုပဲ ဖြစ်နေ သလားလို့ ခြောက်ခြောက်ခြားခြား တွေးမိတယ်။

နောက် အနှစ် သုံးလေးဆယ် ကျွန်တော် အသက်ရှင် နေသေးရင် အခုလိုပဲ မပြောင်း မလဲတဲ့ မိုးသံ လေသံတွေ ထပ်ကျ ရောက်လာဦးမယ်ဆိုရင် အခု ဖြစ်ပျက်နေတဲ့ ဖြစ်စဉ်ကြီးက အတိတ် ပုံရိပ် ဖလင်ပြားတွေ ဖြစ်သွားဦးမှာပဲ။ အဲဒီအခါကျရင် ကျွန်တော် ကြိုးစား ရုန်းကန် ခဲ့သ လောက် ထင်တိုင်း မဖြစ်ခဲ့တာတွေ ၊ ကျွန်တော် အလိုလို နေရင်းက ပျော်ရွှင် ကျေနပ်မှု ရခဲ့တာ တွေကို ပြန်တွေးပြီး ကိုယ့်ဘဝကိုယ် ခေါင်းတခါခါနဲ့ ပြုံးရယ် မိဦးမလားပဲ။ အခုတော့ ကျွန်တော် က အခုအချိန်နဲ့ စာရင် အတိတ်အဖြစ် ကျန်ခဲ့ပြီဖြစ်တဲ့ ဖြစ်စဉ်တွေကို စိတ်ကူးယဉ်နေတယ်။ စိတ်ကူးယဉ်တယ် ဆိုတာ ပျင်းရိသူတွေရဲ့ အလုပ်၊ တွေဝေသူ၊ လက်တွေ့ မကျသူတွေရဲ့ အလုပ် အားအားယားယား နိုင်သူတွေရဲ့ အလုပ်လို့ ထင်မှတ်စရာ ကောင်းပေမယ့် စိတ်ကူး ယဉ် တယ်ဆိုတာက လူသား တစ်မျိုးတည်းသာ လုပ်နိုင်တာ မဟုတ်လား။ အလွမ်း အဆွေးတို့ ဘာတို့ ဆိုတာလည်း ကောင်းတာ မကောင်းတာ အပထား လူသား တစ်မျိုးတည်း မှာသာ ပီပီ ပြင်ပြင် ဖြစ်ပေါ်လေ့ ရှိတာလို့ ကျွန်တော်ထင်တယ်။ ပီပီပြင်ပြင်ဆိုတာက ကျွန်တော်တို့ သိထား တဲ့ ဘာသာစကား ကြောင့်လား ကျွန်တော်တို့ တည်ဆောက်ထားတဲ့ သိမှုတွေ ကြောင့်လား မပြောတတ်ပေမယ့် လူမှာ အလွမ်းအဆွေး ဓါတ်ခံ ဖြစ်ပေါ် ပေါက်ဖွား တတ်တာကတော့ အမှန်ပဲ။ ဒီအတွက် လူဟာ ဂုဏ်ယူကျေနပ်ရမလား၊ ကိုယ်သိထား တတ်ထားတဲ့ တည်ဆောက် ချက်တွေနဲ့ အရူး လုပ်ခံနေရတာ ဆိုပြီး စိတ်ပျက် အားငယ်ရမလား။

ဒီနေ့ဒီရက်လို မိုးသဲသဲမဲမဲ ရွာနေခဲ့တဲ့ မူလတန်း အလယ်တန်း အထက်တန်း နောက်ဆုံး တက္ကသိုလ် ရောက်တဲ့အထိ ၊ စာမေးပွဲဖြေဆိုပြီးတဲ့ နောက်ဆုံးနေ့ရက်တွေ မျိုးမှာ ကျောင်းမှာ ရင်းနှီးခဲ့တဲ့ သူငယ်ချင်းတွေ တစ်ယောက်ပြီး တစ်ယောက် နှုတ်ဆက်ခွဲခွာ တချို့ဆို နှုတ်တောင် မဆက်ဖြစ်ဘဲ ခွဲခွာသွားခဲ့ကြတဲ့ ပုံရိပ်တွေကတော့ ကျွန်တော့် မှတ်ဥာဏ် ဖလင်ပြားထက် ပြက်ပြက် ထင်ထင်အရှိဆုံး ပုံရိပ်တွေပါပဲ။ အဲဒီအချိန်တွေက ခွဲခွာသွားကြတဲ့ သူငယ်ချင်း တွေ ထဲက တချို့ကို ဒီနေ့ထိ ပြန် မတွေ့ရတော့ဘူး။ ဘယ်တွေ ရောက်လို့ ဘာတွေဖြစ်နေပြီ ဆိုတာလည်း သတင်း အစအနတောင် မသိရတော့ဘူး။ တချို့ကိုတော့ ပြန်တွေ့ရတယ်။ တချို့ ကိုတော့ ကိုယ်နဲ့ တစ်မြို့တည်းမှာ တွေ့ဆဲ ရှိဆဲပဲ။ ဒါပေမယ့် သူတို့ကိုလည်း ပြန်မတွေ့ရ တော့ပါဘူး။ သူတို့ဟာ ကျွန်တော့် မျက်လုံးနဲ့ မြင်တွေ့ နေရပါလျက် ပျောက်ဆုံး သွားတယ်။ ကျွန်တော့် မျက်လုံး အမြင်အာရုံကနေ တိုက်ရိုက် စီးဆင်းနေတာ မဟုတ်တဲ့ ကျွန်တော့် ကိုယ် တွင်း တစ်နေရာက အသံတိတ် ရုပ်ရှင်တွေကတော့ ပူနွေး တောက်ပစွာ ရှင်းလင်း ပြတ်သား စွာနဲ့ ဆက်လက် ပြသနေဆဲပဲ။

မောင်ယုပိုင်
၂၀၁၁ မတ်လ











http://www.blogger.com/post-create.g?blogID=2315753451685389222

မိုးရွာသောနေ့တစ်နေ့ စာစီစာကုံး

1
Posted by မောင်ယုပိုင် on May 10, 2011 – 7:12 pm
Filed under အက်ဆေး

photo from: Barefoot Traveler's blog.

_______________________________________________________________________

မိုးတွေ ရွာနေတယ်။ မိုးသံတွေကြောင့် ကျွန်တော် နိုးလာတယ်။ မိုးက သည်းသည်းမဲမဲ ရွာနေ တာကြောင့် အခန်းတွင်းမှာရှိတဲ့ အလင်းရောင်က အရင် မနက်တွေထက် အုံ့ဆိုင်းနေတယ်။ ဒါပေမယ့် ဒီအခန်းလေးထဲမှာ ကျွန်တော် နေလာခဲ့တာ နှစ်နဲ့ချီနေပြီ ဆိုတော့ အခန်းထဲကို ရောက်နေတဲ့ အလင်းရောင်ကို ကျွန်တော် အိပ်ယာကမထဘဲ မျက်လုံးလေး မှေးစင်းကြည့်ရုံနဲ့ ဘယ်အချိန်လောက် ရှိပြီလဲဆိုတာ ကျွန်တော် ခန့်မှန်းနိုင်တယ်။ ပုံမှန်အတိုင်းဆို ကျွန်တော် ဒီအချိန် အိပ်ယာက မထသေးဘူး။ ဒါပေမယ့် တခြားဘာသံမှ မကြားရလောက်အောင် ရွာနေတဲ့ မိုးသံက ကျွန်တော့်ကို ပြန်အိပ်လို့ မရအောင် သိစိတ်ကို နိုးဆွလိုက်တယ်။ အိပ်မက်ကမ္ဘာထဲ ပြန် ရောက်သွားအောင် အနားယူချင်နေတဲ့ စိတ်နဲ့ ခန္ဓာကိုယ်ကို နိုးကြားနေတဲ့ သိစိတ်က အနိုင်ယူ သွားပုံရတယ်။ ဒီလို အနိုင်ရ လောက်အောင် ကျွန်တော့် အသိစိတ်တွေကလည်း ကြားနေတဲ့ မိုးသံ လေသံတွေနဲ့ အပြိုင် စဉ်ဆက်မပြတ် ဆူပွက် လာတာကြောင့် ဖြစ်မယ်။

ကျွန်တော်တို့ မြို့မှာ ခု ရက်ပိုင်းအတွင်း မိုးတွေ ရွာနေတယ်။ မိုးတွေ ရွာနေတယ်လို့ ဆိုရတာက မိုးရာသီ ရောက် မရောက်ဆိုတာ မသေချာလို့ပဲ။ တကယ်တော့ ဒီရက်ပိုင်းတွေဟာ နွေရာသီလို့ ဆိုရင် ပိုမှန်လိမ့်မယ်။ နေ့ခင်းပိုင်းတွေမှာ နေဟာ ကျဲကျဲတောက် ပူနေသလို ညပိုင်း တွေမှာ လည်း အပူချိန်က မြင့်တက် နေတတ်တယ်။ ဒါပေမယ့် တစ်ခု ထူးခြားတာက ကျွန်တော်တို့ မြို့မှာ တစ်ရက်ခြား တစ်ကြိမ်လောက် မိုး ရွာသွန်းလေ့ ရှိတယ်။ ရွာတဲ့ အခါတိုင်းလည်း စိုစွတ် အေးမြသွားတဲ့ အထိ ရွာလေ့ရှိတယ်။ အနည်းဆုံးတော့ အပူချိန် လျော့သွားအောင် အထိ ရွာ သွန်းလေ့ရှိတယ်။ လူတွေလည်း နွေရောက်ပြီ ပြောလိုက် မိုးကျပြီ ပြောလိုက် တော်ကြာ နွေ မကုန်သေး ပြောလိုက်နဲ့ ဖြစ်နေတယ်။

ကမ္ဘာကြီးရဲ့ တချို့ နေရာတွေမှာ ငလျင်တွေ လှုပ်နေတယ်၊ ဆူနာမီတွေ ဖြစ်နေတယ်။ တချို့က ၂၀၁၂ ရုပ်ရှင် မှန်ပြီလို့ ဆိုနေကြတယ်။ အဲဒါက ပြည်ပ ရုပ်သံ လှိုင်းတချို့က ထုတ်လွှင့် နေတဲ့ သတင်းတွေကို ကြည့်ပြီး ပြောတာ နေမှာပါပဲ။ ကျွန်တော်လည်း လက်ဖက်ရည်ဆိုင် တစ်ဆိုင်က တီဗွီ ဖန်သားပြင်မှာ ကြည့်လိုက်ရတယ်။ မော်တော်ကားလေးတွေ ရေထဲမှာ မျှောပါနေတာ။ ဒီမြင်ကွင်းမျိုးက ၂၀၁၂ ရုပ်ရှင်အပြင် ဟောလိဝုဒ်က ကမ္ဘာဖျက် ရုပ်ရှင်တွေမှာ အစဉ်အမြဲ ပါလေ့ရှိတဲ့ ဇာတ်ဝင်ခန်းနဲ့ တူနေ တာကိုး။ ဂျပန်တွေကတော့ သူတို့ဆီက ဂေါ်ဇီလာ ရုပ်ရှင်ကို ပို သတိရလိမ့်မယ်။ ဘာလို့လဲဆိုတော့ ဂေါ်ဇီလာဆိုတဲ့ ဇာတ်ကောင်ကို အဖျက် စွမ်းအား ကြီးမားလှတဲ့ နျူကရီးယား လက်နက်တွေရဲ့ နိမိတ်ပုံတစ်ခု အဖြစ် တင်စား သုံးစွဲပြီး ရည်ရွယ် ရိုက်ကူး ခဲ့ကြတာလို့ သိရလို့ပဲ။ နျူကရီးယား လက်နက် စမ်းသပ်ရာက ဓါတ်ငွေ့ အဆိပ်သင့်ပြီး မတရား ကြီးထွားလာတဲ့ ပုတ်သင်စိမ်းကြီးက ဂျပန်မြို့ထဲက တိုက်တာ အဆောက်အဦတွေ အဏုမြူ လျှပ်စစ်ဓါတ်အား ပေးစက်ရုံတွေ ရထားတွေ ကားတွေ တံတားတွေကို အဆင် အခြင်မဲ့စွာ ဖျက်စီးပြခဲ့တာ အားလုံး သိပြီးသားပဲ မဟုတ်လား။ တချို့ကလည်း ရက်ပိုင်းမှာ ကမ္ဘာနဲ့ နီးကပ်လာတဲ့ လ(စူပါမွန်း) ကြောင့်လို့ ဆိုတယ်။ တချို့ကလည်း စနေဂြိုဟ် ဖေါက် ပြန်မှုနဲ့ လဆုပ်ရက် တိုက်ဆိုင်တာကြောင့်လို့ ဆိုတယ်။ တချို့ကလည်း လာနီညာ အကျိုး သက် ရောက်မှုကြောင့်လို့ ဆိုတယ်။ တချို့ကတော့ ခုနကပြောသလို ၂၀၁၂ ရုပ်ရှင်ထဲက မာယာခေတ် ဟောစာတမ်း အတိုင်း ဖြစ်လာတာပဲလို့ ဆိုကြတယ်။

လူတွေဟာ အဖြစ်အပျက်တစ်ခုခုကို တွေ့ကြုံရတိုင်း မိမိနဲ့လက်လှမ်းမီရာ သိမှု၊ နီးစပ်ရာ ယုံကြည်မှု၊ ဒါမှ မဟုတ်ရင် လတ်တလော ကာလ ဒေသ ပယောဂ အကန့်အသတ် တစ်ခု အတွင်းမှာ ပူပူနွေးနွေး ဖြစ်ပေါ်နေတဲ့ မိမိ ခံစားချက်တွေနဲ့ ချဉ်းကပ် တုံ့ပြန် တတ်ကြတာပဲ မဟုတ်လား။ မိုး တစိမ့်စိမ့် ရွာနေတဲ့ မနက်ခင်းမှာ အပူအပင် ကင်းစွာ နိုးထလာရတဲ့ မြန်မာပြည် တောင်ဖျားပိုင်း မြို့နယ်တစ်ခုက ကျွန်တော်လို လူတစ်ယောက် အဖို့တော့ ခုနက ကမ္ဘာပျက် နေတဲ့ ကိစ္စတွေထက် ကိုယ်နဲ့ သက်ဆိုင်တဲ့ အလွမ်းနာတွေ ထကြွဖို့ အလွယ်တကူ ဖြစ်လာ ရတာ နေမှာပဲ။ သတင်းတွေ မီဒီယာတွေ လူတွေ ဘယ်လိုပဲ ဆိုဆို ဘာတွေပဲ ဖြစ်ဖြစ် ကျွန် တော်တို့ ဆီမှာတော့ မြေပြင်ရော ရေပြင်ပါ ပုံမှန်အတိုင်းပဲ။ ပြောင်းလဲ ဖေါက်ပြန်တဲ့ အရိပ် အယောင် တစ်ခုမှ မတွေ့ရဘူး။ တိတိကျကျ ဆိုရရင် ကျွန်တော်တို့ မြို့မှာပေါ့လေ။ နည်းနည်း ထူးခြားတာ ဆိုလို့ အခု ရက်ပိုင်းတွေမှာ မိုးရွာတာလောက်ပဲ။ ညနေပိုင်း ညဦးပိုင်းတွေမှာ မိုးက သဲသဲမဲမဲ ရွာလေ့ရှိတယ်။ ကျွန်တော်က ကျွန်တော် အိပ်ယာဝင်ချိန်နဲ့ မနက်အိပ်ယာ ထချိန် တွေမှာ ရွာမယ့် မိုးကို စောင့်နေမိတယ်။ ဒီလို အချိန်တွေမှာ ရွာတာက မိုးရာသီနဲ့ ပိုတူတယ်၊ မိုးရာသီ ပိုပီသတယ်လို့ ကျွန်တော် ထင်တယ်။ ပြီးတော့ ဒီလို မိုးရာသီ ပီပီသသ ဖြစ်အောင် ရွာသွန်းတဲ့ မိုးက အလွန် ကြာမြင့်ခဲ့ပြီ ဖြစ်တဲ့ အတိတ် ကာလတွေတုန်းက မိုးရာသီတွေမှာ ဖြစ် ပျက်ခဲ့တဲ့ အမှတ်သညာတွေထဲက အဖြစ်အပျက်တွေနဲ့ တိုက်ရိုက် ဆက်သွယ် ပေးလို့ပါပဲ။

ကျွန်တော့် မှတ်ဥာဏ် ဖလင်ပြားထက်မှာ ထင်ကျန် နေသေးတဲ့ အတိတ်ပုံရိပ်တွေက တစ်ကွက် ပြီးတစ်ကွက် မိုးသံ လေသံ နောက်ခံနဲ့ အသံတိတ် ရုပ်ရှင်ဆန်ဆန် ကျွန်တော့်ရဲ့ အတွင်းပိုင်း တစ်နေရာမှာ ပြသနေတယ်။ အတွင်းပိုင်းလို့ ဆိုရတာက မျက်လုံးက တဆင့် တိုက်ရိုက်မြင်တာ မဟုတ်တဲ့ မြင်ကွင်းတွေကို ခန္ဓာကိုယ် အတွင်းပိုင်းရဲ့ ဘယ်နေရာတွေမှာ ဘယ်လို လက်ခံပြီး ပြန်မြင်နေသလဲ အတိအကျ မပြောနိုင်လို့ပဲ။ ဒီနေ့လို ကျွန်တော်တို့ အိမ် ခေါင်မိုးပေါ်မှာရော အိမ်ပတ်ဝန်းကျင်က ရေတံလျှောက်တွေ ခေါင်မိုးတွေ တံစက်မြိတ်တွေပေါ်မှာရော မိုးစက် မိုးပေါက် ကျရောက်သံတွေ ကြားနေ ရတုန်းမှာ၊ ဒီနေ့နဲ့ ထပ်တူ အေးစိမ့် အုံ့ဆိုင်း နေတဲ့ မနက်ခင်း အငွေ့အသက်တွေ ကြားမှာ ကျွန်တော်ဟာ အိပ်ယာက မထချင် ထချင်နဲ့ ထ အဖြူ အစိမ်း ကျောင်းဝတ်စုံလေး ဝတ်ပြီး ကျူရှင်တွေ ကျောင်းတွေ သွားခဲ့တယ်။ ကျွန်တော်ဟာ အိပ်စက်နေရာကနေ မထသေးဘဲ အိပ်ယာထဲမှာ လူးလွန့်ရင်း ပျင်းရိ နေတတ်ခဲ့တယ်။ ကျွန်တော်ဟာ အိပ်ယာ ခြင်ထောင် ထဲကနေ မထွက်ဘဲ တီဗွီက ထွက်လာတဲ့ အသံတွေကို နား ထောင်နေလေ့ ရှိတယ်။ ကျွန်တော် ငယ်ငယ်တုန်းက အိမ်မှာ နေ့ဘက် လျှပ်စစ်မီး မရှိဘူး။ ကျွန် တော်တို့ ကျောင်းပိတ်ရက် ဖြစ်တဲ့ စနေ တနင်္ဂတွေမှာတော့ မြို့မှာရှိတဲ့ မီးစက်ကြီးက လျှပ်စစ်မီး လွှတ်ပေးလေ့ရှိတယ်။ ဒီလိုနေ့တွေမှာ ကျွန်တော်တို့ကလည်း မနက်အစောကြီး ထစရာမလိုဘဲ အိပ်ယာထဲမှာ မိုးအေးအေးလေးနဲ့ ဆက်ကွေးနေလို့ ရတာဆိုတော့ အိပ်ယာ ထဲက မထွက်ဘဲ နေ့ခင်းဘက်မှာ ကြားရတဲ့ တီဗွီတွေ ကက်ဆက်တွေဆီက လာတဲ့ အသံကို နားစွင့်နေရတာကိုက အရသာတစ်ခုလို ဖြစ်ခဲ့တယ်။ ဒီနေ့တော့ ကျောင်းလည်း ပိတ်တယ်၊ မီးလည်း လာနေပြီ၊ ကာတွန်းကား ကြည့်မယ်၊ သီချင်း နားထောင်မယ်လို့ အိပ်ယာထဲကနေ စိတ်ကူး ယဉ်နေလေ့ ရှိတာပေါ့။

အခု ဒီနေ့မနက်မှာ ရွာနေတဲ့ မိုးသံတွေ ကြားမှာလည်း ကျွန်တော်ဟာ အိပ်ယာပေါ်မှာ ဒူးတုတ် ထိုင်ရင်း အရင်က အဖြစ်အပျက်တွေ တစ်ခုပြီး တစ်ခု စိတ်ကူး ယဉ်နေတာပါပဲ။ အရင်က အဖြစ် အပျက်တွေလို့ ဆိုရတာက ယနေ့ယခု ပစ္စုပ္ပာန် ကာလမှာ ကျွန်တော့် အနေနဲ့ ဘာမှ စိတ်ကူး ယဉ်စရာ မရှိလို့ပါပဲ။ အခု အိပ်ယာထဲမှာ ခဏထိုင်ပြီးလို့ ရှိရင် ကျွန်တော်ဟာ အခန်းထဲက ထွက် လာမယ်၊ အိမ်နောက် ဝါရံတာမှာ မျက်နှာသစ် သွားတိုက်မယ်၊ ပြီးတော့ မနက်စာ စားမယ်၊ ပြီးတော့ ဆိုင်ကယ်ကို အိမ်ထဲက ထုတ်၊ တက္ကသိုလ် ကျောင်းအနီးက ကျွန်တော်တို့ ခြံကို သွား မယ်။ အဲဒီမှာ ကျွန်တော်က သံချီးတက်လို့ ကြပ်နေတဲ့ ခြံတံခါး သော့တံကို တကျွီကျွီနဲ့ ဖွင့်မယ်၊ အဲဒီနောက် ကျွန်တော်ဟာ ကွန်ပြူတာကိုဖွင့်၊ မကြည့်ရသေးတဲ့ ရုပ်ရှင်တွေ ထိုးကြည့်၊ သီချင်း တွေ နားထောင်ရင်း သီချင်းတွေ ဗီဒီယိုတွေ လာသွင်းတဲ့ သူကို စောင့်မယ်။ အလုပ်အပ် လက်ခံရတာ များရင် ကျွန်တော်ဟာ ကျွန်တော့် ညာလက် တစ်ဖက်နဲ့ ကွန်ပြူတာ မောက်စ်ကို ကိုင်ရင်း တစ်နေကုန်လို့ ကုန်မှန်းမသိ ကုန်သွားလိမ့်မယ်။ လုပ်စရာ သိပ်မရှိရင်လည်း ကျွန် တော်ဟာ ဂိမ်းနိပ်ချင် နိပ်နေမယ်။ လက်စ မသတ်ရ သေးတဲ့ စာတွေ ဆက်ရေးချင် ရေးမယ်။ ဒါမှမဟုတ် စာမေးပွဲပြီး ကျောင်းပိတ်လို့ အားနေတဲ့ ကျွန်တော့် တူနဲ့တူမ နှစ်ယောက်လက်ထဲ သူတို့ ဂိမ်းနိပ်လို့ ရအောင် ကျွန်တော့် ကွန်ပြူတာကို အပ်လိုက်မယ်။ ကျွန်တော်က စာအုပ် ထူထူတစ်အုပ်နဲ့ ရှိနေမယ်။ ညနေ စောင်းလို့ရှိရင် ကျွန်တော့် ညီဖြစ်ဖြစ် ကျွန်တော့် ဆီလာတဲ့ သူငယ်ချင်း တစ်ယောက်နဲ့ ဖြစ်ဖြစ် ပင်ပေါင် ကစားမယ်။ အိမ်မှာရှိတဲ့ ခွေးတွေကို အစာ ကျွေးမယ်။ ညနေကျရင် အမေ့ကို ခေါ်ပြီး အိမ်ပြန်မယ်။ ညကျရင် အင်တာနက်ဆိုင် ထိုင်ရင် ထိုင်၊ မဟုတ်ရင် ကွန်ပြူတာ စာစီဆိုင် ဖွင့်ထားတဲ့ သူငယ်ချင်း တစ်ယောက်ရဲ့ဆိုင်မှာ သွား ထိုင်မယ်။ ညဆယ့်နှစ်နာရီ ထိုးပြီးမှ အိမ်ပြန်ဖို့ စိတ်ကူးမယ်။ တစ်နေ့ တစ်နေ့ ဒါပဲဆိုတော့ စိတ်ကူးယဉ်စရာက မရှိလှဘူး။

ဒါကို တစ်ယောက်ယောက်က ဖြစ်ဖြစ် ကျွန်တော်ကိုယ်တိုင်က ဖြစ်ဖြစ် လက်မခံချင်လို့ ပြောင်း လဲကြည့်ဖို့ စောဒကတက် ကြည့်ဖို့ တွေးကောင်း တွေးမိမယ်။ ဒါပေမယ့် ဒါဟာ ကိုယ်ကိုယ် တိုင်တောင် ငြင်းဆန် တုံ့ပြန်ဖို့ နေနေသာသာ သတိတောင် မထားမိလိုက်ဘဲ ဖြစ်ပျက် ပြီးသွား ခဲ့တဲ့ အတိတ်က ဖြစ်ရပ်တွေလိုပဲ ကာလ ဒေသ ပယောဂရဲ့ အထက်အောက် ဖိစီးမှုတွေ အောက်မှာ စီးဆင်းနေတဲ့ အခြေအနေ တစ်ခုအဖြစ် လက်ခံ လိုက်ရတာက များတယ်။ တခါ တလေတော့လည်း ဒါက ကိုယ်လက်ခံ ချင်သည် ဖြစ်စေ လက်မခံချင်သည် ဖြစ်စေ ရိုက်ကူး ပြီးသား ရုပ်ရှင်တစ်ကားလို တစ်ခန်းပြီး တစ်ခန်း ရွေ့လျားနေတဲ့ ဖလင်ပြား တစ်ခုလိုပဲ ဖြစ်နေ သလားလို့ ခြောက်ခြောက်ခြားခြား တွေးမိတယ်။

နောက် အနှစ် သုံးလေးဆယ် ကျွန်တော် အသက်ရှင် နေသေးရင် အခုလိုပဲ မပြောင်း မလဲတဲ့ မိုးသံ လေသံတွေ ထပ်ကျ ရောက်လာဦးမယ်ဆိုရင် အခု ဖြစ်ပျက်နေတဲ့ ဖြစ်စဉ်ကြီးက အတိတ် ပုံရိပ် ဖလင်ပြားတွေ ဖြစ်သွားဦးမှာပဲ။ အဲဒီအခါကျရင် ကျွန်တော် ကြိုးစား ရုန်းကန် ခဲ့သ လောက် ထင်တိုင်း မဖြစ်ခဲ့တာတွေ ၊ ကျွန်တော် အလိုလို နေရင်းက ပျော်ရွှင် ကျေနပ်မှု ရခဲ့တာ တွေကို ပြန်တွေးပြီး ကိုယ့်ဘဝကိုယ် ခေါင်းတခါခါနဲ့ ပြုံးရယ် မိဦးမလားပဲ။ အခုတော့ ကျွန်တော် က အခုအချိန်နဲ့ စာရင် အတိတ်အဖြစ် ကျန်ခဲ့ပြီဖြစ်တဲ့ ဖြစ်စဉ်တွေကို စိတ်ကူးယဉ်နေတယ်။ စိတ်ကူးယဉ်တယ် ဆိုတာ ပျင်းရိသူတွေရဲ့ အလုပ်၊ တွေဝေသူ၊ လက်တွေ့ မကျသူတွေရဲ့ အလုပ် အားအားယားယား နိုင်သူတွေရဲ့ အလုပ်လို့ ထင်မှတ်စရာ ကောင်းပေမယ့် စိတ်ကူး ယဉ် တယ်ဆိုတာက လူသား တစ်မျိုးတည်းသာ လုပ်နိုင်တာ မဟုတ်လား။ အလွမ်း အဆွေးတို့ ဘာတို့ ဆိုတာလည်း ကောင်းတာ မကောင်းတာ အပထား လူသား တစ်မျိုးတည်း မှာသာ ပီပီ ပြင်ပြင် ဖြစ်ပေါ်လေ့ ရှိတာလို့ ကျွန်တော်ထင်တယ်။ ပီပီပြင်ပြင်ဆိုတာက ကျွန်တော်တို့ သိထား တဲ့ ဘာသာစကား ကြောင့်လား ကျွန်တော်တို့ တည်ဆောက်ထားတဲ့ သိမှုတွေ ကြောင့်လား မပြောတတ်ပေမယ့် လူမှာ အလွမ်းအဆွေး ဓါတ်ခံ ဖြစ်ပေါ် ပေါက်ဖွား တတ်တာကတော့ အမှန်ပဲ။ ဒီအတွက် လူဟာ ဂုဏ်ယူကျေနပ်ရမလား၊ ကိုယ်သိထား တတ်ထားတဲ့ တည်ဆောက် ချက်တွေနဲ့ အရူး လုပ်ခံနေရတာ ဆိုပြီး စိတ်ပျက် အားငယ်ရမလား။

ဒီနေ့ဒီရက်လို မိုးသဲသဲမဲမဲ ရွာနေခဲ့တဲ့ မူလတန်း အလယ်တန်း အထက်တန်း နောက်ဆုံး တက္ကသိုလ် ရောက်တဲ့အထိ ၊ စာမေးပွဲဖြေဆိုပြီးတဲ့ နောက်ဆုံးနေ့ရက်တွေ မျိုးမှာ ကျောင်းမှာ ရင်းနှီးခဲ့တဲ့ သူငယ်ချင်းတွေ တစ်ယောက်ပြီး တစ်ယောက် နှုတ်ဆက်ခွဲခွာ တချို့ဆို နှုတ်တောင် မဆက်ဖြစ်ဘဲ ခွဲခွာသွားခဲ့ကြတဲ့ ပုံရိပ်တွေကတော့ ကျွန်တော့် မှတ်ဥာဏ် ဖလင်ပြားထက် ပြက်ပြက် ထင်ထင်အရှိဆုံး ပုံရိပ်တွေပါပဲ။ အဲဒီအချိန်တွေက ခွဲခွာသွားကြတဲ့ သူငယ်ချင်း တွေ ထဲက တချို့ကို ဒီနေ့ထိ ပြန် မတွေ့ရတော့ဘူး။ ဘယ်တွေ ရောက်လို့ ဘာတွေဖြစ်နေပြီ ဆိုတာလည်း သတင်း အစအနတောင် မသိရတော့ဘူး။ တချို့ကိုတော့ ပြန်တွေ့ရတယ်။ တချို့ ကိုတော့ ကိုယ်နဲ့ တစ်မြို့တည်းမှာ တွေ့ဆဲ ရှိဆဲပဲ။ ဒါပေမယ့် သူတို့ကိုလည်း ပြန်မတွေ့ရ တော့ပါဘူး။ သူတို့ဟာ ကျွန်တော့် မျက်လုံးနဲ့ မြင်တွေ့ နေရပါလျက် ပျောက်ဆုံး သွားတယ်။ ကျွန်တော့် မျက်လုံး အမြင်အာရုံကနေ တိုက်ရိုက် စီးဆင်းနေတာ မဟုတ်တဲ့ ကျွန်တော့် ကိုယ် တွင်း တစ်နေရာက အသံတိတ် ရုပ်ရှင်တွေကတော့ ပူနွေး တောက်ပစွာ ရှင်းလင်း ပြတ်သား စွာနဲ့ ဆက်လက် ပြသနေဆဲပဲ။

မောင်ယုပိုင်
၂၀၁၁ မတ်လ



















http://www.openmindblog.info/?cat=7

Wednesday, May 25, 2011

အမေက နတ်မောက်မှာ ကဗျာရှည်တစ်ပုဒ်နဲ့

ခင်ဗျားက ကဗျာဆရာပဲ
ကဗျာတစ်ပုဒ်မှ မရေးတဲ့ ကဗျာဆရာပဲ
ခင်ဗျား ကဗျာရေးခဲ့တယ်။

ခင်ဗျားပါးစပ်ထဲ တမာပင်တွေ သွားကြားထိုးလို့
ခင်ဗျားခြေထောက်ကို
ယင်းချောင်းထဲ တွဲလောင်းချလို့
ခင်ဗျားက ရှေ့နေရဲ့သားဆိုတော့ ရှေ့ကနေခဲ့တယ်
အခြားသူတွေရဲ့အနားမှာ ခင်ဗျား ဝင်ဖျားပေးခဲ့သမျှ
အခု ခင်ဗျားက တစ်ရွာလုံးရဲ့အောင်လက်မှတ်ပဲ
တစ်ရွာလုံးရဲ့ သောက်ရေအိုးစင်ပဲ
တစ်ရွာလုံးရဲ့ စာကြည့်တိုက်ပဲ
ခင်ဗျားအသက် “သုံးဆယ့်နှစ်နှစ်”ထိ
ရေးခဲ့တဲ့ ကဗျာတွေ
အခု လည်နေတဲ့ကမ္ဘာထဲ နေ့တိုင်းချိတ်ပါနေတယ်။

ခင်ဗျားကဗျာကို စာရွက်ထဲ ချရေးဖို့
ကမ္ဘာမှာရှိတဲ့ စာရွက်တွေနဲ့ ဘယ်လောက်ပါ့မလဲ
ခင်ဗျား ခုံဖိနပ်သံက
ရန်ကုန်တက္ကသိုလ်ထဲ တဂွပ်ဂွပ်မြည်နေတယ်
ခင်ဗျား ကမ္ဘာ့ခေါင်းဆောင်မဟုတ်ဘူး
အောက်စ်ဖို့ကျောင်းဆင်းမဟုတ်ဘူး
ဒါပေမယ့် နောက်လိမ့်ဆင်းသွားတဲ့ ခေတ်ကြီးတစ်ခုလုံး
ခင်ဗျား မ,တင်နိုင်ခဲ့တယ်
ခင်ဗျား လမ်းလျှောက်သိပ်မြန်တာပဲ
ရွှေစက်တော်ဘုရားလည်း ဖျပ်ခနဲ
မကွေးမြသလွန်လည်း နေ့ချင်းပြန်ပဲ
ခင်ဗျားက တောသူတောင်သားပဲ မြို့ကြီးသားပဲ
ခင်ဗျားက မြေကြီးပဲ လေပဲ
ခင်ဗျားက ညတိုင်းရွာနေတဲ့ လရောင်ပဲ
ခင်ဗျားက သမိုင်းစာအုပ်ထဲစိုက်ဝင်နေတဲ့ မြှားပဲ
ခင်ဗျားက ကဗျာဆရာပဲ
ကဗျာတစ်ပုဒ်မှ မရေးတဲ့ ကဗျာဆရာပဲ။ ။

ဆောင်းဝေ (နတ်မောက်)

အိမ်မကပ်တဲ့အရွယ်

မင်းပြောတဲ့ ဒုက္ခကို တစ်ထုတ်လုံး ဖောက်ထည့်လိုက်တယ်

တိုက်လေယာဉ်လို သိန်းငှက်လို

စစ်မြေပြင်ပေါ် ဖြတ်ပျံရတဲ့ အခါလည်းရှိမယ်

လမ်းအပျက်ကို ဖြတ်ကူးရတဲ့ အခါလည်းရှိမယ်

ကိုယ့်အပေါ် ပျက်ကျလာတဲ့ အမှောင်ဆိုလည်း

အနာဖတ်လို ဖဲ့ထုတ်ပစ်လိုက်မယ်

ပါးရိုက်ရင် နားကိုက်တဲ့အရွယ်

ရှင် ပြန်မလာတော့ဘူးလား

ဘာဖြစ်လဲကွာ၊ ပြော၊

မကြိုက်လို့ ခေါင်းခါပစ်ခဲ့တယ်။

ပန်းဆိုးတန်း တံတားမှာ မိုးခိုရတဲ့ အခါလည်းရှိမယ်

ပြေးနေတဲ့ ဘတ်စ်ကားပေါ် ပြေးတတ်ရတဲ့ အခါလည်းရှိမယ်

မနက်က ဘာမှာသွားသေးလဲ

ပြောလိုက်ရင် တငိုင်ငိုင်နဲ့ နားအုံဆင့် ရိုက်လိုက်ဦးမယ်

သွား ကျစိမ့်တစ်ခွက်ကို ကဗျာနှစ်ဇွန်းခေါက်ထည့်ခဲ့

အေး၊ နေရာဟောင်းလည်း မပြန်ဘူး

အနာဟောင်းလည်း မဖြေဘူး

ကမ္ဘာ့ကဗျာစစ်ပေါ်မောင်ချောနွယ် ခုန်ချလိုက်သလို

ပုရွက်ဆိတ်အုံပေါ် အရက်ခွက် မှောက်ကျသွားသလို

ဟေ့ကောင် မင်းတို့ရပ်ကွက်ထဲ ဘယ်ကောင်ဆရာလဲ

လမ်းပေါ် ညှော်နံ့တွေနဲ့ ဖောင်းကားလို့၊ ငါတို့

ရွေ့နေတဲ့ ရှုခင်းများ ပန်းချီပြပွဲကို

ကမ္ဘာမြို့လေးများ၊ ဘူတာနဲ့ ဘတ်စ်ကားဂိတ်များမှာ

တစ်ခေတ် တစ်ချိန် တစ်ပြိုင်တည်း ပြသသွားမယ့်အကြောင်း၊

ကမ်းမမြင်လည်း လက်ပစ်ကူးတဲ့အရွယ်

မရောက်သေးတဲ့ ပန်းတိုင်ဆီကို

ဒီလို အခုလို၊ ငါတို့။ ။



ဆောင်းဝေ(နက်မောက်)

သိန်းဟာ သိမ်းမြစ်မဟုတ်တော့ ရယ်တယ်

အဲဒီနေ့က ထိတယ်၊ ထိတော့နာတယ်
ထိုင်၇မလို ထ၇မလို
ဟိုဟာကောက်ကိုင် ဒီနားေ၇ွှထိုင်
ေ၇ထဲဆင်းစိမ်နေလိုက်တယ်
ရေဟာ မအေးဘဲ ဆူပွက်သွားတယ်။

သွားမယ်၊ အီရတ်စစ်ပွဲဆီသွားမယ်
အာဖဂန်စစ်ပွဲတွေဆီလျှောက်သွားမယ်
ငါဘာဖြစ်နေတာလဲ၊ ဒီနေ့သီချင်းတစ်ပုဒ်မှမဆိုရသေးလို့လား
အသားစတွေလှီးထုတ်လိုက်ရင် ငါငြိမ်သွားမှာလား
ရင်ထိုးတံဆိပ်လေးဟာ ရင်ကို ထိုးစိုက်ဖို့မဟုတ်ဘူး
စာရွက်ကို ဖြဲဆုတ်လိုက်တယ်
ရင်ကိုဖိထားရတယ်
''ရှင်မချစ်ဘူးဆိုရင် ရှင်လိမ်တာပဲ''
ငါ့စိတ်တွေ သူ့ကွန်ပျူတာေ၇ှ့များသွားပေါ်နေသလား
''' ဒီနေ့ကစပြီး သူမကို မငိုစေရတော့ဘူး'''
နောက်မဆုတ်ဘူး
ဒီစစ်ဟာ ရှုံးလည်း ရှေ့ဆက်တိုးရမယ်။
ငါ/သူမ မကြိုက်ရင် ခေါင်းနဲ့တိုက်ခွဲပစ်မယ်
'' သီချင်းဖွင့်ထားပေးပါလား''
ဘ၀ကို ဖွင့်ထားတယ်။ ငါ့ကိုဖွင့်ထားတယ်
အမှောင်ကို သတိ၇စိတ်နဲ့ ထောက်ထားလိုက်တယ်။

အသံဟာ လေထဲမှာဆိုပေမယ့်
မျက်နှာချင်းဆိုင်ထက်နီးခဲ့တယ်
အိမ်/ မြို့/ သစ်ပင်/ ကဖေးဆိုင်
ဒီကမ္ဘာထဲက အကုန်ကျွတ်ထွက်ကုန်ရင်တောင်
ငါ့ရင်ထဲက နာမည် ဘယ်သူမှဆွဲချွတ်လို့မရဘူး
ဒီဇာတ်ဟာငါတို့ လက်ထဲမှာ
ငါတိုသဘောမတူ၇င်
ဘယ်သူမှ ဒီဇာတ်ကိုသိမ်းလို့မ၇ဘူး
တဖြည်းဖြည်း အသံတွေပြာလာတယ်
အကြည့်တွေ ၀ါးလာတယ်
ဇာတ်ကိုလမ်းထဲ မောင်းသွင်းပြီး
ဇာတ်လမ်းကို သူမစိတ်နဲ့ စလိုက်တယ်
ေ၇ခဲမုန့်ဟာပျော်ကျသွားသလို ကိုယ်လည်းပျော်ကျ/ ပျော်လာတယ်
ကမ္ဘာကို စမ်းကြည့်တော့ ငါရှိသေးတာပဲ
ငါ့အကြောင်းမပါဘဲ ဒီကဗျာကိုေ၇းလိုက်တယ်
အချစ်အကြောင်းဟာ (မပြဘဲ)
ကဗျာအဆုံးမှာ သွားပေါ်တယ်
သူမ သွားပေါ်အောင်ရယ်လိုက်တယ်။။

ကဗျာက ဆုံးပြီ
ကိုယ်က ၇ပ်လို့မရဘူး ။ ။ ။


ဆောင်းဝေ

21.4.2011

ရင်မှာရှသွားတဲ့ သီချင်း

မြို့ထဲ ကျွန်တော့်တွေ့မိသေးလား
ညီမလေးကို တွေ့မိသေးလား
ရှုမျှော် ခင်းကိုဖွင့်ချလိုက်တော့
မြက်ခင်းစိမ်းစိမ်း။ သစ်ပင်စိမ်းစိမ်း
အခု ကိုယ်စိမ်းလန်းနေတယ်။
ကျောက်ဖြစ်ရုပ်ကြွင်းထဲ သမိုင်းဟာရွေ့နေသလို
ကိုယ်လည်း အခုမှလှုပ်လာတယ်။
အသားထဲ ဆုူးတွေစုးဝင်နေသလို
ကမ္ဘာဟာ စစ်ပွဲကို မလိုချင်လည်းရခဲ့တယ်
ကိုယ်လည်း အလွမ်းနဲ့လောင်ခဲ့တယ်။
--- --- ရေ
ပြေးနေတာတောင် မဝေးတော့
မင်းမရှိကမ္ဘာဟာ ကိုယ့်အတွက် အသေပေါ့။
ဒီလိုနဲ့ အမှောင်မှုာ
သစ်ကိုင်းလေးတွေ တဖျောက်ဖျောက်ချိုးလို့
ဂစ်တာအိုးကို တဒေါက်ဒေါက်ခေါက်လို့
တလွှာချင်း တချပ်ချင်း။ မုန်တိုင်းလို မြေငလျင်လို
သတိရခြင်းကိုပဲ ရခဲ့တယ်။
တကယ်ပါ
အချစ်မှာ စစ်ရှူံးရတာ
ကိုယ့်မှာ
ပျော်ရတယ်။။ ။။


ဆောင်းဝေ 20 . 7. 2010

ရန်ကုန်တစ်ဖက်ကမ်း

တစ်ဖက်ကို ဟိုဘက်ကမ်းချထားတာ
ရေကထိုးခွဲလိုက်လို့ မြို့ကနှစ်ခြမ်းကွဲသွားတာ
ရင်နှစ်ခြမ်းကွဲသွားတာ။
ဒီဘက်ကမ်းက တွန်းထုတ်လိုက်ရင်
မျက်ရည်မြစ်မှာ ဘ၀တွေလွင့်သွားတာ
ရေမှာအသိုက်ဖွဲ့နေရတာ
လေထဲမှာ ဖုန်မှုန့်တွေလွင့်သွားတာ။
မြေနဲ့လေနဲ့ကမ္ဘာဆိုပေမယ့်
ရေနဲ့ရထားတဲ့ကိုယ်ဝန်သယ်မြို့လေး
ပျော်သလောက်ပျော်တော်ဆက်နေရတယ်။
ကွမ်းယာဆေးလိပ်၊ဂျာနယ်သမား
ဂဏန်ပုဇွန်း ဘ၀လက်လက်ဆက်ဆက်တွေ
ရင်နဲ့ရင်းပြီးနားထောင်
ချစ်တတ်ရင်
ငိုသံတွေလည်း လှတယ်။
ဒီလိုနဲ့ရောက်လာခဲ့တယ်
အိပ်မက်စိုက်ခင်းများ
လူငယ်များနှင့်တကွ
ဒလ ။ ။

ဆောင်းဝေ 24.6.2010

ရန်ကုန်တစ်ဖက်ကမ်း

ရန်ကုန်တစ်ဖက်ကမ်း

တစ်ဖက်ကို ဟိုဘက်ကမ်းချထားတာ
ရေကထိုးခွဲလိုက်လို့ မြို့ကနှစ်ခြမ်းကွဲသွားတာ
ရင်နှစ်ခြမ်းကွဲသွားတာ။
ဒီဘက်ကမ်းက တွန်းထုတ်လိုက်ရင်
မျက်ရည်မြစ်မှာ ဘ၀တွေလွင့်သွားတာ
ရေမှာအသိုက်ဖွဲ့နေရတာ
လေထဲမှာ ဖုန်မှုန့်တွေလွင့်သွားတာ။
မြေနဲ့လေနဲ့ကမ္ဘာဆိုပေမယ့်
ရေနဲ့ရထားတဲ့ကိုယ်ဝန်သယ်မြို့လေး
ပျော်သလောက်ပျော်တော်ဆက်နေရတယ်။
ကွမ်းယာဆေးလိပ်၊ဂျာနယ်သမား
ဂဏန်ပုဇွန်း ဘ၀လက်လက်ဆက်ဆက်တွေ
ရင်နဲ့ရင်းပြီးနားထောင်
ချစ်တတ်ရင်
ငိုသံတွေလည်း လှတယ်။
ဒီလိုနဲ့ရောက်လာခဲ့တယ်
အိပ်မက်စိုက်ခင်းများ
လူငယ်များနှင့်တကွ
ဒလ ။ ။

ဆောင်းဝေ 24.6.2010

အရေးတကြီးနေ့တွေ

ပဲခူုးမှာလည်းအထိအရှများတာပဲ။
ငါ့ကိုဖြတ်ချခဲ့လိုက်တော့
တချိန်လုံးလမ်းကို ထိစမ်းနေရတာ
မြောင်းထဲဒိုင်ပင်ထိုးချတာ၊ ပြန်တွေ့လား
အရွယ်ကစကားပြောတာ၊ ဘာပြန်ပြောလိုက်လဲ
ရောက်တဲံ့နေရာ ငါကခြင်္သေ့
အုတ်ခုံကိုခေါင်းနဲ့ခါလိုက်တယ်
နံရံကိုလက်ပြန်ရိုက်လိုက်တယ်
အမှောင်ထဲမြုပ်ဝင်နေတဲ့အသားစတွေ
ဒီမြို့မှာ ငါမလျှောက်ဖူးတဲ့လမ်းမရှိဘူး
လူကငြိမ်တယ်၊ သွေးကမငြိမ်ဘူး
တစ်ညလုံးမြောင်းတွေပဲခုန်ကျော်နေရတာ
အခုလိုအဖွဲ့နဲ့ဆိုတစ်ကမ္ဘာလုံးကိုခေါက်ထားလို့ရတယ်
ငြိမ်နေလို့မရဘူး၊ ငါ့ကိုရှာရမယ်
ကဗျာဆရာခါးနာနေတာ၊ ကဗျာတွေပါသွားလား
လမ်းပေါ်အဆုပ်လိုက်ပွင့်နေတာ
မထိနဲ့၊ ထိတာနဲ့မီးထတောက်ပစ်မယ်
ပျံနေတဲ့ငှက် မျှားစူးနေသလို
ဒရွတ်တိုက်ပါသွားတာ
လမ်းကမငြိမ်တော့ တစ်မြို့လုံးအိပ်မရဘူး
ဖိနပ်မရှိတော့တာ
မှန်ကွဲစတွေနင်းနေရတာ
ပြော၊ မကြိုက်တာတွေရွေးပြော
ငါမပျော်ရွှင်တာ ငါဖွက်နေရတာ
လမ်းပေါ်ဝပ်ချလိုက်တယ်
လက်မောင်းတစ်ဖက်လည်း အရေပြားတွေအဆုပ်ခံထားရတယ်
ဘယ်သူလဲ၊ ငါ့ကိုဆွဲယူခဲ့တာ
ကျေးဇူးစကားငါပါးတဲ့အကြောင်း
ငါမရတော့ဘူး
ပြန်မယ်၊ ငါရန်ကုန်ပြန်မယ်
တွေရာလမ်းပေါ်ငါ့ကိုတင်ပေးလိုက်
လမ်းကြောင်းအတိုင်းနောက်တစ်လိုင်းထပ်ဖြည့်
တစ်လိုင်းပြီးတစ်လိုင်း၊ လိုင်းတွေ
ငါစိုက်ပျိုးသလောက်
ငါပြန်ရတဲ့အကြောင်း
ကဗျာထဲရိုက်သွင်းပြီး
ငါရသလောက်
ငါမလိုချင်တော့တဲ့အကြောင်း
ကမ္ဘာထဲ
ဝါးအစည်းပြေသလို
အခုလိုဖြည်ချလိုက်တယ်
အခုလိုပြေ/ပြည်ကျသွားတယ်။ ။ ။

ဆောင်းဝေ 14. 6. 10

ငါတို့ရပ်ကွက်

မင်းဒီရပ်ကွက်ထဲလာရင် ခေါင်းကိုငုံ့ထား
လက်တစ်ဖက်ကို ကြိုထုတ်ထားပြီးတွေ့ရာလူနဲ့ လက်ဆွဲနှုတ်ဆက်
နှစ်ချက်ခုတ် တစ်ချက်ပျက်တာချင်းအတူတူပါကွာလို့ တွေ့ရာလူငယ်ကိုပြုံးပြ
ဘောင်းဘီတစ်ဖက်ဖျက်ဝတ်/ နားကွင်းတစ်ဖက်တည်းဖြစ်ဖြစ်
ဒီကချာတိတ်တွေကိုတော့ အကျော်ဇယားသွားမရေးနဲ့
ကောင်မလေးချောချောလေးတွေ ဖြတ်သွားတဲ့အခါ
မင်းမျက်နှာကို အခြားတစ်ဖက်လှည့်ထား
”တက်တော့လေ ရထားကထွက်တော့မှာ”
ဒီရပ်ကွက်ဟာရွေ့နေတဲ့သီချင်း၊ မြို့တွေအိမ်တွေနဲ့ထိနေတဲ့ရထား
ဝက်ဘ်ဆိုက်ကြည့်တယ်၊ အီးမေးလ်ဖတ်တယ်၊ ချက်တင်ထိုင်တယ်
ဒါပေမယ့် ကဖေးဆိုင်ကသီချင်းမှာပဲ ကိုင်းကိုယ်စီနားလို့
ဒီမြို့ကလူငယ်တွေအားလုံးအသဲကွဲဖူးတော့
ဒီတတိယကမ္ဘာကို စစ်ပွဲတွေနဲ့ဝေးရာ မရွှေ့ချင်တာ
ညညထမြည်တဲ့ဂီတက ”ညဏ်ပညာရယ် ချစ်ချင်းတရား”
ကြားလား၊ ဟိုဘက်အိမ်ကကလေးတွေ သချာင်္တွက်နေတဲ့အသံ
ဒါတစ်ချိန်မှာ ကမ္ဘာကြီးစားသုံးရမယ့် စိုက်ခင်းတွေပေါ့
ဒီရပ်ကွက်ဟာ ဓားနဲ့အထစ်ခံရတဲ့သစ်ကိုင်းမှာ
တစ်ခါသီးပွင့်ပြီး နေ့စဉ်ကြွေပေးနေမယ့် သစ်သီးတွေမဟုတ်ဘူး
နံရံနဲ့ထိပြီး ပြန်ကျလာတဲ့ပန်းကန်အကွဲစတွေလို ဆိုပေမယ့်
ဖွက်ထားတဲ့ခြေသည်းလက်သည်းတွေဟာ ဒီရပ်ကွက်ရဲ့လမ်းတိုင်းမှာရှိတယ်
မီးပွိုင့်အနီနဲ့ချိတ်မိနေတဲ့ကားတန်းလို
ဒီမှာ လ္ဘက်ရည်တစ်ခွက်နဲ့ လာမှိန်းမနေနဲ့
တွေ့လား၊ ဟိုမှာ ချေဂွေဗားရားထိုင်နေတာ
ခုံပေါ်ကို ဓားမြှောင်စိုက်ပြီး မြေပုံကိုစိုက်ကြည့်နေတာ
ငါတို့ရပ်ကွက်ကိုလက်ညှိုးနဲ့ ထောက်ပြီး ပြုံးနေတာ
ငြိမ်းချမ်းရေးဟာ လူငယ်တိုင်းရဲ့လက်ဖျံရိုးမှာ ထိုးထားတဲ့အရုပ်
သွားမထိ/မငြိနဲ့
သူတိုဟာ ခါနေတဲ့သစ်ကိုင်း၊ မြည်နေတဲ့အင်ဂျင်၊ မအိပ်တဲ့ကဖေး
အင်း၊ဟုတ်ပြီ၊ ဒီရပ်ကွက်ထဲလာရင် ခေါင်းကိုငုံ့ထား ။ ။

ဆောင်းဝေ 15. 1. 2010